RB News
18.8.2013
18.8.2013
တိုကျို ။ ။ ဂျပန် နိုင်ငံ၊ တိုကျိုမြို့ အခြေစိုက် မြန်မာ နိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်ပြည်) (BRAJ) မှ အီးဒ် ပါတီနှင့် BRAJ ၏ ၁၉ နှစ်မြောက် နှစ်ပတ်လည် နေ့အခမ်း အနားကို တိုကျိုမြို့တွင် ယနေ့ ကျင်းပ ခဲ့သည်။
မြန်မာ နိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်ပြည်) ကို ၁၉၉၄ ခုနှစ်တွင် တည်ထောင် ခဲ့ပြီး၊ ဂျပန် နိုင်ငံတွင် မြန်မာ့ အရေးနှင့် ရိုဟင်ဂျာများ အရေး အတွက် တက်ကြွစွာ လှုပ်ရှားသည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။
RB News
16.8.2013
ဘရီးစ်ဘိန်း ။ ။ သြစတြေးလျ နိုင်ငံ ကွင်းစ်လန် အခြေစိုက် မြန်မာ ရိုဟင်ဂျာများ အသင်း (BRAQA) မှဦးစီးပြီး အီးဒ်ပါတီကို သြဂုတ်လ (၁၁)ရက်နေ့ညနေပိုင်းတွင် သြစတြေးလျ နိုင်ငံတကာ အစ္စ လာမ် ကော လိပ်ရှိ ခန်းမ၌ ကျင်းပ ခဲ့ကြောင်း သတင်း ရရှိပါသည်။
အခမ်းအနားသို့ ဒေသခံများ၊ ရိုဟင်ဂျာ များနှင့် အစိုးရ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်း များမှ ၄၂၀ ဦးခန့် တက်ရောက် ခဲ့သည်။ သြစတြေးလျ အထက် လွှတ်တော် အမတ် Claire Moore နှင့် အခြားသော ဌာန ဆိုင်ရာနှင့် လူမှုရေး အဖွဲ့အစည်း များလည်း တက်ရောက် ခဲ့သည်။
အထက် လွှတ်တော် အမတ် Claire Moore က တက်ရောက် လာသူ များအားလုံး Eid Mubarak ဟု နှတ်ဆက် ၍ ယခုကဲ့သို့ ဒေသခံ များအားလုံးနှင့် အတူတကွ ပူးပေါင်း၍ ဆင်နွှဲခြင်း အတွက် အထူးကျေး ဇူး တင်ကြောင်း ပြောကြားသည်။
BRAQA ဥက္ကဌ ဖြစ်သူ ဦးဟူစိန်း ဂျိုဟာရ်မှ တက်ရောက် လာသော လွှတ်တော် အမတ်နှင့် အစိုးရ ဌာန ဆိုင်ရာများကို ကျေးဇူး တင်ကြောင်း ပြောကြားပြီး၊ သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး၏ လူသားချင်း ဆိုင်ရာ အထောက် အပံ့များ၊ မြန်မာ နိုင်ငံ ဒီမိုကရေစီ အရေးနှင့် ရိုဟင်ဂျာ အရေး ကိစ္စများ အတွက် တက်ကြွစွာ ဆောင်ရွက် နေမှုများကို ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။
တနင်္ဂနွေနေ့က ကျင်းပ ခဲ့သည့် အခမ်း အနားသည် BRAQA ၏ အကြီးကျယ်ဆုံး အခမ်း အနား တစ်ခု ဖြစ်ပြီး၊ အခမ်းအနားကို ကုရ်အာန် ရွတ်ဖတ်ခြင်းနှင့် သြစတြေးလျ နိုင်ငံတော် သီချင်း ဆိုခြင်း တို့ဖြင့် ဖွင့်လှစ် ခဲ့သည်။ BRAQA ဒု-ဥက္ကဌ ဦးဆယာဒ်အမီးန်မှ မျိုးချစ် စိတ်ဓါတ် ရှင်သန်တက်ကြွ သီချင်း တစ်ပုဒ်ဖြင့် ဖျော်ဖြေ ခဲ့သ်ည။ ထို့နောက် အခမ်းအနားကို ဒိုအာ ဆုမွန်ကောင်း တောင်းပြီး ရိုဟင်ဂျာ ရိုးရာ အစားအသောက်များ ကျွေးမွေး၍ ညပိုင်းတွင် ရုတ်သိမ်း ခဲ့ကြောင်း သိရှိ ရပါသည်။
RB News
14.8.2013
တိုရန်တို ။ ။ ကနေဒါ နိုင်ငံ၊ တိုရန်တို မြို့တွင် သြဂုတ် (၉) ရက်နေ့က အီးဒ်နေ့ လူမျိုးပေါင်းစုံ မိတ်ဆုံ စားပွဲ တစ်ရပ် ကျင်းပ ခဲ့ကြောင်း သတင်း ရရှိပါသည်။
အဆိုပါ မိတ်ဆုံ စားပွဲ အခမ်းအနားကို ညနေ ၆ နာရီမှ ၉ နာရီ ထိကျင်းပ ခဲ့ပြီး၊ ဘာသာပေါင်းစုံမှ ကချင်၊ ချင်း၊ မွန်၊ ကရင်၊ ရခိုင်၊ ဗမာ၊ မြန်မာ မွတ်စလင်၊ ပန်းသေး မွတ်စလင်နှင့် ရိုဟင်ဂျာ မွတ်စလင်များ ၁၅၀ ခန့် တက်ရောက် ခဲ့သည်။
အခမ်းအနားတွင် ဗမာ၊ ရခိုင်၊ ကချင်၊ ချင်း၊ မွန်၊ ကရင်၊ မြန်မာ မွတ်စလင်နှင့် ရိုဟင်ဂျာ မွတ်စလင် များ က နှုတ်ခွန်းဆက် စကားများ ပြောကြား ခဲ့ကြောင်း သိရှိ ရပါသည်။
တရားဝင် လူဆိုးဂိုဏ်းဟု နာမည်ဆိုးဖြင့် ကျော်ကြား ခဲ့သော နစက အဖွဲ့ကို ဖျက်သိမ်း ပြီးနောက် နစက ထက် အဆပေါင်း များစွာ ဆိုးရွားသော ရခိုင် လူမျိုး အများစုဖြင့် ဖွဲ့စည်း ထားသော လုံထိန်းနှင့် ရဲများကို လွန်စွာခါးသီး နေကြောင်းနှင့် လုံခြုံရေး များကို တပ်မတော်သား များဖြင့် အစားထိုး ပေးရန် ရိုဟင်ဂျာ ဒုက္ခသည် များက တောင်းဆို လိုက်သည်။
ဧပြီလ (၂၆) ရက်နေ့တွင် လ၀က များ၏ ရိုင်းပျစွာ ဆက်ဆံ မှုကြောင့် ဖြစ်ပွား ခဲ့သည့် တင်းမာ မှုတွင် ကြိုးကိုင်သူ များဟု စွပ်စွဲ၍ ဖမ်းဆီး ခဲ့သည့် ဦးကျော်မြင့်နှင့် အဖွဲ့၊ ဇူလိုင်လ (၁၅) ရက်နေ့တွင် ဖမ်းဆီး လိုက်သည့် ရှေ့နေ ဦးကျော်လှအောင် တို့ကို အမြန်ဆုံး ပြန်လည် လွှတ်ပေးရန် ရိုဟင်ဂျာ ဒုက္ခသည် များက တောင်းဆို လိုက်သည်။
အကြမ်းဖက် လုံထိန်း များ၏ ပစ်ခတ် မှုကြောင့် သြဂုတ်လ (၈) ရက်နေ့မှ စ၍ သြဂုတ်လ (၉) ရက်နေ့ည သန်းခေါင်ယံ အထိ အပြစ်မဲ့ ရိုဟင်ဂျာ (၈) ဦးသေဆုံး ခဲ့ရပြီး၊ (၁၀) ဦး ဒဏ်ရာဖြင့် ကျန်ရှိ ခဲ့သည်။
သြဂုတ်လ (၉) ရက်နေ့က စစ်တွေမြို့တွင် လုံထိန်း များက ရိုဟင်ဂျာ ဒုက္ခသည် များကို အကြမ်းဖက် ရာတွင် အသုံးပြု ခဲ့သည့် လက်နက် ခဲယမ်းများ ဖြစ်သည်။
ဓါတ်ပုံသတင်း
- နိုင်ငံတော်အတိုင်ပင်ခံရုံးမှ လိမ်လည်လှည့်ဖျား၍ သတင်းထုတ်ပြန်နေခြင်းကို ပြင်းထန်စွာ ရှုတ်ချခြင်း
- ကရင်ပြည်နယ် ကော့ကရိတ်မြို့ ဗလီဝတ်ကျောင်းတော်များ ဗုံးခွဲတိုက်ခိုက်ခံရ
- ဘူးသီးတောင် ဘုရားပြင်အောင်ပမှ ရာအိမ်မှူးက တဖက်နိုင်ငံတွင် ခိုလှုံနေသူနှစ်ဦး၏ နေအိမ်များကို ရောင်း၍ အာဏာပိုင်များကို ဝေစုခွဲဝေပေး
- မ.က.ဖ အဖွဲ့မှူးက NVC လက်ခံရန် စည်းရုံးဟောပြောသော်လည်း ဒေသခံရိုဟင်ဂျာများက လက်ခံရန် သဘောမတူ
- ဆန့်သောလက်များ ကွေးစေချင်
- အာရကာနစ္စတန် (Arakanistan) အပိုင်း (၁)
- ရိုဟင်ဂျာများ၏ ပိုင်ဆိုင်မှု များကို သိမ်း၍ ဘင်္ဂလီ- ရခိုင် များနှင့် ဗမာများကို ပေးအပ်
- မြို့မ ကညင်တန်း BAJ ရုံးရှေ့မှ ဖြတ်သန်း သွားလာသည့် ရိုဟင်ဂျာများ လုယက်၊ ငွေညှစ်ခံနေရ
- မြန်မာနဲ့ မြောက်ကိုရီးယား စစ်ရေးဆက်ဆံမှု ရှိနေဆဲ
- အကြမ်းဖက်သတ်ဖြတ်ခံ ပြည်သူတို့အတွက် သမိုင်းမှတ်တမ်းပြုစုရန် ကြေငြာချက်
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ
