Pages

Saturday, September 15, 2018

စစ်တွေမြို့ မန်စီ ရဲတပ်ရင်း အနီးရှိ ဆိုင်ကလုန်း စင်တာတွင် ရိုဟင်ဂျာ လူငယ်တစ်ဦး ၏ ရုပ်အလောင်းတွေ့ရှိ

MYARF
RB News
15.9.2018

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မန်စီရဲကင်းစခန်း အနီးရှိ ဆိုင်ကလုန်းစင်တာတွင် ဒါးပိုင်ဒုက္ခ သည် စခန်းမှ ရိုဟင်ဂျာလူငယ်တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။ 

စစ်တွေမြို့ ဒါးပိုင်ဒုက္ခသည်စခန်းမှ (ယခင် သံတော်လီရွာသား) ရွှေမောင် (ဘ) ဦးဒူဒူမျာ (အသက် ၂၂ နှစ်) ၏ ရုပ်အလောင်းကို အမှတ် (၃၆) မန်စီရဲတပ်ရင်းနှင့် ကိုက် ၁၀၀ ကျော်ခန့် အကွာအဝေးတွင် ရှိသည့် ဆိုင်ကလုန်းစင်တာတွင် စက်တင်ဘာလ (၁၄) ရက်နေ့ နံနက် ၁၀ နာရီခန့် အချိန်တွင် တွေ့ရှိ ခဲ့ကြောင်း ဒေ သခံများက RB News သို့ပြောပါသည်။ 

“လွန်ခဲ့တဲ့ နှစ်ရက် သုံးရက်လောက်က အဲဒီရဲကင်းစခန်းထဲမှာ သူ့ကို ရဲတစ်ယောက်က ရိုက်နှက်နေတာ ကျွန်တော် မြင်ခဲ့တယ်။ ကျွန်တော်က သူ့ကို ပြောမှားဆိုမှား တစ်ခုခုလုပ်ခဲ့မိလို့ ဒီတိုင်းရိုက်နှက် ဆုံးမနေ တာ ဖြစ်မှာပါလေလို့ ထင်ပြီး အရေးတယူ မလုပ်မိခဲ့ဘူး။ အခုလို သတ်ဖြတ်လိုက်မယ်လို့ မထင်ခဲ့ဘူး။ အခုတော့ နောက်ဆုံးမှာ အလောင်းရှာတွေ့တယ်” ဟု မန်စီလမ်းအတိုင်း အသွားအလာပြုလုပ်ရာတွင် ကင်းစခန်းကို မကြာခဏ ဖြတ်ကျော်လေ့ရှိသည့် ဆိုက်ကားဆရာတစ်ဦးက ပြောသည်။ 

အဆိုပါ ဆိုင်ကလုန်းစင်တာသည် ဒါးပိုင်ဒုက္ခသည်စခန်းနှင့် ပေ တစ်ထောင်ခန့် ဝေးကွာပြီး ယခင်က ဖဲရိုက်၊ အရက်သောက်သည့် လူအချို့၏ အသွားအလာ အနည်းငယ်ရှိခဲ့သော်လည်း ယခုနှစ် မေလအစပိုင်းတွင် ယင်းစခန်းမှ ရိုဟင်ဂျာတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပြီးနောက် ရိုဟင်ဂျာ ရုပ်အလောင်း တစ်လောင်း တွေ့ရှိခဲ့သည့်နေ့မှစ၍ လူသူသွားလာခြင်း မရှိတော့ကြောင်း ဒေသခံများက ပြောပါသည်။ 




No comments:

Post a Comment