MYARF
RB News
10.6.2017
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းမှ နယ်မြေမှူး ရဲမှူးထွန်းနိုင်သည် ၎င်း၏ နယ်မြေအတွင်းရှိ ကျေးရွာအုပ်စုများမှ ဒေသခံများကို မသင်္ကာမှုဖြင့် ဖမ်ဆီး ညှဉ်းပန်းနှိပ်စက်၍ ငွေညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ရဲမှူးထွန်းနိုင်သည် ဘူးသီးတောင် ဇာတိဖြစ်ပြီး၊ ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာများတွင် ငွေကြေး တတ်နိုင်သူများ၏ အမည်များကို သေချာသိသူတစ်ဦး ဖြစ်သည်။ ယခုအခါ အောက်ဖော်ပြပါ ဒေသခံများကို မသင်္ကာမှုဖြင့် ဖမ်းဆီးညှဉ်းပန်းနှိပ်စက်၍ ငွေကျပ် သိန်းပေါင်း ၂၅၀၀ ကျော် ညှစ်ယူထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ရဲမှူးထွန်းနိုင်က -
(၁) ဦးဂျိုကာ (ဘ) ဦးဆီရာဇ်မျာ ထံမှ ငွေကျပ် သိန်း (၁၀၀)
(၂) ဦးအာမာန်အုလ္လာနှင့် ဦးအဒူလ်မူနာဖ် (ဘ) ဦးအာမိရ်အလီ အပါအ၀င် (၁၆) ဦး (မိကျောင်းဈေးမှ) ထံမှ ငွေကျပ် သိန်း (၅၅၀)
(၃) ဦးမာမတ်တူဟား (ဘ) ဦးဆယိဒ်အာလောမ်နှင့် ဦးအစ္စလာမ် (ဘ) ဦးအလီအာမတ် အပါအ၀င် (၁၅) ဦး (တောင်ဘဇာမှ) ထံမှ ငွေကျပ် သိန်း (၇၀၀)
(၄) ဦးမာမတ်ဇာဘေရ် (ဘ) ဦးအဒူလ်ဟာကိမ်း အပါအ၀င် (၅) ဦး (ဂုတ်ပီမှ) ထံမှ ငွေကျပ် (၆၁) သိန်း
(၅) ဦးဆိဒိခ်အာမတ် (ဘ) ဦးဘော်ဒီအာလောမ် အပါအ၀င် (၆) ဦး (ကျွန်းပေါက်မှ) ထံမှ ငွေကျပ် (၇၅) သိန်း
(၆) ဦးဆိုက်ဖုလ်အစ္စလာမ် (ဘ) ဦးဘာဆဲရ် အပါအ၀င် (၁၇) ဦး (တင်းမေမှ) ထံမှ ငွေကျပ် (၂၉၃) သိန်း
(၇) ဦးအာဘူလ်ဖော်ဇော်လ် (ဘ) ဦးမာမတ်ဆော်ယာဒ် အပါအ၀င် (၄၃) ဦး (ကျောင်းတောင်မှ) ထံမှ ငွေကျပ် သိန်း (၆၀၀)
(၈) ဦးဇာဖော်ရ် (ဘ) ဦးအိဒိရီစ် အပါအ၀င် (၁၀) ဦး (ပင်စီမှ) ထံမှ ငွေကျပ် (၇၁) သိန်း
(၉) ဦးမိုဇာဖော်ရ် (ဘ) ဦးရော်ရှိတ်အာမတ် အပါအ၀င် (၁၀) ဦး (ဘဒဂါးမှ) ထံမှ ငွေကျပ် (၆၈) သိန်း -- စုစုပေါင်း ငွေကျပ် (၂၅၁၈) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
ရဲမှူးထွန်းနိုင်သည် ယခင်က စစ်တပ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ယခုအခါ နယ်ခြားစောင့်ရဲတပ်ဖွဲ့၌ ရဲမှူးအဆင့်ဖြင့် တာဝန်ထမ်းဆောင်နေသည်မှ နှစ်နှစ်နီးပါး ရှိပြီးဖြစ်ကြောင်း၊ ဒေသခံများကို မတရားသဖြင့် ဖမ်းဆီး၍ ငွေညှစ်ရာတွင် အလွန်ထူးချွန်သူ ဖြစ်ကြောင်း၊ အထက်အရာရှိများ အတွက် ငွေရှာပေးနေသည့် အတွက် ၎င်းအတွက် အကျိုးအမြတ်ရှိသလို၊ ရာထူးတိုးရန်လည်း အလားအလာရှိနေကြောင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွင် တာဝန်ကျသည့် အချိန်မှစ၍ ဒေသခံများကို မတရားသဖြင့် ဖမ်းဆီး၍ ငွေညှစ်လျက်ရှိရာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ တိုက်ခိုက်မှုသည် ၎င်းအတွက် ပိုမိုကောင်းမွန်သည့် အခွင့်အလမ်း တစ်ခုဖြစ်လာကြောင်း၊ ယခုအခါ ငွေကြေးတတ်နိုင်သူများကို အဓိက ပစ်မှတ်ထား၍ မသင်္ကာမှုဖြင့် ဖမ်းဆီးချုပ်နှောင်၍ ငွေသိန်းထောင်ချီ ညှစ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။
No comments:
Post a Comment