Pages

Sunday, May 7, 2017

မောင်တော မြောက်ပိုင်းမှ ရိုဟင်ဂျာများ မြို့ပေါ်သွားလျှင် လမ်းခရီး၌ နယ်ခြားစောင့်ရဲများက ငွေညှစ်

Rohingya Eye
RB News
7.5.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာများသည် ယခင်က ယာယီသက်သေခံ ကဒ်ပြား အပ်နှံထားသည့် လက်မှတ်များဖြင့် မြို့ပေါ်သို့ သွားရောက်နိုင်သော်လည်း နယ်ခြားစောင့်ရဲများ၏ ငွေညှစ်ခြင်းကို ခံနေရကြောင်း သတင်းရရှိပါသည်။ 

မေလ (၆) ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်းမှ ရိုဟင်ဂျာ အချို့သည် အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်ရှေ့ စစ်ဆေးရေး ဂိတ်ရှေ့တွင် စစ်ဆေးမှု ခံယူစဉ် စစ်ဆေးရေး ဂိတ်တွင် တာဝန်ကျနေသည့် နယ်ခြားစောင့်ရဲများနှင့် လ.၀.က များသည် ယာယီသက်သေခံကဒ်ပြား အပ်နှံထားသည့် လက်မှတ်ပြသော်လည်း ရွာထွက် လက်မှတ်တောင်းခံပြီး၊ ရွာထွက်လက်မှတ် ပြလျှင်လည်း ဓါတ်ပုံ မပါရှိဟု ဆိုတာ ငွေကျပ် တစ်ထောင်စီ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထို့အပြင် မြို့ပေါ်သို့အ၀င် မြို့မကညင်တန်းကျေးရွာနှင့် မြို့သူကြီးကျေးရွာ အကြားရှိ တံတားကင်းစခန်းမှ နယ်ခြားစောင့်ရဲများကလည်း ကားပေါ်သို့ တက်၍ အထက်ပါ အတိုင်း လုပ်ဆောင်၍ ငွေကျပ် တစ်ထောင်စီ ညှစ်ကြောင်း ဒေသခံများက ပြောပါသည်။ 

ခရီးသည်တစ်ဦးက “ကျွန်တော်တို့ကို လပေါင်းများစွာ ပိတ်ဆို့ထားပြီးမှ အခုလို ပြန်သွားလာခွင့် ပေးတော့လည်း ငွေညှစ်တယ်။ ကျွန်တော်တို့ကို အရေးတကြီး လိုအပ်လို့ သွားနေတာ၊ စီးပွားရေး ကျပ်တည်းနေတဲ့ ကာလမှာ အခုလို ဆက်ကြေး ပေးနေရတယ်။ လမ်းတစ်လျှောက်မှာ ကင်းစခန်းတစ်ခု ဖြတ်တိုင်း အနည်းဆုံး ၅၀၀ ပေးနေရတယ်” ဟု ပြောပါသည်။ 




No comments:

Post a Comment