MYARF
RB News
4.7.2017
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ရွာကြီးမြောက်ရပ်ကွက်မှ အစွန်းရောက် ရခိုင်အုပ်စုတစ်စု၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဒါးပိုင်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာတစ်ဦး အသတ်ခံရပြီး၊ ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ရွာကြီးမြောက်ရပ်ကွက်မှ အစွန်းရောက် ရခိုင်အုပ်စုတစ်စု၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဒါးပိုင်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာတစ်ဦး အသတ်ခံရပြီး၊ ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
ဇူလိုင်လ (၄) ရက်နေ့၊ နေ့လည်အချိန်တွင် ဒါးပိုင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ကိုးဦးတို့သည် စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်ရှိ ရောင်နီဦးဆိပ်ကမ်းတွင် ကမ်းဆိုက်ထားသည့် ရခိုင်လူမျိုး ရှေ့နေတစ်ဦး၏ စက်လှေတစ်စီးကို ၎င်းရှေ့နေ၏ ဖိတ်ကြားချက်အရ ဝယ်ယူရန် သွားရောက် ကြည့်ရှုလေ့လာခဲ့ရာတွင် ယင်းနေရာတစ်ဝိုက်မှ အစွန်းရောက်ရခိုင်အုပ်စုတစ်စု ရောက်ရှိလာပြီး အကြမ်းဖက် တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ စက်လှေပိုင်ရှင် ရခိုင်လူမျိုး ရှေ့နေ (အမည်မသိရသေး) တစ်ဦး၏ ဖိတ်ခေါ်ချက်အရ ဒါးပိုင်ဒုက္ခသည်စခန်း၏ တာဝန်ခံတစ်ဦးလည်းဖြစ်၊ အငြိမ်းစားရဲတပ်ဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ဦးလှမြင့် (ခ) ဦးနူရူက စက်လှေကို ဝယ်ယူပြီးလျှင် ဒါးပိုင်သို့ တစ်ပါးတည်း မောင်းယူလာနိုင်ရန် စက်လှေနှင့် ပတ်သက်၍ ကျွမ်းကျင်သူအချို့ကို အတူ ခေါ်သွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့နှစ်ဦးလည်း အတူပါရှိခဲ့ကြောင်း သိရှိရသည်။
"သူတို့က ရှေ့နေခေါ်လို့ စက်လှေကို သွားကြည့်တာ။ ကြိုက်ရင် ဝယ်လိုက်မယ်၊ တစ်ပါးတည်း မောင်းယူလာမယ်ဆိုပြီး စက်လှေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ အချို့ကိုပါ အတူ ခေါ်သွားတာ။ တကယ်တော့ ရိုဟင်ဂျာတွေ မြို့ပေါ်ကို တက်လို့ရတာ မဟုတ်ဘူး။ အခုက စက်လှေကလည်း ရခိုင်လူမျိုး ရှေ့နေပိုင်၊ ခေါ်တာလည်း သူ၊ ရဲလည်း နှစ်ယောက်တောင် အစောင့်လိုက်ပါပေးတော့ သွားလိုက်တာ။ ဒုက္ခသည်စခန်းက လူတွေမှာ အလုပ်အကိုင်မရှိတော့ တစ်ပတ်နွမ်း စက်လှေတစ်စီးလောက် ဝယ်ပြီး အနီးအနားမြစ်ချောင်းတွေမှာ ငါးတွေသွားဖမ်းမယ် စိတ်ကူးနေကြတာပေါ့။ ဟိုရောက်တော့ အစွန်းရောက်ရခိုင်အုပ်စုက ဝိုင်းတိုက်တယ်။ တစ်ဦးကတော့ အဲ့နေရာမှာတင် ရက်ရက်စက်စက်အသတ်ခံလိုက်ရတာ။ ကျန်တာတွေက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရကြတယ်။ ဒဏ်ရာရသူတွေထဲက စိုးရိမ်ရတဲ့ နှစ်ယောက်ကို စစ်တွေဆေးရုံတင်လိုက်တယ်။ အသတ်ခံရသူရဲ့အလောင်းနဲ့ ကျန်လူတွေကို ညနေက အိမ်ပြန်ပို့လိုက်တယ်။" ဟု ဖြစ်စဉ်ကို အနီးကပ်လေ့လာခဲ့သည့် ဒါးပိုင်ဒုက္ခသည် စခန်းမှ အမည်မဖော်လိုသူ တစ်ဦးက RB News သို့ပြောပါသည်။
အသတ်ခံရသူမှာ ဦးအဒူရှုက္ကုရ်၏သား ဦးမောင်နု၊ အသက် (၆၀) ခန့် ရှိသူဖြစ်ပါသည်။
ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိပြီး စစ်တွေဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိရသူ နှစ်ဦးမှာ - ဦးလှမြင့် (ခ) နူရူ- အသက် (၆၀) နှစ်ခန့် (အငြိမ်းစား ရဲတပ်ဖွဲ့ဝင်) နှင့် ၎င်း၏ သားဖြစ်ကြသည်။
ဒဏ်ရာရရှိခဲ့သည့် အခြားသူများမှာ --
၁။ ဦးအာဘူအာလောမ် - အသက် (၆၅) နှစ်ခန့် (ဘ) ဦးအာဘူလ်ဟူးဆိန်း
၂။ ဦးအဗ်ဒူမာလဲခ် - အသက် (၃၈) နှစ်ခန့် (ဘ) ဦးဆယဒ်ဟူးဆိန်း
၃။ ဦးဖူတူးယား - အသက် (၃၅) နှစ်ခန့် (ဘ) ဦးကာလာမျာ
၎။ ဦးအဗ်ဒူလ်ဟားမိတ် -အသက် (၃၂) နှစ်ခန့် (ဘ) အဗ်ဒူလ်မာဘူသ်
၅။ မိုဟာမတ်ဟူးဆိန်း - အသက် (၂၅) နှစ်ခန့် (ဘ) စုံစမ်းဆဲ -- တို့ဖြစ်ကြသည်။
၃။ ဦးဖူတူးယား - အသက် (၃၅) နှစ်ခန့် (ဘ) ဦးကာလာမျာ
၎။ ဦးအဗ်ဒူလ်ဟားမိတ် -အသက် (၃၂) နှစ်ခန့် (ဘ) အဗ်ဒူလ်မာဘူသ်
၅။ မိုဟာမတ်ဟူးဆိန်း - အသက် (၂၅) နှစ်ခန့် (ဘ) စုံစမ်းဆဲ -- တို့ဖြစ်ကြသည်။
စစ်တွေမှ ရိုဟင်ဂျာများသည် ၂၀၁၂ ခုနှစ်၊ဇွန်လတွင်အစွန်းရောက်များ၏ အကြမ်းဖက်တိုက်ခိုက်မှု ခံခဲ့ရခြင်းကြောင့် မိမိ၏အိုးအိမ်စည်းစိမ်များထား၍ နေရပ်စွန့်ခွာခဲ့ရပြီး ယနေ့အချိန်အထိ ဒုက္ခသည်စခန်း၌ ပိတ်လှောင်ထားခြင်း ခံနေရသည်။ ယနေ့အကြမ်းဖက်မှုကို ကြည့်လျှင် ရိုဟင်ဂျာများ၏ ဘဝလုံခြုံမှု၊ အသက်အိုးအိမ်လုံခြုံမှု လုံးဝမရှိသည်ကို ထင်ထင်ရှားရှား တွေ့မြင်ရမည်ဖြစ်သည်။ အဆိုပါ ဒုက္ခသည်များသည် ငါးနှစ်ကျော် ဒုက္ခသည်စခန်းထဲတွင် ချောင်ပိတ်ခံနေရပြီး အပြင်ထွက်ခွင့်မရခြင်း၊ အလုပ်အကိုင်မရှိခြင်းကြောင့် စားဝတ်နေရေး မပြေလည်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်း၊ ကလေးများ ပညာသင်ယူခွင့်မရရှိခြင်း စသော အခက်အခဲ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသူများလည်း ဖြစ်ကြသည်။
ယနေ့ အကြမ်းဖက်ခဲ့သည့် အစွန်းရောက်အုပ်စုကို အစိုးရက ဥပဒေအရ အရေးယူမည်ဟု ထုတ်ဖော်ပြောကြားလိုက်သော်လည်း ၂၀၁၂ ခုနှစ်က တောင်ကုတ်တွင် အကြမ်းဖက် လူသတ်ခဲ့သည့် အစွန်းရောက် ရာပေါင်းများစွာကို အရေးမယူဘဲ လွှတ်ထားသည်ကို ကြည့်လျှင် အစိုးရ၏ ပြောစကားများကို ယုံနိုင်ရန်ခက်ခဲကြောင်း ဒါးပိုင်ဒုက္ခသည်စခန်းမှ မောင်ဇော်ဦး (အမည်လွှဲ) က သုံးသပ် ပြောဆိုသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက အကြမ်းဖက်ခံခဲ့ရသူများသည် ရွာကြီးမြောက်ရပ်ကွက် အနီးရှိ ဒေသခံများ၏ ဝိုင်းဝန်းခဲပေါက်မှုကိုသာ ခံခဲ့ရခြင်းဖြစ်သည်ဟု သာမန်မျှသာဖော်ပြ၍ သတင်းထုတ်ပြန်ခဲ့သော်လည်း အသတ်ခံရသူ၏ ဒဏ်ရာကို ကြည့်လျှင် ဓါးများဖြင့် ခုတ်သတ်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုံးစံအတိုင်း လိမ်ညာ၍ သတင်းထုတ်ပြန်ထားသည်။
ငါးနှစ်ကျော် ဒုက္ခသည်စခန်းဝင်းထဲမှာပင် တင်းတင်းကျပ်ကျပ် ချောင်ပိတ်ခံနေရပြီး အစစအရာရာ ဆုံးရှုံးခံနေရသည့် သူတို့ဒုက္ခသည်များ၏ အနာဂတ်သည် မှောင်မိုက်ပြီး ပျောက်ဆုံးနေလျက်ရှိနေဆဲဖြစ်ကြောင်း မောင်ဇော်ဦးက ရင်ဖွင့်ပါသည်။
No comments:
Post a Comment