နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ပြည်နယ်တွင်းက အခြေအနေမှန်ကို သိရှိနိုင်ဖို့ အတွက် အမှန်တကယ် သီးခြား လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး တစ်ရပ် ပြုလုပ်ဖို့ လိုတယ်လို့ မြန်မာပြည်တွင်းက အဖွဲ့အစည်း ၄၀ ကျော်က ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။






မြန်မာအစိုးရမှ ရိုနေဆန်းလွင် နှင့် Rohingya Blogger သတင်းများ အပေါ် အခြေအမြစ်မရှိသည့် လုပ်ကြံစွပ်စွဲချက်များ ပြုလုပ်ခဲ့ခြင်းနှင့် စပ်လျဉ်း ၍ Rohingya Blogger ၏ ထုတ်ပြန်ကြေညာချက်

လန်ဒန်မြို့၊ ဗြိတိန်နိုင်ငံ
၂၀၁၇ ခုနှစ် ဇန်န၀ါရီလ (၁၃) ရက်

Rohingya Blogger (RB News) သတင်းအဖွဲ့၏ ပြီးခဲ့သည့် သီတင်းပတ်များ အတွင်းက ရိုဟင်ဂျာများ အပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ရေး သားချက်များ အပေါ် မြန်မာအစိုးရဖက်မှ အခြေအမြစ်မရှိ၊ တစ်ဖက်သတ် လုပ်ကြံစွပ်စွဲချက်များ ထုတ် လွှင့်ရေးသားခဲ့သည့် အတွက် ကျွန်ုပ်တို့အဖွဲ့အနေဖြင့် များစွာ စိတ်အနှောက်အယှက်ဖြစ်ရပါသည်။

ကျွန်ုပ်တို့ အဖွဲ့သည် နိုင်ငံရပ်ခြား နှင့် ရိုဟင်ဂျာအများစု နေထိုင်ရာ မြန်မာနိုင်ငံ၏ အနောက်ပိုင်း အာရ်ကာန်ဒေသ မြောက်ပိုင်းမှ ရိုးသားသော နိုင်ငံကြီးသား ပီသသည့် စာနယ်ဇင်း သတင်းသမားများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

ကျွန်ုပ်တို့သည် မြန်မာအစိုးရ အဆက်ဆက်၏ ရိုဟင်ဂျာအသိုင်းအ၀ိုင်း အပေါ် ဆယ်စုနှစ်ပေါင်းများစွာ ကျူးလွန်လျက်ရှိသော ရာဇ၀တ်မှုမြောက်သည့် လူမျိုးတုန်းသတ်ဖြတ်နေမှုများကို နက်နက်ရှိုင်းရှိုင်း သိရှိထားသူများ ဖြစ်ပြီး၊ ကျွန်ုပ်တို့၏ ဒေသဆိုင်ရာ ကျွမ်းကျင်နှံ့စပ်မှုများအပေါ် ယုံကြည်အား ထားသောကြောင့် နိုင်ငံတကာ သတင်းဌာနကြီးများကပင် ကျွန်ုပ်တို့ထံမှ သတင်းအရင်းအမြစ်များကို ရယူပြီး သတင်းထုတ်ပြန်နိုင်ရန် ညှိနှိုင်းဆွေးနွေး တိုင်ပင်လေ့ရှိကြပါသည်။ ကျွန်ုပ်တို့၏ သတင်းအဖွဲ့ အား နိုင်ငံတကာ သတင်းဌာနများမှ ယုံကြည်မှုရှိသည်ကို ဖျက်လိုဖျက်ဆီးလုပ်ရန် ရည်ရွယ်၍ တမင်တကာ ကြံစည်အားထုတ်ကာ မနှစ်မြို့ဖွယ်ကောင်းလောက်အောင် ၀ါဒဖြန့်ချီနေမှုများ၏ နောက်ကွယ် တွင် မြန် မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းထုတ်ပြန်ရေး ကော်မတီနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးတို့မှ တရားဝင် ပါဝင် ပတ်သက်နေပါသည်။

၂၀၁၇ ခုနှစ် ဇန်န၀ါရီလ (၇) ရက်နေ့နှင့် (၈) ရက်နေ့များတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ် တောင် ပိုင်း၊ ဂေါ်ဒူသာရကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ ကျွန်ုပ်တို့ဘက်မှ ရေးသားခဲ့ သည့် သတင်းမှာ လုပ်ကြံထားသည့် သတင်းများသာဖြစ်သည်ဟု မြန်မာအစိုးရက လွဲမှားစွာ စွပ်စွဲခဲ့သည်။ Rohingya Blogger ၏ ဂုဏ်သိက္ခာ ထိခိုက်အောင် မြန်မာစစ်တပ်ပိုင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook စာမျက်နှာမှ ပထမဆုံး စတင် တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။

ကျွန်ုပ်တို့သည် ဂေါ်ဒူသာရ ကျေးရွာ၌ ရိုဟင်ဂျာ အမျိုးသမီးနှင့် မိန်းကလေး (၁၃) ဦးတို့ကို မြန်မာ တပ်ဖွဲ့ဝင်  များက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြောင်း ကျွန်ုပ်တို့၏ ရေးသားခဲ့သည့် သတင်း များ အပေါ်တွင်လည်း အခိုင်အမာ ရပ်တည်ပါသည်။ အမှန်တကယ်လည်း ကျွန်ုပ်တို့၏ Rohingya Blogger သတင်းအဖွဲ့သည် မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများနှင့် သာမက မျက်မြင်သက်သေများနှင့်ပါ စကားပြော ဆိုခဲ့ပါသည်။ ထို့အတူ အစကနဦးတွင် ရရှိထားခဲ့သည့် မြန်မာတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာရွာသားများ အပေါ် ရိုက်နှက်ညှဉ်းပန်း နှိပ်စက်ခြင်း၊ ဖမ်းဆီးခြင်း၊ လုယက်ခြင်းနှင့် မုဒိမ်းကျင့်ခြင်း စသည့် သတင်းများကို လည်း သေချာစွာ စီစစ်ခဲ့ပါသည်။

၂၀၁၇ ခုနှစ် ဇန်န၀ါရီလ (၇) ရက်နေ့ ညပိုင်းတွင် မောရ၀တီကျေးရွာ အခြေစိုက် စစ်တပ် တပ်ရင်းမှ စစ်သားများနှင့် မန်ကျည်းချောင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာ အမျိုးသမီးနှင့် မိန်းကလေး (၁၃) ဦးတို့ကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့သည့် သတင်းအချက်အလက်များကိုလည်း ကျွန်ုပ်တို့အဖွဲ့မှ တာဝန်ယူပါသည်။ အဆိုပါ တပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ (၈) ရက်နေ့တွင်လည်း ရိုဟင်ဂျာရွာသား (၇) ဦးကို ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ ဇန်န၀ါရီလ (၈) ရက်နေ့ နံနက်ပိုင်းတွင် ရဲမှူးကျော်သူရီ ဦးဆောင်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဖြစ်ရပ် အသေးစိတ်ကို မှတ်တမ်းယူ၍ အထက်အရာရှိများကို တင်ပြခဲ့သည်။ တပ်ဖွဲ့ဝင်များက အမျိုးသမီး (၃၀) ဦးနှင့် အမျိုးသား (၇) ဦးတို့ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ သေလုမျောပါး ရိုက်နှက်ခြင်း၊ အခြားသော ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများ ကျူးလွန်ခဲ့သည်။ ယင်းနေ့ ညနေပိုင်းတွင် မောရ၀တီ အခြေစိုက် တပ်ရင်းမှူးက ညှဉ်းပန်းနှိပ်စက်ခံရသည့် အမျိုးသားများကို ခေါ်ဆောင်သွားပြီး ဆေးကုသပေးခဲ့သည်။

ဇန်န၀ါရီလ (၁၀) ရက်နေ့တွင်လည်း မြန်မာ တပ်ဖွဲ့ဝင်များသည် ညှဉ်းပန်းနှိပ်စက်ခံထားရသည့် ရိုဟင်ဂျာ ရွာသား (၄) ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွားပြီး အတင်းအကျပ် လက်မှတ်ရေးထိုး ခိုင်းခဲ့သည်။ ထို့နောက် လက်မှတ်ထိုးပေးရသူများကို ငွေကျပ် ၅ သောင်းစီ ပေး၍ ၎င်းတို့ မျက်ဝါးထင် ထင် တွေ့ကြုံ မြင်တွေ့ခဲ့ရသည့် လိင်အကြမ်းဖက်မှုများ၊ လုယက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်မှု များကို မည်သူ့ကိုမှ ပြန်မပြောရန် အမိန့်ပေး ညွန်ကြားခဲ့သည်။ အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်၍ ခိုင်မာတိ ကျသော သက်သေ၊ အထောက်အထားများ အားလုံးကို Rohingya Blogger မှ စုဆောင်းခဲ့ပြီး၊ သတင်း အဖွဲ့၏ လက်ဝယ်တွင် ရရှိထားပြီ ဖြစ်သည်။

Rohingya Blogger အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ စွပ်စွဲတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တွင် နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီကလည်း အလားတူ စွပ်စွဲသည့် သတင်းမျိုးကိုပင် ကျွန်ုပ်တို့သတင်းအဖွဲ့၏ အမည်ကို အသုံးမပြု ဘဲ အင်တာနက်တွင် ၀ါဒဖြန့်ချီသည့် စာမျက်နှာဟု ဆိုကာ ရေးသားဖော်ပြခဲ့ပြန်ပါသည်။ မြန်မာအစိုးရပိုင် သတင်းဌာနနှင့် ပြည်တွင်း သတင်းဌာနများကပါ အဆိုပါ မမှန်မကန် စွပ်စွဲသည့် သတင်းကို အွန်လိုင်းတွင် ရေးသားဖြန့်ချီခဲ့သည့် အပြင် သတင်းစာများတွင်လည်း ရေးသားဖော်ပြခဲ့ပါသည်။

နိုင်ငံတကာ သတင်းသမားများ အကြားတွင် ကျွန်ုပ်တို့သတင်းအဖွဲ့သည် ရိုဟင်ဂျာများနှင့် ပတ်သက် သည့် နောက်ဆုံးရသတင်းနှင့် သတင်းအရင်းအမြစ်များကို ဆယ်စုနှစ်တစ်စုတိုင်အောင် တင်ဆက်နိုင် ခဲ့သည့် ယုံကြည်စိတ်အချရဆုံး သတင်းရင်းမြစ်များအနက် တစ်ခုဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် အမေရိကန် အခြေစိုက် အဖွဲ့အစည်း ၉ ခုမှ Rohingya Blogger ကို ဆုတံဆိပ် ချီးမြှင့်ခဲ့ပြီးဖြစ်သည်။

ယခုအခါ မြန်မာအစိုးရက ရိုဟင်ဂျာများအပေါ် ဖိစီးနှိပ်စက်နေမှုများကို နိုင်ငံတကာအသိုင်းအ၀ိုင်းမှ လူမျိုးတုန်းသုတ်သင်ခြင်း၊ လူသားမျိုးနွယ်စု တစ်ခုအပေါ် ရာဇ၀တ်မှု ကျူးလွန်ခြင်း၊ လူမျိုးတုန်း သတ်ဖြတ်ခြင်းဟု သတ်မှတ်ခေါ်ဝေါ်လာလျက်ရှိရာ ကျွန်ုပ်တို့ အနေဖြင့် ရိုဟင်ဂျာများ၏ ကြုံတွေ့နေသည့် အခြေအနေမှန်များကို ကမ္ဘာအနှံ့ သိရှိစေရန် အတွက် CNN နှင့် BBC မှသည် Al Jazeera နှင့် New York Times အထိ ကျော်ကြားသည့် သတင်းဌာနများ အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအဖွဲ့နှင့် မြန်မာစစ်ခေါင်းဆောင်းများ ပူးပေါင်း၍ ကျွန်ုပ်တို့သတင်းအဖွဲ့အား အခြေအမြစ်မရှိ စွပ်စွဲသည်များကို ကျွန်တော်များဘက်မှ ပြတ်ပြတ်သား သား ငြင်းဆန်ပယ်ချ ၍ ပြင်းပြင်း ထန်ထန် ရှုတ်ချပါသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းထုတ်ပြန်ရေး ကော်မတီမှ Rohingya Blogger က သတင်းတုများကို လုပ်ကြံဖန်တီး၍ ကမ္ဘာသို့ ဖြန့်ချီနေသဖြင့် Al Jazeera အင်္ဂလိပ်ပိုင်း အစီအ စဉ်မှ သတိပေးနေရသည့်သဖွယ် ထင်ယောင်ထင်မှား ဖြစ်စေရန် Al Jazeera ၏ ဗီဒီယို သတင်း (ကိုးကား #AJNewsGrid, ၂၀၁၆ နိုဝင်ဘာလ ၂၁) ကို မမှန်မကန် ဘာသာပြန်ပြီး မူရင်းဆိုလိုချက်များ ပျောက် ကွယ်သွားအောင် ပြုလုပ်ခဲ့ခြင်းကိုလည်း ကျွန်ုပ်တို့အဖွဲ့မှ ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်။ Al Jazeera သတင်းဋ္ဌာန မှ ကျွန်ုပ်တို့၏ သတင်းအရင်းအမြစ်များကို အသုံးပြုခြင်းမှာလည်း ၎င်းတို့၏ အယ်ဒီတာများ၊ သတင်းထုတ်လုပ်သူများမှာ ကျွန်ုပ်တို့သတင်းအဖွဲ့၏ Blogger များနှင့် ပူးပေါင်း၍ ယုံကြည်စိတ်ချစွာ သတင်းအချက်အလက်များ ဖလှယ်ခြင်း၊ ပုဂ္ဂိုလ်​ရေး သိကျွမ်းခြင်းတို့အပြင် ယုံကြည်စိတ်ချရသည့် မြေပြင်မှ ရိုဟင်ဂျာများ၏ သတင်းအရင်းအမြစ်များ ရရှိနိုင်ကြောင်း သိရှိကြ၍ဖြစ်သည်။ 

မြန်မာအစိုးရ၏ အာဘော်ဖြစ်သည့် The Global New Light of Myanmar မှ ကျွန်ုပ်တို့သတင်းအဖွဲ့၏ ဘလော့ဂါများနှင့် သတင်းသမားများထဲမှ Blogger တစ်ဦးဖြစ်သည့် ရိုနေဆန်းလွင် ဆိုသူအား သတင်းမှား များကို ပေးပို့ ဖြန့်ချီနေသူတစ်ဦးအဖြစ် မမှန်မကန် စွပ်စွဲထားသည့် သတင်းဆောင်းပါးအား ရေး သားဖော်ပြ ခဲ့သည်။ (#AJNewsGrid, ၂၀၁၆ နိုဝင်ဘာလ ၂၁) ကို ကိုးကား၍ အင်တာနက် အသုံးပြုသူများ အကြား တွင် အချို့သော ဓာတ်ပုံများကို ရခိုင်ပြည်နယ်မှ ဓါတ်ပုံများဟု မှားယွင်းစွာ ဖော်ပြနေခြင်းအကြောင်း Al Jazeera မှတင်ဆက်ခဲ့ရာ The Global New Light of Myanmar မှ ဖျက်လိုဖျက်ဆီးစိတ်ဖြင့် ကျွန်ုပ်တို့၏ Blogger ရိုနေဆန်းလွင်မှ ဖြန့်ချီနေသယောင် လိုရာဆွဲ၍မမှန်မကန် လွဲမှားစွာ ဘာသာပြန် ဖော်ပြမှု ကို မေးခွန်းထုတ်ရန် လိုပေသည်။ The Global New Light of Myanmar မှ မမှန်မကန် စွပ်စွဲရေးသား ရာတွင် ရည်ညွန်းထားသည့် ဓါတ်ပုံများမှာ Al Jazeera သတင်းဋ္ဌာန မှ အသုံးပြုထားသည့် ရိုနေဆန်းလွင်၏ Twitter account တွင် Tweet ထားသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ အခြေအနေမှန်ကို သေချာစီစစ်၍ တင်ထားသော မှန်ကန်သည့်ဓာတ်ပုံများသာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရ သတင်းဌာနမှ ယခုကဲ့သို့ လိုရာဆွဲကာ မမှန်မကန် ဖော်ပြခြင်းသည် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာ့ထိပ် တန်း ခေါင်းဆောင်များအကြား အမှန်တရားကို မျက်ကွယ်ပြုကာ ထင်ရာမြင်ရာကို အရဲစွန့်လုပ်ခြင်း လက္ခဏာတစ်ရပ် ဖြစ်ပေသည်။ အာဏာနှင့် သြဇာလွှမ်းမိုးမှု ရှိသည်ဟု ထင်ရသည့် မြန်မာ့ခေါင်းဆောင် များ သည် နိုင်ငံတကာတွင် မီဒီယာအသုံးချ ၀ါဒဖြန့်ချီမှု စစ်ပွဲ၌ အရှုံးကြီး ရှုံးနိမ့်လျက်ရှိပြီး ၎င်းတို့၏ လူမျိုးတုန်း သုတ်သင်နေသည့် လုပ်ရပ်များကို ဖုံးကွယ်ရန် ကြံစည်အားထုတ်နေခြင်းနှင့် ဖြစ် ရပ်မှန်များ ကို ငြင်းဆန်နေခြင်းမှာလည်း ထင်ရှားနေပေသည်။

ကျွန်ုပ်တို့၏ အဓိကကျသည့် ပန်းတိုင်မှာ ရခိုင်ညီအစ်ကို၊ မောင်နှမများနှင့် ရှေးယခင်ကတည်း က အေး အတူပူအမျှ အတူယှဉ်တွဲနေခဲ့သည့် ရိုဟင်ဂျာများအပေါ် ကျူးလွန်လျက်ရှိသည့် စက်ဆုပ်ဖွယ်ကောင်းသော ရာဇ၀တ်မှုများ ရပ်တန့်သွားရန်သာ ဖြစ်ပါသည်။  

မြန်မာနိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကျွန်ုပ်တို့ဘက်မှ သတင်းအမှာစကား ပါးလိုသည်မှာ ကျွန်ုပ်တို့သည် ဟိုးယခင်ကတည်းက အသင့်အား ချစ်မြတ်နိုးခဲ့ကြပြီး၊ ကျွန်ုပ်တို့၏ မိတ်ဆွေ မွန်အဖြစ်သာမက “အမေ” ဟူ၍ပင် ခေါ်ဝေါ်ခဲ့ကြသည်။ အသင့်ကိုယ်အသင် လူသားတစ်ဦး အနေဖြင့် ရှုမြင်သကဲ့သို့ ရိုဟင်ဂျာများကိုလည်း လူသားတစ်ဦးအနေဖြင့် ရှုမြင်ပါရန် ကျွန်ုပ်တို့အနေနှင့် အလေး အ နက် တောင်းဆိုလိုက်ပါသည်။ ကမ္ဘာကြီးတစ်ခုလုံးက အသင့်ကို သနားကရုဏာ သက်ခဲ့ကြ သကဲ့သို့ ရိုဟင်ဂျာများကိုလည်း တူညီစွာ ကရုဏာသက်ပါရန် ကျွန်ုပ်တို့ တောင်း ဆိုပါ သည်။ နောက်ဆုံး အနေဖြင့် ကျွန်ုပ်တို့ တောင်းဆိုလိုသည်မှာ အသင်၏ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို အသုံးချ၍ ကျွန်ုပ်တို့၏ အဖိနှိပ် ခံပြည်သူများ လွတ်မြောက်ရေး အတွက် ကြိုးပမ်းပေးပါ ရန် တောင်းဆိုပါသည်။  

မြန်မာအစိုးရ၏ RB အပေါ် မဟုတ်မမှန် စွပ်စွဲချက်ကို အောက်ပါလင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။ http://www.globalnewlightofmyanmar.com/report-on-rb-news-website-fabricated-government-says/ 

Al Jazeera ဗီဒီယိုသတင်းကို မြန်မာအစိုးရက လုပ်ကြံရေးသားထားသည့် သတင်းကို အောက်ပါလင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။ 

Al Jazeera ၏ ဗီဒီယိုသတင်းကို အောက်ပါ လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။ https://www.youtube.com/watch?v=EBhXhOsbMJc 

Rohingya Blogger (RB News) အဖွဲ့ 

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန် - ရိုနေဆန်းလွင် + 49 69 26022349  

အောက်ဖော်ပြပါ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များက ဤထုတ်ပြန်ကြေညာချက်ကို ထောက်ခံ အတည်ပြုပါသည်။

1. International State Crime Initiative (ISCI)
2. Burma Campaign UK
3. Burma Task Force USA
4. Global Minorities Alliance (GMA)
5. Centre for Human Rights Research & Advocacy (CENTHRA), Malaysia
6. Burma Human Rights Network (BHRN)
7. Burmese Muslim Association
8. Protect The Rohingya (South Africa)
9. Civil Rights Movement
10. International Campaign for the Rohingya
11. Al Kanz (France)
12. Arakan Rohingya National Organisation
13. Burmese Rohingya Organisation UK
14. Burmese Rohingya Community in Denmark
15. Rohingya Community in Germany
16. Rohingya Community in Switzerland
17. Rohingya Organisation Norway
18. Rohingya Community in Finland
19. Rohingya Community in Italy
20. Rohingya Community in Sweden
21. Rohingya Society in Netherlands
22. Burmese Rohingya Association in Japan
23. Rohingya American Society
24. Burmese Rohingya Association in Thailand
25. Rohingya Advocacy Network in Japan
26. Burmese American Muslim Association (BAMA)
27. Rohingya Society in Malaysia (RSM)
28. Burmese Rohingya Association in Queensland-Australia (BRAQA)
29. Burmese Rohingya Community Australia
30. British Rohingya Community UK
31. Rohingya Culture Center Chicago
32. Rohingya Association Canada
33. Rohingya Peace Network of Thailand
34. Dr. Maung Zarni
35. Dr. Azeem Ibrahim
36. Jamila Hanan
37. Jennifer Sawicz
38. Andrew Day
39. Ahsan Khan
40. Janice Ahmed
41. BarakaCity
42. Dr. Habib Siddiqui
43. Paul Mooney


နေ့စွဲ၊ ၂၀၁၆ ခု နိုဝင်ဘာ ၂၉ ရက်

အထူး မေတ္တာရပ်ခံချက်

ပြည်တွင်းရှိ ရိုဟင်ဂျာ ညီအစ်ကို မောင်နှတို့အား မတရားသဖြင့် သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း အဓမ္မကျင့်မှု ကျူးလွန်ခြင်း၊ အိုးအိမ် ဥစ္စာ လယ်ယာတို့အား ဖျက်ဆီးခြင်း၊ လူမျိုးတုံး သုတ်သင်သည် ထိ ကျူးလွန်နေမှုများ။ မြန်မာ မွတ်ဆလင် ညီအစ်ကို မောင်နှမတို့အား မတရားသော ပုဒ်မများဖြင့် အပြစ်ရှာ ဖမ်းဆီးနေခြင်း၊ ထောင်ချနေခြင်း၊ ဘာသာရေး အဆောက်အဦးတို့အား အတင်း အဓမ္မ ပိတ်ပင်ခြင်း ဖျက်ဆီးခြင်းများ အပြင် စိတ်ဓါတ်ရေးရာ သိမ်ငယ်စေရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်း မီဒီယာများနှင့် ဆိုရှယ်မီဒီယာများမှ “ဘင်္ဂလီ” တံဆိပ်ထု လှုံ့ဆော်နေခြင်းများကြောင့်-- မခံမရပ် နိုင် လောက်အောင် ခံစားနေရသည် နာကြည်းနေရသည်ကို ကျွန်ုပ်တို့ Civil Rights အဖွဲ့နှင့် ညီအစ်ကို ရိုဟင်ဂျာ အဖွဲ့အစည်းများ၊ မြန်မာမွတ်ဆလင် အဖွဲ့အစည်းများမှ နားလည်ခံစားပေးနိုင်ပါသည်။

အဆိုပါ ရာဇ၀တ်မှုတို့အား ကျူးလွန်သော၊ ကျူးလွန်ရန် သွေးထိုးလှုံ့ဆော်ပေးသော ရာဇ၀တ်ကောင် တို့အား ဤနေ့ ဤရက်မှ စ၍- ပြင်းထန်ပြတ်သား ထိရောက်သော နည်းလမ်းများဖြင့် (ကမ္ဘာ့ ဥပဒေ ဘောင်တွင်းမှ) ဆက်တိုက် အရေးယူသွားမည် ဖြစ်ကြောင်း ရိုဟင်ဂျာ မြန်မာမွတ်ဆလင် ညီအစ်ကို မောင်နှမ အပေါင်းအား အသိပေးလိုပါသည်။

အရေးယူသည် ဆိုခြင်းမှာ ပြစ်မှုကျူးလွန်သော ရာဇ၀တ်ကောင်များကိုသာ အရေးယူရခြင်း ဖြစ်၍- ဘ၀ပေး အမျိုးမျိုးကြောင့် ပြည်ပတွင် လာရောက် လုပ်ကိုင်စားသောက်နေရသော အပြစ်မဲ့သူများ မပါဝင်ပါ။ မလေးရှား၊ အင်ဒိုနီးရှား၊ ယူအေအီး၊ ဘင်္ဂလားဒေ့ရှ် စသော မွတ်ဆလင် လူများစုနေထိုင်ရာ နိုင်ငံများ အပါအ၀င် အခြားသော (ထိုင်းနိုင်ငံကဲ့သို့) ပြည်ပနိုင်ငံများတွင် လုပ်ကိုင် စားသောက်နေ ရသော- (မြန်မာ နိုင်ငံသား) ဗုဒ္ဓဘာသာ၊ ခရစ်ယာန် မည်သည့် အပြစ်မဲ့ လူသား တစ်ဦးတစ်ယောက် ကိုမျှ မထိခိုက် မနစ်နာရစေရန်- ကျွန်ုပ်တို့ ရိုဟင်ဂျာ မြန်မာမွတ်ဆလင် ညီအစ်ကို မောင်နှမ တစ်ဦးချင်းစီတွင် တာဝန်ရှိနေပါသည်။

သက်ဆိုင်ရာ နိုင်ငံတိုင်းတွင် ရှိသော ကျွန်ုပ်တို့၏ Civil Rights အဖွဲ့များနှင့် ကျွန်ုပ်တို့ဖြင့် နီးစပ်သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကိုလည်း - အပြစ်မဲ့ မြန်မာနိုင်ငံသား ညီအစ်ကို မောင်နှမ အားလုံးကို ကူညီစောင့်ရှောက်ပေးပါရန် မေတ္တာရပ်ခံထားပြီး ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ လက်လှမ်းပြင်ဘက်ရှိ ရိုဟင်ဂျာ မြန်မာမွတ်ဆလင် ညီအစ်ကိုမောင်အားလုံးကိုလည်း ထပ်တူထပ်မျှ မေတ္တာရပ်ခံပါသည်။

မည်သူ တရားပျက်ပျက်၊ မိမိဘက်မှ တရားမပျက်ရန် လွန်စွာ အရေးကြီးပါသည်။ တရားသော သူများသည်သာ အောင်မြင်မှု ပန်းတိုင်ဖြင့် အပ်စပ်ကြောင်းကိုလည်း သတိမမေ့စေလိုကြောင်း ထပ်မံ၍ မေတ္တာရပ်ခံ လိုပါသည်။ -



မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement



နေ့စွဲ၊ ၂၀၁၆ ခု နိုဝင်ဘာ ၂၄ ရက်

မြန်မာအစိုးရအား အပြင်းအထန် သတိပေးချက်နှင့် တောင်းဆိုချက်

(၁) ရိုဟင်ဂျာ လူမျိုးတို့အား ရိုဟင်ဂျာ လူမျိုးအဖြစ် အသိအမှတ်ပြု၍၊ မြန်မာနိုင်ငံရှိ လူနည်းစုအားလုံး တန်းတူညီမျှ အခွင့်အရေး လက်တွေ့ခံစားခွင့်ရှိစေရမည် ဟူသည့် နိုင်ငံတော် အမိန့်ပြန်တမ်းအား ချက်ချင်း ထုတ်ပြန်ရန်၊ (လူနည်းစု အားလုံး အတွက် ဘ၀လုံခြုံမှု အာမခံချက် ချင်းချင်းပြဌာန်း ဆောင်ရွက်ရန်)

(၂) ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာတို့အား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ ခြိမ်းချောက်ခြင်းတို့အား ချက်ချင်းရပ်တန့်ရန်။ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့နှင့် ကမ္ဘာ့ မီဒီယာတို့ အား ချက်ချင်းဝင်ခွင့်ပြုရန်၊

(၃) ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်တို့တွင် ဖြစ်ပေါ်နေသော စစ်ဘေးဒုက္ခသည် အပေါင်းထံ နိုင်ငံတကာ အကူအညီများ ချက်ချင်းဝင်ရောက်ကူညီခွင့်ပြုရန်၊

(၄) ရိုဟင်ဂျာ အပါအ၀င် မြန်မာနိုင်ငံ အတွင်းရှိ မွတ်ဆလင်တို့အား ပုတ်ခတ်စော်ကားနေသော လူပုဂ္ဂိုလ်များ၊ အာဏာပိုင်များ၊ မီဒီယာများအား ချက်ချင်း ထိရောက်စွာ အရေးယူပေးရန်၊ (မွတ်ဆလင် တို့အား ဘင်္ဂလီ ဟု သုံးနေသည့် မီဒီယာများအား ချက်ချင်း ဖမ်းဆီးအရေးယူပေးရန်)

(၅) ဖျက်ဆီးခံ ဗလီဝတ်ကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် အခြားသော သာသနိက အဆောက်အဦးများအား နိုင်ငံတော် ဘတ်ဂျက်ဖြင့် ချက်ချင်းပြန်ဆောက်ပေးရန်၊ ဖျက်ဆီးခဲ့သည့် တရားခံတို့အား ချက်ချင်း ဖေါ်ထုတ် ဖမ်းဆီးပေးရန်နှင့် ပိတ်ထားသည့် သာသနိက အဆောက်အဦး များအား ချက်ချင်းဖွင့်ပေးရန်၊

ကျွန်ုပ်တို့ Civil Rights Movement မှ ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား တောင်းဆိုလိုက်သည်။ (ဤတောင်းဆိုချက်များ မလိုက်လျှောလျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်များသည် နိုင်ငံတော် အာဏာပိုင် အစိုးရများနှင့်သာ သက်ဆိုင်သည်။)


မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement



နေ့စွဲ၊ ၂၀၁၆ ခု အောက်တိုဘာ ၁၀ ရက်



လက်တွေ့ကျကျ မှန်မှန်ကန်ကန် ဖြေရှင်းပေးပါရန် တောင်းဆိုခြင်း

မြန်မာ ဘင်္ဂလားနယ်စပ် မောင်းတောမြို့နယ်နှင့် အခြားနေရာများအား တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တို့ အား ကျွန်ုပ်တို့ Civil Rights Movement အဖွဲ့မှ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာလျှက် ရှိပါသည်။

ကျွန်ုပ်တို့ Civil Rights အဖွဲ့ အနေဖြင့် မည်သည့် လက်နက်ကိုင် ဖြေရှင်းနည်းကိုမျှ မနှစ်သက်သည့် အပြင် အားပေးခြင်းလည်း အလျှဉ်း မရှိပါ။ သို့အတွက် လက်နက်ကိုင် ဖြေရှင်းသည့် နည်းမှန်သမျှအား ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသည်။ သက်ဆိုင်ပတ်သက်သော လက်နက်ကိုင် အဖွဲ့အား ပွင့်ပွင့် လင်းလင်း တိတိကျကျ ဖေါ်ထုတ်လျှက် ပြတ်ပြတ်သားသား ချေမှုန်းပစ်ရန် အားပေးပါသည်။

သို့သော်လည်း နိုင်ငံရေးလှည့်ကွက် အဖြစ် ဖန်တီး၍ သော်လည်းကောင်း ကချင်စစ်မျက်နှာ ဖြစ်ရပ်များအား အာရုံလွှဲရန် အတွက်လည်းကောင်း ယုတ္တိမဲ့ လူမျိုးရေး ဘာသာရေး အမုန်းတရား ဓါတ်ခံများဖြင့် ရိုဟင်ဂျာတို့အား ထပ်ဆင့်ဖိနှိပ်ရန် ဟန်ပြင်သည့် အနေဖြင့်လည်းကောင်း- မသမာ သူတို့က ဖန်တီးခြင်း ဖြစ်ခဲ့သော်- ဤကိစ္စအား အစိုးရအနေဖြင့် တာဝန်ခံရမည်သာ ဖြစ်သည်။

မည်သည့် အဖွဲ့မှ ၀င်ရောက်တိုက်ခိုက်သည်ဟု တိကျစွာ အဖြေ မထုတ်နိုင်မှီ ဤကိစ္စနှင့် စပ်လျှဉ်း၍ အပြစ်မဲ့ ရိုဟင်ဂျာ လူထု အပေါ်သို့ အလျှင်စလို ခေါင်းပုံချသည့် မီဒီယာများ ပါတီဝင်များ လူပုဂ္ဂိုလ်များ အားလည်း ထိရောက်စွာ အရေးယူပေးပါရန် လက်ရှိအစိုးအား ကျွန်ုပ်တို့ တောင်းဆို ပါသည်။

ဤ ကိစ္စသည် ကျွန်ုပ်တို့ အနေဖြင့် ခေါင်းကိုက်ရမည့် ကိစ္စဆိုသည်ထက် ဖြေရှင်းမှု မမှန်ကန်လျှင် လက်ရှိ အာဏာပိုင် အစိုးရ အနေဖြင့် ကုစားမရနိုင်သည့် ခေါင်းကိုက်ရမှုကြီးဖြင့် ရင်ဆိုင်ရမည် ဆိုသည်ကိုလည်း သတိမူမိစေလိုပါသည်။



မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement



နေ့စွဲ၊ ၂၀၁၆ ခု အောက်တိုဘာ ၇ ရက်


ပယ်ဖျက်ပြီး ဥပဒေများဖြင့် ဖမ်းဆီးခံတို့အား ချွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုခြင်း


မြန်မာ အစိုးရ၏ “အရေးပေါ်စီမံချက် ဥပဒေ (၅/ ည) အပါအ၀င်- ဧည့်စာရင်းတိုင်ရသည့် ဥပဒေများ ပေါ်လစီများအား ဖျက်သိမ်းလိုက်ခြင်းအား ကျွန်ုပ်တို့ Civil Rights Movement အနေဖြင့် လှိုက်လှဲစွာ ကြိုဆိုပါသည်။

အဆိုပါ ဥပဒေ တို့ အား ဖျက်သိမ်းလိုက်သည်နှင့် တစ်ပြိုင်နက်- ရှေးယခင် ထို ဥပဒေ များ ပုဒ်မ ခွဲများ ဆက်စပ် ပုဒ်မများဖြင့် ဖမ်းဆီး၍ ထောင်ချထားခဲ့သော အကျဉ်းသားတို့အား- ဆက်လက်၍ အကျဉ်းထောင်များတွင် ထားရှိခြင်းမှာ အကြုံးမ၀င်တော့ပေ။

သို့ဖြစ်၍- အရေးပေါ်စီမံချက် ဥပဒေ သို့မဟုတ် ဆက်စပ် ဥပဒေများဖြင့် ဖမ်းဆီး၍ ထောင်ချထားခဲ့ခြင်း၊ ဧည့်စာရင်း ကိစ္စများဖြင့် ဖမ်းဆီး၍ ထောင်ချထားခဲ့ခြင်း- ရှိသော အကျဉ်းသား အားလုံးအား ချွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် ကျွန်ုပ်တို့ Civil Rights Movement အဖွဲ့မှ တောင်းဆိုပါသည်။

အလားတူပင်- အဆိုပါ ဥပဒေများ ပုဒ်မများဖြင့် ငြိစွန်း၍- အဖမ်းမခံလိုသဖြင့် ထွက်ပြေးတိမ်းရှောင် ခဲ့ရသူတို့အား- ၀ရမ်းပြေးများ အဖြစ်မှ သော်လည်းကောင်း နာမည်ပျက်စာရင်းဝင် ရှိနေခြင်းမှ သော်လည်းကောင်း- အစိုးရအနေဖြင့် တရားဝင် ကြေငြာ၍ ပယ်ဖျက်ပေးရန်လည်း ကျွန်ုပ်တို့ Civil Rights Movement အဖွဲ့မှ တောင်းဆိုပါသည်။



မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement




ပူးတွဲထုတ်ပြန်ချက်

ရက်စွဲ။ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၃ ရက်။

ဗလီဝတ်ကျောင်းများ၊ ဘာသာရေး စာသင်ကျောင်းများနှင့် ရိုဟင်ဂျာနေအိမ်များအား ဖြိုချဖျက်ဆီးနေသည့် စီမံကိန်း များအား ရပ်တန့်ရန်။


ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များ အတွင်းရှိ ဗလီဝတ်ကျောင်းတော် ၁၂ လုံး နှင့် ဘာသာရေး စာသင်ကျောင်း ၃၅ ကျောင်းတို့ အပါအဝင် ရိုဟင်ဂျာတို့၏ အဆောက်အအုံ (၃၀၀၀) ကျော်အားတရားမဝင်ဟူသော အကြောင်းပြချက်ဖြင့် ဖြိုချဖျက်ဆီးမည့် ရခိုင်ပြည်နယ်အစိုးရ ၏ စီမံကိန်းအား အောက်တွင် လက်မှတ်ရေးထိုးထားသည့် ကျွန်ုပ်တို့ အဖွဲ့အစည်းများမှ ပြင်းထန်စွာ ကန်ကွက် ရှုတ်ချပါသည်။

ရိုဟင်ဂျာအဆောက်အအုံများအား ဖြိုချဖျက်ဆီးသည့် အမိန့်အား ရခိုင်ပြည်နယ်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းမှ စက်တင်ဘာလ (၁၈) ရက်နေ့တွင် မောင်တောမြို့နယ်၌ ထုတ်ပြန်ခဲ့ပြီး မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်မှလည်း ထပ်မံအတည်ပြုပြောကြားခဲ့သည့်အတွက် ရိုဟင်ဂျာလူ့အဖွဲ့အစည်းတစ်ရပ်လုံးက စိုးရိမ်ပူပန်လျက်ရှိကြသည်။ ဤစီမံကိန်းသည် အကာအကွယ်မဲ့နေသည့် ရိုဟင်ဂျာများအလုံးစုံ ပျက်သုဉ်းရေးနှင့် မျိုးတုန်းသန့်စင်ရေးမူဝါဒ၏ အစိတ်အပိုင်းပင်ဖြစ်သည်။

ဤအမှုသည် နယ်မြေတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုတို့ကို ပျက်ပြားစေရန် ရည်ရွယ်ကာ ရခိုင်ပြည်နယ်အစိုးရနှင့် ရခိုင်ဗုဒ္ဓဘာသာ အစွန်းရောက် ခေါင်းဆောင်တို့ ပူးပေါင်းကြံစည်လုပ်ဆောင်သည့် လုပ်ရပ်ဖြစ်ပြီး၊ အခြေအနေမဲ့ ရိုဟင်ဂျာများ ပိုမိုများပြားလာစေကာ၊ ခွဲခြားဆက်ဆံသည့် ဒုက္ခသည် စခန်းများ မောင်တော ခရိုင်တွင် ဖြစ်တည်လာစေရန်နှင့် ရိုဟင်ဂျာများအား ၎င်းဒုက္ခသည်စခန်းများ အတွင်း ထားရှိရန်ဆောင်ရွက်ခြင်းသာ ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့ကုလသမဂ္ဂ ၇၁ ကြိမ်မြောက် အထွေထွေ ညီလာခံ၌ ပထမဦးဆုံး မိန့်ခွန်းပြောကြားသည့်အချိန်နှင့် ချိန်ကိုက်ကာ အဆိုပါ နိမိတ်ဆိုးအစီအမံအား ကြေငြာခဲ့ခြင်းသည် အံ့အားသင့်ဖွယ်ရာဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းမိန့်ခွန်းပြောကြားရာ၌ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းခြင်းအား ညွှန်းဆိုကာ ရိုဟင်ဂျာများနှင့် မွတ်စ်လင်မ် လူနည်းစုများအပေါ် မတရားပြုမူမှုများ အားပပျောက်စေရန် သူမ၏ အစိုးရအဖွဲ့မှ မည်သို့မည်ပုံ ကြိုးစားလျက်ရှိကြောင်း ကာကွယ်ပြောဆို သွားခဲ့သည်။ ရခိုင်ပြည်နယ်တွင်းရှိ လူတိုင်းသည် ဘေးကင်း လုံခြုံမည်ဟုလည်းသူမက ပြောကြားခဲ့သည်။

၁၉၆၂ ခုနှစ်၊ ဦးနေဝင်း၏ စစ်အစိုးရ လက်ထက်မှစတင်ကာ ရိုဟင်ဂျာများ၏ အခြေခံအခွင့်အရေးများနှင့် လွတ်လပ်မှုများသည် ပြင်းထန်စွာကန့်သတ်ခြင်းခံနေရသည့်အတွက် ရိုဟင်ဂျာများသည် လူမျိုးရေး၊ ဘာသာ ရေးနှင့် နိုင်ငံရေးဆိုင်ရာ ဖိနှိပ်မှုများကို ခံစားနေရကာ၊ လူသားဆန်မှုနှင့်ဆန့်ကျင်နေသည့်ပြစ်မှုများသည် ဖြည်းညှင်း မျိုးတုန်းသတ်ဖြတ်မှုအဆင့်သို့ ရောက်ရှိ၍ ရိုဟင်ဂျာများသေကြေပျက်စီးခြင်း၊ ၎င်းတို့၏ နေအိမ် များနှင့် သာသနိကအဆောက်အအုံများအစုအပြုံလိုက်ဖျက်ဆီးခံ ရခြင်းတို့ကြောင့် ရိုဟင်ဂျာတို့သည်ဒုက္ခ သည်များအဖြစ်ဘင်္ဂလားဒေရှ်နိုင်ငံအပါအဝင် အခြားနိုင်ငံများသို့မဖြစ်စဖူးထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်မှာ ၁၉၇၈ ခုနှစ် နှင့် ၁၉၉၁-၁၉၉၂ တို့က သက်သေခံလျက်ရှိပါသည်။

န.စ.က တပ်ဖွဲ့အား ရခိုင်မြောက်ပိုင်း၌ ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ချိန်မှစ၍ အာဏာပိုင်များထံမှခွင့်ပြုချက်မရှိဘဲ၊ မည်သည့်အဆောက်အဦကိုမှ အသစ်ဆောက်လုပ်ခြင်း၊ ချဲ့ထွင်ခြင်းတို့ပြုလုပ်ခွင့်မရှိပါ။ အဆောက်အဦအားပြင်ဆင်ခြင်း၊ နေအိမ်အားခြံစည်းရိုးခတ်ခြင်းတို့အတွက်ပင် အာဏာပိုင်များ၏ ခွင့်ပြုချက်လိုအပ်ပါသည်။ ဗလီဝတ်ကျောင်းများနှင့် ဘာသာရေးစာသင်ကျောင်းများ ဆောက်လုပ်ခွင့်မရှိသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ရုံမက၊ အစ္စလာမ်ဘာသာရေး အဆောက်အအုံများအား ဖြိုဖျက်ခြင်းများကိုမူ ရခိုင်ပြည်နယ် တစ်ခုလုံးတွင်စီမံကိန်းဖြင့် အကွက်ကျကျ ဆောင်ရွက်လျက်ရှိပါသည်။ ခရစ်သက္ကရာဇ် (၁၄၃၃) ခုနှစ်၌ မြောက်ဦးမြို့ မင်းတရပြင် အရပ်တွင် မွတ်စ်လင် တပ်မတော်မှ တည်ဆောက်ခဲ့သည့် သမိုင်းဝင်အကျော်အမော် စင်ဒီခန်းဗလီအား ၁၉၉၂ ခုနှစ်တွင် ဗိုလ်ချုပ်ခင်ညွန့်မှ ဖျက်ဆီးခဲ့ပါသည်။

၂၀၁၂ ခုနှစ် ဇွန်လမှ စတင်ခဲ့သည့် ရိုဟင်ဂျာလူနည်းစု အပေါ် အကြမ်းဖက်မှုများနှင့် လူမျိုးတုန်း သတ်ဖြတ် တိုက်ခိုက်မှုများကြောင့် ရာပေါင်းများစွာသောမွတ်စ်လင်မ်များ သေကြေခြင်း၊ ၁၆၀,၀၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ပြီးထောင်ပေါင်းများစွာသောလူများသည် စံမမှီသော လှေများဖြင့် အန္တရာယ်ပြွမ်းသော ပင်လယ်ခရီးကြမ်းကို သက်စွန့်စံဖျားဖြတ်ကျော်ကာအရှေ့တောင်အာရှနိုင်ငံများသို့ ထွက်ပြေးကြခြင်းကြောင့် အတော်များများသည် ရေနစ်သေဆုံးခြင်း၊ လူကုန်ကူးသူများစီရင်သည့် အစုလိုက်အပြုံလိုက်မြှုပ်နှံရာ သင်္ချိုင်းတွင်းများ၌ ဘဝအဆုံး သတ်ခဲ့ကြရသည်။

ဤသို့သောဖြစ်ရပ်များ များစွာဖြစ်ပွားခဲ့သော်လည်း ရခိုင်ပြည်နယ်အစိုးရသည် ၎င်းတို့၏ လိမ်လည်လှည့်ဖြား မှုနှင့် ရိုဟင်ဂျာများအပေါ် လူမျိုးနှင့်ဘာသာတရား အခြေခံရက်စက်မှုများနှင့်ပတ်သက်၍ အသိတရားမရရှိ သေးပါ။ တရားမဝင်အဆောက်အအုံများဟူသော စွဲချက်သည်အခြေအမြစ်မရှိရုံမက၊ နိုင်ငံရေးအသုံးချမှုသာ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သက်ဆိုင်ရာအာဏာပိုင်များ၏ သဘောတူခွင့်ပြုချက်မရှိဘဲ အဆောက်အအုံများ ဆောက်လုပ်ခဲ့မှုသည် လုံးဝမဖြစ်နိုင်သောကြောင့်ပင်။

အပြည်ပြည်ဆိုင်ရာလူ့အဖွဲ့အစည်းအနေဖြင့်ကမ္ဘာ့ကုလသမဂ္ဂ စာချုပ်နှင့်လျော်ညီစွာ ရခိုင်ပြည်ရှိ မွတ်စ်လင် ရိုဟင်ဂျာများအား အကာအကွယ်ပေးရန် ထိရောက်သောအရေးယူမှုတို့ကို အချိန်နှင့်တစ်ပြေးညီ အတူတကွ ဆောင်ရွက်ရန်အရေးကြီးနေပါသည်။သို့မဟုတ်ပါကအကာအကွယ်မဲ့နေသော ရိုဟင်ဂျာလူ့အဖွဲ့အစည်းသည် ဖျောက်ဖျက်ခြင်းခံရမည်သာဖြစ်ပါသည်။ သို့ပါသောကြောင့် NLD ဦးဆောင်သောအစိုးရအားဖိအားပေးရန် ကျွန်ုပ်တို့သည် အပြည်ပြည်ဆိုင်ရာလူ့အဖွဲ့အစည်း၊ ကမ္ဘာ့ကုလသမဂ္ဂ၊ OIC၊ EU၊ ASEAN၊ US နှင့် UK တို့အားလေးစားစွာပန်ကြားအပ်ပါသည်။

(၁) ရခိုင်ပြည်နယ်ရှိ ဗလီဝတ်ကျောင်းများ၊ ဘာသာရေးစာသင်ကျောင်းများ နှင့် ရိုဟင်ဂျာတို့၏ အဆောက် အအုံများအား တရားမဝင်ဆောက်လုပ်ထားသည်ဟူသော အကြောင်းပြချက်ဖြင့် ဖျက်ဆီးပစ်မည့် စီမံကိန်းအား ချက်ခြင်းရပ်တန့်ရန်။

(၂) လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်၊ သာသနိကအဆောက်အအုံများအားအကာအကွယ်ပေးခြင်း၊ လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်၊ လက်ထပ်ထိမ်းမြားခွင့်၊ ပညာသင်ကြားခွင့်၊ ကျန်းမာရေးအစောင့်အရှောက်၊ တည်ငြိမ်းအေးချမ်းစွာနေထိုင်ခွင့် အပါအဝင် အခြေခံလွတ်လပ်များအားချက်ခြင်းပြန်လည်ပေးအပ်ရန် နှင့် ရခိုင် ပြည်နယ်တွင်းရှိ အကူအညီပေးရေးကန့်သတ်ပိတ်ပင်တားမြစ်ချက်များအားလုံးကိုရုပ်သိမ်းပေးရန်။

(၃) ဖိနှိပ်ညှင်းပန်းမှုများအားလုံးနှင့် အကျယ်ချုပ်သဖွယ်နေထိုင်စေမှုများအားလုံးကို အဆုံးသတ်ပေးရန်၊ ဒုက္ခသည်စခန်းများအားလုံးရှိ ဒုက္ခသည်များကို ပြန်လည်ထူထောင်ပေးရန်နှင့် မူလနေရာများသို့ပြန်လည် နေထိုင်စေရန်။

ရိုဟင်ဂျာများနှင့် အခြားမြန်မာနိုင်ငံသားများအပေါ်ကျူးလွန်လျှက်ရှိသည့် ပြစ်မှုများအားစုံစမ်းစစ်ဆေးပြီး တွေ့ရှိ ချက်များကို ကမ္ဘာသိဖော်ပြနိုင်ရန်နှင့်ကျူးလွန်သူများကို တရားဥပဒေဘောင်အတွင်းသို့ဆောင်ယူလာနိုင်မည့် ကမ္ဘာ့ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်တစ်ရပ်ပေါ်ပေါက်လာရေး အထောက်အပံ့ပြုရန် လတ်တလောအားဖြင့် ကျွန်ုပ်တို့သည် အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းအားတိုက်တွန်းအပ်ပါသည်။

လက်မှတ်ရေးထိုးသည့်အဖွဲ့အစည်းများ

၁။ အာရ်ကာန်ရိုဟင်ဂျာအမျိုးသားအစည်းအရုံး (Arakan Rohingya National Organisation)
၂။ မြန်မာရိုဟင်ဂျာအစည်းအရုံး UK (Burmese Rohingya Organisation UK)
၃။ ဘရဒ်ဖိုဒ် ရိုဟင်ဂျာ အသိုင်းအ၀ိုင်း UK (Bradford Rohingya Community in UK)
၎။ ဒိန်းမတ် မြန်မာရိုဟင်ဂျာအသိုင်းအ၀ိုင်း (Burmese Rohingya Community in Denmark)
၅။ ဂျာမနီ ရိုဟင်ဂျာအသိုင်းအ၀ိုင်း (Rohingya Community in Germany)
၆။ ဆွစ်ဇလန် ရိုဟင်ဂျာအသိုင်းအ၀ိုင်း (Rohingya Community in Switzerland)
၇။ နော်ဝေး ရိုဟင်ဂျာအသိုင်းအ၀ိုင်း (Rohingya Organisation Norway)
၈။ ဖင်န်လန် ရိုဟင်ဂျာအသိုင်းအ၀ိုင်း (Rohingya Community in Finland)
၉။ အီတလီ ရိုဟင်ဂျာအသိုင်းအ၀ိုင်း (Rohingya Community in Italy)
၁၀။ ဆွီဒင် ရိုဟင်ဂျာအသိုင်းအ၀ိုင်း (Rohingya Community in Sweden)
၁၁။ နယ်သာလန် ရိုဟင်ဂျာအသိုင်းအ၀ိုင်း (Rohingya Society Netherlands)

သတင်းအချက်အလက်များ ထပ်မံသိရှိလိုပါက၊ အောက်ပါ ပုဂ္ဂိုလ်များအား ဆက်သွယ်နိုင်ပါသည်။

ထွန်းခင် -- မိုဘိုင်း +၄၄ ၇၈၈၈၇၁၄၈၆၆
ကိုကိုလင်း -- မိုဘိုင်း +၈၈၀ ၁၇၂၆၀၆၈၄၁၄
နေဆန်းလွင် -- မိုဘိုင်း +၄၉ ၆၉ ၂၆၀၂၂၃၄၉





နေ့စွဲ၊ ၂၀၁၆ ခု စက်တင်ဘာ ၂၂ ရက်

လူ့အခွင့်ရေး ကာကွယ်စောင့်ရှောက်သူများအား မေတ္တာရပ်ခံချက်

မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ ကာကွယ်စောင့်ရှောက်လိုသူများ ယခင်နှစ်များထက် ပိုမို ပေါ်ပေါက်လာခြင်း အပေါ် ကျွန်ုပ်တို့၏ Civil Rights Movement အဖွဲ့မှာ အထူးဝမ်းမြောက်စွာ ကြိုဆိုပါသည်။

လူ့အခွင့်အရေး Human Rights နှင့် Civil Rights ဟူသည် အသွင် သဏ္ဍာန်အားဖြင့် တူညီဟန် ရှိသောလည်း အနက်သဘောမှာ ကွဲပြားလျှက် ရှိသည်။ Human Rights ဟူသည် လူ သား တို့၏ အခွင့်အရေး ချိုးဖေါက်ခံရခြင်းအား ခုခံကာကွယ်ခြင်း သဘောကို ဆောင်၍- Civil Rights ဟူသည် လူအတန်းအစား ခွဲခြားခံရခြင်းအား ခုခံကာကွယ်ခြင်း ဖြစ်သည်။

ကျွန်ုပ်တို့ Civil Rights Movement အနေဖြင့် မြန်မာပြည် အတွင်း ဖြစ်နေသော - အင်းဝ အပ်ချုပ်ဆိုင် ကိစ္စ အပါအ၀င်- ဖြစ်ရပ်များ အပေါ် မျက်ခြေပြတ်ခြင်း မရှိပါ။ လူသား အချင်းချင်း နှိပ်စက်ခြင်း၊ ကျွန်ပြုခြင်း၊ အနိုင်ကျင့်ခြင်းများအား ကျွန်ုပ်တို့ Civil Rights Movement အနေဖြင့် စက်ဆုတ်မုန်းတီးပါသည်။ သို့အတွက် - လူသားချင်း ကူညီစောင်မသော သတင်းထောက် ပုဂ္ဂိုလ်ဖြင့် ၀န်းရံကြသော သူတို့အားလည်း ကျေးဇူးတင်စွာဖြင့် အသိအမှတ်ပြု ပါသည်။ ထိုပုဂ္ဂိုလ်မျိုး အတွက် ဂုဏ်ယူပါသည်။

ထိုဖြင့် တစ်ဆက်တည်းပင်- လူ့အခွင့်အရေး ခုခံကာကွယ်သူများ အနေဖြင့် - လူမျိုးရေးဆန်သော ဝေါဟာရများ၊ ခံစားချက်များမှ ကင်းရှင်းစေရန် သတိကြီးစွာ ဆောင်ရွက်ပါရန် မေတ္တာရပ်ခံပါသည်။ မိမိတို့၏ အနိုင်ယူလိုဇောဖြင့်- စိတ်လိုက်မာန်ပါမှုများ ဖြစ်လာခဲ့သော်- လူမျိုးရေး ဘာသာရေး အသုံးချ လိုသူများ၏ ပရောဂများလည်း ပူးကပ်သွားနိုင်သည်- ဆိုခြင်းအား ဆင်ခြင်ပါရန် မေတ္တာရပ်ခံပါသည်။

ကျွန်ုပ်တို့ Civil Rights Movement အနေဖြင့် လူတန်းစား မခွဲ မျက်နှာမလိုက် - သမ မျှတ သော လူ့အခွင့်အရေး လုပ်ဆောင်မှု မှန်သမျှအား ထောက်ခံအားပေးလျှက် ရှိသော်လည်း - အကယ်၍ လူ့အခွင့်အရေး ဆောင်ရွက်သူများ အနေဖြင့် လူတန်းစား ခွဲခြားမှုများ ပတ်သက်လာခဲ့သော် - ကျွန်ုပ်တို့၏ ခေါင်းစီးဖြစ်သော Civil Rihgts နှင့် ထိပ်တိုက် ဖြစ်လာမည် ဖြစ်လာ၍- လူတန်းစား ခွဲခံရသော ဘက်မှသာ ကျွန်ုပ်တို့ အနေဖြင့် ရပ်တည်ရမည် - ဖြစ်သည်ဟုလည်း အသိပေးလိုပါသည်။

တရားမျှတသော လူ့အခွင့်အရေး ၀န်ဆောင်များ၊ လှုပ်ရှားတက်ကြွသူများ- တရားမျှတမှုကို ပိုမို၍ ဖန်တီးနိုင်ကြပါစေ ဟု လည်း ဆန္ဒပြုပါသည်။


မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement



နေ့စွဲ၊ ၂၀၁၆ ခု စက်တင်ဘာ ၈ ရက်

စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ သို့ အကြံပေးခြင်း

မြန်မာ နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အပါဝင် မြန်မာ့တပ်မတော်တွင်း ဆုံးဖြတ်ချက် ပြု နိုင်သူတို့အား ကျွန်ုပ်တို့ Civil Rights Movement (For Burma) အဖွဲ့မှ စေတနာကောင်းဖြင့် ရိုးသားစွာ အကြံပြုလိုပါသည်။

ရခိုင်ပြည်နယ် ကိစ္စ အပါအ၀င် မြန်မာတစ်နိုင်ငံလုံးတွင် ဖြစ်ပေါ်နေသော၊ ဖြစ်ပေါ်ခဲ့သော- ပဋိပက္ခများ၊ ပြသနာများ၊ စစ်မက်ဖြစ်ပွားမှုများမှာ- နိုင်ငံရေး ဆိုင်ရာ ဖြေရှင်းမှုများ အပေါ် မကျေမနပ် ဖြစ်မှုများမှ စတင်ခဲ့ခြင်းများသာ ဖြစ်ပြီး- စစ်ဘက်ဆိုင်ရာ မကျေနပ်မှုများမှ စတင်ခဲ့ခြင်း အလျှဉ်း မရှိခဲ့ပါ။

သို့သော်လည်း မကျေနပ်ကြသော အုပ်စု၊ လူမျိုးစုတို့နှင့် နိုင်ငံရေးအားဖြင့် ဖြေရှင်းမှုတို့တွင် တိကျသော အဖြေ မထွက်သည်အား- အားမရ၍ ဖြစ်စေ- တိုင်းပြည်၏ အချုပ်အခြာ ထိခိုက်မည်ဟု စိုးရိမ်၍ ဖြစ်စေ- စစ်တပ်အင်အားစုမှ နိုင်ငံတော် အာဏာအား စိုးမိုးချုပ်ကိုင် လိုက်သည်မှ စ၍- ရှိရင်းစွဲ ပြသနာများမှာ ရှင်းလင်းသွားခြင်း မရှိသည့် အပြင် ပိုမို ရှုပ်ထွေးနက်နဲလာလျှက်- ကမ္ဘာ့ မျက်နှာစာ၌ “မြန်မာ စစ်ဘက်ဆိုင်ရာမှ လူ့အခွင့်အရေး ချိုးဖေါက်မှု၊ မုဒိန်းမှု၊ -- စသည်ဖြင့် နောက်ဆုံး တွင် စစ်ရာဇ၀တ်မှု များထိ -“ ပတ်သက်သည်ဟု မှတ်ချက်ပြုခံခြင်းကို ခံလာရတော့သည်။

ယခု အခြေအနေနှင့် ယခုခေတ်ကာလတွင်- မြန်မာနိုင်ငံ အနေဖြင့် လူထုကိုယ်စားပြု အစိုးရတစ်ရပ် ပေါ်လာခြင်း၊ ပြသနာ အရပ်ရပ်အား ခေါင်းခံဖြေရှင်းမည့် နိုင်ငံရေးသမားများ ပေါ်လာခြင်း- အဆိုပါ နိုင်ငံရေးပိုင်း ဆိုင်ရာ ခေါင်းဆောင်များနှင့် ဖြစ်တည်လာသော အစိုးရ အား လည်း ပြသနာများ ဖြေရှင်းရာတွင် ကမ္ဘာ့ အသိုင်းအ၀ိုင်းမှ အလုံးအရင်းဖြင့် ကူညီနေသော၊ ကူညီလိုသော အချိန် ဖြစ်လာ သဖြင့် - တပ်မတော် အနေဖြင့်သော်လည်းကောင်း တပ်မတော်ခေါင်းဆောင်များ အနေဖြင့် သော်လည်းကောင်း- မိမိတို့ နှစ်ပေါင်းများစွာ ဖြေရှင်း၍ မရခဲ့သည့် ပြသနာတို့၌ ဆက်လက်၍ လက်ထည့်လိုခြင်းများမှ- ရိုးရှင်းစွာ ရှောင်ဖယ်ပေးလျှက်- နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်တို့အား - ပြည်သူရွေးချယ်ထားသည့် အစိုးရ၏ တာဝန်ပေးမှုအားဖြင့်သာ ရပ်တည်သော တပ်မတော်တစ်ရပ် အဖြစ် အသွင်ပြောင်းလဲရန်- ကမ္ဘာ့မျက်နှာစာတွင် အမည်းစက်ဖြင့် မှတ်ချက်ပြုခံနေရခြင်းများမှ ပါးပါးနပ်နပ် ရှောင်ထွက်နိုင်ရန်နှင့် တိုင်းပြည်၏ အာဏာအား ချုပ်ကိုင်ခြင်းတည်းဟူသော အခန်းကဏ္ဍများသည် အချုပ်အခြာ အား ကာကွယ်ခြင်းမမည်- တိုင်းပြည်၏ နယ်နိမိတ်ဧရာယာအား ကာကွယ်စောင့်ရှောက်သည့် တာဝန်အား ယူခြင်းသည်သာ အချုပ်အခြာအား ကာကွယ်စောင့်ရှောက် ခြင်း ဖြစ်သည်ဟု- ဆင်ခြင်သုံးသပ်ပါရန် ရိုးသားစွာ အကြံပေးလိုပါသည်။


မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement



မြန်မာ ရိုဟင်ဂျာ အစည်းအရုံး UK (BROUK) မှ သတင်းထုတ်ပြန်ချက်။

၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက် နေ့တွင် မဆိုင်းမတွထုတ်ပြန်ရန်။

ရခိုင်ပြည်နယ်၌ အကူအညီ အထောက်အပံ့ပေးရေး ကန့်သတ်ချက်များကို NLD အစိုးရမှ ရုပ်သိမ်းပေးရေး။

အမေရိကန်နိုင်ငံအခြေစိုက် Burma Task Force မှ စီစဉ်လျှက်ရှိသည့် Global Day of Action (ကမ္ဘာလုံး ဆိုင်ရာအရေးယူဆောင်ရွက်ရေးနေ့)၏ကဏ္ဍတစ်ရပ်အနေဖြင့် မနက်ဖြန်သောကြာနေ့၊ နေ့လယ်တွင် လန်ဒန် မြို့ရှိ မြန်မာသံရုံးရှေ့၌ ဆန္ဒပြပွဲတစ်ရပ်အားပြုလုပ်ရန် မြန်မာ့ရိုဟင်ဂျာအစည်းအရုံး UK (BROUK) မှ စီစဉ် လျှက်ရှိပါသည်။ ချိကာဂို၊ ဝါရှင်တန် ဒီစီ၊ နယူးယောက်၊ လောစ်အန်ဂျလီးစ် နှင့် စတော့ဟုမ်းမြို့များတွင်လည်း ဆန္ဒပြပွဲများပြုလုပ်လျှက်ရှိပါသည်။ Global Day of Action (ကမ္ဘာလုံးဆိုင်ရာအရေးယူဆောင်ရွက်ရေးနေ့) အား ဥရောပနိုင်ငံ ၁၀ နိုင်ငံကျော်တွင်ရှိသော ရိုဟင်ဂျာအဖွဲ့ အစည်းများမှာလည်း Burma Campaign UK, Burmese Muslim Association UK အပါအဝင်အခြားအဖွဲ့အစည်းများ နှင့် အတူတကွ ထောက်ခံလျှက်ရှိ ပါသည်။

NLD ဦးဆောင်သည့်အစိုးရအာဏာရရှိသည်မှာလေးလကြာမြင့်ပြီဖြစ်သော်လည်း NLD အစိုးရသည် ရခိုင်ပြည် နယ်ရှိဒုက္ခသည်များအားလူသားချင်းစာနာထောက်ထားမှုအကူအညီအထောက်အပံ့ပေးရေးလုပ်ငန်းများ အပေါ် ထားရှိသည့်ပြင်းထန်သောပိတ်ပင်တားဆီးမှုများကို ရုပ်သိမ်းခြင်းမရှိသေးပါ။ အကူအညီအထောက်အပံ့ ပေးရေး လုပ်ငန်းများကိုအစိုးရမှပိတ်ပင်တားမြစ်ထားသည့်အတွက် ၂၀၁၂ မှစ၍ ၎င်းတို့၏နေအိမ်များမှ အဓမ္မ နှင်ထုတ် ခံရမှုကြောင့်လူနေမှုအဆင့်အတန်းအလွန်နိမ့်ပါးလှသော ဒုက္ခသည်စခန်းများသို့ရောက်ရှိနေထိုင် နေရလျှက် ရှိသည့်ရိုဟင်ဂျာနှင့်ကမန်များသည်သေကြေပျက်စီးအတိဒုက္ခရောက်လျှက်ရှိပါသည်။ ရခိုင်လူမျိုးများ၊ ရိုဟင်ဂျာ များနှင့် ကမန်များအားလုံးသည် ကန့်သတ်တားမြစ်ချက်များကြောင့် အတိဒုက္ခရောက်နေခြင်း ဖြစ်ပါသည်။

ရိုဟင်ဂျာလူမျိုးများသည် အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများ တိုးပွါးလာခဲ့သည့် ၂၀၁၂ မှ စတင်ကာ တစ်နေ့ တစ်ခြား ဆိုးဝါးလျှက်ရှိသည့်လူသားခြင်းစာနာမှု ချိုးဖောက်မှုများကို ရင်ဆိုင်ကြုံတွေ့ရလျှက်ရှိသည်။ ခရီးသွားလာမှုအား ပိတ်ပင်ထားခြင်းနှင့်လုံခြုံရေးကင်းမဲ့မှုများတိုးမြင့်လာခြင်းကြောင့်ရိုဟင်ဂျာများစားနပ်ရိက္ခာဝယ်ယူရေး ပိုမိုခက်ခဲ လျှက်ရှိသည်။ဒုက္ခသည်စခန်းများနှင့် ရခိုင်ပြည်နယ်၏ ကျန်ဒေသများသို့ နိုင်ငံတကာ အကူအညီ အထောက် အပံ့ပေးရေးလုပ်ငန်းများအားတားမြစ်ပိတ်ပင်ထားမှုကြောင့်လူသားမဆန်သည့်အတိဒုက္ခရောက်မှုများ ပိုမိုဆိုးဝါး စွာခံစားနေရခြင်းဖြစ်သည်။ ၂၀၁၂မှစတင်ကာ၁၄၀,၀၀၀အရေအတွက်ရှိသောဒေသတွင်းအခြေအနေမဲ့ လူသား များသည် ကမ္ဘာ့အဆိုးဝါးဆုံးအခြေအနေများအနက် အပါအဝင်ဖြစ်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂအရာရှိများမှ စီစစ်ထွက်ဆိုထားသည့် ဒုက္ခသည်စခန်းများတွင် ပိတ်လှောင်ခြင်းခံရလျှက်ရှိသည်။ တားမြစ်ပိတ်ပင် ကန့်သတ် ချက်များနှင့် လုံခြုံရေးကင်းမဲ့မှုများကြောင့် ရိုဟင်ဂျာများအနေဖြင့် ၎င်းတို့၏ စားနပ်ရိက္ခာရှာဖွေရန်ရှည်လျား အန္တရာယ်ထူပြောလှသည့် ဒေသတွင်းခရီးများသွားလာနေရသည်။ ၂၀၁၂ မှစတင်ကာ ရိုဟင်ဂျာဦးရေအနက် ၁၀ % ကျော်သည် မြန်မာနိုင်ငံမှ စွန့်ခွါထွက်ပြေးခဲ့ရသည်။

"သူတို့ရဲ့နေအိမ်တွေ၊ ကျေးရွာတွေ ကို လူအုပ်ကြီးတွေက မီးရှို့ဖျက်စီးခဲ့တဲ့ အတွက် လွန်ခဲ့တဲ့လေးနှစ်အရင်က အိုးအိမ်ဌာနေစွန့်ပြေးခဲ့တဲ့ ကျွန်တော်တို့လူမျိုးတွေဟာ ဒုက္ခသည်စခန်းတွေမှာ သေကြေပျက်စီးနေပါတယ်။ အကူအညီအထောက်အပံ့ပေးရေးလုပ်ငန်းတွေအပေါ် ထားရှိတဲ့ ပြင်းထန်တဲ့ ကန့်သတ်ပိတ်ပင်ထားမှုတွေကို အစိုးရ သစ်ကလည်းဆက်လက်ရှိနေစေတဲ့အတွက် သူတို့ဟာတစ်ဖြည်းဖြည်းလုံးပါး ပါးပြီး သေကြေ နေကြ တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာချမှတ်ထားတဲ့ လူသားခြင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေ အပေါ် ကန့်သတ်ချက်တွေကို NLD ဦးဆောင်တဲ့အစိုးရဟာ ချက်ခြင်းရုပ်သိမ်းပေးပြီး အကူအညီပေးရေး လုပ်သားတွေ ရဲ့လုံခြုံရေးကိုလည်း အာမခံချက်ပေးသင့်ပါတယ်" ဟု Burmese Rohingya Organisation UK ၏ ဥက္ကဋ္ဌဖြစ်သူ ဦးထွန်းခင်မှ ပြောကြားခဲ့သည်။

အကူအညီပေးရေးလုပ်ငန်းများအပေါ်ကန့်သတ်ချက်များအားချက်ခြင်းရုပ်သိမ်းပေးရန်အတွက် NLD ဦးဆောင် သောအစိုးရကို ဗြိတိသျှအစိုးရအပါအဝင် အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းအနေဖြင့် ဖိအားပေးရန်ဆန္ဒပြသူများမှတောင်းဆိုလျှက်ရှိသည်။

သတင်းအချက်အလက်များပိုမိုသိရှိလိုပါက ဦးထွန်းခင် ဖုန်း-+44 7888714866 သို့ဆက်သွယ်နိုင်ပါသည်။

Rohingya Exodus