Pages

Thursday, June 28, 2018

မောင်တော ငါးခူရမှ ရိုဟင်ဂျာတစ်ဦးကို ကပ္ပကောင်းမှ ရခိုင်တစ်ဦးက လူမဆန်စွာရိုက်နှက်

Armaan Arakani
RB News
28.6.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရကျေးရွာမှ ဒေသခံရိုဟင်ဂျာတစ်ဦးကို ရခိုင်တစ်ဦးက လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ 

ယနေ့ ဇွန်လ (၂၈) ရက်နေ့ ညနေ ၅း၃၀ နာရီအချိန်တွင် မောင်တောမြို့နယ် ငါးခူရကျေးရွာမှ အစ္စမိုင်လ် (ဘ) ဦးဘောဒူရောန် (အသက် ၂၃ နှစ်) ကို ကပ္ပကောင်းကျေးရွာအုပ်စုမှ အမြဲအရက်သောက်ပြီး ပြဿနာ ဖန်တီးလေ့ရှိသည့် မောင်လှဝင်း က ငါးခူရဈေးတွင် ၎င်း၏ ဆိုင်ကယ်ကို ထိသည်ဟု စွပ်စွဲ၍ လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း မျက်မြင်သက်သေ ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

အစ္စမိုင်လ်သည် မောင်လှဝင်း၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် သတိလစ်သွားသလို ဖြစ်နေချိန်တွင် ငါးခူရကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်ဝင်းနှင့် မောင်စောဝင်း တို့ရောက်ရှိလာပြီး ငါးခူရကျန်းမာရေးဌာနသို့ပို့၍ အသက်ကယ်ခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောသည်။

ကပ္ပကောင်းကျေးရွာမှ မောင်လှဝင်းသည် စိတ်ကြွဆေးပြား လုပ်ငန်း၊ ပုဇွန်ကန်လုပ်ငန်းများ လုပ်ကိုင်နေသူ ဖြစ်သောကြောင့် အာဏာပိုင်များက ၎င်းအား မည်သည့်အခါကမှ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း၊ ထို့ကြောင်း ၎င်းက ငါးခူရဈေးသို့ ဈေးဝယ်ရန်လာသည့် ဒေသခံရိုဟင်ဂျာများကို အမြဲရိုက်နှက်၍ ဒုက္ခပေးလေ့ရှိသည်ဟု ဒေသခံများက ပြောပါသည်။ 

ငါးခူရကျေးရွာတစ်နေရာ

No comments:

Post a Comment