Pages

Wednesday, January 11, 2017

ဘူးသီးတောင် ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရိုဟင်ဂျာပိုင် လယ်မြေများ ထပ်မံ သိမ်းယူ

MYARF
RB News
11.1.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်မြေများကို ထပ်မံ သိမ်းယူလိုက်ကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း ကျေးရွာ အခြေစိုက်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းနေရာတွင် လွန်ခဲ့သည့် (၈) နှစ်ခန့်က န.စ.က နယ်မြေ (၁၁)စခန်းအခြေစိုက်စဉ် ဘုရားပြင်အောင်ပ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်မြေ (၂၀) ဧက ကျော် သိမ်းပိုက်၍ စခန်းကို တည်ဆောက်ခဲ့သည်။

ယခုနှစ် ဇန်န၀ါရီလ (၆) ရက်နေ့တွင် နယ်ခြားစောင့်ရဲများက လယ်မြေပိုင်ရှင်များကို အကြောင်းကြားခြင်း တစ်စုံတစ်ရာပင် မပြုလုပ်ဘဲ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်မြေ (၈) ဧက ကို အဖက်ဖက်မှ အလံနီများ စိုက်ထူကာ အုတ်များဖြင့် ခြံစည်းရိုး ကာရံရန် အတွက် အုတ်များ စုဆောင်း ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

“လွန်ခဲ့တဲ့ (၈) နှစ်ကလည်း လယ်မြေ ဧက ၂၀ ကျော် သိမ်းယူပြီး အခု (၈) ဧက ထပ်သိမ်းတာ ပိုင်ရှင်တွေ အကြောင်းတောင် မကြားဘူး” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

လယ်မြေ (၈) ဧက သိမ်းဆည်းခံရသည့် ပိုင်ရှင်များမှာ --

(၁) ဦးမူဇေရ် (ဘ) ဦးအဒူလော်တီ (သိမ်းခံရသည့် လယ်မြေဧက ၀.၄ ဧက)
(၂) ဦးဆောမောတ် (ဘ) ဦးကာလူ (သိမ်းခံရသည့် လယ်မြေဧက ၁ ဧက)
(၃) ဦးအဒူရောန် (ဘ) ဦးအာနိုမျာ (သိမ်းခံရသည့် လယ်မြေဧက ၂.၄ ဧက)
(၄) ဦးရော်ရှိတ်အာမတ် (ဘ) ဦးအဒူရှကူရ် (သိမ်းခံရသည့် လယ်မြေဧက ၂.၈ ဧက)
(၅) ဦးအာမိရ်ဟူဆောင်း (ဘ) ဦးဆိဒိတ် (သိမ်းခံရသည့် လယ်မြေဧက ၁.၄ ဧက) -- တို့ဖြစ်ကြသည်။




No comments:

Post a Comment