Pages

Thursday, December 14, 2017

မင်းပြားမြို့နယ်မှ ရိုဟင်ဂျာများကို NVC မကိုင်ဆောင်လျှင် ထိရောက်စွာ အရေးယူမည်ဟု အာဏာပိုင်များက ခြိမ်းခြောက်

RB News
14.12.2017

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် အတွင်းရှိ ဒေသခံရိုဟင်ဂျာများကို အာဏာပိုင်များက အတင်းအကျပ် NVC ကိုင်ဆောင်ခိုင်းနေကြောင်း၊ NVC မကိုင်ဆောင်ပါက ထိရောက်စွာ အရေးယူမည်ဟု ခြိမ်းခြောက်ကြောင်း သတင်းရရှိပါသည်။ 

ဒီဇင်ဘာလ (၁၄) ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် မင်းပြားမြို့နယ်ရှိ ရိုဟင်ဂျာကျေးရွာ (၁၅) ရွာမှ ရပ်မိရပ်ဖများကို ဆပ်ကျာရွာ စာသင်ကျောင်းသို့ ဆင့်ခေါ်၍ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် လ.၀.က ဦးစီးမှူးနှင့် မြို့နယ် ဥပဒေအရာရှိ တို့က NVC ကိုင်ဆောင်ရန်နှင့် NVC မကိုင်ပါက ထိရောက်စွာ အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ကျေးရွာများတွင် ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူး တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိသူများ အားလုံး NVC ကိုင်ဆောင်ရမည် ဖြစ်ကြောင်း၊ အမျိုးသား မှတ်ပုံတင် ကဒ်ပြား ကိုင်ဆောင်ထားသူများမှ အပ ကျန်သူများအားလုံး NVC ကိုင်ဆောင်ရမည် ဖြစ်ကြောင်း၊ NVC ကိုင်ဆောင်ရန် ငြင်းဆိုသူများ အားလုံးကို ထိရောက်စွာ အရေးယူမည်ဟု ခြိမ်းခြောက်ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်ထားသူများ၏ သားသမီးများကိုလည်း NVC သာ ကိုင်ဆောင်ရမည်ဟု အာဏာပိုင်များက ပြောဆိုခဲ့သည်။ ဥပဒေအရ အထောက်အထား လုံးဝ မရှိသူများသာ NVC ကိုင်ဆောင်ရမည် ဖြစ်သော်လည်း ရိုဟင်ဂျာများအားလုံးတွင် အနိမ့်ဆုံး အိမ်ထောင်စု လူဦးရေစာရင်း ရှိသော်လည်း အာဏာပိုင်များက NVC ကဒ်ပြား ကိုင်ဆောင်ရန် နည်းမျိုးစုံဖြင့် ဖိအားပေးလျက်ရှိသည်။

၂၀၁၅ ခုနှစ်တွင် ယာယီ သက်သေခံကဒ်ပြား (၀ှိုက်ကဒ်) များကို သိမ်းဆည်း၍ NVC ကဒ်ပြားများ ထုတ်ပေးလျက်ရှိသော်လည်း ရိုဟင်ဂျာများက ကိုင်ဆောင်ရန် ငြင်းဆိုလျက်ရှိကြသည်။ အာဏာပိုင်များနှင့် နီးစပ်သူ အချို့သာ မငြင်းဆန်နိုင်ပဲ ကိုင်ဆောင်လျက် ရှိကြသည်။ 




No comments:

Post a Comment