နောက်ဆုံးသတင်း/ဆောင်းပါးများ


ဌေးလွင်ဦး
RB News
15.3.2013

ရာဇ၀င်မှာ ဘီလူးမ သားလုပွဲ ဆိုတာပဲ ရှိပါတယ်။ လူသားမိခင်အရင်းနဲ့ လူသားကို စားချင်တဲ့ ဘီလူးမက လူဟန်ဆောင်ပြီး- သားကို လုတဲ့ပွဲပါ။ ဒီမှာ ရာဇ၀င်လာ ပညာရှိသုခမိန် မဟော်သဓာက- ဘယ်သူဟာ မိခင် အရင်း ဖြစ်သလဲ- “ကလေးကို ရအောင်လုနိုင်သူက ကလေးကို ယူစေ”လို့ ပြောပြီး သားကို လုခိုင်း လိုက်တယ်။ မိခင်လို့ ဆိုသူနှစ်ဦး သားလေးကို အပြိုင်ဆွဲလုတော့- မိခင်အရင်းက သားလေးနာသွားမှာ စိုးရိမ်စိတ်နဲ့ လက် လွှတ် အလျှော့ပေးလိုက်ခဲ့တယ်။- (သားကို ရမယ်- မရမယ်ဆိုတာ က နောက် ကိစ္စ၊ လောလောဆယ် သားလေး ကို ခြေက တစ်ယောက်ဆွဲ၊ ခေါင်းက တစ်ယောက် ဆွဲ- နှစ်ပိုင်းပြတ်- သေ သွားမှာက လတ်တစ်လောကိစ္စ ဖြစ် နေခိုက်- မိခင်အရင်းက သားလေးကို ကရုဏာတစ်ကယ်ရှိပြီး- လက်လွှတ်ပေးလိုက်ခဲ့တာပါ။)- ဒီမှာ သုခမိန် မဟော်သဓာဟာ မိခင် အရင်းရဲ့ စိတ်ကို သိမြင်ခွင့်ရခဲ့ပါတယ်။- 

တိုင်းပြည်တစ်ခုမှာ ပြည်သူလူထုဆိုတာသားသမီးတွေဖြစ်ပါတယ်။ နိုင်ငံကိုဦးဆောင်တဲ့ ခေါင်း ဆောင်တွေ မိဘ များ သဖွယ် ဖြစ်ပါတယ်။- ပြည်သူလူထုရဲ့ ဘ၀များ အတွက် မိဘတွေမှာ တာဝန် ရှိနေပါတယ်-။ 

ဒီပွဲတွေမှာ- (၁) ရခိုင်နယ်မှာ ဖြစ်နေတဲ့ ဒေသခံ မူလဘူတ လူမျိုး များကို မျိုးတုံး သုတ်သင်တဲ့ ပွဲမှာ-၊ ပါဝင် ပတ် သက်သူတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ အတိုက် အခံတွေ၊ အားလုံးက မျက်ကန်း မျိုးချစ်များ ငြိုငြင် သွားမလား ဆိုပြီး ဖြစ်စေ-၊ သူတို့ကိုယ်တိုင်က သူတို့နဲ့ ဘာသာမတူရင် ရန်သူဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်နဲ့ မလိုမုန်း ထား မှုကြောင့်ဖြစ်စေ-၊ ကြီးနိုင်ငယ်ညှင်း ၀ါဒကိုသာ အားပေး ခဲ့တယ်။ ထောက်ခံခဲ့တယ်။ ဆက်လက်ပြီး လည်း မျိုးတုံး ပပျောက်သွားစေဘို့ ဆက်လက် ကြံစည်နေ ဆဲဖြစ်နေတယ်။ 

(၂) ကချင်နယ်က ကိစ္စ-၊ ဒီကိစ္စမှာလည်း မျက်ကန်း မျိုးချစ်များ၊ နိုင်ငံရေး သမားများ၊ အတိုက် အခံများ ကိုယ်တိုင် ငြိမ်းချမ်းရေး ရလာစေဘို့ ထဲထဲဝင်ဝင်-၊ စေတနာထားပြီး ပါဝင် ပတ်သက်မှု မရှိဘဲ ရူး ချင်ယောင်ဆောင်နေတာ ကို မြင်နေ ရပါတယ်။ မကောင်း တတ်လို့ အသက်မပါတဲ့ မျက်နှာနဲ့ နည်းနည်း ပါး ပါး သံယောင် လိုက်ပြောတာက လွဲ နှလုံးသားထဲမှာ ကချင်တွေ မျိုးပြုတ် သွားပါစေလို့ အမူအယာ များကို ကမ္ဘာ တစ်ဝှမ်းက သိမြင်လောက် အောင် ဖေါ်ပြနေပါတယ်။ 

(၃)နောက်ဆုံး ဗမာ-ဗမာချင်း ဆင်းရဲတောင်သူများနဲ့ အကျိုး စီးပွားဝါဒီများ ဖြစ်တဲ့ လက် ပန်းတောင်းတောင် ကိစ္စ မှာလည်း ပြသနာကြီး ပေါက်ကွဲသွားမှာ စိုးလို့- ကြားက၀င်ပြီး ဖြန်ဖြေ ဟန်ဆောင်ပေးခြင်း က လွဲ-၊ လက်တွေ့ မှာ မိမိ အာဏာ လက်လွတ် သွားမှာကို ကြောက်ပြီး ဆင်း ရဲတောင် သူများကို စွန့်ပစ်ခဲ့ တာ ကိုပဲ တွေ့လိုက်ရပါ တော့တယ်။ ဒီမှာ ၀င်ရောက် ဖြန်ဖြေပေးခြင်း ဆိုတာလည်း- လက်လွန်သွားတာကို ခံရသူများဘက်က သွေးပူ နေခိုက် လက်တုံ့ပြန်မှုတွေ ကြီးသွားမှာ စိုးလို့ သွေးအေး သွားစေအောင် ချော့ သိပ်လိုက်တဲ့ သဘောမျှသာ ဖြစ် ခဲ့ပြီး- သွေးအေး သွားတဲ့အခါ-၊ “နင်က လွန်တာကိုး- ခံရမှာပေါ့” ဆိုတဲ့ သဘောနဲ့- ဆင်းရဲပြည်သူများ နှိပ်ကွပ် ခံလိုက်ရတာကိုက အပြစ် ရှိလို့ ခံရတာလို့ အပြစ်ပင် ဆိုတဲ့ သဘောဖြစ်နေပါတော့တယ်။ 

ဖြစ်ပျက်သမျှကို ပြန်လည် သုံးသပ်ရင်တော့--၊ ပြည်သူလူထုကြီးတစ်ရပ်လုံးကိုအာဏာကိုသာမက်မော နေ တဲ့ ဘီလူးအုပ်ကြီး ၀ိုင်းလုသလို ဖြစ်နေပြီ။ သက်ညှာ ကရုဏာထားမယ့် မိဘ အစစ်ဆိုတာ မရှိတော့ တာ သေချာနေတယ်။ သေချင်တဲ့အကောင်သေ၊ မျိုးပြုတ်ချင်တဲ့ အုပ်စုပြုတ်၊ ငါတို့ကတော့ အသားရရ၊ အရိုးရရ ၀ိုင်းဆွဲမှာပဲ ဆိုတဲ့ အဖြေက ထင်ရှားလာပါတယ်။ 

အတိုက်အခံ နိုင်ငံရေး အုပ်စုက ကောင်းပါတယ်။ မတတ်သာလို့ နိုင်ငံရေးကွက် ၀င်ကစားတာပါဆိုတဲ့ အဖြေက တစ်ကယ်ခံရတဲ့ လူထုကြီး တစ်ရပ်လုံး မြန်မာတစ်ပြည်လုံးအတွက် လုံလောက်တဲ့ အဖြေမဟုတ် ပါ။ အခုခံရတာ အုပ်စု သုံးစု အပေါင်း ဧရာဝတီတိုင်းက လယ်သမားတွေ ဖြစ် ကုန်ပြီ။ နောက်ထပ်ဘယ် သူတွေ ခံရဦးမလဲ- ဘယ်လို စိတ်ချလို့ ရနိုင်မလဲ။ လူအားလုံးက ငါ့အလှည့် ငါတို့ အလှည့် ဘယ်တော့လာမလဲ ဆိုတဲ့ ကြောက်ရွံ့ စိတ်နဲ့သာ အသက်ရှင်နေရတဲ့ ဘ၀မျိုးကို ရောက်နေပါပြီ။ 

ကြံ့ဖွံ့က ကစားတာကို အတိုက်အခံများ ခံနေရတယ် ဆိုတဲ့ အဖြေက အတိုက်အခံများရဲ့ ဂုဏ်သိက္ခာကို ပိုပြီး ထိခိုက်စေပါတယ်။ အဲ့ဒီ စကားက အတိုက်အခံများသည် နိုင်ငံရေးပညာ၊ နိုင်ငံရေး ပရိယာယ်မှာ ကြံ့ဖွံ့ထက် အင်မတန် ညံ့ဖျင်းကြောင်း ၀န်ခံရာရောက်နေပါတယ်။ အင်မတန် ညံ့ဖျင်းတဲ့ အုပ်စုကြီး လက်ထဲကို နိုင်ငံတော် အာဏာ ဘယ်လို အပ်နိုင်မလဲ ဆိုတဲ့ မေးခွန်းက ဆက်လက် ရှိနေပါတယ်။ 

အာဏာငမ်းငမ်းမက်နေတဲ့ နိုင်ငံရေးသမား ဘီလူးအကြီးများရဲ့လက်ထဲမှာ မိမိတို့ ဘ၀များ ဘယ်လို သက်သာ မလဲ ဆိုတာကိုပဲ ပြည်သူတွေ လိမ္မာပါးနပ်စွာ ဆင်ခြင်ဘို့ လိုနေပါပြီ။ မိမိတို့ကို ကာ ကွယ်စောင့်ရှောက်ပေးမယ့် မိဘနှင့်တူသော ခေါင်းဆောင်များ မရှိတဲ့ ဘ၀မှာ ပြည်သူတွေဟာ ကိုယ့် အသိ နဲ့ ကိုယ် ညီညွတ်ချစ်ခင်အောင် နေနိုင်ဘို့သား ကြိုးစားနိုင်မှ အနည်းငယ် သက်သာလာနိုင်ဘွယ် ရှိနေ ပါတယ်။ ပြည်သူတစ်ရပ်လုံး လိမ္မာပါးနပ် ကြဘို့ကိုပဲ အကြံပေးလိုပါတယ်။ 


ဌေးလွင်ဦး 
မြန်မာ မွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့ 
အမေရိကန် ပြည်ထောင်စု
ဓါတ်ပုံ - Messenger News
RB News
14.3.2013

ရခိုင်ပြည်နယ် လုံးဆိုင်ရာ လူထု အစည်း အဝေး တစ်ရပ်ကို ရသေ့တောင် မြို့နယ်၊ အောင်မြေ ဗောဓိဓမ္မ ရိပ်သာ အလိုတော်ပြည့် ကျောင်းတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့မှ (၂၆) ရက်နေ့ ထိ ကျင်းပခဲ့သည်။ 

အဆိုပါ အစည်းအဝေးသို့ ရခိုင်ပြည်နယ်ရှိ (၁၇) မြို့နယ်မှ တစ်မြို့နယ်မှ ကိုယ်စားလှယ် (၅) ဦးစီ တက်ရောက် ခဲ့သည်။ ထိုအစည်းအဝေး၌ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ဥက္ကဌ ဖြစ် သူ ဒေါက်တာ အေးမောင် ပြောကြားခဲ့သော မိန့်ခွန်း အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ် ပါသည်။

(ဤမိန့်ခွန်း အပြည့်အစုံကို RB News ၏ စာဖတ် ပရိသတ်များ သိစေရန် ရည်ရွယ်ချက်ဖြင့် မူရင်းအသံကို စာရေးသား၍ မျှဝေခြင်း ဖြစ်သည်။)



ဌေးလွင်ဦး
RB News
4.3.2013

ရခိုင်နယ်မှာ ရိုဟင်ဂျာ မရှိဘူး ဆိုပြီး ပြောဆိုနေမှု အားလုံးဟာ မျက်ကန်းမျိုးချစ် ခွဲထွက်ရေးဝါဒီ အနောက် သား မျိုးနွယ် လူယုတ်မာ တစ်စုရဲ့ ပြောဆိုချက်သာ ဖြစ်တယ်။ ဒီကိစ္စရပ်မှာ ရခိုင်ပြည် အတွင်းအပြင်နေ ရခိုင် လူမျိုးအားလုံးနဲ့ သက်ဆိုင်ခြင်း လုံးဝ လုံးဝ မရှိပါ။ ရခိုင်ဒေသနေ သာမန် ရခိုင်လူမျိုးဟာ မိမိရဲ့ စားဝတ်နေရေး ကိုသာ နေ့စဉ်အမျှလုံးပန်း ရှာဖွေ စားသောက်နေရပြီး နိုင်ငံရေး၊ ခွဲထွက်ရေး၊ လူမျိုးရေး ကိစ္စများကိုလည်း စိတ် ၀င်စားခြင်း မရှိပါ။ 

သင်္ကန်းဝတ် တစ်ချို့က ခွဲထွက်ရေးနဲ့ အမျိုးသားရေးကို လှုံ့ဆော်နေပေမယ့်-၊ ထိုကိစ္စမှာ မိရိုးဖလာ သာ မန်ရိုးရိုး ရဟန်းသံဃာများနဲ့လည်း ပတ်သက်ခြင်း မရှိပါ။ သာမန်ရိုးရိုး ရဟန်းသံဃာများ အနေနဲ့ ဘိုးစဉ်ဘောင်ဆက်က ပဲ အတူနေထိုင်ခဲ့တဲ့ မွတ်ဆလင်များ အပေါ်မှာ သမိုင်းတစ်လျှောက် ရန်လိုခြင်း၊ ရန်ရှာခြင်း၊ မုန်းတီးခြင်းများ မရှိ ခဲ့တဲ့ အပြင်-၊ ကျောသားရင်သား မခွဲခြားဘဲ ပြောစရာရှိတာပြော၊ ဆုံးမ စရာရှိတာ ဆုံးမ၊ ကျွေးစရာရှိတာကျွေး၊ ခိုင်းစရာရှိတာခိုင်း ရင်းနှီးပတ်သက် ကျွမ်းဝင် ခဲ့သည် သာ ဖြစ်ခဲ့ပါတယ်။ 

ရခိုင်မှာ မွတ်ဆလင်မရှိ၊ ရိုဟင်ဂျာ မရှိဆိုတဲ့ စကားကို ရခိုင်နေလူအများစုကြီးက ဘယ်သောအခါမှ မပြော ခဲ့ပါ။ ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမကို မနီးစပ်သူများက မကြားဘူးခဲ့တာပဲ ရှိနေပါတယ်။ သူတို့ကို သွားမေးကြည့်ရင် မရှိဘူးမပြောခဲ့ဘဲ၊ အသိဘူးပဲ ပြောခဲ့တာများပါတယ်။ မွတ်ဆလင် မရှိဘူး လား မေး ရင်တော့--၊ အရူးကတောင် ရှိ-တယ် ပြောပါမယ်။ အရူးထက် ပိုဆိုးတဲ့ အမိုက်တွေကသာ မိုက်ငြင်းငြင်း နေခြင်း ဖြစ်ပါတယ်။ နောင်တစ်ချိန် သမိုင်းတရားခံဟာလည်း အဲ့ဒီ လူမိုက်တွေပဲ ဖြစ်ပါ လိမ့်မယ်။ ရခိုင် ပြည်သူတစ်ရပ်လုံးနဲ့ လုံးဝ မသက်ဆိုင်ပါ။ 

အခုလည်း ရိုဟင်ဂျာ မရှိဘူး ဆိုတဲ့ သမိုင်းအဖြေထုတ်ဘို့-၊ ထိုင်းနိုင်ငံဘန်ကောက်မြို့- ၂၀၁၃ ခု မတ်လ ၉ ရက်နေ့မှာ Forum တစ်ရပ်ကျင်းပဘို့ ခွဲထွက်ရေးဝါဒီ တစ်စု စိုင်းပြင်းနေပါတယ်။ အစဉ်အလာနဲ့ တည်ခဲ့တဲ့ နယ်မြေတစ်ခုရဲ့ သမိုင်းကြောင်းကို ဖြေရှင်းဘို့ Forum တစ်ရပ် ကျင်းပတာမှာ-၊ ရခိုင်နယ်ရှိ လူမျိုးအား လုံးထဲက ပညာရှင်များကို ဖိတ်ကြားခြင်း မရှိခဲ့ပါ။ ရခိုင်လူမျိုးဆိုတဲ့ အထဲက လည်း တောင် ပိုင်းမြောက် ပိုင်း ဒေသစုံက ပညာရှင်များကို ခေါ်ယူခြင်း မရှိခဲ့ပါ။ နိုင်ငံတစ်ကာ ပညာရှင်များ ဆိုတာမှာ လည်း အငြင်းပွားနေတဲ့ နှစ်ဦး နှစ်ဘက်က ပညာရှင်များ၊ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များကို ခေါ်ယူခြင်း မရှိခဲ့ပါ။ ခွဲ ထွက်ရေးဝါဒီ မျက်ကန်းတစ်ချို့နဲ့ သူတို့ကို မြှောက်ပင့်ပေးနေတဲ့ နိုင်ငံခြားသား တစ်ချို့ကိုသာ ခေါ်ယူပြီး တစ်ဘက်သတ် စီစဉ်ပါတော့တယ်။ 

တစ်ဘက်သတ် ခိုးပြီးပြုလုပ်၊ ပြီးရင် တစ်ဘက်သတ်ကြေငြာချက်ထုတ်၊ လုပ်တဲ့ လုပ်ရပ်များက အမှန်တရားကို ချစ်သူ၊ သတ္တိရှင်တို့ရဲ့ အလုပ်မဟုတ်ဘဲ--၊ ကမ္ဘာ့အလယ်မှာ မျက်နှာပျက်ရမယ့် သူရဲဘောကြောင်သူ၊ အမှား တရားကို ကျူးလွန်သူတို့ရဲ့ ပွဲသာ ဖြစ်ကြောင်း သက်သေပြနေပါတယ်။ တစ် ကယ်တမ်း မျက်နှာပျက်စရာ ရှိရင် ရခိုင်လူမျိုးအားလုံး မျက်နှာပျက်ရမယ့် လုပ်ရပ် လည်း ဖြစ်နေ ပါတယ်။ 

ကိုယ့်ဘက်က မှန်နေရင်၊ မှန်ကန်ကြောင်းကို ရဲရဲတင်းတင်း သက်သေပြနိုင်ရင်- ဘာကိုမှ ကြောက်နေစရာ မလိုပါ၊ နှစ်ဦးနှစ်ဘက်က ပညာရှင်တွေကို ပင့်ဖိတ်ပြီး လူကြီးလူကောင်းပီပီ သက်သေထုတ်ပြ လိုက်ယုံ မျှ သာ ဖြစ်ပါတယ်။ ပညာမဲ့ လူယုတ်မာတွေ လုပ်သလို လုပ်နေစရာ မလိုပါ။ အခုလို တစ်ဘက် သတ် ပြု လုပ်နေခြင်း ဆိုတာကိုယ်က မိမိဘက်က မှားယွင်းကြောက် လန့်နေကြောင်း ကို ငွေကုန်ကြေး ကျခံပြီး ကမ္ဘာ့အလယ်မှာ ၀န်ခံ လိုက်ခြင်းသာ ဖြစ်ပါတယ်။ ရွှေမှန်ရင် မှတ်ကျောက်အတင်ခံရဲရပါမယ်။ အခုတော့ ယိုသူ မရှက် မြင်သူရှက် ဖြစ် ရပြီး မဆီမဆိုင်တဲ့ အပြစ်မဲ့ ရခိုင်ပြည်သူ တစ်ရပ်လုံး မျက်နှာပျက်ရတော့မယ့် အလုပ် ဖြစ်နေပါတယ်။ 

ဒီကိစ္စမှာ ကျွန်တော်တို့ ရခိုင်လူမျိုးအားလုံးနဲ့ မသက်ဆိုင်ကြောင်းကိုပဲ ကျွန်တော့အနေနဲ့ ကမ္ဘာ့မိတ်ဆွေ များကို ပြောလိုပါတယ်။ ဒီနေရာမှာ ကျွန်တော်က အစ္စလာမ်သာသနာဝင် ဖြစ်နေလို့ ခင်ဗျားနဲ့ မဆိုင်ဘူး ဆိုပြီး ကျွန် တော့ကို ရခိုင်လူမျိုးထဲက ဖယ်ထားခွင့်မရှိပါ။ ကျွန်တော့ဘက်က ရပ်တည်နေတဲ့ ရခိုင်လူ မျိုးရဟန်းသံဃာများ၊ ပြည်သူများလည်း မြောက်များစွာ ရှိနေပါတယ်။ ရခိုင်လူမျိုးအားလုံးက ကျွန်တော့ကို မထောက်ခံရင်တောင် သာမန်ရိုးရိုး လုပ်ကိုင်စားသောက်နေတဲ့ အများစုသော ရခိုင်လူမျိုးများက ကျွန်တော့ ကို ထောက်ခံပြီးသား ဖြစ် နေတယ် ဆိုတာလောက်တော့--၊ မျက်ကန်းများ သိစေလိုပါတယ်။ ခွဲ ထွက်ရေး ၀ါဒီ မျက်ကန်းများ ကြားမှာ ကြားညပ်နေရတဲ့ ရဟန်းတော် တစ်ချို့ကိုယ်တိုင်က ကျွန်တော့ကို လျှို့ဝှက် ဆက်သွယ် ထောက်ခံပြီးသားပါ။ အချိန်တစ်ခုမှာ အမှန်တရားဟာ ဘွားကနဲ ပေါ်လာမှာ ဖြစ်တယ် ဆိုတာ ကိုပဲ-၊ မျက်ကန်းများ သိထားစေလိုပါ တယ်။ 

ရိုးသားတဲ့ ပြည်သူများကို အမျိုးသားရေးမှိုင်းတိုက် ခွဲထွက်ရေး စိတ်သွင်းမယ့် အဖြစ်မျိုးကိုတော့ ပြည်သူကို မသွပ်သွင်းဘို့ မေတ္တာရပ်ခံပါတယ်။ အာဏာမက် လူတစ်စုကြောင့် အပြစ်မယ့် ပြည်သူများ အ သက်သွေးမြေကျ ရမယ့် အဖြစ်မျိုးကိုလည်း မဖြစ်စေလိုပါ။ ရိုဟင်ဂျာများကို မုန်းတီးဘို့ “ဓါးစာခံလုပ် လှုံ့ဆော်ရင်း” အမျိုးသားရေး စိတ်တွေဝင်လာအောင် သွပ်သွင်း- အမျိုးသားရေးတွေ အဟုန်မြင့်လာရင် - ဘိုးတော်မောင်ဝိုင်းခေတ်က ငါတို့ ရခိုင်တွေကို မျိုးပြုတ်သတ်ခဲ့တဲ့ အောက်သား (ဗမာ)တွေဆီက ခွဲပြီး အဖ နိုင်ငံပြန်လည်ထူထောင်မယ် ဆိုတဲ့ စိတ်ကူးယဉ်မှုကို ရခိုင်ပြည်သူများလည်း ရိပ်မိလာနေပြီ ဆို တာလောက်တော့-၊ အာဏာရူးမျက်ကန်းများ သိစေ လိုပါတယ်။ 

“တစ်ဘက်သတ် -စကားရည်လုခြင်း” “နှစ်ခမ်းတစ်ခုတည်းနဲ့ အစာစားခြင်း” တို့ဟာ ဒုက္ခိတတွေရဲ့ အလုပ်မျှသာ ဖြစ်တယ်။ ပညာဗဟုသုတ ဒုက္ခိတတွေထဲမှာ ရခိုင်လူမျိုး စစ်စစ်များ မပါဝင်ပါ။ ၂၀၁၃ ခုနှစ် မတ်လ ၉ ရက်နေ့ မှာ ပြုလုပ်မယ့် ရခိုင်သမိုင်းဆိုင်ရာ Bangkok Forum အား ရခိုင်လူမျိုးအားလုံးမှ အသိအမှတ်မပြု သကဲ့သို့ ထို Forum မှ ထွက်ပေါ်လာမယ့် အဖြေ၊ ထုတ်ပြန်ချက်များသည်လည်း ရခိုင်လူမျိုးအားလုံးနှင့် လုံးဝ မသက်ဆိုင်ပါ။ 

(တောင်ကုတ်မြို့မှ ဆရာတော် ဦးပညာဝံသမှ ဖုံးဆက် မေတ္တာရပ်ခံသောကြောင့် ဤစာတမ်းအား ရေးသား ထုတ်ပြန်ခြင်း ဖြစ်သည်။ တစ်ချိန်တစ်ခါတွင် ဤစာတမ်းအတွက် ဆရာတော်မှ တာဝန်ယူနိုင် သည် ဟုလည်း ၀န်ခံထားပါသည်။) 


ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့ 
အမေရိကန်ပြည်ထောင်စု

ဌေးလွင်ဦး
RB News
3.3.2013

လူတစ်ဦး-၊ လူတစ်စုဟာ ဘယ်ကိစ္စကို မဆို ဗြောင်ခံငြင်း တတ်တဲ့ အကျင့်ရှိနေရင်-၊ သူဟာ အဲ့ဒီ အကျင့် ကို ဖျောက်ဖျက်ဘို့ ခက်ပါတယ်။ “ဗြောင်ငြင်းသူ အဘို့ ကျမ်းကိုးမလိုပါ၊” ဗြောင်ငြင်း တတ်သူဟာ ဘယ်လို အချက် အလက်ကို သက်သေပြပြ ဆန့်ကျင် ဘက်က ခံငြင်းနေမှာပဲ ဖြစ်တယ်။

မြန်မာ အစိုးရဟာ- မြန်မာနိုင်ငံ ထဲမှာ နိုင်ငံရေး အကျဉ်းသား ဆိုတာ မရှိပါဘူးလို့ နှစ်ပေါင်းများစွာ ခံငြင်း ခဲ့တယ်၊ ဗြောင်ငြင်း ခဲ့တယ်၊ အဲ့လို ငြင်းဘို့ ရာလည်း နိုင်ငံရေး ၀န်ဆောင်တွေကို နိုင်ငံရေး ပုဒ်မ မဟုတ်တဲ့ ပုဒ်မများနဲ့သာ ထောင်ဒဏ် စီရင်ခဲ့တာ များခဲ့တယ်။ ဒါကို နိုင်ငံရေး ၀န်ဆောင်များက မနားမနေကြိုး စားပြီး ကမ္ဘာကို တင်ပြခဲ့ ရတယ်၊ကမ္ဘာ့ ဖိအားပေါင်းစုံကို သုံးခဲ့ရတယ်။ -နိုင်ငံရေး အကျဉ်းသား ကူ ညီစောင့်ရှောက်ရေး အဖွဲ့ဆိုတာ မျိုးတွေ ပြည်ပမှာ ဖွဲ့ပြီး နည်းမျိုးစုံ လှုပ်ရှားခဲ့ရတယ်။ ဒါတောင် နိုင်ငံရေး အကျဉ်းသား ရှိပါ တယ်လို့ ၀န်ခံပြီး ပြန်လွှတ် ပေးခဲ့ခြင်း မျိုး မဟုတ်ဘဲ- နိုင်ငံတော် သမ္မတရဲ့ အထူး အစီ အစဉ်၊ ဘာအတွက် လွတ်ငြိမ်း ချမ်းသာခွင့်- ဆိုတဲ့ အကြောင်း ပြချက်များနဲ့- ရာဇ၀တ်မှု ကျူးလွန်သူတွေ၊ တရားမမှု ကျူး လွန် သူတွေ၊ မှောင်ရိပ် ခိုမှုနဲ့ ထောင်ကျသူ တွေ- အားလုံး ရောပြွန်းပြီး နိုင်ငံရေး ၀န်ဆောင် များကို လွှတ်ပေး ခဲ့ခြင်း ဖြစ်တယ်။ အခုထိလည်း မလွှတ်ပေးဘဲ ကျန်နေသေးသူတွေ ရှိနေဆဲပါ။ အဲ့ဒီ လူတွေကို လည်း နိုင် ငံရေး အကျဉ်းသားများ အဖြစ် လက်ရှိအစိုးရက တရားဝင် အသိအမှတ်ပြုခြင်း မရှိပါ။

အခုထပ်ဆင့် ဗြောင်ခံငြင်းနေတာက “ရိုဟင်ဂျာ” ဆိုတာ မရှိဘူး ဆိုတဲ့ စကားလုံးပါ။ ရိုဟင်ဂျာ ဆိုတဲ့ လူမျိုး ရှိပါတယ် ဆိုတာကို သူတို့ရဲ့ နှလုံးသားမှာ သိနေပါတယ်။ အမုန်းတရား တစ်ခုကြောင့် ရည်ရွယ် ချက်နဲ့ ဖုံးကွယ် ထားခြင်းသာ ဖြစ်နေပါတယ်။ အမုန်းတရား ဆိုတာလည်း ပွင့်ပွင့်လင်း လင်း ပြော ရရင် ရိုဟင်ဂျာများက အစ္စလာမ်သာသနာဝင်တွေ ဖြစ်နေလို့ ဘာသာရေး ခွဲခြားဆက်ဆံမှု အမုန်း တရား ပါပဲ။ ဒါကို ကမ္ဘာတစ်ခုလုံးက သိနေပါတယ်။ လက်ရှိ လွှတ်တော်အမတ် ဖြစ်နေသူများရဲ့ အသက် အရွယ်တွေ အလျှောက် အထက်တန်းပညာ လောက် သင်ခဲ့ရသူများကိုယ်တိုင် “ရိုဟင်ဂျာ” ဆိုတာ ရှိကြောင်း သူ တို့ရင်ထဲမှာ သိနေမှာပါ။ (ဒီထက် ဗဟုသု တ နည်းနေရင်လည်း ပြည်သူလူထု အရေး ကို ဆောင် ရွက်မယ့် အမတ်မင်းများ လုပ်မနေသင့်တော့ပါ။)

“ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးဟာ အသစ်ဖန်တီးခြင်း မဟုတ်၊ ရှေးပဝေဏသီကပဲ ရှိနေခဲ့တယ်၊ “ရိုဟင်ဂျာ” ဆိုတဲ့ လူမျိုး ဟာလည်း ရခိုင်ဒေသရဲ့ ရှေ့ဦးမူလ လူမျိုးဖြစ်တယ်- ဆိုတာတွေကို ကမ္ဘာ့ပညာတွေက တစ်နေ့ တစ်ခြား ပိုပြီး သိလာနေတယ်။ ဗြောင်းခံငြင်း သူတွေ ငြင်းလေ-၊ ပညာရှင်များက လေ့ လာလေ၊ ပိုပြီး သိ လာလေပါပဲ။ ရွှေမှန်ရင် မှတ်ကျောက် အတင် ခံနိုင်တဲ့ သဘောပါပဲ။

ဒီနေရာမှာ ထူခြားတာက “ရိုဟင်ဂျာ” လူမျိုးနဲ့ ပတ်သက်လာရင်-၊ ရှေးယခင်က မိမိတို့ကိုယ်တိုင်ကို “နိုင်ငံရေး အကျဉ်းသား အဖြစ်က ငြင်းဆန်ခံခဲ့ရသူများ”ကိုယ်တိုင်က- ဗြောင်ခံငြင်းတဲ့ အကျင့်တွေ ကို နှ လုံး လှိုက်လှဲကျင့် သုံးနေခြင်းပါပဲ။ ဒီအချက် အစ္စလာမ်သာသနာဝင် များကို ဘုံရန်သူ အဖြစ် သတ် မှတ် ထားကြောင်း ထင်ရှားတဲ့ သက်သေခံချက်များ ဖြစ်နေပါတယ်။ ကိစ္စရပ်တစ်ခုကို ချစ်သည် ဖြစ်စေ၊ မုန်း သည် ဖြစ်စေ အမှန်ကို အမှန်ပါ လို့ လက်ခံပေးနိုင်စွမ်းမရှိ၊ နားလည်ပေးနိုင်စွမ်းမရှိ သူများက တိုင်းပြည်ရဲ့ အနာဂါတ်ကို ဘယ်လိုမှ ဦးဆောင်ဘို့ မဖြစ်နိုင်ပါ။ ကမ္ဘာကြီးက ပွင့်လင်းလာနေပါပြီ။- လိမ်လေ အရှက် ကွဲလေ-၊ သိက္ခကျလေ ဆိုတဲ့ အချက်လောက် ကိုတော့ နားလည်စေလိုပါတယ်။

မြန်မာနိုင်ငံလို လူမျိုးစု အများနဲ့ ဘာသာစုံ တည်ရှိနေတဲ့ နိုင်ငံမျိုးကို ဦးဆောင်မယ့်သူဟာ လူမျိုးစွဲ ဘာ သာစွဲ တွေ ကင်းဘို့ လိုပါမယ်။ မိမိကိုးကွယ်တဲ့ ဘာသာကို မိမိနှလုံးသားမှာသာ တပ်ဆင်ပြီး-၊ နိုင် ငံရေး ထဲမှာ ဘာသာ တရားခံစားချက်၊ လူမျိုးစွဲ ခံစားချက်များ အရောင်မဆိုးဘို့ လိုပါမယ်။

ဗြောင်ခံငြင်းသူများဟာ လောလောဆယ်မှာ- အင်အားသုံးပြီး အနိုင်ရနိုင်ပေမယ့်၊ အဲ့ဒီ အနိုင်ယူခြင်းဟာ စကား ပြောနေစဉ် ကာလ အခိုက်အတန့်လေးသာ ဖြစ်ပြီး- ထာဝရတည်တဲ့ အောင်နိုင်မှုမျိုး မဟုတ်ဘူး ဆို တာလောက် တော့ ဆင်ခြင်စေလိုပါတယ်။ လက်ရှိမြန်မာနိုင်ငံဟာ- ဒီမိုကရေစီ ဆိုတဲ့ စကား လုံးအောက် မှာ ကမ္ဘာနဲ့ ဆက်ဆံ ဘို့ လိုနေတယ်။ စီးပွားရေး အရလည်း ကမ္ဘာနဲ့ ဆက်ဆံဘို့ လိုနေပါတယ်။ ဒီအခြေ အနေမှာ ဗြောင်ခံငြင်းသူများ အနေနဲ့ ကမ္ဘာနဲ့ ဆက်ဆံလေ အရှက် ကွဲလေ ဖြစ်နေ မှာ သေ ချာပါ တယ် ။ မြန်မာနိုင်ငံက နိုင်ငံခြား ခရီးစဉ်ကို ထွက်လာသ မျှ ခေါင်းဆောင် တိုင်းဟာ “ရိုဟင်ဂျာ” အရေး အမေးမခံရသူ တစ်ဦးမှ မရှိပါ။ မေးသူများကလည်း သူတို့ မကြားချင်လှတဲ့ “ရိုဟင်ဂျာ” ဆိုတဲ့ စကား လုံးနဲ့ ပဲ မေးနေတာချည်း ဖြစ်နေပါတော့တယ်။ မရှိပါဘူး ခံငြင်း လွန်းလို့- အခုနောက်ပိုင်းမှာ သံတ မန် စကား လုံးအရ ရှောင်ပေးထားတဲ့ “မျိုးတုံးသတ်ဖြတ်မှု”ကိုပါ ထည့်ပြော လာနေပါပြီ။

ဒီအချိန်မှာ အစိုးရ ပိုင်းက စတင်စဉ်းစားဘို့ လိုလာပါပြီ။ “ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးကို မချစ်ရင်တောင် မိမိတို့ အပြစ်လွတ်အောင် ဆင်ခြင်ဘို့ လိုလာပါပြီ။ ရိုဟင်ဂျာများကို မျိုးတုံး သတ်ဖြတ်မှုနဲ့ ပြည်ပ အဖွဲ့အစည်း များက မြန်မာ အစိုးရ ပိုင်းနဲ့ RNDP ပါတီကို ကမ္ဘာ့ခုံးရုံးမှာ စတင် file တွဲဘို့ စီစဉ်တော့-၊ အမေ ရိကန် အစိုးရပိုင်း ကိုယ် တိုင်က ခဏ သည်းခံဘို့ မေတ္တာရပ်ခံခဲ့တယ်၊ အမေရိကန် လွှတ်တော်ထဲမှာ “မျိုးတုံးသတ်မှု” ဆိုတဲ့ စကားလုံး ကို မသုံးသေးဘဲ ဆင်ခြင်ဘို့ မေတ္တာရပ်ခံထားခဲ့တယ်။ သူတို့ အနေ နဲ့ ပြုပြင်ပြောင်း လဲရေးကို မထိခိုက်စေချင် လို့ အနီးကပ် ပေါင်းပြီး နားချဘို့ နည်းတွေကို သုံးမယ်လို့ က တိပေး ထားခဲ့တယ်။ မျက်ကန်း မျိုးချစ်များက ဗြောင် လိမ်မယ် ဆိုတာကိုလည်း ကြိုတင် သိနေ ခဲ့ပါတယ်။ အချိန်တစ်ခုအတွက် သိသိကြီးနဲ့ အလိမ်ခံနေခြင်းသာ ဖြစ် ပါတယ်။ ဒါကို မျက်ကန်း မျိုးချစ် များဘက်က ငါ တို့ လိမ်လို့ရတာပဲလို့ ဘ၀င်မမြင့်မိဘို့တော့ လိုပါမယ်။

ဗြောင်ခံငြင်းသူများ အတွက် ပြေးလမ်းကို ပိတ်တဲ့နည်းတွေ အများကြီးပါ။ သူတို့ကိုယ် ဘယ်လို ကိုင်တွယ် ရ မယ် ဆိုတာကိုလည်း ကျုပ်တို့ ဘက်မှာ နည်းလမ်းတွေရှိနေပါတယ်။ ရှဉ့်လည်း လျှောက်သာ ပျားလည်း စွဲသာ ဖွင့်ပေးထားတဲ့ လမ်းကိုတော့ မျက်ကန်းမျိုးချစ်များ အနေနဲ့ တစ်လွဲ မသုံးမိဘို့ လိုပါမယ်။ ဆက်လက်ပြီး ဇွတ် မိုက်နေခဲ့ရင်- မိုက်တွင်းနက်မှု တစ်ဆင့်ချင်းစီအတွက် ကျုပ်တို့ဘက်ကလည်း တစ် ကွက် ချင်းစီ ပိတ်ဆို့ပစ်မှာပါ။ အခု အခြေအနေမှာ ကမ္ဘာ့နိုင်ငံတစ်ချို့က စီးပွားရေးတွေ ပြန်ဖွင့်ပေး တယ် - ငွေကြေးကူညီနေတယ် ဆိုတာက အစိုးရဘက်က ပြောင်းလဲမှု တစ်ချို့အတွက် ဆုပေးတဲ့သဘော ပါ။ တစ်ကယ်ပြောင်းလည်းရင် ဘာတွေကို ခံစား ရမယ် ဆိုတာကို သက်သေပြပေးတဲ့ သဘောပါ။ ဒါပေ မယ့် ကူညီနေတဲ့ ငွေကြေးတွေဆိုတာလည်း အကြွေး ဟောင်းတွေကို ပြန်လျှော်ပေး တဲ့ ငွေ၊ ပြန် ဆပ်ပေး တဲ့ ငွေမျှသာ ဖြစ်နေပါတယ်။ လက်တွေ့ ဆက်လက် အကောင်အ ထည် ဖေါ် ဘို့ ငွေကြေးတွေ မရသေး ဘူး ဆိုတာတော့ အစိုးရကိုယ်တိုင်လည်း သိနေပါတယ်။ စီးပွားရေး တစ်ကယ် တည်ဆောက်ဘို့ အတွက် ဖွင့်ပေးမယ့် သော့ချက်က “ရိုဟင်ဂျာ” ဆိုတဲ့ ဝေါဟာရ လက်ထဲ မှာ ရှိနေပါတယ်။ တစ်တိုင်းပြည်လုံးကို မစာနာရင်-၊ တစ်တိုင်းပြည်လုံး အတွက် လက်တွေ့ စီးပွားရေး တည် ဆောက်မှုကို ကရုမစိုက်ရင် “ရိုဟင် ဂျာ” တွေကို ဆက်လက် ငြင်း ဆန်နေ လိုက် ပါ။ ဆောက် လက် စတိုက်တွေ ရပ် သွားစေမယ်၊ စ တည်ပြီး မတည်ငွေတွေ ရပ်သွားစေမယ်- ဆိုတဲ့ စီးပွားရေး ဆိုင်း ငံ့နေခြင်း ကို မြန် မာ့ခေါင်း ဆောင်တွေ ကိုယ်တိုင် ကြုံရပါမယ်။ ဒီအတွက် ဆက်လက်ပြီး မွတ်ဆလင်တွေကို သဲသဲ မဲမဲ ပြသနာရှာမယ် ဆိုရင် လည်း ပိုမိုကြီး ကျယ်တဲ့ ဆိုးကျိုးတွေကို ရာဇ၀တ်ကောင်တွေ ဆက်တိုက် ခံသွားရစေပါမယ်။

တိုင်းပြည်ကို တစ်ကယ် စေတနာရှိရင် (၁) ရိုဟင်ဂျာ ကိစ္စမှာ ဗြောင်ငြင်း နေခြင်းကို ရပ်တန်းက ရပ်ပေး ရမယ်၊(၂)လူထုကြားမှာမငြိမ် မသက်ဖြစ်စေအောင် လှုံ့ဆော်နေသူတွေ၊ ဘာသာရေး အမုန်း ဟော ပြောနေ သူတွေကို ချက်ချင်း အရေး ယူပေးရမယ်(၃) မြန်မာပြည်တွင်း ဒုက္ခသည်တွေကို ထိထိရောက်ရောက် ကူ ညီဖြည့်ဆီးခွင့် ပေး ရမယ် (၄) ကူညီဖြည့်ဆီးမယ့် အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးကို လုံးဝ တာဝန်ယူပေး ရပါ မယ်။

ဒီအချက်တွေကို အကျင့်ပါနေပြီး ထုံးစံအတိုင်း ဗြောင်ခံငြင်းနေမယ် ဆိုရင်--၊ တိုင်းပြည် အတွက် ဖြစ်ပေါ် လာ မယ့် အကျိုးဆက်များဟာ ဗုဒ္ဓဘာသာ အယူသည်း မျက်ကန်းမျိုးချစ်များရဲ့ တာဝန် ပဲ ဖြစ်ပါလိမ့်မယ်။


ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန်ပြည်ထောင်စု

ဌေးလွင်ဦး
RB News
1.3.2013

အမှန်ကို အမှန်အတိုင်း လက်မခံနိုင်သူများ- ကိုယ့်ဒုက္ခ ကိုယ်ရှာနေသူများသာ ဖြစ်ပါတယ်။ အမှောင်ခေတ် မှာ အကုသိုလ်ကျူးလွန်မှု၊ မတရားမှု၊ ရာဇ၀တ်မှုများကို ကလိမ်ကကျစ်ကောင်များက တစ်စုံတစ်ရာ လုပ်နိုင်ခွင့် ရှိ ပေမယ့်-၊ ရှင်းလင်းထင်ရှားလာတဲ့ ခေတ်ကာလမှာ-၊ ထိုထိုသော မအပ်မရာသည့် အမှုများ အား ကျူးလွန်သူများ ကို ကမ္ဘာကြီးက ရာဇ၀တ်ကောင်များလို့ သတ်မှတ်ပြီး-၊ အများသူငါက အမှန် တရားကို သိနေပါလျှက် ထပ်ဆင့် ထပ်ဆင့် လိမ်ညာနေသူများကို ကျပ်မပြည့်သူများလို့ သတ်မှတ်ပါတယ်။

မြန်မာနိုင်ငံဟာ ပိတ်ပင်တားဆီးလို့ မရတဲ့ မီဒီယာများအောက်က ခေတ်သစ်ကမ္ဘာထဲကို အရှိန်အဟုန် နဲ့ ရောက် လာနေပါတယ်။ ကမ္ဘာ့ မျက်လုံးများရဲ့ အောက်မှာ ခေတ်နောက်ကျသွားပြီ ဖြစ်တဲ့ မျက်ကန်း အမျိုး သားရေး ၀ါဒ ကို ဖက်တွယ်ထားသူများရဲ့ ဘ၀က- ပိတ်ဆို့ထားလို့ အင့်အိုင်နေတဲ့ ဧရာမရေကန်ကြီး တစ်ခု တာကျိုးသလို- ကျိုးကျပျက်စီးသွားဘို့လည်း စတင်နေပါပြီ။

နိုင်ငံရေး ပြုပြင်ပြောင်းလဲအတွက် အချိန်ကာလ တစ်ခု ယူရတယ် ဆိုတာကိုတော့ ကမ္ဘာက ခွင့်ပြုပါတယ်။ ကမ္ဘာ့နိုင်ငံတိုင်းလည်း ဒီအတိုင်းပဲ ပြောင်းလဲခဲ့ရတာပါ။ လူ့အခွင့်အရေး ချိုးဖေါက်မှုနဲ့ ချိုးဖေါက်ခံရမှုများကို ချုပ် ငြိမ်းစေဘို့လည်း ကာလတစ်ခု စောင့်ရပါတယ်- ဒါကိုလည်း ကမ္ဘာ့အသိုင်းအ၀ိုင်းက ငြင်းပါယ်ခြင်း မရှိပါ။ ဒါပေမယ့် လူသားမျိုးနွယ်အကြား တမင်ရည်ရွယ်ချက်နဲ့ သမိုင်းလိမ်မှု၊ တန်းတူညီမျှ ဥပဒေ မရှိမှု၊ မတော် မတ ရားတဲ့ လိမ်ညာစွပ်စွဲမှုများနဲ့ လူမျိုးနွယ်တစ်စုကို ဖိနှိပ်ပြီး မျက်ကန်းအယူသည်းအုပ်စုတစ်ခုကို မျက်နှာသာပေး မှုတို့ကို ပြုပြင်ပြောင်းလဲဘို့ရာ ဥပဒေ ပြဌာန်းမှုကို ကမ္ဘာ့မည်သည့်နိုင်ငံကမှ အချိန်ပေးမှု မရှိပါ။

မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ ပဋိပက္ခအားလုံးကို ပြန်ကြည့်ရင်-၊ ကမ္ဘာက လုံးဝ ခွင့်လွှတ်ပေးလို့ မရနိုင် တဲ့ အရေးကိစ္စက “ရိုဟင်ဂျာ” အရေးကိစ္စဖြစ်နေပါတယ်။ ကမ္ဘာ့လူ့ကျင့်ဝတ်ရှုဒေါင့်၊ ကမ္ဘာ့ ဘာသာ တရားများ ရှုဒေါင့်၊ ကမ္ဘာ့ဥပဒေများ ရှုဒေါင့်၊ ကမ္ဘာ့လူ့အခွင့်အရေးရှုဒေါင့်၊ ကမ္ဘာ့သမိုင်းရှုဒေါင့်- ဘယ်ရှုဒေါင့် က ကြည့်ကြည့် ဘယ်လိုမှ ခွင့်လွှတ်နားလည်ပေးလို့ မရတဲ့ အရေးကိစ္စဖြစ်နေပါတယ်။ ဒီကိစ္စမှာ “ရိုဟင်ဂျာ”များကို မတရား သဖြင့် ရည်ရွယ်ချက်နဲ့ နှိပ်ကွပ်နေတယ်၊ မောင်းထုတ်နေတယ်၊ မျိုးဖြုတ် သတ်ဖြတ်နေတယ်၊ ဆိုတာ ကမ္ဘာက သိနေပါတယ်။ စောင့်ကြည့်နေပါတယ်။ ဒီကိစ္စကြောင့် မြန်မာ့ ဗုဒ္ဓ ဘာသာ ဆိုတာလည်း ကမ္ဘာမှာ အကြီး အကျယ် နာမည်ပျက်ရသလို-၊ မြန်မာ့ ခေါင်းဆောင်များလည်း ကမ္ဘာမှာ အကြီးအကျယ် အရှက်ကွဲနေရပါတယ်။

ရိုဟင်ဂျာများကို ဟိုနာမည်ပေးမယ်၊ ဒီနာမည်ပေးမယ်၊ နည်းမျိုးစုံနဲ့ စဉ်းစားနေတဲ့ မျက်ကန်းမျိုးချစ်များကို ကမ္ဘာ က ကျပ်မပြည့်သူများလို့ သတ်မှတ်ခံစားနေပါတယ်။ အဲ့ဒီ ကျပ်မပြည့်သူများက ဘယ်လို ကင်ပွန်းတပ်တပ်- ကမ္ဘာ-တစ်ခုလုံးက သူတို့ကို “ရိုဟင်ဂျာ”လို့ပဲ တရားဝင် အသိအမှတ်ပြုထားပါပြီ။ ရိုဟင်ဂျာ လို့ပဲ ခေါ်တွင်နေပါ ပြီ။ ရိုဟင်ဂျာ ဆိုတဲ့ အမည်နာက တစ်ပြားတစ်စေ့မှ ယုတ်လျှော့သွားခြင်း မရှိပါ။ ယုတ်လျှော့သွားစရာလည်း အကြောင်းမရှိပါ။

ကိုယ့်ရွာကို ကမ္ဘာထင်ပြီး- ကိုယ့်ရွာနဲ့ ကိုယ့်ဇတ် ကြိုက်သလို ခင်းမယ် ဆိုတဲ့ အယူဝါဒကို လက်ကိုင် ထားသူများ ရဲ့ တစ်ဦး ချင်းသော အမည်နာမတွေဟာ ကမ္ဘာ့ အလယ်မှာ မျက်ကန်းမျိုးချစ် ကျပ် မပြည့်သူ အဖြစ်သာ နေ့တစ်ဓူဝ ကျော်ဇောနေပါတယ်။ ၀န်ကြီးဘယ်သူက၊ လွှတ်တော်အမတ် ဘယ် သူက၊ သမိုင်း ဆရာဘယ်သူက“ရိုဟင်ဂျာ”တွေကိုလက်မခံကြောင်း၊“ရိုဟင်ဂျာ”နဲ့ပတ်သက်ပြီး  ဗြောင်ငြင်းနေကြောင်း- သတင်းတွေ ဟာ ကမ္ဘာ့ ဘာသာစကား ပေါင်းစုံနဲ့ နေ့စဉ် ပျံ့နှံ့နေပြီး- ကမ္ဘာ့ အလည်မှာ အရေးကြီးတဲ့ Issue အဖြစ် သမိုင်းတင်နေ ပါတယ်။ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပ နိုင်ငံများ၊ အာဆီ ယံနိုင်ငံ များ၊ အရှေ့အလယ်ပိုင်း နိုင်ငံ များ-၊ နောက်ဆုံး ပစ္စပိတ်ကျွန်းနိုင်ငံ များ၊ တောင် အမေရိကနိုင်ငံများ၊ အာဖရိကနိုင်ငံများ-၊ အားလုံးမှာ အဲ့ဒီ ရိုဟင်ဂျာ ဆန့်ကျင်သူများကို မျိုးပြုတ် သတ် တရားခံများ အဖြစ် ရာထူး ဌာန နာမည်နဲ့ တကွ နေ့စဉ်မှတ်တမ်း တင်နေပါတယ်။

ဒီလို ပွင့်လင်းတဲ့ စီးကြောင်းကြီးကို မြန်မာနိုင်ငံက ဘယ်လောက်များ တားဆီးကာကွယ်ထား နိုင်မလဲ။ တရားခံ ဖြစ် ရမယ့်သူဟာ ကမ္ဘာမှာ လူလိမ်အဖြစ် သော်လည်းကောင်း၊ လူမျိုးတစ်စုကို မျိုးဖြုတ် သတ် ဘို့ ထောက်ခံ အားပေးသူ အဖြစ်သော်လည်းကောင်း မှတ်တမ်းတင် ခံနေရတာကို ဂုဏ်ယူနေနိုင် မလား ဆိုတာ တော့ ကိုယ့်ကိုယ်ကို ပြန်လည် သုံးသပ်ဘို့ လိုပါမယ်။ ကိုယ့်ရဲ့ သားစဉ်မြေးဆက် ဂုဏ်သိ က္ခာ ကို လည်း ထောက် ထားငဲ့ညှာတတ်ဘို့ လိုပါမယ်။ အပြစ်မဲ့တဲ့ သားသမီး၊ မြေးမြစ်ဟာ-၊ လူလိမ် လူကောက် တစ်ဦး၊ ကမ္ဘာ့တရားခံ တစ်ဦးရဲ့ သားသမီး၊ မြေးမြစ် ဘ၀ကိုလည်း အလိုလို ရောက်နေပါပြီ။

အမှန်တရားဟာ ခိုင်မာပါတယ်၊ တည်တံ့ပါတယ်။ ဘယ်သူတွေက ဘယ်လောက် ရာထူးကြီးကြီး-၊ ဘယ် လောက်သြဇာရှိရှိ အမှန်တရားကို ပါယ်ဖျက်လို့ မပျက်နိုင်ပါ။ “အရက္ခဒေသ- မဟာဝိဟိက” တိုင်းကြီးဟာ ရိုဟင်ဂျာတို့ရဲ့ မူလဘူတ ဇာတိမြေဖြစ်ပြီး-၊ အခု ရခိုင်လို့ ခံယူထား သူတွေ ဟာ မြန်မာ့ အရှေ့မြောက်ဘက်က ရိုဟင်ဂျာများထက် နောက်ကျမှ ၀င်လာတဲ့ ဗမာလူမျိုးစု သာ ဖြစ်ပါ တယ်။ ဒါကို ကမ္ဘာ့သမိုင်း ပညာရှင်တွေ တွေ့ ရှိထားပါပြီ။ လက်ခံထားပါပြီ၊ ကမ္ဘာ့အမွေအနှစ်ထိမ်းသိမ်းစောင့်ရှောက်ရေး (ယူနက်စ်စကို) ကိုယ်တိုင်က- ရိုဟင်ဂျာ တွေဟာ- လက်ရှိရခိုင်ဒေသရဲ့ မူလဘူတ လူမျိုး Aborigines အဖြစ် အသိ အမှတ်ပြုဘို့ အတွက် Research တွေ လုပ်နေပါပြီ။ ရိုဟင်ဂျာ လူမျိုးများရဲ့ ရုပ်ရည် နဲ့ ရှေးဟောင်း ရခိုင်သမိုင်းကျောက်စာများ၊ ရှေးဟောင်း ရခိုင်မင်းဆက် အမည်နာမ များက မြောက်များစွာ အထောက်အကူဖြစ်နေပြန်ပါတယ်။ ဒီအချက် ဟာလည်း မျက်ကန်းမျိုးချစ်များ အတွက် အိပ်မပျော်စေနိုင် မယ့် အချက်တစ်ခု ဖြစ်လာနေပါတယ်။

မျက်ကန်းအမျိုးသားရေးဝါဒီများရဲ့ မတော်မတရား အမုန်းခံရလေ- အဲ့ဒီ အမုန်းခံရသူကို ကမ္ဘာ့ အသိုင်း အ၀ိုင်းက ကရုဏာသက်လေ ဆိုတဲ့ အချက်ကို ကျပ်ပြည့်သူတိုင်းက ခံစားသိမြင်နိုင်ပါတယ်။ အခုအချိန်ဟာ မိမိစိတ်ကို မိမိမပြုပြင်ဘဲ ဆက်လက်မိုက်မဲနေတဲ့ မျက်ကန်းမျိုးချစ်များ အတွက် အရူးမီးဝိုင်း အခြေအနေကိုသာ ရောက် လာနေပါပြီ။ မျက်ကန်းမျိုးချစ်ဝါဒမှာ ဆက်လက်ရပ်တည်သူ၊ မျက်ကန်း မျိုးချစ်ဝါဒကို ထောက်ခံအားပေးသူ- ၀န်းရံပေးသူ အားလုံးဟာ ကိုယ့်ဒုက္ခကိုယ်ရှာနေသူများသာ ဖြစ်ပြီး-၊ တစ်နေ့ တစ်ခြား သူတို့ရဲ့ လုပ်ရပ်နဲ့ အရှိန် အ၀ါသာ ယုတ်လျှော့လာနေပြီး- ရိုဟင်ဂျာတွေကို ကမ္ဘာ့ထောက်ခံ မှုက တစ်နေ့တစ်ခြား တိုးပွားလို့သာ လာနေ ပါတယ်။

အမှားတစ်ခုမှာ ခေါင်းမာနေသူများ၊ ကိုယ့်ဒုက္ခကိုယ်ရှာနေသူများဟာ- ကမ္ဘာ့အလယ်မှာ တစ်နေ့တစ်ခြား အရှက်ကွဲလာရမယ်၊ ကမ္ဘာ့လူထုရဲ့ ချဉ်ဖတ်ဖြစ်လာရမယ်၊ သားသမီးမြေးမြစ်များရဲ့ ဂုဏ်သိက္ခာ ကို စော် ကားသူ များ ဖြစ်လာရမယ်၊ သူတို့ရဲ့ လုပ်ရပ်များက သူတို့ကို ဂွင်ကျင်းလာစေပြီး-၊ လိမ်လေ- ပတ်လေ ဘ၀နဲ့ အိပ်မပျော် စားမ၀င်ဖြစ်လာရမယ်၊

ဒီတော့ ကျုပ်တို့ဘက်က စိန်ခေါ်ခြင်းနဲ့ မေတ္တာရပ်ခံခြင်း နှစ်ရပ်ကို လမ်းဖွင့်ထားပါတယ်။ အမှန် တရားဘက်ကို ဘက်ပြောင်း လိုသူများ အတွက် ကျုပ်တို့ ဘက်က တံခါးပိတ် ထားခြင်း မရှိပါ-၊ ဒီအတွက် အမှန် တရားကို လက်ခံ လိုသူ၊ အမှန်တရားကို ချစ်သူ၊ အမှန်တရားကို မသိခဲ့လို့ မှားခဲ့ရသူ- အားလုံးအား အမှန်တရားကို လေ့လာဘို့ မေတ္တာ ရပ်ခံပါတယ်။ မိမိနှလုံးသားကို မိမိ မပြင်နိုင်သူ၊ အမှန်ကို သိလျှက် ဇွတ်မိုက်နေသူ၊ မနာလိုမစ္ဆရိယစိတ် ရှိသူများ အနေနဲ့--၊ ဆက်လက်မိုက်မဲ မိုက်ကြေးခွဲနေရင်လည်း ကျုပ်တို့ဘက်က အမှန် တရားတော်လှန်ရေးကို ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူးလို့ ထပ်ဆင့် စိန်ခေါ်ပါတယ်။ အောင်မြင်မှုက ကျုပ်တို့လက်ထဲမှာပါ။ အောင်မြင်မှု ရောင်နီဟာလည်း ထွန်းလင်း လာနေပါပြီ။ တနည်းအားဖြင့် သန်းခေါင်ကျော်ခဲ့ပါပြီ။


ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင်တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့

ဌေးလွင်ဦး
RB News
27.2.2012

မျက်ကန်း အမျိုးသားရေး ၀ါဒီတွဟာ ခေတ်အဆက် ဆက်ကပဲ မြန်မာနိုင်ငံရဲ့ ရှေ့ဦးမူလ လူမျိုးများကို နည်း မျိုး စုံနဲ့ မျိုးဖြုတ် ၀ါးမြိုဘို့ ကြိုးစား ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ရှေးဦးမူလ လူမျိုးများ အထဲမှာ အရှေ့ အကျဆုံး လူမျိုးများ ဖြစ်တဲ့ ဧရာဝတီမြစ် အနောက် ဘက်ခြမ်းက လူမျိုးတွေက လွန်ခဲ့တဲ့ နှစ် တစ်ထောင်ကျော်ကပဲ ၀ါးမြို ခံခဲ့ရပြီး၊ မြန်မာနိုင်ငံအောက်ပိုင်း သထုံဒေသရှိ ရက္ခများလည်း ၀ါးမြိုခြင်းကို ခံခဲ့ရပါပြီ။ ရခိုင်ဒေ သရဲ့ ရှေ့ဦး မူလ လူမျိုး ဖြစ်တဲ့ ရိုဟင်ဂျာ များလည်း လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော် ကတည်းက တစ်စစ ၀ါးမြိုခြင်း ကို ခံနေရပါတယ်။

လက်ရှိ မြန်မာနိုင်ငံထဲမှာ ရှေးအကျဆုံး လူမျိုးအဖြစ် ရပ်တည်နေတဲ့အထဲမှာ ကရင်လူမျိုးလည်း ပါဝင် ပါတယ်။ ကရင်လူမျိုးစုဟာ မွန်လူမျိုးများ မတိုင်မှီကတည်းက မြန်မာပြည်ထဲကို ရောက်လာခဲ့ပြီး ဧရာဝ တီအောက်ပိုင်း ပြည် (သီရိခေတ္တရာ)ထိ၊ ရခိုင်ဒေသ တောင်ပိုင်း သံတွဲထိ လွှမ်းမိုးတည်ရှိခဲ့တဲ့ သမိုင်း အကျွင်းအကျန်တွေ ရှိ နေဆဲပါ။ သူတို့ကို နောက် ၀င်လာတဲ့ လူမျိုးများ ဖြစ်တဲ့ မွန်နဲ့ ဗမာများက လွန်ခဲ့ တဲ့ နှစ်တစ်ထောင်ကျော် ကတည်းက စတင်ဝါးမြိုခဲ့ပါတယ်။ အဓိက ၀ါးမြိုသူ အင်အားစု ဖြစ်တဲ့ ဗမာ များနဲ့ ဝေးရာ တောင်ပေါ်ဒေသတွေ မှာ အခြေချနေတဲ့ အုပ်စုများသာ တစ်စုံတစ် ရာ ကြွင်း ကျန်နေ ခဲ့ကာ- လက်ရှိ ထိုင်းနိုင်ငံ ဘက်အခြမ်းကိုလည်း တိမ်းရှောင် အခြေချခဲ့ရတဲ့ အုပ်စုတွေ ရှိနေပါ တယ်။ မြောက် ဘက်က ဆင်းလာတဲ့ ဗမာများရဲ့ ဖိအားကြောင့် မြန် မာပြည်အောက်ပိုင်းကို ဆင်းပြေးရင်း ယခုအိန္ဒိယပိုင် အက်ဒ်မန်ကျွန်းစုနဲ့ အင်ဒိုနီးရှားပိုင် ကျွန်းစုတွေထိ ပျံ့နှံ့ သွားခဲ့ရပါတယ်။

အက်ဒ်မန်ကျွန်းနေ ဒေသခံ ကရင်လူမျိုးစုနဲ့ အင်ဒိုနီးရှားအချို့ကျွန်းများနေ ကရင်လူမျိုးစု ကို ပျောက် ဆုံးနေတဲ့ ကရင်လူမျိုးစုလို့ ခေါ်ရင် မှားမယ် မထင်ပါ။ အက်ဒ်မန်ကျွန်းမှာတော့ အိန္ဒိယ လူမျိုးများရဲ့ ထပ်ဆင့်ဝါးမြိုခြင်းကို ခံနေရပြီး- အကြွင်းအကျန်အနည်းငယ်မျှသာ ရှိတော့လျှက်-၊ သက်ကြီးရွယ်အို အဖိုး အို အဖွားအိုများသာ ကရင် စကားကို ပြောနိုင်တဲ့ အဆင့်မှာ ကျန်ပါတော့တယ်။ အင်ဒိုနီးရှားကျွန်းနေ ကရင်များ ကို တော့ ကရင်သုတေသီ တစ်ချို့ကလွဲပြီး သိနိုင်သူများပင် မရှိတော့ပါ။ မလေးရှားမှာ သွားရောက် အလုပ်လုပ်စားတဲ့ ကရင် လူမျိုး တစ်ချို့က အင်ဒိုနီးရှားက လာပြီး လုပ်စားတဲ့ အော့ကရောင် လူမျိုးနဲ့ သူတို့ ရုပ်ရည် ဘာသာ စကား အနီးကပ် တူညီနေတယ် ဆိုတာလောက်ပဲ သတိထားမိတဲ့ အဆင့်ပဲ ရှိပါတော့တယ်။

ကရင်လူမျိုးကို ဗမာများက ၀ါးမြိုစဉ် သူတို့ရဲ့ မူလစာပေ ဖြစ်တဲ့ “ကြက်ယက်စာ”ဟာ ပျောက်ဆုံး ခဲ့ရ ပါတယ်။ အင်္ဂလိပ်များ မြန်မာနိုင်ငံကို သိမ်းပိုက် အုပ်ချုပ်တော့ သူတို့ သာသနာပြုလို့ ရတဲ့ အရပ်တွေမှာ စာပေတစ်ခု အဖြစ် ပြန်လည် တီထွင်ပေးရာက မြန်မာအက္ခရာသုံး ကရင် စာပေ ဆိုတာလေး ဖြစ်တည် လာခဲ့ရပါတယ်။ ဒါတောင် မြန်မာနိုင်ငံ ထဲမှာ ကရင် စာသင်ကျောင်းများ တရားဝင်ဖွင့်ခွင့်မရသေးပါ။

မွန်--၊ မွန်တို့ကိုလည်း ဗမာများက မြိုခဲ့ပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းက မွန်တွေ ဗမာအဖြစ် ပြောင်း လဲသွား ခဲ့ရတာ အများကြီးပါ။ အစဉ်အလာနဲ့ အင်အားတစ်ရပ်ရှိခဲ့တဲ့ မွန်တွေဟာ လူမျိုးနဲ့ စာပျောက် မသွားပေ မယ့်- သေးသိမ်သွားခဲ့ရပါတယ်။ ဒီနေ့ထိ မွန်စာ သင်ကျောင်းများ ဖွင့်လှစ်သင်ကြားခွင့် များ ဆုံးရှုံးနေပြီး- မွန်လူမျိုး အများစု မွန်စာပေ မတတ်ဘဲ ရှိနေရပါတယ်။

ရိုဟင်ဂျာ-၊ ရိုဟင်ဂျာတို့ဟာ ရခိုင်ဒေသရဲ့ မူလဘူတ လူမျိုးစု ဖြစ်တယ်၊ အေဒီ ၇ ရာစုလောက်စ ဗမာတွေ ၀င် ရောက်ထိုး aဖါက်လာခဲ့တယ်။ ရိုဟင်ဂျာတွေမှာ ကိုယ်ပိုင်စာနဲ့ တည်ရှိခဲ့တယ်။ အဲ့ဒီ စာပေတွေကို ဗမာများဝင် ရောက်လာပြီး စတင်ဖျောက်ဖျက် ခဲ့ပါတယ်။ သူတို့ရဲ့ စာပေက ရှေးဟောင်း အိန္ဒိယပါလ မင်းဆက်သုံး သက္က ရိုက် အက္ခရာသုံး စာပေဖြစ်ပြီး- နာဂရီစာ၊ သက္ကရိုက်စာနဲ့ ၉၀ ရာနှုန်းလောက် တူညီပါတယ်။ သူတို့ရဲ့ စာပေ တွေကို ဖျောက်ဖျက်ခဲ့ပေ မယ့်၊ ကံကောင်းတဲ့ အချက်က ဒီနေ့ ရခိုင်ရှေးဟောင်း  ကျောက် စာများကို ပြန်လည် ဖေါ်ကျူးတဲ့ အခါ ပြန်လည်ပေါ် ထွက်လာတဲ့ ကိစ္စပါပဲ။ ဒီထက် ကံကောင်းတဲ့ အချက်က ရိုဟင်ဂျာ များကိုယ်တိုင် သတိမထား မိဘ အစဉ်အဆက် ပုံပြင်ကြီးများ ကို ရေးသား ဖတ်ပြနေတဲ့ ပူတီးစာ ဆိုတာနဲ့ တူညီနေတဲ့ အချက် ပါပဲ။ ရိုဟင်ဂျာ ခေါ် ရခိုင်ဒေသ မူလလူမျိုးရဲ့ စာကို တိုက်ဖျက်ခဲ့တဲ့ အထောက်အထားကို ရခိုင်သမိုင်းသုတေ သီ ဒေါက်တာအေးချမ်း ကိုယ်တိုင်က- ၁၉၇၅ -၇၆ ခု ရခိုင်တန်ဆောင် မဂ္ဂဇင်း အတွဲ ၁၄ မှာ “၁၀ ရာစု နောက်ပိုင်း၊ ရခိုင်ပြည် တွင် မြန်မာစာပေ အက္ခရာဖြင့် ရေးသောစာပေလက်ရာများ၊ ကျောက်စာများ တွေ့ရ ကြောင်း။ ၁၀ရာစု မတိုင်မီ သက္ကဋ္ဌ၊ ပါဠိစာပေ၊ နာဂရီအက္ခရာများ ဖြစ်ခဲ့ကြောင်း။ ထို့ကြောင့်ရခိုင်ပြည်တွင်(၁၀) ရာစု ၌ အရှိန်ပြင်းခဲ့သော လူမှုရေး၊ နိုင်ငံရေး အပြောင်းအလဲ တစ်ရပ် ဖြစ်ပေါ်ခဲ့ လိမ့်မည်ဟု ထင်ရကြောင်း.....” ၀န်ခံ ထားပါတယ်။ အခုခေတ်အခါမှာ မျက်ကန်းမျိုးချစ်တွေ ရခိုင်ကျောက်စာကို ပြန်လည်တူးဖေါ်လေ-၊ ရိုဟင်ဂျာ လူမျိုးတို့ရဲ့ စာပေကို ပြန်လည် ဖေါ် ထုတ်လေသာ ဖြစ်လာရပါတော့တယ်။ တဖန်သစ်ဆန်း လာတဲ့ ရိုဟင်ဂျာ သမိုင်းကို ဘယ်လိုနည်းနဲ့မှ မျိုးဖြုတ်လို့ မပြုတ်နိုင်တော့ပါ။ 

မျက်ကန်း အမျိုးသားရေး ၀ါဒီတွေဟာ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က တည်းက ကရင်၊ မွန်၊ ရိုဟင်ဂျာ တို့ကို သိမ်းပိုက်ပြီး လူမြိုစီမံချက်တွေချခဲ့ပေမယ့်၊ ဒီနေ့ထိမအောင်မြင်ခဲ့ပါ။ နောက်နောင်လည်း အောင်မြင် စရာ မရှိပါ။- ရှေးယခင်ခေတ်ကာလက မျိုးဖြုတ် လူမြိုစီမံချက်များဟာ တစ်စုံတစ်ရာ ခရီးရောက်ပေ မယ့်-၊ အခုခေတ်အခါမှာအဲ့ဒီစီမံချက်ကိုကျင့်သုံးသူတိုင်းရာဇ၀တ်ကောင် ဖြစ်ရတဲ့အခြေအနေကိုသာ ရောက်လာခဲ့ ပါတယ်။ မျိုးဖြုတ်လို့ မပြုတ်နိုင်သူများကို မျိုးဖြုတ်သုတ်သင်ရေး ဆက်လက်ကျင့် သုံးနေမယ့်အစား-၊ ငြိမ်းချမ်းစွာ အတူ နေထိုင်ဘို့ နည်းလမ်း ကိုသာ စဉ်းစားဘို့ လိုပါမယ်။


ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့

ကွန်ပြူတာ မျက်နှာပြင်မှာ window တွေ အများကြီး ဖွင့်ထားပြီး- ကိုယ် လိုချင်တဲ့ window ကို ကြည့်မယ်၊ အခြားလူ တစ်ဦးက ကြည့်မယ်ကြံရင်- ညာဘက်ဒေါင့်လေးက minimize (-)နဲ့ widow မျက်နှာ ပြောင်းလိုက် မယ်၊ ဆိုတဲ့ အကွက်မျိုးက နိုင်ငံရေးလောကမှ ရိုးနေပါပြီ။ ဒါကို နိုင်ငံရေး စကားလုံးအရ window changed လို့ ခေါ်ပါတယ်။ 

ရိုဟင်ဂျာနဲ့ ရခိုင်နယ်က မွတ်ဆလင်များကို မျိုးပြုတ်သတ်ဖြတ်မှုကြီး၊ ထိုသို့ မျိုးပြုတ်သတ်ဖြတ်ရန် ကြိုတင်ကြံ စည်မှုကြီး ဖုံးဖိမရ ပေါ်ကျလာတဲ့အခါ- မျက်ကန်းမျိုးချစ်များနဲ့ လူသတ်ဘုန်းကြီးများက “ပထွေးနဲ့ မယားပါသား များ ရိုက်ပွဲ” ဖန်တီးကာ ကြည့်နေသူများ မျက်လုံးလည်သွားအောင် Window Changed ဗျူဟာကို သုံးဘို့ ကြိုး စားတော့တယ်။ Window Changed ဘယ်လောက် လုပ်လုပ်-၊ Changed လိုက်တဲ့ စာမျက်နှာကို ကမ္ဘာက စိတ်မ၀င်စားဘူး ဆိုတာတော့ ကာယကံရှင်များ သိနေလောက်ပါပြီ။ 

မွတ်ဆလင် မျိုးပြုတ်သတ်ဖြတ်မှုကြီးကို ဘယ်အရာနဲ့ ဖုံးဖိကွယ်ဖျက်လို့ မရတော့ပါ။ တရားခံများစာရင်းနဲ့ လုပ် ရပ်များ အားလုံး ကမ္ဘာ့ခုံရုံးပေါ်ကို ရောက်သွားခဲ့ပါပြီ။ ဒီအတွက် ဖုံးဖိရှောင်ထွက်လို့ မရနိုင်တဲ့ သက်သေသက် ကန်များ အတွက်လည်း ကမ္ဘာ့အဖွဲ့ကြီး အားလုံးနဲ့ ငါတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဆက်လက်ပြီး ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ကမ္ဘာလုံးဆိုင်ရာ “မျိုးပြုတ်သတ်ဖြတ်မှုဆိုင်ရာ အထူးကျွမ်းကျင်သူများ” ကိုယ်တိုင်က ငါတို့ဘက်က ရှိနေပါတယ်။ သူတို့က ကမ္ဘာ့ခုံရုံးအတွက် တိကျတဲ့ သက်သေများ ထွက်ဆိုပေးလိုက်ပါပြီ။ 

ပထမအချီ၊ ပထမ အရစ် သတ်ဖြတ်မှုကြီးရဲ့ တရားခံများအား ဖမ်းပွဲကြီးကို မကြာမှီ မြန်မာနိုင်ငံသားတွေ တွေ့ရ တော့မှာပါ။ ပြီးရင် ဒုတိယ အချီ သတ်ပွဲကြီးရဲ့ တရားခံများ ဆက်တိုက်လာပါမယ်။- ရပ်နားသွားမှာ မဟုတ်ပါ။- ဒီအမှုကို တမင်ရည်ရွယ်ချက်နဲ့ ကြံစည်ခဲ့တဲ့- လူကြီးလူကောင်းတွေလည်း တရားခံတွေထဲမှာ ပါဝင်လာပါမယ်။ အမှန်တကယ် ရာဇ၀တ်ကောင်များကို မဖမ်းဘဲ-၊ နောက်ကွယ်က လှုပ်ရှားနေသူတွေဟာ မွတ်ဆလင်တွေသာ ဖြစ်တယ်လို့ မတရားစွပ်စွဲပြီး- အပြစ်မဲ့ မွတ်ဆလင်များကိုသာ ဖမ်းဆီးနှိပ်ကွပ်နေတဲ့ အာဏာလက်ကို ရာဇ၀တ် ကောင်များ၊ ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေကို စားရေရိက္ခာပြတ်လပ်ပြီး၊ ဆေးဝါးပြတ်လပ်ပြီး- သေစေဘို့ ရည်ရွယ်ချက်နဲ့ သွေးအေးအေး အရစ်ကျ သတ်ဖြတ်နေတဲ့ ရာဇ၀တ်ကောင်များ အားလုံး ပါသွားစေရပါမယ်။ 

အပြစ်မဲ့ ပြည်သူများကို အရစ်ကျ သေနေစေဘို့ ကျင့်ကြံခဲ့သူ အားလုံး၊ ဆက်လက်ကျင့်ကြံနေသူအားလုံး၊ တာဝန် ရှိသူ အားလုံး- ကမ္ဘာ့ခုံရုံးကို တန်းစီတက်ဘို့ ပြင်ဆင်ထားပါ။ ဘယ်ကိုပြေးပြေး လွတ်မှာ မဟုတ်တော့ ပါ။ window တွေ ဘယ်လို change, change မျက်လုံးလည်သွားမှာလည်း မဟုတ်ပါ။ တစ်ကမ္ဘာလုံးက ရာဇ၀တ်ကောင်များ အနေနဲ့ window changed မှာကို ကြိုတင်သိနှင့်ပြီး ဖြစ်နေလို့ အဲ့ဒီဘက်ကို အာရုံ မရှိ တော့ပါ။ အမှုတင်ပြီးသား ကိစ္စကိုပဲ- သက်သေ အထောက်အထား ဆက်လက်ဖေါ်ထုတ်နေတာပဲ ရှိပါတယ်။ 

နိုင်ငံတစ်ကာက “ပြုပြင်ပြောင်းလဲရေး လုပ်ပေးမယ်” ဆိုတဲ့ စကားကို စောင့်ကြည့်ပြီး မြန်မာထိပ်သီး ခေါင်း ဆောင်များ အတွက် “ရှည့်လည်းလျှောက်သာ ပျားလဲစွဲသာ”ဗျူဟာကို ကျင့်သုံးပေးနေချိန်မှာ အမှုတွဲထဲမှာ ချန် ထားပေးနေတဲ့ မြန်မာထိပ်သီးခေါင်းဆောင်ပိုင်းက ၂ ပတ် အတွင်း အမြန်ဆုံး ပြုပြင်ဘို့ လိုပါမယ်။ (အချို့သော ပါတီခေါင်းဆောင်များ၊ လူသတ်ဘုန်းကြီးများနဲ့ အချို့ရခိုင်နယ်နဲ့ သက်ဆိုင်တဲ့ အာဏာပိုင်များ တင်ထားတဲ့ အမှု တွဲထဲမှာ ပါသွားခဲ့ပါပြီ။ မယုံကြည်ရင် သက်ဆိုင်ရာ ရှေ့နေများ ငှားယမ်းပြီး ကမ္ဘာ့ခုံရုံး ICC မှာ စုံစမ်းကြည့် လိုက်ပါ။) 

တရားရေးကာလ ဆိုတာ အစီအစဉ် စနစ်ဇယားနဲ့ အဆင့်ဆင့် သွားနေရလို့-၊ ရုံးတော်က ၀ရမ်းမထုတ်မှီကာလ မှာ ငါတို့ ရမ်းနိုင်သမျှ ရမ်းမယ်၊ သတ်နိုင်သမျှ ဆက်သတ်မယ်လို့ လူမိုက်ဆန်ဆန် ဆက်တွေးမယ်၊ အာဏာပိုင် ထိပ်သီးများကလည်း အရေးမယူဘဲ ရူးချင်ယောင် ဆောင်နေမယ် ဆိုရင်လည်း-၊ သံတမန် ဗျူဟာတွေ မဟုတ် တဲ့ နည်းလမ်းတွေနဲ့ ကမ္ဘာက စွက်ဖက်လာပါလိမ့်မယ်။ 
တစ်ပြိုင်နက်ထဲမှာ ထိပ်သီးအာဏာပိုင်များကို သတိပေးလိုပါတယ်။ (၁) အပြစ်ရှိသူကိုသာ ဖမ်းဆီးပါ၊ ရုံးတင်ပါ၊ အပြစ်မဲ့သူများကို လုပ်ကြံဖန်တီးပြီး ဖမ်းဆီးခြင်း၊ ချုပ်နှောင်ထားခြင်း၊ ထောင်ချခြင်း များ ဆက်လက်မကျူးလွန် ပါနဲ့-၊ အမှုကို ပြောင်းပြန်လုပ်ပြီး မတရားသဖြင့် ဖမ်းဆီးထားသူများ အားလုံးကို ချက်ချင်း လွှတ်ပေးပါ။ (၂) ဒုက္ခ ရောက်နေသူများအား ကူညီလိုသူများကို ချက်ချင်းခွင့်ပြုပေးပါ။ သဘာဝ အန္တရာယ်ကြောင့် ဒုက္ခရောက်ရတဲ့ ဒုက္ခသည်များနဲ့ မျိုးပြုတ်သတ်ဖြတ်ခံရလို့ အသက်ဘေးလု ထွက်ပြေးရတဲ့ ဒုက္ခသည်များကို ရောနှောစာရင်းပြု ပြီး- မျိုးပြုတ်သတ်ဖြတ်ခံ ဒုက္ခသည်များကို စာရင်းဖျောက်ဘို့ မကြိုးစားပါနဲ့-။ ဒီနေ့ ဒီအချိန်ကစ အတတ်နိုင်ဆုံး ရိုသားပေးပါလို့ သတိပေးလိုပါတယ်။ ဘက်လိုက်ဖုံးဖိပေးခြင်း ကာကွယ်ပေးခြင်းနဲ့ window changed လှည့် ကွက်များ တစ်ခုဆို တစ်ခုမှ အသုံးမ၀င်တော့ပါ။ 

ကျွန်ုပ်တို့ ဘက်မှ ရန်မလို၊ ရန်မပို- လိုပါ။ ယုတ်မာကောက်ကျစ်သူများ၊ လူသားချင်း မတရားသဖြင့် မျိုးဖြုတ် သတ်ဖြတ်လိုသူများနဲ့ ပါဝင်ပတ်သက်သူများကိုသာ ကမ္ဘာ့အလယ်မှာ တရားခံဖြစ်စေပြီး နောင်လာနောက်သား များ ဆင်ခြင်စေဘို့ကိုပဲ ဆန္ဒရှိပါတယ်။ 

ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့ 
အမေရိကန်ပြည်ထောင်စု


ဌေးလွင်ဦး
RB News
3.9.2012

အစ္စလာမ်သာသနာ ပြန့်ပွားမှာကို ကြောက်ရွံ့စိုးရိမ်တဲ့ အာဏာရှင် ဦးနေ၀င်းကြီးဟာ အစ္စလာမ်သာသနာဝင် တို့ကို နိုင်ငံသား တိုင်းရင်းသား အခွင့်အရေး မရနိုင်ဘို့ ရည်ရွယ်ချက်နဲ့ ၁၉၈၂ ခုနှစ် လူဝင်မှု ဥပေဒကို တစ် ကိုယ်တော် အမိန့်အာဏာနဲ့ ပြဌာန်း ခဲ့ပါတယ်။

ဥပဒေ တစ်ရပ်ကို ပြဌာန်းလို့ အဲ့ဒီ ဥပဒေဟာ နိုင်ငံတော်တစ်ခုလုံးမှာ ရှိတဲ့ လူသားအားလုံးအပေါ်မှာ တန်းတူ ညီမျှ သက်ရောက်မှု ရှိရင်- မြန်မာမွတ်ဆလင်များ အနေနဲ့ သဘောမတူညီစရာ အကြောင်းမရှိပါ။

မြန်မာနိုင်ငံထဲကို အင်္ဂလိပ် ကိုလိုနီခေတ်ကမှ ၀င်လာခဲ့တဲ့ အိန္ဒိယမျိုးနွယ် သို့မဟုတ် အိန္ဒိယ ကပြား မွတ်ဆလင် များ အနေနဲ့လည်း နိုင်ငံတော်ရဲ့ ဥပဒေတစ်ရပ် ဖြစ်လို့ အပြစ်ဆိုနေစရာ အကြောင်းမရှိပါ။ ဒါပေမယ့်- အဲ့ဒီ ဥပဒေဟာ မွတ်ဆလင်မှအပ အခြား ဘယ်လူမျိုးကိုမှ မသက်ရောက်တဲ့ အပြင်- မွတ်ဆလင် မှန်ရင်၊ မြန်မာနိုင်ငံမှာ ဘုရင်မင်းအဆက်ဆက် နေထိုင်ခစားခဲ့သူ များကိုပင်- စီစစ်မှု မရှိဘဲ ၁၈၂၄ နောက်ပိုင်းမှ ၀င်လာသူများ အဖြစ် သတ်မှတ်လိုက်ပါတော့တယ်။

အစ္စလာမ်သာသနာအပေါ် အတိုက်အခံလို့ ယူဆထားတဲ့ မြန်မာဗုဒ္ဓဘာသာ- ဘာသာရေးခေါင်းဆောင်များနဲ့ ခရစ်ယာန်များ ကလည်း မွတ်ဆလင်ကို အနှိမ်ခံ လူမျိုးအဖြစ် ခွဲခြား သတ်မှတ်ပစ်လိုက်တာကို နှလုံးတွေ့ လိုလားခဲ့ပါတယ်။

အထူးသဖြင့် မွတ်ဆလင် လူများစု နေထိုင်ရာ ရခိုင်ဒေသမှာ ဥပဒေဟာ လုံးဝ တစ်ဘက်စောင်းနင်း ဖြစ်ခဲ့ ပါတယ်။ ရခိုင်မျိုးနွယ် မွတ်ဆလင်များ၊ ကမန်များ- ကိုပင် လုံးဝ နိုင်ငံခြားသား ကုလား အဖြစ် သတ်မှတ်ခဲ့ ပါတယ်။ တိုင်းရင်းသား စာရင်းမှာ ဘယ်လို ဖေါ်ပြဖေါ်ပြ- စာရွက်ပေါ်မှာသာ ဖေါ်ပြထားပြီး- ပြုမူဆက်ဆံရေးမှာ လုံးဝ တစ်ဘက်စောင်းနင်း ဖြစ်နေတယ်ဆိုတာ လူတိုင်းသိ မြင်နေတဲ့ ကိစ္စရပ်သာ ဖြစ်ပါတယ်။ ကမန်လူမျိုးစုကို တိုင်းရင်းသား အဖြစ်ဖေါ်ပြပေမယ့်- ကမန်ကိုလည်း ကုလားလို့ သတ်မှတ် ထားခဲ့တယ်။ သံတွဲမြို့နယ်မှာ ရှိတဲ့ ရခိုင်လူမျိုးစု မွတ်ဆလင်များကိုလည်း အတင်းအဓမ္မ- ကမန် အဖြစ်ခံယူစေခဲ့တယ်။ ရခိုင်လူ မျိုးမှာ အစ္စလာမ် သာသနာဝင် ဆိုတာ မရှိဘူး- ဒါကြောင့် မွတ်ဆလင်မှန်ရင် ဘင်္ဂလီဟုတ်ရင်ဟုတ်၊ မဟုတ်ရင် ကမန် ဖြစ်စေရ မယ်လို့ အတင်း သတ်မှတ်ခဲ့ပါတယ်။ ရခိုင်မွတ်ဆလင်ဟာ ကမန် မဟုတ်သလို၊ ရိုဟင်ဂျာဟာလည်း ဘင်္ဂလီ မဟုတ်ပါ။ ဒါကို လည်း နားပင်းချင်ဟန်၊ မျက်လုံးကန်းချင်ဟန် ဆောင်နေဆဲပါ။

ဥပဒေဟာ တစ်ကယ်မျှတတယ် ဆိုရင်၊ ရခိုင်ပြည် မြောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်က ၀င်လာတဲ့ ဘင်္ဂလီ ဗုဒ္ဓဘာသာ အ၀ကျွန်းသား များနဲ့ အနောက်သားများ ကိစ္စကိုလည်း တိတိကျကျ ဆောင်ရွက်ရပါမယ်။- ပြီးတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းတစ်ခုလုံး (ရမ်းဗြဲ ရဲ့ မြောက်ပိုင်းဒေသ တစ်ခုလုံး)မှာ ရှိတဲ့ ရခိုင်လူမျိုးခံယူထားတဲ့ ဗုဒ္ဓဘာသာများရဲ့ ၇၅ ရာနှုန်းဟာလည်း- ရခိုင်ကို အင်္ဂလိပ် သိမ်း ပြီး ၁၈၂၄ နောက်ပိုင်းမှ ဘင်္ဂလားပြည်က ခေါ်လာတဲ့ အစားထိုး ရခိုင်များ ဖြစ်တယ် ဆိုတာကိုလည်း တိတိကျကျ ဖေါ်ထုတ်ရပါ မယ်။

ရခိုင်ဒေသကို ဗမာဘုရင် ဘိုးတော်မောင်းဝိုင်း သိမ်းပိုက်တော့- ဗမာတပ်မတော်ဟာ ရခိုင်လူမျိုးများကို မျိုးပြုတ် သတ်ဖြတ်ခဲ့ပါ တယ်။ ဒါကို ရခိုင် ရာဇ၀င်သစ်ကျမ်းမှာ-

ရခိုင်ပြည် ကျွန်သက် အနှစ် (၂၂၇) နှစ် ကြာသောအခါ မြန်မာကျူးကျော်စစ်ကို (၄၅) ရက်ကြာကြာ ခုခံတိုက်ခိုက်ပြီးနောက် (၁၇၈၄) ခု ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ရခိုင်ပြည်ကြီးနှင့်တကွ ရုပ်ရှင်တော် မဟာမြတ်မုနီ အသိမ်းခံလိုက်ရသည်။ မြန်မာများသည် ရခိုင့်ရွှေနန်းတော်၊ ပိဋကတ်တိုက်တော်၊ ဘုန်းတော် ကြီးကျောင်း အကြီး (၃၀)၊ အငယ် (၃၀၀၀) ကျော်ကို မီးလျှို့ဖျက်ဆီးခဲ့သည်။ ရခိုင်တပြည်လုံး ဖူးဖူးရောင်သော လူသေကောင်များဖြင့် ပြန့်ကြဲလျှက်ရှိခဲ့သည်။ အသတ်ခံခဲ့ရသော ရခိုင်သားများကို “တင်းဝပန်းခိုင်၊ တမြိုင်မြိုင်၊ ရခိုင်လူအလောင်း” ဟူ၍ မှတ်တမ်းတင်ထားခဲ့သည်။ ဂဏန်းသင်္ချာအလို (၇) သန်းကျော်သည်။ မြန်မာများ သတ်ဖြတ်ခဲ့သည်ကို အစွဲပြု၍ ဂေါင်းပုံပြင် (မြောက်ဦး)၊ လူသတ်ဂျိုင် (မြောက်ဦး)၊ ရေတက် ရေကျသောအခါ သောင်ပြင်တွင်အစုလိုက်အပြုံလိုက်ချည်းနှောင်၍ သတ်ခဲ့သောကြောင့် ရေအကျတွင် ဖြူနီသော အလောင်း ကောင်များကို မြင်ရသောကြောင့် ပေါက်ဖဲ့ရွာ (မန်အောင်၊) လက်များကို ဖြတ်၍ တောင်နှယ်ပုံထား သောကြောင့် လက်ပုံတောင် (မာန်အောင်)၊ ရေကန်တွင် လူအပြည့်သတ်၍ ပုံထားသောကြောင့် သီဘေးကန် (သေဘေးကန်) (ပေါက်တော)၊ ကလေးငယ်များကို ရေကျရေတက်ချိန်တွင် ခြံလှောင်၍သတ်ခဲ့သောကြောင့် ခြံလှောင်ချောင်း (မာန်အောင်)၊ ခြံပြင် (မောင် တော)၊ သွေးချောင်း (တောင်ကုတ်)၊ လူ့အသားတစ်များကို ခုတ်ဖြတ်၍ပုံထားသောကြောင့် အသားပုံရွာ (ပုဏ္ဏားကျွန်း) စသည့်စသည့်ဖြင့် နာမည်တွင်ခဲ့သည်။

နှစ်ပေါင်း (၄၀) လုံးလုံး ရခိုင်မျိုးတုံးအောင် သတ်ဖြတ်ခဲ့သည်။ မာန်အောင်မြို့ တမြို့တည်းတွင် အသတ်ခံခဲ့ ရသည်ကို မှတ် တမ်းတင်ထားသည်မှာ “လူငယ်တသောင်း၊ လူကြီးပေါင်းမူ၊ သျှစ်သောင်းအစွန်း၊ တသိန်းမှန်း၏၊ မယွန်းထိုခါ၊ သီကုန်ပါ၏၊ သိမ်းကာယူက၊ ပြည်အင်းဝသို့၊ ပါရလီငြား၊ လူယောက်ျားနှင့်၊ မပြားမှန်ထ၊ လူမိန်း မကို၊ ရွီကြလီသော်၊ နှစ်သိန်းကျော်၏၊ ကြားသော်မြင်ခါ၊ ကြောက်ဖွယ်သာတည်း” ဟူ၍ ဖြစ်သည်။

(၁၈၂၆) ခုနှစ် ဗြိတိသျှလက်အောက် ကျရောက်ရသောအခါ မြန်မာလက်အောက် နှစ် (၄၀) ငရဲစခန်းသည် တခန်းရပ်ခဲ့သည်။ ကျူးကျော်သူမြန်မာများကိုမောင်းထုတ်၍ အင်္ဂလိပ်တို့က တဖန်အုပ်ချုပ်သည်။ သို့သော် အင်္ဂလိပ်အုပ်ချုပ်ချိန်တွင် ရခိုင်ပြည်၌ လူမကျန်တော့ပေ။ ရခိုင်နိုင်ငံတော်တခုလုံးသည် သုသာန်တစပြင်ပမာ တောကြီးမျက်မဲ ဖြစ်နေလေတော့သည်။ အင်္ဂလိပ် အကာအကွယ်ကြောင့် သေကံမရောက်သတ်မပျောက်ပဲ ရခိုင်တချို့ ဘင်္ဂလားနယ်တွင် ကျန်ရစ်သည်။ ထိုသူများ ထဲမှ (၅) သောင်းခန်ကို ပြန်ခေါ်ယူ၍ ရခိုင်ပြည်၌ ပြန်လည်နေရာချထားပေးခဲ့သည်။

ထိုမျိုးပြုတ် သတ်ပွဲကြီး အကြောင်းကို ၁၈၂၄ ခု ဗမာများ ရခိုင်ကို သိမ်းပြီး ရခိုင်မှ ထွက်ပြေးသွားခဲ့ပြီး ရာမူး (ပန်းဝါ)၌ ရဲအရာရှိ အဖြစ် ထမ်းဆောင်ခဲ့ သော ဟိန္ဒူဘာသာဝင် Puran Bisungri ကလည်းမှတ်တမ်း တင်ထား ကြောင်း ရခိုင်သမိုင်းပညာရှင် ချမ်းအေး ကိုယ်တိုင်က ၀န်ခံထားပါတယ်။

ဖေါ်ပြပါ သမိုင်းဟာ ရိုဟင်ဂျာများက ရခိုင်ဗုဒ္ဓဘာသာများ အပေါ်မနာလို မုန်းတီးပြီး ဖန်တီးထားတဲ့ သမိုင်း မဟုတ်ပါ။ ရခိုင်ဗုဒ္ဓဘာသာများကိုယ်တိုင် ပြုစုတင်ပြထားတဲ့ သမိုင်း ဖြစ်ပါတယ်။ ဒီသမိုင်းအရ- ၁၈၂၄ ခုနှစ်မှာ ရခိုင်ကို အင်္ဂလိပ်က သိမ်းတော့- ရခိုင်ပြည်မှာ ရခိုင်လူမျိုးဟူ၍ မရှိတော့ပါ။ (ယုတ္တိဗေဒအရ ဆင်ခြင်ရင်တော့ ဗမာစစ်တပ်များ မရောက်နိုင် မပေါက်နိုင်တဲ့ တောကြားတောင်ကြားမှာ အနည်းငယ် ပုန်းကွယ် နေခဲ့နိုင်ပါ တယ်။)- ဒီရခိုင်သမိုင်းအရ- ဗမာတပ်များဟာ ရခိုင်ပြည်ရှိ အခြားသော လူမျိုးများ (မြို၊ ဒိုင်းနက်၊ ကမန်၊ မရ်မာ ကီး၊ ရိုဟင်ဂျာ (ရခိုင်မွတ်ဆလင်)များကို သတ်ခဲ့ကြောင်း နှိပ်ကွပ်မောင်းထုတ်ခဲ့ကြောင်း ဖေါ်ပြထားခြင်း မရှိပါ။ ဒါကြောင့် ရခိုင်ဗုဒ္ဓဘာသာမှအပ အခြားလူမျိုးများ ရခိုင်ပြည်မှာ မျိုးပြုတ်ခဲ့ခြင်း မရှိဘဲ- ရှိဆဲ ရှိနေခဲ့တဲ့ အဓိပ္ပါယ် ကို ပေးပါတယ်။

မျိုးပြုတ်သွားတဲ့ ရခိုင်လူမျိုးများ နေရာမှာ အင်္ဂလိပ်တို့က ၁၈၂၄ ခု နောက်ပိုင်းမှာ ဘင်္ဂလီဗုဒ္ဓဘာသာများကို ခေါ်ယူ အစားထိုးပြီး- ရခိုင်အတုနဲ့ ရခိုင်ပြည်ကို ထူထောင်ခဲ့ရခြင်း ဖြစ်ပါတယ်။

ဒါဟာ- ဒီနေ့ ရှိနေတဲ့ ရခိုင်ဗုဒ္ဓဘာသာများရဲ့ သမိုင်းတစ်ရပ် ဖြစ်ပါတယ်။ ဒီတော့ - ဒီရခိုင်ဗုဒ္ဓဘာသာဆိုတဲ့ လူမျိုးကိုရော ၁၈၂၄ ဥပဒေနဲ့ တစ်ကယ်စီစစ်ပေးဘို့ လိုပါမယ်။

ဌေးလွင်ဦး
RB News
28.8.2012

၂၀၁၂ ဇွန်လ အတွင်းမှာ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျင် မျိုးပြုတ်သုတ်သင်ရေး စီမံချက်ကို မြန်မာအစိုးပိုင်းက အပိုကြံခဲ့တာပါ။- ကမ္ဘာက ၀ိုင်းလိုက်လာတော့-၊ ဒီလို မဟုတ်ရပါ၊ မွတ်ဆလင် လူငယ်တစ် (သုံးယောက်)က ရခိုင်ဗုဒ္ဓဘာသာ အမျိုးသမီးငယ် တစ်ဦးကို လူမဆန်စွာ ပစ္စည်းလု မုဒိန်း ကျင့်သတ်ဖြတ်ခဲ့တာက လူထုဒေါသ အုံကြွပြီး ဖြစ်ရတာပါလို့- ကမ္ဘာကို အံတုပြောဆိုနေပါတယ်။ 

တောင်ကုတ်မြို့က လူသတ်မှုဟာလည်း အဲ့ဒီက ဆက်ကူးလာတဲ့ ပရောဂ လောင်စာမီး ဖြစ်တယ်လို့ ဆိုပြန်ပါတယ်။--။ ပြီးတော့ မွတ်ဆလင်တွေကို မုဒိန်းကောင်၊ ရာဇ၀တ်ကောင်များလိုလို ဒီနေ့ထိ ပြော ဆိုနေပါသေးတယ်။---

အမှန်တရားကို ချစ်တဲ့ မြန်မာပြည်သူများ၊ သိက္ခာသမာဓိက မြတ်နိုးတဲ့ မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီး များ၊ ကမ္ဘာသူ ကမ္ဘာသားများ သိစေဘို့-- ရမ်းဗြဲမြို့နယ် သပြေချောင်းကျေးရွာမှ မသီတာထွေးရဲ့ ဖြစ်ရပ် မှန်ကို တင်ပြလိုက်ပါမယ်။ (ကျွန်တော်ဟာ ကျောက်နီမော်ကျေးရွာမှာ အကိုဖြစ်သူ ကိုသက်လွင်ဦးနဲ့ အတူ- အလယ်တန်း အထက်တန်းကလေးများကို စာသင်ပေးခဲ့တဲ့ ကျောင်းဆရာ တစ်ဦး ဖြစ်လို့ ရခိုင် ကလေးထဲကရော မွတ်ဆလင်ကလေးထဲကပါ- ချစ်ခင်လေးစားတဲ့ ဆရာတစ်ဦး အဖြစ် အသိမှတ်ပြု တဲ့ တပည့်ပေါင်း များစွာ ရှိပါတယ်။- ဒီသတင်းကို ကိုယ်တိုင် လေ့လာပြီး တင်ပြခြင်း ဖြစ်ပါတယ်။)

၂၈.၀၅.၂၀၁၂။ - ညနေ ၅း၃၀ မှ ၇း၀၀ ကြားမှာ သပြေချောင်းကျေးရွာသူလေး မသီတာထွေး ဟာ ကျောက်ထရံကျေးရွာထိပ်မှာ ရှိတဲ့ ပရဟိတဘုန်းကြီးကျောင်းနဲ့ မကျေးကုန်းကျေးရွာ ကြားမှာပစ္စည်း လုအသတ်ခံရ ပါတယ်။

၂၉.၀၅.၂၀၁၂ မနက်ခင်းဈေးရောင်းဘို့ လာကြတဲ့ ဈေးသည်များက မသီတာထွေးရဲ့ အလောင်းကို တွေရှိခဲ့တယ်။ အခြားရွာသား အဖိုးကြီးတစ်ဦးက မိမိသည် ကျောက်နီမော်ရွာမှ မိမိရွာကိုအပြန် ကျောက်ထရံရွာနဲ့ ပရဟိတဘုန်းကြီးကျောင်းကြား လောက်မှာ လူငယ်သုံးယောက်ကို တွေ့ခဲ့ကြောင်း ရဲစခန်းအားသတင်းပို့ ပါတယ်။

ပရဟိတဘုန်းကြီးကျောင်းဟာ ကျောက်ထရံရွာနဲ့ မကျေးကုန်းရွာကြားမှာ ရှိပြီး အဖိုးအိုမှ မွတ်ဆလင် လူငယ် ၃ ဦးအား ညနေ ၃း၃၀ ခန့်မှာ ကျောက်ထရံရွာနဲ့ ပရဟိတဘုန်းကြီးကျောင်းကြားရှိ လယ် ကွင်းပြင်မှာ တွေ့ခြင်း ဖြစ်လို့ နေရာက လွဲနေတဲ့ အပြင်၊ အဲ့ဒီ လူငယ် ၃ ဦးဟာ ညနေ ၄ နာရီကျော် မှာ ကျောက်ထရံရွာတွင်း နေအိမ်သို့ ပြန်ရောက်နေပြီ ဖြစ်တယ်။ မသီတာထွေးက ညနေ ၅း၃၀ နဲ့ ၇း၀၀ အတွင်းလောက်မှာ ပစ္စည်းလု အသတ်ခံရတာ ဖြစ်တယ်။ 

ကျေးရွာဥက္ကဋ္ဌ ဦးသိန်းထွန်းနဲ့ စခန်းမှုး ဦးသောင်းထွေးတို့ အဖွဲ့ကျောက်ထရံရွာကို ရောက်လာပြီး ဒီကလေးတွေကို မေးမြန်းဘို့ ရွာသူကြီးတွေဆီမှာ အကူအညီတောင်ခံတယ်။ ရွာသူကြီးများ အကူ အညီနဲ့ ပထမ ကလေးနှစ်ယောက်ကို ခေါ်ပြီး ဥက္ကဋ္ဌဦးသိန်းထွန်းအိမ်မှာ စစ်ဆေးခဲ့တယ်။ အဲ့ဒီ အချိန်မှာ အချိန်- RNDP ဒေသခေါင်းဆောင် ညီပုနဲ့ အဖွဲ့ လူ ၁၀၀ လောက်က ဥက္ကဋ္ဌ အိမ်ကို ရောက်လာပြီး လူငယ် နှစ် ဦးအား သူတို့ လက်သို့ အပ်ရန် အော်ဟစ်တောင်းဆိုခဲ့တယ်။ ဒါပေမယ့် ဥက္ကဋ္ဌမှ လူငယ်နှစ်ဦးအား အသေအချာမေးမြန်းပြီး၊ လူငယ်နှစ်ဦးမှာ ပြစ်မှု ကျူးလွန်ခြင်း အထောက် အထား မရှိကြောင်း၊ သူတို့နှစ်ဦးမှာ အပြစ်ရှိတယ်လို့ မယံကြည်ကြောင်း ပြောပြီး လူငယ် နှစ်ဦးကို ပြန်လွှတ်ပေးလိုက်တယ်။ ဒါကို မကျေနပ်လို့ RNDP ဒေသခေါင်းဆောင် ညီပုတို့က ဆူပူသောင်းကျန်း လို့ ၀ရုန်းသုန်းကား ဖြစ်ခဲ့ရတယ်။

ရဲစခန်းက နောက်ထပ်လူငယ်နှစ်ဦးကို ထပ်မံဖမ်ဆီးပြီး စစ်ဆေးပြန်တယ်။ နောက်လူငယ် နှစ်ဦးက ဗမာစကား အားနည်းမှုကြောင့် မွတ်ဆလင် လူလတ်ပိုင်းတဦးကို စကားပြန် ဆောင်ရွက်စေခဲ့တယ်။ ထိုနှစ်ဦးအား စစ်ဆေးရာ ထက်ထက် (ထောင်ထဲတွင် နှတ်ပိတ်သတ်ခံလိုက်ရသူ) နှင့် သူတို့ နှစ်ဦး (ပေါင်းသုံးဦး) ဟာ- ကျောက်ထရံရွာနဲ့ ပရဟိတ ဘုန်းကြီးကျောင်း ကြားရှိ လယ်ကွင်းမှာ ငှက်ထောင် ရန် သွားခဲ့ကြောင်း ညနေ ၄ နာရီကျော်မှာ ရွာထဲမှာပြန်ရောက်နပြီ ဖြစ်ကြောင်း ထွက်ဆိုတယ်။ (၂၉၊ ၅၊ ၂၀၁၂ နေ့မှာ ထက်ထက်ဟာ မိသားစု ကိစ္စအမှုတစ်ခုနဲ့ မိခင်နဲ့အတူ ရမ်းဗြဲမြို့-ရုံးချိန်းကို ဆိုင်ကယ် နဲ့ သွားခဲ့တယ်။)

စခန်းမှုးက လူငယ်နှစ်ဦးအား နောက်ထပ် အနည်းငယ်စစ်ဆေးရန် ကျန်သေးကြောင်း၊ စစ်ဆေးပြီးရင် ပြန်လွှတ်လိုက်မယ် ဆိုပြီး စကားပြန်ကို ပြန်စေခဲ့ပြီး လူငယ်နှစ်ဦးကို ခေါ်ထားလိုက်ပါတယ်။ စကားပြန် ပြန်လာပြီး မကြာခင်မှာဘဲ- ရစခန်းက မွတ်ဆလင်ရွာထဲကို လာပြီး- ကောင်လေးတွေက အပြစ်ရှိ တယ်လို့ ၀န်ခံကြောင်း- သူတို့ရဲ့ ၀န်ခံမှုက (၁)သူတို့ဟာ သီတာထွေးကို ဖမ်းဆီးချုပ်နှောင်ပြီး တောစပ်ထဲကို ခေါ်သွားကြောင်း (၂) ပြီးတော့ သူတို့က အလှည့်ကျ မသီတာထွေးကို အဓမ္မပြုကျင့် ကြောင်း- အဓမ္မပြုကျင့်နေစဉ် သူတို့ကိုယ်တိုင်ပဲ MP4 နဲ့ မှတ်တမ်းတင်ထားကြောင်း (ရဲတွေက MP4 နဲ့ ရိုက်ကူး မှတ်တမ်းတင်ထားတကို ကြည့်ပြီးပြီ ဖြစ်လို့ တရားခံတွေဟာ သေချာကြောင်း)၊ ရွာသား တွေကို ပြောခဲ့တယ်။ 

၃။ မသီတာထွေးရဲ့ လက်ဝတ်လက်စားတွေကို ယူပြီး သူမကိုဓါးနဲ့ထိုးးသတ်ပြစ်ခဲ့ကြောင်း- ၄။ ထက်ထက် ကရမ်းဗြဲမြို့မှာ ရွှေတွေသွားရောင်းနေတယ်။ ပြန်လာရင်သူတို့ တစ်ယောက်စီကို တစ် ယောက် ၃၀၀၀၀ ကျပ်စီ ပေးမယ်လို့ ပြောသွားကြောင်း-

၅။ သူတို့ နှစ်ယောက် မလုပ်ဘူးလို့ ငြင်းတာကို ထက်ထက်က မင်းတို့မလုပ်ဘူးဆိုရင်မင်းတို့ကို ငါအ ရင်ထိုးသတ်မယ်လို့ ခြိမ်းခြောက်တာကြောင့် ထက်ထက်ခိုင်းတဲ့ အတိုင်း သူတို့ လုပ်ခဲ့ရကြောင်း-- ထွက်ဆိုတယ်လို့ ရဲတွေက ပြောခဲ့တယ်။ 

ရဲတွေကိုယ်တိုင်က MP4 မှတ်တမ်းကို ကြည့်ပြီးပါပြီ ဆိုတော့ ရွာသားတွေမှာလည်း ဘာမှ မပြောနိုင် ခဲ့ပါ။

မကြာခင်မှာဘဲ ထက်ထက်ကို တရားခံသက်သေ ပစ္စည်းများ (ထိုးသတ်တဲ့ ဓါးနဲ့ ပစ္စည်းများကို) ရမ်းဗြဲမြို့မှာ လက်ပူးလက်ကျ မိပြီ ဆိုတဲ့ သတင်းထွက်လာတယ်။ တစ်ပြိုင်နက်မှာ ကျောက်နီမော်ရဲ စခန်းရှေ့မှာ RNDP ဦးဆောင်တဲ့ လူအုပ်ကြီး ရောက်လာပြီး ဖမ်းထားတဲ့ ကောင်လေးနှစ်ယောက်ကို လူထုရှေ့မှောက်မှာ တရားစီရင်မယ် ခုချက်ချင်းထုတ်ပေး ဆိုပြီး တောင်းဆိုတော့တယ်။ ထိန်းမနိုင် သိမ်းမရ ဖြစ်နေလို့ နောက်ဆုံးမှာ ရဲစခန်းက သေနတ်ဖောက်ပြီးလူ စုခွဲလိုက်ရတယ်။

နောက်နေ့မှာ ကောင်လေး နှစ်ယောက်ကိုရမ်းဗြဲကို ခေါ်သွားတယ်။ ရမ်းဗြဲရဲစခန်းကိုပါ လူတွေ လာဝိုင်းတော့တယ်။ နောက်ဆုံးမှာ ကောင်လေး သုံးယောက်လုံးကို ကျောက်ဖြူကို ခေါ်သွားခဲ့ပြီး ကျောက်ဖြူထောင်ထဲမှာ ထည့်ထားခဲ့တယ်။ 

_____________________________________________________________

 ဒါတွေကို ဗဟိုအစိုးရ မသိလေသလား - အပိုင်း (၂)

ဒီကြားထဲမှာ အမျိုးသားရေးဝါဒီ သတင်းစာတွေ၊ ဂျာနယ်တွေ စာစောင်တွေနဲ့ မွတ်ဆလင်မုန်းတီး ရေးဖြန့်ချီနေတဲ့ Face Book တွေမှာ တရားအဖြစ် အဓမ္မစွပ်စွဲခံရသူ ၃ ဦးရဲ့ ဓါတ်ပုံများနဲ့ သူတို့က ၀န်ခံသလိုလို ဗလပွလိုက်အောင် ဖေါ်ပြခဲ့ပြီး- သက်သေခံပစ္စည်းဖြစ်တဲ့ ရဲက သိမ်းဆီးထားပါတယ် ဆိုတဲ့ ဓါး၊ လက်ဝတ်ပစ္စည်းနဲ့ MP မှတ်တမ်းများကို အခုအချိန်ထိ ဖေါ်ပြနိုင်ခြင်း မရှိခဲ့ပါ။

အဓမ္မတရားခံအဖြစ် ဓားစာခံသုံးယောက်ကို ဆွဲထားဘို့ အတွက်-၊ ဒေသဆိုင်ရာ RNDP ခေါင်းဆောင် ဦးပုရဲ့ လက်ရုံး စံပြရပ်ကွက် လူငယ်သာရေးနာရေး အဖွဲ့ခေါင်းဆောင် မြသောင်းက ရဲ့စခန်းကို သွားခဲ့ပြီး စခန်းမှုး သောင်းထွေးကို လာ့ဘ်ထိုးစည်းရုံးပြီး “စစ်ဆေးဘို့ ခေါ်ထားတဲ့ ကောင်လေး နှစ်ဦးကို စာရွက် အဖြူပေါ်မှာ အတင်းအဓမ္မလက်မှတ် ရေးထိုးစေခဲ့တယ်။

ပြီးတော့ စခန်းမှုးသောင်းထွေးနဲ့ မြသောင်း အကွက်ချပြီး- တရားခံနှစ်ဦးထံမှ ထွက်ဆိုချက်ဆိုတဲ့ ဇတ်လမ်းကို စိတ်ကြိုက်ရေးသားဖန်တီးခဲ့တယ်။ ဒီအတွက် ကုန်ကျစားရိတ်အားလုံးကို RNDP ညီပုက ပေးခဲ့တယ်။

ကျောက်ဖြူမှာ စွပ်စွဲခံ တရားခံလေးများကို ပထမအကြိမ် ရုံးထုတ်တော့- တရားရုံးမှာ အဖြစ်မှန်ကို ကောင်လေးတွေက ပြောခဲ့ပြီး- သူတို့မှာ အပြစ်မရှိကြောင်း၊ တရားခံအဖြစ် ၀န်မခံနိုင်ကြောင်း ရုံးတော် မှာ ပြောခဲ့တယ်။ ဒုတိယ အကြိမ် စုံစမ်းစစ် ဆေးရေးအဖွဲ့ရှေ့မှာ စစ်ဆေးပြန်တော့လည်း ထက်ထက် က ရဲရဲဝံ့ဝံ့ပင်- အဖြစ်မှန်အားလုံးကို လူကြီးတွေရှေ့မှာ ထပ်ဆင့်ပြောပြပြန်တယ်။

တရားသူကြီးနဲ့ ရဲတွေက မပြောပါနဲ့လို့ အကြိမ်ကြိမ်တားမြစ်ခဲ့တယ်၊ ဒီလိုတားမြစ်တဲ့ ကြားထဲက- သူက အချုပ်ထဲမှာ အကြိမ်ကြိမ် ရိုတ်ထောင်းနှိပ်စက်ပြီး အတင်းအဓမ္မ၀န်ခံခိုင်းကြောင်းကိုပဲ ထပ်ဆင့် ပြောခဲ့ပါတယ်။ အဲ့ဒီ ညမှာပဲ- ထောင်ထဲမှာ ထက်ထက်တစ်ယောက် အသတ်ခံလိုက်ရပါတော့တယ်။ ရုပ်အလောင်းကို ကျောက်ဖြူမြို့က အာမာရာပါရာ မွတ်ဆလင်သုတ်သန်မှာ အာဏာပိုင်များရဲ့ စေခိုင်း ချက်အရ မွတ်ဆလင် လေးဦးက သူ့ရုပ်အလောင်းကို သင်္ဂြီုလ်ပေးခဲ့ရတယ်၊ အလောင်းမှာ မြင်မ ကောင်း လောက်အောင် ဒဏ်ရာတွေ ပြည့်နှက်နေပါတယ်။

မသီတာထွေးရဲ့ ရုပ်ကလပ်ကို ဆရာဝန် ဦးအောင်စစ်ထွန်းက ဆေးစစ်ချက်ယူခဲ့တယ်၊  မသီတာထွေး ဟာ ဓားဒဏ်ရာသက်သက်နဲ့ သေဆုံးခဲ့တာ ဖြစ်ပြီး-၊ အဓမ္မပြုကျင့်ခံရတဲ့ လက္ခဏာ မရှိဘူးလို့ ဆေးစစ်ချက်မှာ ဆိုထားတယ်။- ပြီးတော့ ရုပ်အလောင်းကို ပြန်ယူသွားပြီး သင်္ဂြီုလ်မြေချနိုင်ပြီလို့ ပြော ခဲ့တယ်။

RNDP ညီပုနဲ့ သူ့လက်ရုံးများက ဆေးရုံးကို လူအုပ်နဲ့ သိမ်းပိုက်လိုက်ပြီး- ရုပ်အလောင်းကို သင်္ဂြီုလ် ခွင့်မပြုဘဲ- သုံးရက်တိတိ ပြထားပြီး- အနယ်အနယ်အရပ်ရပ်ကို ဆက်သားလွှတ်ကာ ကုလားတွေ မုဒိန်းကျင့်လို့ သေဆုံးရတဲ့ ငါတို့ ရခိုင်သမီးပျိုလေးရဲ့ အဖြစ်ကို လာကြည့်ကြလို့ လူထုစည်းရုံးပါတော့ တယ်။ ပြီးတော့ ရောက်လာတဲ့ လူထုပရိတ်သပ်ကိုလည်း- ကုလားတွေကို ဒီနယ်မြေက မောင်းထုတ် ပစ်ရမယ်ဆိုပြီး- မွတ်ဆလင် ဆန့်ကျင်ရေး မိန့်ခွန်းတွေကို ဟောကြားစည်းရုံးပါတော့တယ်။ နောက်ဆုံး ခရိုင်ရုံးမှ အမိန့်ပေးတော့မှ- အလောင်းကိုသင်င်္ဂြီုလ် ခဲ့ပါတော့တယ်။

အလောင်းကို မှတ်တမ်းတင်ဘို့- ဓါတ်ပုံဆရာ ခိုင်မြင့်အောင်ကို ရဲစခန်းက ခေါ်ယူခဲ့တယ်။ ဒီဓါတ်ပုံကို ခိုင်မြင့်အောင်နဲ့ မောင်မောင်ဦးတို့ နှစ်ယောက်က ဓါတ်ပုံပညာ၊ ကွန်ပြူတာပညာနဲ့ လူအမြင် မတော် အောင် ဖန်တီးလိုက်ပြီး- မွတ်ဆလင်ဆန့်ကျင်ရေး အတွက် အသုံးချလိုက်ပါတော့တယ်။
ပေါက်တောမြို့ဇာတိ NLD စည်းရုံးရေးမှု။ အောင်ဇံဝေ က ရမ်းဗြဲမြို့ အင်တာနက် ဆိုင်မှ တစ်ဆင့် ဒီဖန်တီးပြီး ဓါတ်ပုံများကို ရခိုင်သတင်းဌာနများကို ပေးပို့ခဲ့တယ်။ ပြည်ပသတင်းဌာနများနဲ့လည်း အင်တာဗျူးများ ပြုလုပ်ခဲ့တယ်။

ပြီးတော့ အောင်ဇံဝေဟာ တောင်ကုတ်မြို့ကို တက်သွားပြီး- ၀ံသာနုရက္ခိတ အသင်းနဲ့ ပူးပေါင်းကာ မွတ်ဆလင် ဆန့်ကျင်ရေးများ စည်းရုံးလှုံ့ဆော်ခဲ့တယ်။- ကျောက်နီမော်ရွာကို မြန်မာပြည်မမှ လာတဲ့ ကုန်ပစ္စည်းများက တောင်ကုတ်မြို့ကို ဖြတ်ပြီး သယ်ယူရတဲ့ အတွက်- တောင်ကုတ်မြို့ကို ရောက်ပြီး ဖြစ်တဲ့ ကျောက်နီမော်ရွာက ကုန်သည်များရဲ့ ပစ္စည်းများကို ဆက်လက်သယ်ယူခွင့် မပြုခဲ့ဘူး။ တောင် ကုတ်မြို့မှ- ကျောက်နီမော်ရွာအတွက် ကုန်ပစ္စည်း ကိုယ်စားလှယ်လုပ်ငန်း လုပ်ဆောင်သူ ရခိုင်ဗုဒ္ဓ ဘာသာဝင် ဦးလှရွှေ ကိုလည်း မွတ်ဆလင်တို့ရဲ့ ပစ္စည်းများကို မပို့ရဘူးလို့ လူအုပ်နဲ့ အတင်းခြိမ်း ခြောက်ခဲ့တော့တယ်။ တောင်ကုတ်လူမှုဟာ NLD အောင်ဇံဝေရဲ့ မီးစနဲ့ စတင်ခဲ့ခြင်း ဖြစ်တယ်။ ဒီနေ့ထိ အောင်ဇံဝေကို တရားခံအဖြစ် မတွေ့ရသေးပါ။

ဒါဆို မသီတာထွေးကို ဘယ်သူ သတ်သလဲ--

ဆရာဝန်ရဲ့ စစ်ချက်မှာ မသီတာထွေးရဲ့ ဓားဒဏ်ရာများဟာ သေစေနိုင်တဲ့ သေချက်တည့်တည့်ကို ထိုးတာကြောင့် အတွေ့အကြုံရှိတဲ့သူက ထိုးတဲ့ ဓါးချက် ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့တယ်။ ရိုးသားပြီး အမှန်ကို ကြိုက်တဲ့ ရခိုင်ဗုဒ္ဓဘာသာများ အပါအ၀င် လူအများက တရားခံအစစ်လို့ သံသယ ဖြစ်နေ သူက ရခိုင်ဗုဒ္ဓဘာသာ ညီအစ်ကို နှစ်ဦး ဖြစ်တယ်။ သူတို့ ညီအစ်ကို နှစ်ဦးဟာ မသီတာထွေး အမှု မဖြစ်မှီ သုံးရက်အလိုမှ သူတို့ရဲ့ အဖေ ဦးမောင်သောင်းစိန်ကို ဓားနဲ့ခုတ်ပြီး ထွက်ပြေးခဲ့တယ်။ ဒီနှစ် ယောက်ထဲက အကြီးလူက လူသတ်မှုနဲ့ ထောင်ကျခဲ့ဘူးသူ ဖြစ်တယ်။ သူတို့မှာ ထွက်ပြေးဘို့ စားရိတ် မရှိလို့ နေ၀င်ရီတရောအချိန်မှာ မိန်းမငယ် တစ်ဦးတည်း လက်ဝတ်လက်စားများနဲ့ တွေ့တော့- သူ့ကို သတ်ပြီး ပစ္စည်းများ ယူသွားတာ ဖြစ်တယ်လို့--၊ လူအများက မှတ်ချက်ချနေကြတယ်။ ဒါပေမယ့် ရဲစခန်းက အခုအချိန်ထိ တရားခံအစစ်ကို မဖမ်းနိုင်သေးဘဲ--။ အတင်းအဓမ္မစွပ်စွဲတဲ့ တရားခံကိုသာ အမှုနဲ့ ဘာမှ မဆိုင်ဘဲ- တစ်ဦးကို နှတ်ပိတ်ရိုတ်သတ်၊ နှစ်ဦးကို သေဒဏ်ပေးလိုက်ပါတော့တယ်။

ဒါတွေကို ဗဟိုအစိုးရက တစ်ကယ်မသိတာလား။ မသိဟန်ဆောင်နေတာလား။ RNDP ညီပုရဲ့ လူမျိုး ရေး မုန်းတီးမှု လှုံ့ဆော်ချက်များကို အားပေးထောက်ခံနေတာလား၊ စခန်းမှုက လာ့ဘ်စားပြီး မွတ်ဆ လင်များကို ရာဇ၀င် လူဆိုးများ အဖြစ် သတ်မှတ်လိုက်တာကို ပီတိဖြစ်နေတာလား၊ NLD အောင်ဇံဝေ ကို- အစိုးရနဲ့ NLD မျက်နှာပျက်မှာ စိုးလို့ လွှတ်ပေးထားတာလား၊ သို့မဟုတ် ----- မွတ်ဆလင် မျိုး ပြုတ် သုတ်သင်ရေး အတွက် “လုပ်ကြံဖန်တီးမှုများမှာ” ညီညွတ်နေတာလား--။ ဆိုတာ အမှန်ကို ချစ်ခင်သူများ ဆင်ခြင်နိုင်ပါစေ။

RNDP ညီပုနဲ့ NLD အောင်ဇံဝေ တို့၏ ဆောင်ရွက်ချက်များကို ဆက်လက် ဖေါ်ပြပါမည်။
Rohingya Exodus