![]() |
| အဗ်ဒူလ်အဇီဇ်နှင့် ဇာဟိတ် (ဓါတ်ပုံ - HRW) |
RB News
1.10.2017
၉ နှစ်အရွယ်သာ ရှိသေးတဲ့ အဗ်ဒူလ်အဇီဇ်ရဲ့ ရုပ်ရည်က အသက်ထက်ကြီးတဲ့ အရွယ်လို့ ထင်နေရတယ်။ လွန်ခဲ့တဲ့ ၄ ပတ်ကျော်အချိန်က သူ့ရဲ့မိဘနှစ်ပါးနဲ့ မောင်နှမ (၃) ယောက်ကို ဗမာစစ်သားတွေ သတ်ဖြတ်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး မိသားစု (၇) ယောက်ရှိတဲ့ထဲက သူ့ရဲ့ ၆ နှစ်သား ညီလေးတစ်ဦးသာ အသက်ရှင်ခွင့် ရခဲ့တယ်။
လွန်ခဲ့တဲ့ သြဂုတ်လ (၃၀) ရက်နေ့က တူလာတူလီ ဆိုတဲ့ရွာလေးက ရာနဲ့ချီတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို ဗမာစစ်သားတွေက ၀င်ရောက်သတ်ဖြတ်တဲ့အချိန်မှာ အဗ်ဒူလ်အဇီဇ်က သူ့ရဲ့ (၆) နှစ်သား ညီလေး ဇာဟိတ်ကို လက်ဆွဲပြီး ကျည်ဆံတွေကြားကနေ ချောင်းကို ကူးပြီး ပြေးတယ်။ သူတို့လို ချောင်းဖြတ်ပြေးသူတွေကို စစ်သားတွေက ပစ်နေတော့ ချောင်းကူးနေရင်းနဲ့ အချို့သေဆုံးခဲ့တယ်။
သူတို့ ညီအစ်ကိုနှစ်ယောက် ချောင်းကူးနေရင်းနဲ့ သူတို့ရဲ့ ဖခင် မူဖီးဇ် (အသက် ၃၅ နှစ်) ကို စစ်သားတွေကို ပစ်သတ်လိုက်တာကို မြင်လိုက်ရပြီး၊ သူတို့မိခင်ဖြစ်သူ ရာဘူ (အသက် ၃၀ နှစ်)၊ သူတို့ရဲ့ အစ်ကို ဂျနာသ်အုလ္လာ (အသက် ၁၀ နှစ်)၊ ညီလေး ရှာဘုလ္လာ (အသက် ၅ နှစ်) နဲ့ ညီမလေး မူမ်သာဇ် (အသက် ၃ နှစ်) တို့ကို စစ်သားတွေက နီးရာအိမ်တစ်အိမ်ထဲ ထည့်ပြီးနောက် မီးတောက်မီးလျှံတွေ ထွက်လာတာကို တွေ့လိုက်ရတယ်။
သူတို့လိုပဲ ဘင်္ဂလားဒေ့ရှ်က ကူသူပါလောင် ဒုက္ခသည်စခန်းကို ရောက်နေတဲ့ ၁၀ နှစ်သား အလီ ရဲ့ မိဘနှစ်ပါးနဲ့ မောင်နှမ (၃) ယောက်ကိုလည်း ဗမာစစ်သားတွေက သတ်ဖြတ်ခဲ့တယ်။ ဒီကလေးကို စောင့်ရှောက်ထားသူတွေက အလီ က သူ့ရဲ့ မိသားစုကို သတ်ဖြတ်တာ တွေ့ပြီးကတည်းက စကားမပြောတော့ဘူးလို့ ဆိုတယ်။
Human Rights Watch မှ Emergency Director Peter Bouckaert ရေးသားထားသည့် Rohingya Children Witness Crimes Against Humanity ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။
![]() |
| (ဓါတ်ပုံ - Reuters) |
1.2.2013
အစိုးရ၏အပြောင်းအလဲလုပ်ဆောင်ချက်များ ကတိတွေအတိုင်းဖြစ်မလာ
ဘန်ကောက် ။ ။ လူ့အခွင့်အရေးကို လေးစားတန်ဖိုး ထားသည့် ပြုပြင်ပြောင်းလဲမှု များဖြစ်စေရန် အစိုးရ က မှတ်သားလောက်စရာ ဆောင်ရွက်ချက် တချို့လုပ်ဆောင် ခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင်မြန်မာနိုင်ငံ ၏ လူ့အခွင့် အရေးအခြေအနေမှာ ဆိုးရွားနေဆဲဖြစ် သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) ကယနေ့ပြောကြားလိုက်သည်။
စာမျက်နှာ ၆၆၅ ရှိတဲ့ ၎င်း၏ ၂၀၁၃ ခုနှစ် ကမ္ဘာ့အစီရင်ခံစာတွင် အာရပ်နွေဦးနောက် ဆက်တွဲအခြေ အ နေအပါ အ၀င် နိုင်ငံပေါင်း ၉၀ ကျော်၏ ယမန်နှစ်က လူ့အခွင့်အရေး ဆိုင်ရာတိုးတက်မှုများကို စီစစ်သုံး သပ် တင်ပြ ထားသည်။
အပြည့်အစုံကို Scribd မှ PDF ဒေါင်း၍ဆက်ဖတ်ပါ။
ဓါတ်ပုံသတင်း
- မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖွဲ့ စစ်တွေကိုရောက်ရှိ
- အာရ်ကာန် သမိုင်းစဉ် အပိုင်း (၁)
- မန္တလေး ဆူပူမှုမှာ အမည်မသိ အင်အားစုတွေ ပါဝင်နေ
- ၁၉၈၂ နိုင်ငံသား ဥပဒေနှင့် စိစစ်ခံရမည့်သူ၏ အစိမ်းနုရောင်ကတ်
- နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ များကို ရိုက်နှက် ငွေညှစ်နေ
- သန်းခေါင်စာရင်း ဥပဒေ ချိုးဖောက်ပြီး ခြိမ်းခြောက်တာကို ဆန့်ကျင်ပါ
- မန္တလေး ပဋိပက္ခများအတွင်း အပျက်အစီးများ
- GE ဆောက်လုပ်ရေးတပ်မှ စာရေး တစ်ဦးက ဒေသခံ တစ်ဦး၏ ဆိုင်မှ ပစ္စည်းများ ဖျက်ဆီး
- ရသေ့တောင် အုပ်ချုပ်ရေးမှူးက စေတီပြင် ဒေသခံများကို ခြိမ်းခြောက်
- ရခိုင်ပြည်သို့ အကြမ်းဖက်ရန် ၀င်ခဲ့သည့် ဘင်္ဂလီ - ရခိုင်များ နယ်စပ်ခြံစည်းရိုး၌ ရှိနေ
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ


