(Photo Credit to Original Photographer) |
အခြွေခံ ချယ်ရီပန်းပွင့်များ
ရေးသားသူ - ယျာတင် (ရိုဟင်းသား)
နေထွက် နေဝင်...
နေဝင် နေတွက်...
ဒီအချိန်ခဏလေး အတောအတွင်းမှာပေါ့
အနာဂတ် ဥယျာဉ်ကို ဝေဆာစေမယ့်
အပြစ်ကင်းတဲ့ ချယ်ရီပန်းပွင့် နုနုလေးတွေ
အဆက်မပြတ် အခြွေခံနေရရှာတဲ့ အကြောင်း ...။
ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
30.8.2016
နေထွက် နေဝင်...
နေဝင် နေတွက်...
ဒီအချိန်ခဏလေး အတောအတွင်းမှာပေါ့
အနာဂတ် ဥယျာဉ်ကို ဝေဆာစေမယ့်
အပြစ်ကင်းတဲ့ ချယ်ရီပန်းပွင့် နုနုလေးတွေ
အဆက်မပြတ် အခြွေခံနေရရှာတဲ့ အကြောင်း ...။
ရက်စက်တဲ့ မတရားမှုလေရိုင်းရဲ့ရန်
တန်ပြန်နိုင်စွမ်းမဲ့ နုနေတဲ့ ချယ်ရီပန်း
မြေသို့ တောင်ပြိုကမ်းပြို ဖြိုချခံရတာ
သိပ်ထူးဆန်းမနေဘူး ထင်ပါရဲ့...။
တန်ပြန်နိုင်စွမ်းမဲ့ နုနေတဲ့ ချယ်ရီပန်း
မြေသို့ တောင်ပြိုကမ်းပြို ဖြိုချခံရတာ
သိပ်ထူးဆန်းမနေဘူး ထင်ပါရဲ့...။
မမျှမတ စီရင်ခံရတဲ့ ချယ်ရီပန်းပွင့်တွေ
သွေးစွန်းနေတဲ့ သမိုင်းအင်္ကျီကို ဝတ်ဆင်ပြီး
နောင်တစ်ချိန်မှာ ဖူးဖွင့်လာဖို့အရေး
အပင်အောက်က ချယ်ရီပန်းပွင့်ကလေးများကို
လူသူမမြင်အောင် ညသန်းခေါင်ယံမှာ
တိတ်တိတ်ကလေးပဲ သွားကောက်ပြီး
စီရရီ စီကုံးပါ တော့မယ်...။
နောင်တစ်ချိန်မှာ ဖူးဖွင့်လာဖို့အရေး
အပင်အောက်က ချယ်ရီပန်းပွင့်ကလေးများကို
လူသူမမြင်အောင် ညသန်းခေါင်ယံမှာ
တိတ်တိတ်ကလေးပဲ သွားကောက်ပြီး
စီရရီ စီကုံးပါ တော့မယ်...။
အခြွေခံ ချယ်ရီပန်းပွင့် နုနုတွေ
တစ်ပွင့် ... နှစ်ပွင့် ... သုံးပွင့် ...
လေးပွင့် ... ငါးပွင့် ... ခြောက်ပွင့် ...
ဟော... ရေတွက်မဆုံး အသင်္ချေပါပဲမို့
တစ်ကိုယ်တော် ကောက်၍မနိုင်
ကူသူကူလောင်ဖက် ပေါ်လာတော်မူပါအံ့ ....။
တစ်ပွင့် ... နှစ်ပွင့် ... သုံးပွင့် ...
လေးပွင့် ... ငါးပွင့် ... ခြောက်ပွင့် ...
ဟော... ရေတွက်မဆုံး အသင်္ချေပါပဲမို့
တစ်ကိုယ်တော် ကောက်၍မနိုင်
ကူသူကူလောင်ဖက် ပေါ်လာတော်မူပါအံ့ ....။
ညသန်းခေါင်ယံ အမှောင်ထဲမှာ
စိတ်တူကိုယ်တူ နှလုံးရည်ပိုင်သူတစ်ဦးမျှ
ပြင်းပြင်းပြပြ တောင့်တနေမိတဲ့ ငါ့ဖြစ်အင်
ရင်ဝယ်ပိုက်ထားတဲ့ ဟောဒီ နှလုံးသားရဲ့
အနီးကပ်ဆုံးက ချယ်ရီပန်းပွင့်တွေ
စစ်မှန်တဲ့ သက်သေပါပဲလေ ...။
စိတ်တူကိုယ်တူ နှလုံးရည်ပိုင်သူတစ်ဦးမျှ
ပြင်းပြင်းပြပြ တောင့်တနေမိတဲ့ ငါ့ဖြစ်အင်
ရင်ဝယ်ပိုက်ထားတဲ့ ဟောဒီ နှလုံးသားရဲ့
အနီးကပ်ဆုံးက ချယ်ရီပန်းပွင့်တွေ
စစ်မှန်တဲ့ သက်သေပါပဲလေ ...။
-- ရခိုင်ပြည်နယ် အမိုးပွင့် အကျဉ်းထောင်ထဲက ပညာသင်ယူခွင့် မရရှာတဲ့ ရိုဟင်ဂျာ ကလေးငယ် များ၏ ဘဝကို "အခြွေခံ ချယ်ရီပန်းပွင့်'' များနှင့် တင်စား၍ ရေးဖွဲ့ခြင်း ဖြစ်ပါသည်။
ယျာတင် (ရိုဟင်းသား)
ယျာတင် (ရိုဟင်းသား)
(ဓါတ်ပုံ - စိုးဇေယျာထွန်း / ရိုက်တာ) |
ဘူတာမှန်သို့ မဆိုက်ရောက်တဲ့ ည-ရထား
ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
27.8.2016
မနာလိုမှု၊ မွန်ကြပ်မှုတွေ ပြည့်နှက်နေတဲ့
နေ့ခင်း စက်ရုံမှာ
တစ်နေကုန် ရုန်းကန်စွာ လှုပ်ရှားနေရတော့
နေဝင်ချိန် အမြန်ရောက်လာဖို့
ငါတို့တွေ လည်ပင်းရှည်စွာ စောင့်မျှော်တတ်ခဲ့။
နေဝင်ချိန် နီးလာလေတိုင်း
ခြေကုန်လက်ပန်း၍ ငါတို့မျက်နှာကညို
အိမ်အမြန် ပြန်ချင်စိတ်က ငါတို့မှာပိုပိုလိုလို
ငြိမ်းချမ်းသာယာတဲ့ အိမ်ကြီးကိုပေါ့။
ည-ရထားက
နေဝင်ပြီး ခဏအကြာ
ဘူတာကို အရောက်ဆိုက်လာခဲ့တော့
ငါတို့တွေလည်း ရထားထဲ အလုအယှက်ဝင်ခဲ့ကြပေါ့
ည-ရထားကို စီးပြီး
ငြိမ်းချမ်းသာယာတဲ့ အိမ်ကို ပြန်ကြဖို့က
ငါတို့ရဲ့တစ်ခုတည်းသော ပန်းတိုင်ပေါ့လေ။
နေဝင်ပြီး ခဏအကြာ
ဘူတာကို အရောက်ဆိုက်လာခဲ့တော့
ငါတို့တွေလည်း ရထားထဲ အလုအယှက်ဝင်ခဲ့ကြပေါ့
ည-ရထားကို စီးပြီး
ငြိမ်းချမ်းသာယာတဲ့ အိမ်ကို ပြန်ကြဖို့က
ငါတို့ရဲ့တစ်ခုတည်းသော ပန်းတိုင်ပေါ့လေ။
ည-ရထားပေါ်က အိမ်ပြန်ခရီးသည်များ
တစ်နေကုန် ဆင်းရဲပင်ပန်းစွာ တိုက်ပွဲဝင်ခဲ့ရမှုကြောင့်
လျင်မြန်စွာ အိပ်မောကျသွား
"ရထား'' ကတော့ နိုးနိုးကြွကြွ
အရှိန်မပျက် တရွေ့ရွေ့ ချီတက်နေဆဲပါ။
တစ်နေကုန် ဆင်းရဲပင်ပန်းစွာ တိုက်ပွဲဝင်ခဲ့ရမှုကြောင့်
လျင်မြန်စွာ အိပ်မောကျသွား
"ရထား'' ကတော့ နိုးနိုးကြွကြွ
အရှိန်မပျက် တရွေ့ရွေ့ ချီတက်နေဆဲပါ။
ဒါပေမယ့်
အိမ်ပြန်ခရီးသည်တွေ မကျေနပ်တာတစ်ခု
အိမ်ပြန်ခရီးသည်တွေကို ရထားက ဘူတာမှန်သို့မပို့
ပြန်ပို့လိုက်တာက မနက်ခင်းဘူတာရုံသို့
မနာလိုမှု၊ မွန်းကြပ်မှုတွေ ပြည့်နှက်နေတဲ့
နေ့ခင်း စက်ရုံရဲ့ ဂိတ်ရှေ့ဝကိုပေါ့။
ဒီသံသရာထဲ ထပ်ဖန်တလဲလဲ
ငါတို့တွေ လည်ပတ်နေရတာကလည်း
နှစ်၊လ၊ရက်တွေ ကြာညောင်းလှခဲ့ပေါ့။
အိမ်ပြန်ခရီးသည်တွေ မကျေနပ်တာတစ်ခု
အိမ်ပြန်ခရီးသည်တွေကို ရထားက ဘူတာမှန်သို့မပို့
ပြန်ပို့လိုက်တာက မနက်ခင်းဘူတာရုံသို့
မနာလိုမှု၊ မွန်းကြပ်မှုတွေ ပြည့်နှက်နေတဲ့
နေ့ခင်း စက်ရုံရဲ့ ဂိတ်ရှေ့ဝကိုပေါ့။
ဒီသံသရာထဲ ထပ်ဖန်တလဲလဲ
ငါတို့တွေ လည်ပတ်နေရတာကလည်း
နှစ်၊လ၊ရက်တွေ ကြာညောင်းလှခဲ့ပေါ့။
ဒီနေရာမှာ
ည-ရထားကိုပဲ ဇွတ်တရွတ် စီးတတ်တဲ့
ငါတို့ အိမ်ပြန်ခရီးသည်တွေရဲ့အမှားလား
လိုရာဘူတာသို့ ပို့မပေးတဲ့ ည-ရထားရဲ့ အပြစ်လား
တွေးကြပါ ... ပြန်စီစစ်ပါ
ငါတို့တွေ ည-ရထားစီးပြီး အိမ်ပြန်နေကြတာ
နည်းမှန်လမ်းမှန် လက်တွေ့ရော ကျရဲ့လား။
ည-ရထားကိုပဲ ဇွတ်တရွတ် စီးတတ်တဲ့
ငါတို့ အိမ်ပြန်ခရီးသည်တွေရဲ့အမှားလား
လိုရာဘူတာသို့ ပို့မပေးတဲ့ ည-ရထားရဲ့ အပြစ်လား
တွေးကြပါ ... ပြန်စီစစ်ပါ
ငါတို့တွေ ည-ရထားစီးပြီး အိမ်ပြန်နေကြတာ
နည်းမှန်လမ်းမှန် လက်တွေ့ရော ကျရဲ့လား။
မနာလိုမှု၊ မွန်းကြပ်နေမှုတွေ ပြည့်နှက်နေတဲ့
နေ့ခင်း စက်ရုံမှာ
ပင်ပန်းတဲ့ အလုပ် ဆက်မလုပ်ရဖို့နဲ့
လိုရာခရီးဖြစ်တဲ့ ငြိမ်းချမ်းသာယာတဲ့ အိမ်ကြီးသို့
မလွဲမသွေ အရောက် ရောက်နိုင်ဖို့
ဘူတာမှန်သို့ ဆိုက်ရောက်တဲ့ ရထားကိုပဲ
ငါတို့တွေ ပြောင်းစီးကြရအောင်လေ။
နေ့ခင်း စက်ရုံမှာ
ပင်ပန်းတဲ့ အလုပ် ဆက်မလုပ်ရဖို့နဲ့
လိုရာခရီးဖြစ်တဲ့ ငြိမ်းချမ်းသာယာတဲ့ အိမ်ကြီးသို့
မလွဲမသွေ အရောက် ရောက်နိုင်ဖို့
ဘူတာမှန်သို့ ဆိုက်ရောက်တဲ့ ရထားကိုပဲ
ငါတို့တွေ ပြောင်းစီးကြရအောင်လေ။
ရခိုင်ပြည်ရှိ ပြည်သူပြည်သားများဖြစ်တဲ့
ငါတို့တစ်တွေမှာ-
လူသားဆန်တဲ့ ဆန္ဒလှလှလေးတစ်ခု
အမှန်တကယ် ကိန်းဝပ်နေရင်ပေါ့........။
ငါတို့တစ်တွေမှာ-
လူသားဆန်တဲ့ ဆန္ဒလှလှလေးတစ်ခု
အမှန်တကယ် ကိန်းဝပ်နေရင်ပေါ့........။
*** ရခိုင်ပြည်မှ ပြည်သူပြည်သားများ၏ ပကတိဘဝကို တင်စား၍ ရေးဖွဲ့ပါသည်။
ရခိုင်ပြည်ရှိ ပြည်သူပြည်သားများ အမြင်မှန်ရကြပြီး လိုရာဘူတာကို ပို့ပေးမယ့် ရထားကို မှန်ကန်စွာရွေးချယ် စီးတတ်ပါစေ။
ရခိုင်ပြည်ရှိ ပြည်သူပြည်သားများ အမြင်မှန်ရကြပြီး လိုရာဘူတာကို ပို့ပေးမယ့် ရထားကို မှန်ကန်စွာရွေးချယ် စီးတတ်ပါစေ။
✿ အချိန်မလွန်ခင် အချိန်မလွန်မိပါစေနှင့် ✿
ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
10.7.2016
မိတ်ဆွေ ...
ဘဝဆိုတဲ့ ကမ်းပါး
ဇရာက တိုက်မြဲ တိုက်စား
ထိုကမ်းပါး
တစ်ရက်ထက်တစ်ရက်
ပြိုပြီးပြိုလာ။
ညက နေ့ကို စား
နေ့က ညကို စား
အမှောင်အလင်းက
တစ်လှည့်စီ နေရာလဲကြစမြဲပဲ မဟုတ်လား။
ဒီလိုနဲ့ပေါ့ဟ
ယိုင်လာတာက ခန္ဓာ
ဦးနှောက်က ကပ်ပါ ပျက်လာ။
ရင့်ကျက်နေပြီးလို့ ပြောချင်သေးသလား
အချိန်လွန်တဲ့ အမြတ်တစ်ခုထက်မပိုပါ။
အကယ်၍ တို့တွေက
တစ်ကိုယ်ကောင်းစားရေးအတွက်ပဲ
ဘဝကို မြှုပ်နှံခဲ့ပြီ ဆိုခဲ့ရင်ပေါ့ ....။
တစ်ချိန်ဆို ...
အတိတ်က ငယ်ဘဝ
ပြန်ပြောင်းပြောကြဆိုကြ
တို့တွေ ပြန်ပြန်တမ်းတနေမှာ
ပြန်မရနိုင်မှန်း သိကိုသိလျက်။
မိတ်ဆွေ ...
လိုတရ ဘဝ
ဘယ်သူ့မှ မရနိုင်တတ်ပါ။
ရှိတာနဲ့ ရောင့်ရဲကာ
တင်းတိမ်မှု တို့တွေပြရမှာ
လူတော်တွေရဲ့ လက္ခဏာ။
နှလုံးမွန်သူ မှန်ပါက
လူသားအကျိုးပြု လုပ်ငန်းများ
ကိုယ်နိုင်တဲ့ဖက်က ကိုယ်ထမ်းရွက်ဖို့
မင်းက ငါ့ကို ညွှန်ပြ
ငါလည်းမင်းကို လက်တိုးပါရစေလား။
ဒီမှာ တစ်ခု ...
ချီးကျုးခံချင်စိတ် ဖျောက်ပစ်ကာ
ဖြူစင်ဖို့လိုတာက ငါတို့စိတ်ထား။
အစားဆိုတာ အချိန်အခါအရ
မလွှဲ ရကြစမြဲပါ။
မိတ်ဆွေ ...
ဘဝတိုတိုလေးမှာ
ကျွန်ဘဝပဲ ဆိုချင်ဆိုပါ
နင်းပြားခံဘဝပဲ ပြောချင်ပြောပါ
အဲ့လိုဘဝမျိုးမှ
တို့တွေ ရုန်းထွက်ကြရအောင်လား
လွတ်မြောက်ချိန်လည်း
တကယ့်ကို တန်နေပြီမဟုတ်လား။
မိတ်ဆွေ ....
နေ့ရက်တွေက ရှက်နေပြီ
လျှောက်နေတဲ့ လမ်းတွေက လှောင်နေပြီ
ဆင်နေတဲ့ အဝတ်အစားကောင်းတွေက
တို့တွေကို ပြန်ကဲ့ရဲ့နေပြီ
ယုတ်စွအဆုံး
လှဲနေတဲ့ အိပ်ရာကတောင်
ညတိုင်း ဆန္ဒပြနေပြီ
"ငါ့ကိုယ်ပေါ် သင်အိပ်ပါက
လွတ်လပ်မှုနဲ့သာ အိပ်ပါ" တဲ့။
ပြောကြမှာပေါ့
ကိုယ့်မိဘ...
ကိုယ့် မောင်နှမ
သူတို့တစ်တွေရဲ့ လူ့ဂုဏ်သိက္ခာကိုတောင်
တို့သားသမီးတွေက
တို့ အစ်ကိုအစ်မတွေက
မဖော်ကျူးပေးနိုင်တာကိုး။
ငွေနဲ့ အရာရာ နိုင်တယ် ဆိုတဲ့ အယူက
မှန်သလား မှားသလား
ငါလည်း တကယ်ကို မပြောတတ်ပါ။
မိတ်ဆွေ ...
နေ့ နဲ့ ည
ဘာကိုပဲ ရွေးရွေး
တို့တွေ ရပ်တန့်လို့မရနိုင်တာနဲ့အတူ
ကျွန်ဘဝက လွတ်မြောက်ဖို့
ဘဝနေ့ရက်တွေထဲက တစ်ချို့
တို့တွေ ရင်းနှီးကြရအောင်လား။
သတိ ...!
ဘဝဆိုတဲ့ ကမ်းပါး
ဇရာက တိုက်မြဲ တိုက်စားနေဆဲမို့
အချိန်မလွန်ခင် အချိန်မလွန်မိပါစေနဲ့လို့
အချိန်မီ သတိလေးပေးပါတယ်
ငါ့မိတ်ဆွေကြီးရေ ...။
#ယျာတင်_ရိုဟင်းသား#
ရို-ပန်းကလေးများပွင့်လန်းပြီ
ရေးသားသူ -- ယျာတင် (ရိုဟင်းသား)
RB ကဗျာ
12.6.2016
အမိုးပွင့် အကျဉ်းထောင်ထဲမှာ
အချိန်တန်တော့ ပွင့်လန်းလာပြီ
RB ကဗျာ
12.6.2016
အမိုးပွင့် အကျဉ်းထောင်ထဲမှာ
အချိန်တန်တော့ ပွင့်လန်းလာပြီ
ရို-ပန်းကလေးများ ရောင်စုံညီ။
အနာဂတ်မြန်မာ့ဥယျာဉ် သာယာလှဖို့ကြံ
ကျရာဏ္ဍ၌ အလှဆင်ပေးဖို့ရန်
နှိမ့်ချမှုတွေ အမျိုးမျိုးခံရလည်း
အပြုံးမပျက် ဖူးတံဝင့်လို့ချီ
ရို-ပန်းပွင့်များ ပွင့်လန်းလာခဲ့ပြီ။
ခက်ခဲပေါင်းများစွာကို အံတု ကျော်လွှား
အခါခါသိမ်ငယ်ခဲ့ရမှုကို အကြိမ်ကြိမ်ဖယ်ချ
အခါခါ လှဲချခံရတာမှ အကြိမ်ကြိမ်ပြန်ထ
ဒီလိုပုံစံက နှစ်နဲ့ချီလည်း
ရို-ပန်းပွင့်များ ပွင့်လန်းလာခဲ့ပြီ။
အမယ်-
ခေတ်အဆက်ဆက် သမိုင်းမှာ
ရို-ပန်းပွင့်ပေါင်းများစွာ
နိုင်ငံ့အလှ ဆင်ခဲ့တဲ့ ပမာ
အနာဂတ်မျိုးဆက် ရို-လူငယ်များလည်း
အစဉ်မပျက် ဆောင်ကျဉ်းနိုင်ဖို့ရာ
နှိပ်ကွပ်ခံရတဲ့ကြားမှ အားထုတ်ကြိုးစား
ခေါင်းမော့ ရင်မော့လို့ ရှေ့သို့လှမ်းချီ
ရို-ပန်းကလေးများ ပွင်လန်းလာခဲ့ပြီ။
သင်တို့ သိကြရဲ့လား...
"အဆိပ်ပင်မှာ ရေမလောင်းရ"
အဲ့ဒါ ရို-အပေါ်ထားတဲ့
ဒေသခံ ပညာရေးဌာနရဲ့မူဝါဒပါ။
ဒါပေမယ့် ဒီ ရို-တွေလေ
ခွဲခြားမှု နှိမ့်ချမှု တွေကို အားဖြစ်သို့ပြောင်း
အရာရာကို မေ့၊ နိုင်ငံ့အလှဆင်ဖို့အရေး
အမြဲ ဦးထိပ်ထားပါကြောင်း။
ကြည့်လှည့်ပါလေ...
အဆိပ်ပင်နဲ့ အနှိုင်းခံ ရို-တွေက
သူများမြို့နယ်ရှေ့ ကိုယ့်မြို့နယ်
သူများပြည်နယ်ရှေ့ ကိုယ့်ပြည်နယ်
သူများနိုင်ငံရှေ့ ကိုယ့်နိုင်ငံ
ဂုဏ်မငယ်ရအောင်ပါ့
နိုင်တဲ့ဖက်က တာဝန်ကျေပြ
အားမာန်ပြည့်နဲ့ ပွင့်လန်းလို့လာ
ငါးဘာသာ၊ လေးဘာသာ၊ သုံးဘာသာ
ဂုဏ်ထူးရှင်များ ပေါ်ထွန်းလာ
ပန်းပွင့်-ရို များ ရောင်စုံပြာ။
သက်ဆိုင်သူတို့ရေ...
ပွင့်လန်းလာတဲ့ ဒီ ရို-ပန်းပွင့်တွေကို
သက်ဆိုင်ရာ နယ်ပယ် ကျရာအခန်းမှာ
နိုင်ငံကိုယ်စား အလှဆင်ခွင့်လေး
ပိတ်ပင် မတားဆီး လိုက်ပါနဲ့လား။
မှတ်ချက်။ ။ အမိုးပွင့် အကျဉ်းထောင်ဟူ၍ တင်စားခံရသော ရခိုင်ပြည်နယ်က ရိုဟင်ဂျာများထဲမှ တက္ကသိုလ်ဝင်တန်းကို ခွဲခြားဆက်ဆံမှု အမျိုးမျိုးကြားက အောင်မြင်ခဲ့သော ရိုဟင်ဂျာ ကျောင်းသား/သူ များကို ဂုဏ်ပြု၍ ရေးဖွဲ့ပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းစာစစ်ဌာနမှ (၅) ဘာသာ ဂုဏ်ထူးရှင် မောင်မောင်မြင့်၊ မောင်တော စာစစ်ဌာနမှ (၄) ဘာသာ ဂုဏ်ထူးရှင် မယုနန္ဒာခင်၊ ဘူးသီးတောင် စာစစ်ဌာနမှ (၄) ဘာသာ ဂုဏ်ထူးရှင် မောင်စိုးနိုင်နှင့် အခြားသော ဂုဏ်ထူးရှင်များ အားလုံးကို ဤကဗျာဖြင့် အထူး ဂုဏ်ပြု လိုက်ပါကြောင်း။
Yar Tin (Rohinnthar)
Freelance Writer
အနာဂတ်မြန်မာ့ဥယျာဉ် သာယာလှဖို့ကြံ
ကျရာဏ္ဍ၌ အလှဆင်ပေးဖို့ရန်
နှိမ့်ချမှုတွေ အမျိုးမျိုးခံရလည်း
အပြုံးမပျက် ဖူးတံဝင့်လို့ချီ
ရို-ပန်းပွင့်များ ပွင့်လန်းလာခဲ့ပြီ။
ခက်ခဲပေါင်းများစွာကို အံတု ကျော်လွှား
အခါခါသိမ်ငယ်ခဲ့ရမှုကို အကြိမ်ကြိမ်ဖယ်ချ
အခါခါ လှဲချခံရတာမှ အကြိမ်ကြိမ်ပြန်ထ
ဒီလိုပုံစံက နှစ်နဲ့ချီလည်း
ရို-ပန်းပွင့်များ ပွင့်လန်းလာခဲ့ပြီ။
အမယ်-
ခေတ်အဆက်ဆက် သမိုင်းမှာ
ရို-ပန်းပွင့်ပေါင်းများစွာ
နိုင်ငံ့အလှ ဆင်ခဲ့တဲ့ ပမာ
အနာဂတ်မျိုးဆက် ရို-လူငယ်များလည်း
အစဉ်မပျက် ဆောင်ကျဉ်းနိုင်ဖို့ရာ
နှိပ်ကွပ်ခံရတဲ့ကြားမှ အားထုတ်ကြိုးစား
ခေါင်းမော့ ရင်မော့လို့ ရှေ့သို့လှမ်းချီ
ရို-ပန်းကလေးများ ပွင်လန်းလာခဲ့ပြီ။
သင်တို့ သိကြရဲ့လား...
"အဆိပ်ပင်မှာ ရေမလောင်းရ"
အဲ့ဒါ ရို-အပေါ်ထားတဲ့
ဒေသခံ ပညာရေးဌာနရဲ့မူဝါဒပါ။
ဒါပေမယ့် ဒီ ရို-တွေလေ
ခွဲခြားမှု နှိမ့်ချမှု တွေကို အားဖြစ်သို့ပြောင်း
အရာရာကို မေ့၊ နိုင်ငံ့အလှဆင်ဖို့အရေး
အမြဲ ဦးထိပ်ထားပါကြောင်း။
ကြည့်လှည့်ပါလေ...
အဆိပ်ပင်နဲ့ အနှိုင်းခံ ရို-တွေက
သူများမြို့နယ်ရှေ့ ကိုယ့်မြို့နယ်
သူများပြည်နယ်ရှေ့ ကိုယ့်ပြည်နယ်
သူများနိုင်ငံရှေ့ ကိုယ့်နိုင်ငံ
ဂုဏ်မငယ်ရအောင်ပါ့
နိုင်တဲ့ဖက်က တာဝန်ကျေပြ
အားမာန်ပြည့်နဲ့ ပွင့်လန်းလို့လာ
ငါးဘာသာ၊ လေးဘာသာ၊ သုံးဘာသာ
ဂုဏ်ထူးရှင်များ ပေါ်ထွန်းလာ
ပန်းပွင့်-ရို များ ရောင်စုံပြာ။
သက်ဆိုင်သူတို့ရေ...
ပွင့်လန်းလာတဲ့ ဒီ ရို-ပန်းပွင့်တွေကို
သက်ဆိုင်ရာ နယ်ပယ် ကျရာအခန်းမှာ
နိုင်ငံကိုယ်စား အလှဆင်ခွင့်လေး
ပိတ်ပင် မတားဆီး လိုက်ပါနဲ့လား။
မှတ်ချက်။ ။ အမိုးပွင့် အကျဉ်းထောင်ဟူ၍ တင်စားခံရသော ရခိုင်ပြည်နယ်က ရိုဟင်ဂျာများထဲမှ တက္ကသိုလ်ဝင်တန်းကို ခွဲခြားဆက်ဆံမှု အမျိုးမျိုးကြားက အောင်မြင်ခဲ့သော ရိုဟင်ဂျာ ကျောင်းသား/သူ များကို ဂုဏ်ပြု၍ ရေးဖွဲ့ပါသည်။
မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းစာစစ်ဌာနမှ (၅) ဘာသာ ဂုဏ်ထူးရှင် မောင်မောင်မြင့်၊ မောင်တော စာစစ်ဌာနမှ (၄) ဘာသာ ဂုဏ်ထူးရှင် မယုနန္ဒာခင်၊ ဘူးသီးတောင် စာစစ်ဌာနမှ (၄) ဘာသာ ဂုဏ်ထူးရှင် မောင်စိုးနိုင်နှင့် အခြားသော ဂုဏ်ထူးရှင်များ အားလုံးကို ဤကဗျာဖြင့် အထူး ဂုဏ်ပြု လိုက်ပါကြောင်း။
Yar Tin (Rohinnthar)
Freelance Writer
ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
27.3.2016
အမုန်းတရား ရာသီဝယ်
အမုန်းတရား ရာသီဝယ်
ခေါင်းပါနေ မေတ္တာမိုး။
မျှော်လင့်ချက်တွေ မစွန့်နှင့်
အာရ်ကာန်ပြည်ဖွား ရိုဟင်းမျိုး။
ဓမ္မရှေ့မှာ အဓမ္မ
ဓမ္မရှေ့မှာ အဓမ္မ
နိုင်ရိုးမရှိ ဘယ်သောခါ။
ယုံကြည်ချက်နှင့် ရိုဟင်းမျိုး
နောက်မဆုတ်ဘဲ ချီတက်စို့။
အမျိုးဂုဏ်မှာ တို့မငယ်
အမျိုးဂုဏ်မှာ တို့မငယ်
သိမ်ငယ်စရာ မပိုလို။
သမိုင်းသက်သေ အပြည့်နှင့်
အာရီယန်နွယ် ရိုဟင်းမျိုး။
မုန်းသူငြင်းသူ ပေါများလည်း
မုန်းသူငြင်းသူ ပေါများလည်း
စိတ်ဓာတ်ကျရန် တို့မလို။
သံမဏိစိတ် ကိုယ်စီနှင့်
အာရ်ကာန်ဌာနေ ရိုဟင်းမျိုး။
ရေးသားသူ - ရိုသစ္စာ(သားကြီး) နှင့် ယျာတင် (MYARF)
RB ကဗျာ
6.3.2016
နင်းချေခံ မျှော်လင့်ချက်
နင်းချေခံ မျှော်လင့်ချက်
မှောင်လွန်းလည်း တို့ကမ္ဘာ
ဒီမှာ ကိုယ့်လူ
ငါတို့ ဘယ်တော့မှ
လွယ်လွယ် လက်မလျှော့ရဘူး။
နိုင်ထက်စီးနင်း ငါတို့အိုးအိမ်
နိုင်ထက်စီးနင်း ငါတို့အိုးအိမ်
ဖျက်ဆီးနေလည်း ငါတို့စည်းစိမ်
ဒီမှာ ကိုယ့်လူ
ငါတို့ ဘယ်တော့မှ
ဒူးထောက် အရှုံးမပေးရဘူး။
လုယက်အတင်း ငါတို့ဓန
လုယက်အတင်း ငါတို့ဓန
သိမ်းပိုက်နေလည်း လယ်မြေဧက
ဒီမှာ ကိုယ့်လူ
ငါတို့ ဘယ်တော့မှ
ခေါင်းငုံ့ အညံ့မခံရဘူး။
ပိတ်ပင်ထား ငါတို့ရိက္ခာ
ပိတ်ပင်ထား ငါတို့ရိက္ခာ
ပေးဆပ်ရလည်း ငါတို့သိက္ခာ
ဒီမှာ ကိုယ့်လူ
ငါတို့ ဘယ်တော့မှ
ဇွဲလျှော့ လက်မမြှောက်ရဘူး။
ဒုက္ခပင်လယ် ကျယ်ပါစေ
ဒုက္ခပင်လယ် ကျယ်ပါစေ
လှိုင်းလုံးတွေလည်း ထန်ပါစေ
ဒီမှာ ကိုယ့်လူ
ငါတို့ လက်ကိုမြဲမြဲတွဲပြီး
ခက်ခဲမှန်သမျှ အတူတူကျော်ဖြတ်ပြီး
လွတ်လပ်ရေးကမ်းသို့ အရောက်လှမ်းမယ်
ဒါငါတို့ရဲ့ ခိုင်မြဲတဲ့ ယုံကြည်ချက်ပဲ။
ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
5.2.2016
ဟိုးဝေးဝေးက ပန်းတိုင်
ဝေးလံခေါင်ဖျားက ပန်းတိုင်
ဝိုးတဝါးတောင် မမြင်ရသေးတဲ့ ပန်းတိုင်
ထိုပန်းတိုင်သို့ပေါ့
ငါ့ ခြေလှမ်းတွေ တစ်လှမ်းပြီး တစ်လှမ်း
ရှေ့သို့လှမ်းချီ နေမြဲတာ ....။
ထိုပန်းတိုင်က ဝေးလွန်းနေပေမယ့်
ဟိုးဝေးဝေးက ပန်းတိုင်
ဝေးလံခေါင်ဖျားက ပန်းတိုင်
ဝိုးတဝါးတောင် မမြင်ရသေးတဲ့ ပန်းတိုင်
ထိုပန်းတိုင်သို့ပေါ့
ငါ့ ခြေလှမ်းတွေ တစ်လှမ်းပြီး တစ်လှမ်း
ရှေ့သို့လှမ်းချီ နေမြဲတာ ....။
ထိုပန်းတိုင်က ဝေးလွန်းနေပေမယ့်
ဝီရိယာက ငါနဲ့ထပ်ကြပ်မကွာခဲ့ပါ
ထိုပန်းတိုင်သို့ သွားရာလမ်းက ကြမ်းတမ်းနေပေမယ့်
ဇွဲလုံ့လတွေက ငါနဲ့ တစ်သားတည်းပါ
စစ်သည်တော်တစ်ယောက်ရဲ့ သတ္တိလည်း
ရင်ဝယ် ဖိဖိလေး ပိုက်လို့ပေါ့
ငါ့ ခြေလှမ်းတွေ တစ်လှမ်းပြီး တစ်လှမ်း
ရှေ့သို့လှမ်းချီ နေမြဲတာ ...။
တကယ်တော့
လှမ်းနေတဲ့ ငါ့ခြေလှမ်းတွေ
ခိုင်သင့်သလောက် မခိုင်သေးဘူး
လှမ်းနေတဲ့ ငါ့ခြေလှမ်းတွေ
ကျယ်သင့်သလောက် မကျယ်သေးဘူး
ဒါပေမယ့်
ငါ့ခြေလှမ်းသေးသေးလေးတိုင်းမှာ
ယုံကြည်ချက်က တောင်တန်းလို ကြီးမားနေတာပါ
မျှော်လင့်ချက်က ပင်လယ်ရေထက် များပြားနေတာပါ
ဒီလို ယုံကြည်ချက်
ဒီလိုမျှော်လင့်ချက်တွေနဲ့ပေါ့
ငါ့ ခြေလှမ်းတွေ တစ်လှမ်းပြီး တစ်လှမ်း
ရှေ့သို့လှမ်းချီ နေမြဲတာ ....။
ငါ့ခြေလှမ်း ငါမလှမ်းဘဲ
ငါ့အား ငါမစိုက်ဘဲ
ငါ့ချွေး ငါမရင်းဘဲ
ငါ လိုချင်တဲ့ ငါ့ပန်းတိုင်
ဘယ်တော့မှ မရတတ်ဘူး
ဒီအသိတရားနဲ့ပေါ့
ဝိုးတဝါးတောင် မမြင်ရသေးလည်း
ဝေးလွန်းနေတာ မှန်ပေမယ့်လည်း
"လွတ်လပ်မှု"ဆိုတဲ့ ထိုပန်းတိုင်သို့
ငါ့ ခြေလှမ်းတွေ တစ်လှမ်းပြီး တစ်လှမ်း
ရှေ့သို့လှမ်းချီ နေမြဲတာ ....။
တကယ်တော့ သူငယ်ချင်း
ပန်းတိုင်နဲ့ နီးစပ်ခွင့်ရဖို့
ထိုင်နေခြင်းထက်
ခြေလှမ်း သေးသေးလေး လှမ်းခြင်းက
ပိုမြတ်တယ်လေ....။
ဇွဲလုံ့လတွေက ငါနဲ့ တစ်သားတည်းပါ
စစ်သည်တော်တစ်ယောက်ရဲ့ သတ္တိလည်း
ရင်ဝယ် ဖိဖိလေး ပိုက်လို့ပေါ့
ငါ့ ခြေလှမ်းတွေ တစ်လှမ်းပြီး တစ်လှမ်း
ရှေ့သို့လှမ်းချီ နေမြဲတာ ...။
တကယ်တော့
လှမ်းနေတဲ့ ငါ့ခြေလှမ်းတွေ
ခိုင်သင့်သလောက် မခိုင်သေးဘူး
လှမ်းနေတဲ့ ငါ့ခြေလှမ်းတွေ
ကျယ်သင့်သလောက် မကျယ်သေးဘူး
ဒါပေမယ့်
ငါ့ခြေလှမ်းသေးသေးလေးတိုင်းမှာ
ယုံကြည်ချက်က တောင်တန်းလို ကြီးမားနေတာပါ
မျှော်လင့်ချက်က ပင်လယ်ရေထက် များပြားနေတာပါ
ဒီလို ယုံကြည်ချက်
ဒီလိုမျှော်လင့်ချက်တွေနဲ့ပေါ့
ငါ့ ခြေလှမ်းတွေ တစ်လှမ်းပြီး တစ်လှမ်း
ရှေ့သို့လှမ်းချီ နေမြဲတာ ....။
ငါ့ခြေလှမ်း ငါမလှမ်းဘဲ
ငါ့အား ငါမစိုက်ဘဲ
ငါ့ချွေး ငါမရင်းဘဲ
ငါ လိုချင်တဲ့ ငါ့ပန်းတိုင်
ဘယ်တော့မှ မရတတ်ဘူး
ဒီအသိတရားနဲ့ပေါ့
ဝိုးတဝါးတောင် မမြင်ရသေးလည်း
ဝေးလွန်းနေတာ မှန်ပေမယ့်လည်း
"လွတ်လပ်မှု"ဆိုတဲ့ ထိုပန်းတိုင်သို့
ငါ့ ခြေလှမ်းတွေ တစ်လှမ်းပြီး တစ်လှမ်း
ရှေ့သို့လှမ်းချီ နေမြဲတာ ....။
တကယ်တော့ သူငယ်ချင်း
ပန်းတိုင်နဲ့ နီးစပ်ခွင့်ရဖို့
ထိုင်နေခြင်းထက်
ခြေလှမ်း သေးသေးလေး လှမ်းခြင်းက
ပိုမြတ်တယ်လေ....။
ဓါတ်ပုံ - Poppy McPherson |
မွေးဌာနေ
MYARF
RB ကဗျာ
28.1.2016
ကဗျာအမျိုးအစား - သံချပ်
အာရ်ကာန်ပြည်သည် ငါ့ဌာနေ
ငါ့ဌာနေ...မွေးဌာနေ ...
ငါ့ဌာနေမှာ သီးနှံစုံ
စားလို့ အကောင်းဆုံး ...
စားလို့ အကောင်းဆုံး...စားလို့ အကောင်းဆုံး ...။
အာရ်ကာန်ပြည်သည် ငါ့ဌာနေ
ငါ့ဌာနေ...မွေးဌာနေ ...
ငါ့ဌာနေမှာ ဆန်စပါးလျှံ
စားပြီး ရောင်းနိုင် ပြည်ပထံ ...
ပြည်ပထံ ... ပြည်ပထံ ...။
အာရ်ကာန်ပြည်သည် ငါ့ဌာနေ
ငါ့ဌာနေ...မွေးဌာနေ ...
ငါ့ဌာနေမှာ မြစ်၊ ချောင်း၊ အိုင်
ငါးသေးငါးကြီး ထွက်လှိုင်လှိုင် ...
ထွက်လှိုင်လှိုင် ... ထွက်လှိုင်လှိုင် ...။
အာရ်ကာန်ပြည်သည် ငါ့ဌာနေ
မွေးဌာနေ ... ငါ့ဌာနေ...
ငါ့ဌာနေက တော၊တောင်၊မြိုင်
စိမ်းလန်းစိုပြေ မြို့ဝိုင်း ရွာဝိုင်း ...
စိမ်းလန်းစိုပြေ မြို့ဝိုင်း ရွာဝိုင်း ... စိမ်းလန်းစိုပြေ မြို့ဝိုင်း ရွာဝိုင်း ...။
အာရ်ကာန်ပြည်သည် ငါ့ဌာနေ
မွေးဌာနေ ... ငါ့ဌာနေ...
ငါ့ဌာနေမှာ တိုက်သည့် လေ
ခန္ဓာထိရင် ရင်ထဲ အေး ...
ရင်ထဲ အေး ... ရင်ထဲ အေး ...။
အာရ်ကာန်ပြည်သည် ငါ့ဌာနေ ...
မွေးဌာနေ ... ငါ့ဌာနေ ...
ရိုဟင်ဂျာသည် ဤတိုင်းပြည်၏
မူလဘူတ တိုင်းရင်းသားတည်း ...
တိုင်းရင်းသားတည်း ... တိုင်းရင်းသားတည်း ...။
အာရ်ကာန်ပြည်သည် ငါ့ဌာနေ ...
မွေးဌာနေ ... ငါ့ဌာနေ ...
ရိုဟင်ဂျာသား ငါ့ဌာနေ
မွေးဌာနေ ... ငါ့ဌာနေ ...
အာရ်ကာန်ပြည်သည် ငါ့ဌာနေ ...။
______________________________
ရေးသားသူ - ယျာတင်(ရိုဟင်းသား)
ကဗျာအမျိုးအစား - သံချပ်
အာရ်ကာန်ပြည်သည် ငါ့ဌာနေ
ငါ့ဌာနေ...မွေးဌာနေ ...
ငါ့ဌာနေမှာ သီးနှံစုံ
စားလို့ အကောင်းဆုံး ...
စားလို့ အကောင်းဆုံး...စားလို့ အကောင်းဆုံး ...။
အာရ်ကာန်ပြည်သည် ငါ့ဌာနေ
ငါ့ဌာနေ...မွေးဌာနေ ...
ငါ့ဌာနေမှာ ဆန်စပါးလျှံ
စားပြီး ရောင်းနိုင် ပြည်ပထံ ...
ပြည်ပထံ ... ပြည်ပထံ ...။
အာရ်ကာန်ပြည်သည် ငါ့ဌာနေ
ငါ့ဌာနေ...မွေးဌာနေ ...
ငါ့ဌာနေမှာ မြစ်၊ ချောင်း၊ အိုင်
ငါးသေးငါးကြီး ထွက်လှိုင်လှိုင် ...
ထွက်လှိုင်လှိုင် ... ထွက်လှိုင်လှိုင် ...။
အာရ်ကာန်ပြည်သည် ငါ့ဌာနေ
မွေးဌာနေ ... ငါ့ဌာနေ...
ငါ့ဌာနေက တော၊တောင်၊မြိုင်
စိမ်းလန်းစိုပြေ မြို့ဝိုင်း ရွာဝိုင်း ...
စိမ်းလန်းစိုပြေ မြို့ဝိုင်း ရွာဝိုင်း ... စိမ်းလန်းစိုပြေ မြို့ဝိုင်း ရွာဝိုင်း ...။
အာရ်ကာန်ပြည်သည် ငါ့ဌာနေ
မွေးဌာနေ ... ငါ့ဌာနေ...
ငါ့ဌာနေမှာ တိုက်သည့် လေ
ခန္ဓာထိရင် ရင်ထဲ အေး ...
ရင်ထဲ အေး ... ရင်ထဲ အေး ...။
အာရ်ကာန်ပြည်သည် ငါ့ဌာနေ ...
မွေးဌာနေ ... ငါ့ဌာနေ ...
ရိုဟင်ဂျာသည် ဤတိုင်းပြည်၏
မူလဘူတ တိုင်းရင်းသားတည်း ...
တိုင်းရင်းသားတည်း ... တိုင်းရင်းသားတည်း ...။
အာရ်ကာန်ပြည်သည် ငါ့ဌာနေ ...
မွေးဌာနေ ... ငါ့ဌာနေ ...
ရိုဟင်ဂျာသား ငါ့ဌာနေ
မွေးဌာနေ ... ငါ့ဌာနေ ...
အာရ်ကာန်ပြည်သည် ငါ့ဌာနေ ...။
______________________________
ရေးသားသူ - ယျာတင်(ရိုဟင်းသား)
"တစ်ဖက်ကမ်းသို့"
ရေးသားသူ - မိုဟာမတ်ဇူဘိုင်ရ်
RB ကဗျာ
26.1.2016
ကြိမ်ဒဏ်ကျည်ဒဏ် ရောင်စုံတဲ့ဒဏ်
ကြိမ်ဒဏ်ကျည်ဒဏ် ရောင်စုံတဲ့ဒဏ်
ငိုသံအော်သံ နားကြားလို့မခံ
စိတ်လည်းမချမ်း ကိုယ်လည်းမကျန်း
ခိုနားစရာ ရှားပါးတဲ့ခါ
မလျှော့တဲ့ဇွဲ သတ္တိကိုစိုက်
လူမျိုးကိုပွေ့လို့ ရင်ခွင်ထဲပိုက်ပြီး
ဟို…ဝေးဝေး မြူထူထူအရုပ်
ဒေါင်းရုပ်ကလေးလော့
ဥပဒေဆိုတဲ့ အရာလော့
မျှော်လင့်ချက်ကမ်းသို့ ငါလှော်ထွက်မယ် ...။
ပညာရေးတံခါး အမြဲပိတ်ထား
ပညာရေးတံခါး အမြဲပိတ်ထား
ကန့်သတ်မှုနဲ့ အသွားအလာ
အကြောင်းမဲ့ဖမ်း နေ့စဉ်ရက်ဆက်
စားစရာရှား ဆာလောင်ငတ်မွတ်
ကလေးငယ်ရဲ့ ငိုရှိုက်တဲ့သံ
နှိပ်စက်မှုဒဏ် ရင်ထဲမဆံ့လည်း
ယဉ်ကျေးလိမ္မာ ရိုဟင်ဂျာသား
သတ္တိပိုက်လို့ အရှုံးမပေး
လှော်တံကျိုးရင် ခြေနဲ့လှော်ပြီး
ဟို…ဝေးဝေး မြူထူထူအပြုံး
အောင်ဆန်းသွေးလော့
ငြိမ်းချမ်းရေး မိခင်လော့
လွတ်လပ်ရာကမ်းသို့ ငါလှော်ထွက်မယ် ...။
(ဓါတ်ပုံ - Reuters) |
ရေးသားသူ - ယျတင် (MYARF)
RB ကဗျာ
26.1.2016
သံန္နိဌာန်
•••••••••
ဒီခရီး
သံန္နိဌာန်
•••••••••
ဒီခရီး
နီးသည် ဝေးသည်
ငါဖြင့် မသိ ...။
ဒီခရီး
ဒီခရီး
နိမ့်သည် မြင့်သည် ငါဖြင့် မသိ ...။
ဒီခရီး
ဒီခရီး
ကြမ်းသည် ချောသည်
ငါဖြင့် မသိ ...။
ဒီခရီး
ဒီခရီး
မှောင်သည် လင်းသည်
ငါဖြင့် မသိ ...။
ဒီခရီး
ဒီခရီး
ပန်းတိုင် အရောက်
မရောက် မချင်း
ရိုဟင်းသားငါ
ချီတက်မြဲ ချီတက်မည် ...။
ဓါတ်ပုံသတင်း
- ထမင်းထုပ်တစ်ဖက် ဓါးတစ်ဖက်ပြထားတဲ့ ရိုဟင်ဂျာများ ပြန်လည်လက်ခံရေး
- RB News Android Application ထွက်ပြီ
- ၂၀၁၄ သန်းခေါင် စာရင်းနှင့် မြန်မာ မွတ်စလင်
- ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး ချိုးဖောက်ရန် အစိုးရက မူဝါဒ ချမှတ်ထားဟု Fortify Rights ကပြော
- မောင်တော ဆရာဝန်ကြီးထံမှ ဆေးကုသမှု ခံယူသည့် ၁၀ တန်းကျောင်းသား တစ်ဦး သေဆုံး
- ရခိုင်ပြည်နယ်မှ အမှန်တရားများ- အပိုင်း (၂)
- ကျောက်ဖြူ အကြမ်း ဖက်မှုအား Human Rights Watch က ဂြိုလ်တုမှ တဆင့် မှတ်တမ်း တင်ထား
- ဆိုင်ကလုန်း မိုရာကြောင့် မောင်တောခရိုင်တွင် ဆုံးရှုံးမှု အလွန်များပြား
- ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ၈၀ ကျော် ပယ်ခံရ
- စံကားပြင် ကျေးရွာမှ ဒေသခံ တစ်ဦးကို လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးထား