Pages

Saturday, December 9, 2017

မောင်တောရဲစခန်းမှ ရဲများက ရိုဟင်ဂျာလူငယ်တစ်ဦးကို လုပ်ကြံစွပ်စွဲပြီး ငွေညှစ်

MYARF
RB News
9.12.2017

မောင်​​တော ။ ။ ရခိုင်ပြည်နယ်၊ ​မောင်​​တောမြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာလူငယ်တစ်ဦးကို လုပ်ကြံစွပ်စွဲပြီး ငွေကျပ် ၆ သိန်း ညှစ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဒီဇင်​ဘာလ (၇) ရက်​​နေ့၊ နံနက်​ပိုင်း အချိန်​တွင်​ ​မောင်​​တောမြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မောင်​​တောမြို့နယ်​၊ ​ရွှေဇားတံတား ရဲကင်းစခန်း၌ ​နေရာယူပြီး လမ်းသွားလမ်းလာရိုဟင်​ဂျာများကို စစ်​​ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးနေစဉ် ကညင်တန်း (မြို့မ) ကျေးရွာမှ ရွှေဇားကျေးရွာရှိ ဆွေမျိုးအိမ်သို့ သွားနေသည့် ကိုဂျာဘဲရ် (ဘ) ဦးမာမတ် (အသက် ၂၇ နှစ်) ကိုလည်း စစ်ဆေးခဲ့ရာ ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက ၎င်း၏ ပိုက်ဆံအိတ်ကို ယူ၍ ဘင်္ဂလား တာကာငွေ ၂၀ တန် တစ်ရွက်နှင့် ဘင်္ဂလားဒေ့ရှ်ဖုန်း ဆင်းမ်ကဒ် တစ်ကဒ်ကို ၎င်း၏ ရှေ့တွင်ပင် ထည့်သွင်းပေးကာ လုပ်ကြံ၍ ဖမ်းဆီးခဲ့သည်။ 

ဖမ်းဆီးပြီးနောက် ၎င်း၏ မိဘများအား ငွေကျပ် သိန်း ၂၀ ဖြင့် ရွေးယူရန် အကြောင်းကြားခဲ့သည်။ နောက်ဆုံးတွင် ရဲတပ်ဖွဲ့များနှင့် ညှိနှိုင်းကာ ငွေကျပ် ၆ သိန်း ပေးခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များတွင် ဒေသဆိုင်ရာ အာဏာပိုင်များက နေ့စဉ်နှင့် အမျှ ရိုဟင်ဂျာများကို ထိုကဲ့သို့ လုပ်ကြံ ဖမ်းဆီး၍ ငွေညှစ်ယူခြင်းမှာ ၁၉၉၂ ခုနှစ်တွင် န.စ.က ကို စတင်ဖွဲ့စည်းခဲ့သည့် အချိန်မှစ၍ စတင်ခဲ့ပြီး ယခု ဒီမိုကရေစီ အစိုးရလက်ထက်တွင်လည်း ဆက်လက် ပြုလုပ်လျက်ရှိသည်။ 



No comments:

Post a Comment