MYARF
RB News
7.9.2017
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပေါင်းဇားကျေးရွာ နှင့် လဘော်ဇား ကျေးရွာသားများအနေဖြင့် ညနေ (၄) နာရီအတွင်း ကိုယ့်အိမ်ကိုယ် မီးရှို့ပြီး ဓာတ်ပုံရိုက်ပေးရန် သို့မဟုတ် ကျေးရွာသား ဆယ်ဦး ဖမ်းပေးရမည်ဟု အမှတ်(၆) နယ်မြေ၊ နယ်ခြားစောင့် တပ်ရင်းမှူးက အစည်းအဝေးခေါ်ပြီး အမိန့်ပေးလိုက်ကြောင်း သတင်းရရှိပါသည်။
စက်တင်ဘာလ (၇) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် အမှတ်(၆) နယ်မြေ၊ နယ်ခြားစောင့် တပ်ရင်းမှူးက ပေါင်းဇားကျေးရွာ နှင့် လဘော်ဇား ကျေးရွာသားများကို အစည်းအဝေးခေါ်ပြီး အထက်ပါအတိုင်း အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။ အကယ်၍ အမိန့်အတိုင်း မလုပ်ပေးလျှင် အာဏာပိုင်များကိုယ်တိုင်လာပြီး ရွာလုံးကျွတ် မီးရှို့ပစ်မည်ဖြစ်ကြောင်း၊ တွေ့သမျှလူကို သေနတ်ပစ်မည်ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့သည်။
အခုအခါ အဆိုပါ ခြိမ်းခြောက်ခံရသည့် ဒေသခံများအနေဖြင့် အားကိုးရာမဲ့နေပြီး အထူးစိုးရိမ်နေကြသည်။
အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးအနေဖြင့် အမှတ် (၆) နယ်မြေ တပ်ရင်းမှူး၏ လူမဆန်သော လုပ်ရပ်ကို အမြန်ဆုံးဟန့်ထားပေးရန် လိုအပ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

No comments:
Post a Comment