နောက်ဆုံးသတင်း/ဆောင်းပါးများ


QS Madani 
RB News 
3.3.2013 

မောင်တော။ ။  ဖေဖော်ဝါရီလ(၂၈) ရက်နေ့တွင် နစကနယ်မြေ (၅)မှ ဦးထွန်းထွန်းနိုင် သည် မောင် တော မြို့နယ် ငခူရကျေးရွာသား တစ်ဦးဖြစ်သည့် ဦးဟော်ဘီရ်အဟမတ်အား ရေနံဆီဂါလံ (၁၀၀) ၀ယ် လာသည်ကို အကြောင်းပြ၍ ဖမ်းဆီးသွား ခဲ့သည်။ ဒေသခံများမှာ လျှပ်စစ်မီး မရရှိသဖြင့် ရေနံဆီကိုသာ အသုံးပြု၍ မီးထွန်းနေရသည်။ ဦးဟော်ဘီရ်အဟမတ်သည် ၎င်း၏ ဆိုင်တွင် တရားဝင်ပြန် လည်ရောင်းချ ရန်ကြိမ်ချောင်းဈေး မှပြေစာဖြင့် တရားဝင်ဝယ်ယူ လာခြင်းဖြစ်သည်။ ထိုသို့ပြန်လည် ရောင်းချခြင်းမှာ လည်း တရား ၀င်ပြန်လည်ရောင်း ချခြင်းဖြစ်သည်။ 

ဦးထွန်းထွန်းနိုင် ဆိုသူသည် နစကနယ်မြေ(၅)မှ နယ်မြေမှူး၏ ညာလက်ရုန်းဖြစ် ပြီး၊  မောင်တော မြို့ မြောက်ပိုင်းတွင် အကြမ်းဖက်မှု များဖြစ်ပေါ်ရန် လှုံဆော်လျက်ရှိ သူတစ်ဦး လည်းဖြစ် သည်။ ရိုဟင်ဂျာ များ အား မဟုတ် မမှန်သည့်အကြောင်း များပြ၍ ဖမ်းဆီးပြီး ငွေညှစ် သူတစ်ဦးဖြစ်သည်။ ၎င်းအား နစက နယ် မြေမှူးနှင့် စရဖ အကြီးအကဲတို့မှ ဝေစု ရရှိသောကြောင့် မတရားသဖြင့်ပြု လုပ်နေ သည်ကို မျက်ကွယ်ပြု ထားကြသည်။ 

ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင်အောက်ဖော်ပြပါလေးဦးကို ငခူရဈေးမှ အကြောင်းပြချက်တစ်စုံတစ် ရာ မရှိဘဲ ဖမ်းဆီး သွားခဲ့ကြောင်း သိရှိရပါသည်။ 

(၁) ဦးရှမ်ရှူ (ဘ) ဦးဒေါ်လား (အသက် ၄၉ နှစ်) 
(၂) ဦးမိုဟာမတ်ယာစီးန် (ဘ) ဦးဟာရှင် (အသက် ၃၃ နှစ်) 
(၃) ဦးအဗ်ဒူအာလမ် (ဘ) ဦးဆယာဒ်အာလမ် (အသက် ၃၅ နှစ်) 
(၄) ဦးဟူဆောင်အလီ (ဘ) ဦးမိုဟာမတ်ရဖိခ် (အသက် ၄၀ နှစ်) 

အထက်ဖော်ပြပါ လေးဦးမှာ ငခူရကျေးရွာဒေသခံများဖြစ်ကြသည်။ 

ငခူရ ကျေးရွာအုပ်စု၊ အထက်ပြူးမ၊ အောက်ပြူးမနှင့် ဒူးတန်းကျေးရွာများမှ ဦးအာဇဲရ်ဟူဆောင် (ဘ) ဦးကူလူမျာ (အသက် ၄၇ နှစ်) နှင့် ဦးဂျာဟဂီရ်ဟူဆောင် တို့အပါအ၀င် (၁၅) ဦးကိုလည်းဖမ်းဆီးသွား ခဲ့သည်။ အဆိုပါ ဖမ်းဆီးခံ ရသူများကို လူမဆန်စွာ ညှင်းပန်းနှိပ်စက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

နစက နယ်မြေ (၅) လက်အောက်ခံ ကျေးရွာများတွင် ရိုဟင်ဂျာများ သွားလာ လှုပ်ရှားရေးမှာ နစက၏ နှောက်ယှက် ဒုက္ခပေးမှုများ ကြောင့်လွန်စွာ ခက်ခဲလျက်ရှိသည်။ ရွာသူရွာသားများ ၏နေ့စဉ် စားဝတ်နေ ရေးကို သစ်တောများ အတွင်းမှ ထင်းခုတ်ခြင်း၊ လယ်ယာစိုက်ပျိုးရေး၊ ငါးမွေးမြူခြင်းနှင့် နယ် စပ်ကုန် သွယ်ရေးကို သာအဓိကထားရသည်။ သို့သော်နစကနှင့် ရခိုင်အစွန်းရောက် များ၏နှောက် ယှက် ဟန့်တား မှုများ၊ သွားလာရေး ကန့်သတ်ထားမှု များကြောင့် စားဝတ်နေရေး အတွက် လုပ်ကိုင် စားသောက် ရန် လွန် စွာခက်ခဲလျက်ရှိသည်။ 

မတ်လ (၁) ရက်နေ့တွင်မောင်တောမြို့နယ်ရွှေဇားရွာမှ အောက်ဖော်ပြပါသုံးဦးကို ၂၀၁၂ ဇွန်လ အ ကြမ်းဖက်မှုတွင် ပါဝင်ပတ်သက် ခဲ့သည်ဟု စွပ်စွဲ၍ နစကများမှဖမ်းဆီးခဲ့သည်။ 

(၁) ဦးမိုဟာမတ်ဟာလဲခ် (ဘ) ဦးဆုလ်တာန်အဟမတ် 
(၂) ဦးဆာလေအဟမတ် (ဘ) ဦးမုစ်တာခ်အဟမတ် 
(၃) ဦးယူနွတ် (ဘ) ဦးရာဇာမျာ 

ဦးယူနွတ် ထံမှ ငွေကျပ်တစ်သိန်း ယူ၍ မတ်လ (၂) ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ပြီး၊ ကျန်ရှိ သည့်နှစ်ဦး အား လွှတ်ပေးရန်အတွက် တစ်ဦးထံမှငွေကျပ် ၆ သိန်းဆီတောင်း ခံလျက် ရှိကြောင်း သိရှိရပါသည်။

QS Madani 
RB News 
24.2.2013 

မောင်တော ။ ။ ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် စစ်တွေမြို့မှ မောင်တောမြို့ အလယ် သံကျော် သို့ ရောက်ရှိ လာသော ရခိုင် ပဋိပက္ခ စုံစမ်းရေးကော်မရှင် အဖွဲ့နှင့် တွေ့ဆုံခဲ့သည့် ရိုဟင်ဂျာ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦးနှင့်လူငယ် ၂ ဦးတို့ကို ဖမ်းဆီးရန် လိုက်လံရှာဖွေ နေကြောင်း သတင်း ရရှိပါသည်။ 

စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ဦးမောင်ဇော်လင်း၊ ဦးသက်ပိုင်၊ ဒေါ်ကြည်ကြည်သိန်း တို့နှင့် အတူ အခြား သော အဖွဲ့နှစ် ဦးပါဝင်လာကြောင်းသိရှိရပါသည်။ 

အဆိုပါ အဖွဲ့ရွာမှ ထွက်ခွာသွားသည်နှင့် တပြိုင်နက် အလယ်သံကျော်ရွာမှ ရဲအရာရှိ ဦးအောင်ကျော်၊ စရဖအရာရှိ ဦးကြည်လှိုင်၊ နစကနယ်မြေ (၇) မှနယ်မြေမှူး ဦးအောင်နိုင်ဦးနှင့် မောင်တောမြို့နယ် အုပ် ချုပ်ရေးမှူး ဦးကြည်သိန်းတို့မှာ စုံစမ်းရေးကော်မရှင်နဲ့ ပြောဆိုခဲ့သူများကို ဖမ်းဆီးရန်ရှာဖွေလျက် ရှိ ကြောင်းဒေ သခံများ မှတဆင့်သိရပါသည်။ 

ထိုသို့ဖမ်းဆီးရန်လိုက်လံရှာဖွေနေသောကြောင့် ကော်မရှင်နှင့်ပြောဆိုခဲ့သူများမှာ ရှောင်တိမ်းနေရပြီး၊ ထိုသူများမှာ ရွာကိုစွန့်ခွာ၍အပြီးအပိုင်ထွက်သွားရမည့်အခြေအနေဖြစ်နေပါသည်။ 

ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် မောင်တောမြို့ရှိ ရခိုင်ရွာဖြစ်သည့် မောရ၀တီရွာအုပ်ချုပ်ရေးမှူး ဦးခိုင် ထွန်း ၊ ရွာသားများဖြစ်ကြသည့် ဦးမောင်လှ၊ ဦးထွန်းမြရီတို့မှ ရခိုင်လူငယ် အချို့ကို ၀ါချရွာနှင့် သောင် ပညာကျေးရွာ အုပ်စုတို့ရှိ ဗလီဝတ်ကျောင်းတော်များ ရှိရေကန်များနှင့် ပိုက်လိုင်းများတွင် အဆိပ် ခတ်ရန်စေ လွှတ်ခဲ့သည်။ သို့သော်လည်း ရိုဟင်ဂျာများ၏ အသိလျင်မြန်မှု ကြောင့် အဆိုပါ ရခိုင်များ၏ အစီအစဉ် အထ မမြောက်ဘဲ ထိုရခိုင်လူငယ်များ ထွက်ပြေးသွားကြောင်းသိရပါသည်။ 

ဘူးသီးတောင်။။ ဖေဖော်ဝါရီလ(၂၁)ရက်နေ့ည ၁၁နာရီတွင် နစကစခန်းအမှတ်(၂၂)မှ ဘူးသီး တောင်မြို့ နယ် ရာဇာဘီလ်ကျေးရွာအုပ်စုတွင်နေထိုင်သော အောက်ဖော်ပြပါရိုဟင်ဂျာ (၄) ဦးကို ခိုင်လုံသော အကြောင်းပြ ချက်တစ်စုံတစ်ရာမပြဘဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရှိရပါသည်။ 

(၁) ဦးဟာမိတ်ဟူစိန်း (ဘ) ဦးဘာရူ (အသက် ၃၀ နှစ်) 
(၂) ဦးအလီအကဘာရ် (ဘ) ဦးဒီန်မိုဟာမတ် (အသက် ၂၂ နှစ်) 
(၃) မော်လ၀ီဦးရဖိခ် (ဘ) ဦးယူစွပ် (အသက် ၂၃ နှစ်) 
(၄) ဦးဘာရူ (ဘ) ဦးအဒူကရီမ် (အသက် ၅၅ နှစ်) 

အထက်ဖော်ပြပါ (၄) ဦးအား ငွေကျပ် ၇၅၀၀၀ စီပေးစေပြီး ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရပါသည်။ 

ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ရာဇာဘီလ်မှ ရိုဟင်ဂျာနှစ်ဦးဖြစ် သည့်ဦး ဆူ လေမန်(ဘ)ဦးကာလူ(အသက်၄၀ နှစ်) နှင့်ဦးနူရ်အစ္စလာမ်(ဘ)ဦးနူရ်မိုဟာမတ်(အသက်၂၂ နှစ်)တို့ အား ကေရာရန် ဖရန်ကျေးရွာ အုပ်စုအမည်ရှိ ရခိုင်ရွာသို့ ရခိုင်လူမျိုးများအတွက်ကောက်ပဲသီးနှံ များသယ်ဆောင် ရန် ခေါ်ဆောင် သွားခဲ့သည်။ သို့သော်လည်း နယ်မြေခံစစ်တပ် တပ်ရင်းဖြစ်သည့် တပ်ရင်း ၅၃၆ မှ ၎င်းတို့နှစ်ဦးအားတွေ့ရှိသွားပြီး ရခိုင်ရွာကိုလာသည့်အတွက်ဟုဆို၍ လူမဆန်စွာ ရိုက် နှက် ခဲ့ကြောင်း သိရပါသည်။

QS Madani 
RB News 
19.2.2013 

မောင်တော ။ ။ မောင်တောမြို့နယ်မြောက်ပိုင်း နစကနယ်မြေ (၅) မှနစကများသည် ရခိုင်လူငယ် များ နှင့် ပူးပေါင်း၍ ရိုဟင်ဂျာ ရွာများတွင် လုယက်ခြင်းများ ဆက်လက်ဖြစ်ပွားလျက် ရှိကြောင်း သိရှိ ရပါသည်။ ထို သို့နေအိမ်များကို စီးနင်း၍ လုယက်ခြင်းအပြင် အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်းများ ကိုကြောက်ရွှံ့၍ အိမ်ထောင်ဦးစီး အမျိုးသားများနှင့် လူငယ်များမှာ မိမိနေအိမ်များမှ တိမ်းရှောင် လျက်ရှိကြသည်။ 

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈) က ကပ္ပကောင်းကျေးရွာကို ၀င်ရောက်စီးနင်းပြီး နေအိမ်များစွာမှ အ၀တ် အစားဟောင်းများပါ မကျန် လုယက်ပြီး ရိုဟင်ဂျာ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ယမန်နေ့က ပင် အထက်ပြူးမကျေးရွာ အုပ်စု၊ ကိုးတောင်းရွာကိုလည်း ၀င်ရောက် စီးနင်း၍ နေအိမ်များမှ လုယက်ပြီး ရိုဟင်ဂျာ ၃ ဦးကို ဖမ်းဆီး သွားခဲ့ကြောင်း သိရှိရ ပါသည်။ 

ယနေ့နံနက် ၁၂း၃၀ တွင် နစကများနှင့် ရခိုင်လူငယ်များ ပူးပေါင်း၍ ဒိုးတန်းရွာကို ၀င်ရောက်စီး နင်းပြီး၊ နေအိမ်များကို လုယက်၍ အမျိုးသားများကို ရုက်နှက်သည့် အပြင် မိန်းမပျိုများနှင့် အမျိုး သမီးများကိုအုပ် စုလိုက်မုဒိန်းကျင့်မှု များပြုလုပ် ခဲ့သည်။ 

အောက်ဖော်ပြပါ သားအမိနှစ်ဦး၊ ညီအစ်မနှစ်ဦးနှင့် အခြား မိန်းမပျိုနှစ်ဦး တို့ကို မိသားစုဝင် များရှေ့မှောက် တွင် အုပ်စုလိုက်မုဒိန်းကျင့် ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

သားအမိနှစ်ဦးမှာ - 

(၁) မွန်တာစ် (ဘ) ဦးကရီးမ်အုလ္လာ (အသက် ၁၈ နှစ်) 
(၂) နူရ်ဟာဘေစ် (ဦးကရီးမ်အုလ္လာ၏ဇနီး) (အသက် ၃၈ နှစ်) (ကလေး ၇ ဦး၏မိခင်) 

ညီအစ်မနှစ်ဦးမှာ - 

(၁) အန်ဝါရာ (ဘ) ဦးလာလ်မိုဟာမတ် (အသက် ၁၅ နှစ်) 
(၂) ဆေနိုဝါရာ (ဘ) ဦးလာလ်မိုဟာမတ် (အသက် ၁၉ နှစ်) 

အခြားသောမိန်းမပျိုနှစ်ဦးမှာ - 

(၁) ရူကီယာ (ဘ) ဦးကဘီရ်အဟမတ် (အသက် ၂၀ နှစ်) 
(၂) မနူဝါရာ (ဘ) ဦးဂျာဖော်ရ်အဟမတ် (အသက် ၁၉ နှစ်) - တို့ဖြစ်ပါသည်။ 

ဦးလာလ်မိုဟာမတ်၏ သမီးနှစ်ဦး၏ အခြေအနေမှာ လွန်စွာဆိုးရွားလျက် ရှိပြီး၊ ဝေးလံခေါင် ပါးသောနေ ရာ ဖြစ်သောကြောင့် ဆေးဝါး ကုသခံယူမှုရရန်မလွယ်ကူပေ။ အာဏာပိုင်များ ကိုယ်တိုင် အကြမ်းဖက်ရမ်း ကားနေသောကြောင့် ယခုဖြစ်စဉ်များကို အရေးယူပေးရန်အတွက် တိုင်ကြား ရန်နေရာလည်း မရှိဖြစ်နေပါ သည်။ 

ငခူရကျေးရွာမှ စီးပွားရေးသမားနှင့် ရွာလူကြီး တစ်ဦးဖြစ်သည့် ဦးဆီရာဂ်ျအုဒင် (ခ) ဦးခင်မောင်ထွန်း (ဘ) ဦးဒိလ်မိုဟာမတ် (အသက် ၄၁ နှစ်) ကို နစကနယ်မြေ (၅) မှအကြောင်းပြချက် တစ်စုံတစ်ရာမပြ ဘဲ ယနေ့ ဖမ်းဆီးသွားပြီး၊ ညနေပိုင်းတွင် မောင်တောမြို့ရှိ UNHCR ရုံး၏တောင်း ဆိုမှုကြောင့်ပြန်လည် လွှတ်ပေး လိုက်ကြောင်း သိရပါသည်။ 

နစကနယ်မြေ (၅) မှ နယ်မြေတွင်းအခြေအနေကို ယိမ်းယိုင်အောင်ပြုလုပ် လျက်ရှိရာ ဒေသခံရိုဟင်ဂျာ များမှာလွန်စွာ စိုးရိမ်လျက် ရှိပါသည်။ မောင်တောမြို့နယ်မြောက်ပိုင်း၏ အခြေအနေမှာဖေဖော်ဝါရီလ ပထမပတ်အထိ တည်ငြိမ်လျက် ရှိခဲ့ပြီး ယခုအခါ ရခိုင်များနှင့်အာဏာပိုင်များ ပူးပေါင်း၍ ရိုဟင်ဂျာများကို နည်းလမ်းမျိုးစုံဖြင့် ညှင်းပန်းနှိပ်စက်လျက် ရှိပါသည်။

QS Madani 
RB News 
17.2.2013 

မောင်တော ။ ။ မောင်တောမြို့နယ်မြောက်ပိုင်း၊ မြို့သစ်ကျေးရွာ (ရူစူဖာရာ) တွင်ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင်ရခိုင်လူမျိုး အချင်းချင်းပြဿနာဖြစ် ပွားပြီးနောက် ရခိုင်အစွန်းရောက်များနှင့် အစိုးရ အာဏာ ပိုင်များသည် မြို့သစ်ကျေးရွာ အနီးပတ်ဝန်းကျင်ရှိ ရွာများတွင် စုံစမ်းစစ်ဆေးမှုပြု လုပ်ရမည်ဟုခေါင်းစဉ် တပ်၍ ရိုဟင်ဂျာ ရွာသူရွာသား များအားအစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ နေအိမ်များသို့ ၀င်ရောက်စီး နင်း၍ တရားဝင် ဓါးပြတိုက်ခြင်းပြု လုပ်လျက် ရှိသည်။ ဖေဖော်ဝါရီလ (၁၀) ရက်နေ့နောက်ပိုင်းမှစ၍ နစကများ၊ စရဖများနှင့် လက်နက်ကိုင်ဆောင်ထားသော ရခိုင်အစွန်းရောက် လူငယ်များသည် တရွာဝင် တရွာထွက်၍ စုံစမ်းစစ်ဆေးရေး ခေါင်းစဉ်ဖြင့် ရိုဟင်ဂျာ ရွာသူရွာသား များကို နည်းလမ်းမျိုးစုံဖြင့် ဒုက္ခပေး လျက် ရှိကြောင်းသိရှိ ရပါသည်။  နေအိမ်များကို စီးနင်းသည်နှင့် တပြိုင်နက် နေအိမ်ရှိ လူများကို ရိုက်နှက် ခြင်း၊ ငွေကြေးများ၊ ရွှေများ၊ အ၀တ်အစားများနှင့်နေအိမ်ပိုင် ဆိုင်မှုအထောက် အထားများ ကိုလု ယူကြ ကြောင်းသိရပါသည်။ 

ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ဒိုးတန်းကျေးရွာအုပ်စု၊ လူဒိုင်းရွာသို့ ၀င်ရောက်၍ အောက်ဖော်ပြပါ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး များကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 

(၁) ဦးနာဇီရ်ဟူစိန်း (ဘ) အမည်မသိ (အသက် ၅၀ နှစ်) 
(၂) ဒေါ်ကူလ်ဆူမာ (ဘ) ဦးဟာမိတ်ဟူစိန်း (အသက် ၄၅ နှစ်) 
(၃) ဦးလေယာကာသ်အလီ (ဘ) ဦးဆေရာဂျူလ်အစ္စလာမ် (အသက် ၄၅ နှစ်) 
(၄) မောင်ဘရှာရ် (ဘ) ဦးလေယာကာသ်အလီ (အသက် ၂၀ နှစ်) 
(၅) မောင်အုစ်မာန် (ဘ) ဦးအဒူလသီဖ် (အသက် ၁၈ နှစ်) 
(၆) ဦးလေယာကာသ်အလီ (ဘ) အမည်မသိ (အသက် ၃၀ နှစ်) 
(၇) ဦးမိုဟာမတ်ဒေဒရီစ် (ဘ) မော်လာနာဦးကဘီရ် (အသက် ၂၉ နှစ်) 
(၈) ဦးမိုဟာမတ်ဟာရှင် (ဘ) ဦးဇော်မီရ် (အသက် ၂၅ နှစ်) 
(၉) မောင်မိုဟာမတ်အာနတ်စ် (ဘ) ဦးဆယာဒ်အဟမတ် (အသက် ၂၀ နှစ်) 
(၁၀) ဦးကမာလ်ဟူစိန်း (ဘ) ဦးမိုဟာမတ်ဟူစိန်း (အသက် ၂၂ နှစ်) 

အထက်ဖော်ပြပါ (၁၀) ဦးမှ (၄) ဦးကိုဖမ်းဆီးသွားသည့်နေ့ ညဘက်တွင်သတ်ဖြတ်လိုက်ကြောင်း သတင်း ရ ရှိပါသည်။ 

ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် အောက်ပြူး မကျေးရွာ (ဟာဆာဘီလ်) ကိုနစကများ ၀င်ရောက်စီး နင်းခဲ့ပြီး၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် အထက်ပြူး မကျေးရွာ ရှိနေအိမ် ၂၁ အိမ်ကိုဝင်ရောက်စီး နင်းခဲ့သည်။ အဆိုပါနေအိမ် ၂၁ အိမ်မှ စားနပ် ရိက္ခာများ လုယက်ခဲ့ပြီး ရိုက်နှက်၍ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်သွားရန် နစက များမှပြော ဆိုခဲ့ကြောင်း သိရပါသည်။ ဦးအေလီယာစ်၏  နေအိမ်သို့ ၀င်ရောက်စီးနင်း ရာတွင် နစကများမှ “မင်းက ဘင်္ဂလီဖြစ်တဲ့ အတွက် ငါတို့ လုပ်ချင်သလို လုပ်မယ်” ဟုပြောပြီး နောက် ကော် ဖီမစ် ထုတ်များ ကိုတွေ့သော အခါ “အရသာရှိတဲ့ ဒီကော်ဖီမစ်တွေ သောက်ပြီး မင်း ဒီနိုင်ငံ ထဲက ထွက် မသွားနိုင် တာလား” ဟုပြောဆိုခဲ့သည်။ 

ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင်ဒိုးတန်းရွာရှိ နေအိမ် (၄၁) အိမ်ကိုဝင်ရောက်စီးနင်းကြောင်းသိရှိရပါ သည်။ ဖေဖော်ဝါရီ (၁၅) ရက်နေ့တွင် ငါးစားကြိုးကျေးရွာအုပ်စု၊ လိပ်အိုင်ရွာရှိနေအိမ် (၆၀) ကိုဝင် ရောက် စီးနင်းခဲ့သည်။ အဆိုပါနေ အိမ်များမှ ငွေကြေးများ၊ ရွှေများ၊ အ၀တ်အစားများ၊ ဟင်းချက်သည့် အိုး များ၊ မြေယာပိုင်ဆိုင်မှု၊ နေအိမ်ပိုင်ဆိုင်မှု စာရွက်စာတမ်းများနှင့် အခြားသော တန်ဖိုးရှိ သည့်ပစ္စည်း များ ကိုလုယူ ခဲ့ကြောင်း သိရပါသည်။ 

ထိုကဲ့သို့ သန်းပေါင်းများစွာ တန်ဖိုးရှိသည့် ပစ္စည်းများ လုယူခံရခြင်း၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရခြင်း တို့ကြောင့် ရိုဟင်ဂျာ ရွာသူရွာသား အများအပြားမှာ မိမိတို့၏ကျေးရွာများရှိနေအိမ်များကို စွန့်ခွာ၍ တောင် များပေါ်နှင့်ဆည်များ၊ ကန်များအနီး အ၀ှက်များတွင်နေရာယူ၍ နေထိုင်လျက်ရှိကြသည်။ 

အာဏာပိုင်များမှ ရခိုင်ရွာ တစ်ရွာလျှင် သေနတ် ၄ လက်စီခွဲတမ်းချပေးထားပြီး၊ ယခုအခါ လက်နက်များ ကိုင်ဆောင်၍ ဈေးများ၊ ပြည်သူ အများသွား လာသည့်နေရာ များတွင် ရိုဟင်ဂျာများအားခြိမ်းခြောက် လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ယခုဖြစ်ပေါ်နေသောအခြေအနေများကို ဖန်တီးနေသည့်အဓိကတာဝန်ရှိသူ (၃) ဦးမှာ - 

(၁) နစကနယ်မြေ (၅) မှ ဦးထွန်းထွန်းနိုင် 
(၂) စရဖမှ ဦးမိုးပျံထွန်း 
(၃) နစကနယ်မြေ (၅) နယ်မြေမှူး ဗိုလ်မှူးဝင်းလှိုင် - တို့ဖြစ်ပါသည်။

QS Madani 
RB News 
13.2.2013 

ဘူးသီးတောင် ။ ။ နယ်မြေ ခံစစ်တပ်၊ တပ်ရင်းများမှ အကြောင်း အမျိုးမျိုး ဖန်တီး၍ ဒေသခံ ရိုဟင်ဂျာများ ထံမှငွေ ညှစ်လျက် ရှိရာ၊ ဖေဖော်ဝါရီလ (၇) ရက်နေ့ တွင် ဘူးသီးတောင်မြို့နယ်၊ တပ်မင်းချောင်းကျေး ရွာ အုပ် စုရှိ တပ်ရင်း (၃၂၂) မှ မဟုတ်မမှန် သည့်စွပ်စွဲချက်များဖြင့်  အောက်ဖော်ပြပါပုဂ္ဂိုလ် များထံ မှ ငွေ ညှစ် ခဲ့ကြောင်း သိရှိရပါသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားရောက်ခဲ့သည့်အကြောင်းပြ၍ငွေညှစ်ခံရသူများမှာ - 

(၁) ဦးအာမီးန်အုလ္လာ (ဘ) ဦးမိုဟာမတ်ဆအီးဒ် (ပေးခဲ့ရသည့်ငွေ - ကျပ် ၅ သောင်း) 
(၂) မော်လ၀ီဦးအဲခ်သာရ် (ဘ) ဦးဟာမီဒုရ်ရာမန် (ပေးခဲ့ရသည့်ငွေ - ကျပ် ၁ သိန်း) 

မလေးရှားနိုင်ငံသို့လူကုန်ကူးနေသည်ဟုစွပ်စွဲ၍ငွေညှစ်ခံရသူများမှာ - 

(၁) ဦးအဘူကာစင် (ဘ) ဦးဖယားဇ် (ပေးခဲ့ရသည့်ငွေ - ကျပ် ၅ သိန်း) 
(၂) ဦးမာဘုဘ်ရာမန် (ဘ) ဦးအဟမတ်ဟူစိန်း (ပေးခဲ့ရသည့်ငွေ - ကျပ် ၁ သိန်း) 

လက်ကိုင်ဖုန်းကိုင်ဆောင်နေသည်ဟုစွပ်စွဲ၍ငွေညှစ်ခံရသူများမှာ - 

(၁) ဦးမိုဟာမတ်တယုဘ် (ဘ) ဦးလာလူး (ပေးခဲ့ရသည့်ငွေ - ကျပ် ၂ သောင်း) 
(၂) ဦးအာနဲစ် (ဘ) ဦးအာယုဘ် (ပေးခဲ့ရသည့်ငွေ - ကျပ် ၁ သိန်း) 
(၃) ဦးမာဆုမ် (ဘ) ဦးအဘူဆီဒိတ် (ပေးခဲ့ရသည့်ငွေ - ကျပ် ၄ သိန်း) 
(၄) ဦးဟာရစ် (ဘ) ဦးဇကရီယား (ပေးခဲ့ရသည့်ငွေ - ကျပ် ၅ သောင်း) 

ဦးအာယုဘ် (ဘ) ဦးအဒူဟာကိမ်းထံမှ မိန်းမပျို တစ်ဦးအား လူငယ်တစ်ဦးဖြင့် တရားမ၀င် လက် ဆက် ပေးသည် ဟုစွပ်စွဲ၍ ငွေကျပ် ၁ သောင်းရယူခဲ့သည်။ ထို့အပြင် ဦးယာစီးန် (ဘ) ဦးမိုဟာမတ်ဆီဒိတ် အား လယ်ကွင်း တွင်ကောက်ရိုး များမီးရှို့ သည်ဟု စွပ်စွဲ၍ ငွေကျပ် ၁ သိန်းယူ ခဲ့သည်အပြင် ၎င်း၏ လယ် မြေနှစ် ဧက ကိုလည်း ဒဏ်ခတ်သည့်အနေဖြင့် သိမ်းဆည်း လိုက်ကြောင်း သိရှိရပါသည်။ 

မင်းပြား ။ ။ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် မင်းပြားမြို့နယ်၊ လမ်ဘွိုင် စာကျေးရွာအုပ်စုမှ လူငယ်လေး ဦးသည်ဈေးသို့ ကွမ်းဝယ်ရန် သွားရာ လမ်းတွင် ရခိုင် အကြမ်းဖက်များမှ ထိုလူငယ်လေးဦးအားဖမ်းဆီး ရိုက်နှက်၍ နယ်မြေလုံခြုံရေးများ လက်သို့ အပ်နှံခဲ့သည်။ တဖန် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ အဆိုပါ လူ ငယ် လေးဦးကို လူမဆန်စွာသေလုမျှောပါးရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တော ။ ။ ဖေဖော်ဝါရီလ (၁၃) ရက်နေ့နေ့လည် ၁း၃၀ နာရီတွင် မောင်တောမြို့နယ်၊ အင်းဒင် ကျေးရွာ အုပ်စုမှ ဇူဘိုက်ရ် (ဘ) ဦးအဒူကရီးမ်အား ဗိုလ်မှူးစိုးမိုးထိုက် မှ ခွင့်ပြုချက် မယူဘဲ လက်ထပ် ခဲ့သည်ဟုမဟုတ် မမှန်စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။ အဆိုပါ ဗိုလ်မှူး အနေဖြင့် ဇူဘိုက်ရ်၏ ဖခင်သည်ဆော်ဒီ အာရေဗျနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး မကြာခဏငွေပို့ပေးနေသည် ကိုသိ၍ ငွေညှစ်ရန်ရည် ရွယ်ချက်ဖြင့်သာဖမ်းဆီးခြင်းဖြစ်သည်။ ဇူဘိုက်ရ်အား အင်းဒင်ကျေးရွာရှိ နစကစခန်းသို့ဖမ်းဆီးခေါ် ဆောင်သွားပြီး ရိုက်နှက် ညှင်းပန်းနှိပ်စက်လျက်ရှိကြောင်းသိရသည်။ ထို့အပြင် ဇူဘိုက်ရ်အား ငွေကျပ် ၁၀ သိန်းပေးမှသာပြန်လည်လွှတ်ပေးမည်ဟု အဆိုပါဗိုလ်မှူး ကပြောဆို ထားကြောင်း သိရပါသည်။ 

ဖေဖော်ဝါရီလ (၈) ရက်နေ့နံနက် ၁၁း၀၀ ခန့်တွင် မောင်တောမြို့နယ်၊ ဇော်မတတ်ကျေးရွာအုပ်စုရှိ စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသော စစ်သားကျော်ကိုကိုမှ မော်တော်ဆိုင်ကယ် စီးနင်းလာသော ဦးစလင်း အုလ္လာ (ဘ) ဦးရှီဒါအလီ (အသက် ၂၇ နှစ်) ထံမှ မော်တော်ဆိုင်ကယ်ကို လုယူ၍ ရိုက်နှက်ခဲ့ သည်။ ထို့အပြင် ရိုက်နှက်ခြိမ်းခြောက်၍ ရွာအတွင်းရှိ မော်တော်ဆိုင် ကယ်ပိုင်ရှင်များ၏ အမည်စာရင်း ကိုတောင်း သည့်အပြင်၊ ရွာသားအချို့ အမည်များပြောစေ၍ ၎င်းသူများသည် လက်ကိုင်ဖုန်း ကိုင်ဆောင် နေသည်၊ တဖက်နိုင်ငံ သို့ သွားလာနေသည်၊ အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သည်ဟုအတင်းအဓမ္မ မဟုတ် မမှန် ၀န်ခံ ခိုင်းခဲ့ကြောင်းသိရှိရပါသည်။

QS Madani 
RB News 
11.2.2013 

မင်းပြား ။ ။ ဖေဖော်ဝါရီလ (၉) ရက်နေ့တွင်  တောင်ကုတ်မြို့မှ အနည်းဆုံး ၁၆၀ ခန့် ရှိ မည့်ရခိုင် အကြမ်း ဖက်သမား များသည် ကုန်တင် ကားနှစ်စီးဖြင့် မင်းပြားမြို့နယ်သို့ ၀င်ရောက် လာခဲ့သည်။ ထိုသို့ ဝင်ရောက် လာခြင်းမှာ မင်းပြားမြို့နယ်ရှိ ရိုဟင်ဂျာများအား ထပ်မံတိုက်ခိုက်ရန် ယုံကြည် ရသည်။ 

ထိုနေ့တွင်ပင် မင်းပြားမြို့နယ် နဂါးရာကျေးရွာအုပ်စု (ဖော်ခ်စီဖာရာ)မှ ရိုဟင်ဂျာ လူမျိုးဘာသာရေး ဆရာ မော်လ၀ီ     ဦးရဟာမတ်သုလ္လာသည်    ဈေးဝယ်ရန် ဖီဖာရန်  ကျေးရွာသို့ သွားခဲ့သည်။ မင်းပြားမြို့ နယ် အခြေစိုက် နယ်မြေခံ တပ်ရင်းမှ စစ်သားများမှ ၎င်းအားတွေ့သည်နှင့် ဘာကြောင့် မော်လ၀ီဖြစ်ရ သလဲဟု ၀ိုင်းဝန်းပြောဆို၍ လူမဆန်စွာ ရိုက်နှက် ခဲ့ပြီး၊  သေလုမျှောပါး အခြေအနေဖြင့် မြေပြင်ပေါ်တွင် ပစ်ချ၍ ထွက်ခွာသွားကြောင်း သိရှိရပါ သည်။ 

မင်းပြားမြို့နယ်၊ ဖော်ခ်တလီကျေးရွာ အုပ်စုတွင် ရိုဟင်ဂျာမိသားစု (၁၂၀) ခန့်ရှိပြီး၊ လယ်မြေဧက ၆၀ ခန့်ဖြင့် အသက်မွေး ၀မ်းကြောင်းပြု၍ ရပ်တည် ခဲ့ကြသည်။ အကြမ်းဖက်မှု ကြီြး ဖစ်ပွားပြီးနောက် ၎င်းတို့၏ လယ်မြေများကို ရခိုင်များမှ လုယူ ခဲ့ပြီးနောက် မူရင်းပိုင်ရှ င်များဖြစ်သည့် ရိုဟင်ဂျာ လူမျိုးများမှာ စိုက်ပျိုးခွင့် မရတော့ပေ။ ယခုအခါ အဆိုပါ မိသားစုများသည် စားဝတ်နေရေး လွန်စွာခက်ခဲနေပြီ၊ ဘီစကစ်များ၊ အ ခြားသော ကုန်ခြောက်များ စားသောက်၍ အသက်ဆက်နေရပြီး၊ ဤကဲ့သို့ အခြေအနေ ဆက် လက်ဖြစ်နေ ပါက အဆိုပါ မိသားစုများ၏ အသက်ပင် အန္တရာယ် ရှိနိုင်မည့် အခြေအနေ ရှိနေ ပါသည်။ 

ဘူးသီးတောင် ။ ။ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ပြင်ကျေးရွာအုပ် စုရှိ နစကစခန်းအမှတ် (၂၁) မှ ဒေသခံရိုဟင်ဂျာတစ်ဦးဖြစ်သည့် ဦးမိုဟာမတ်ဂျာဘဲရ် (ဘ) ဦးဆယာဒ်အဲ ဘာရ်အား လက်ကိုင် ဖုန်းကိုင်ဆောင်ထားသည်ဟု မဟုတ်မမှန် အကြောင်းပြ၍ ငွေကျပ် လေးသိန်း ငါးသောင်း ယူခဲ့သည်ဟု သိရပါသည်။ 

ဖေဖော်ဝါရီလ (၆) ရက်နေ့ညတွင် ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ပြင်ကျေးရွာ အုပ်စု မှ မော်လ၀ီ ဦးမာဘုဘ်ရာမန် (ဘ) ဦးအရှရာဖ်မျာ (အသက် ၅၉ နှစ်) ၏  နေအိမ်ကို ရခိုင်အကြမ်း ဖက်သမားများက မီးရှို့ ဖျက်ဆီးခဲ့သည်။ ၎င်းအိမ်မှာ လုံးဝပြာဖြစ်သွား သည့်အထိ မီးလောင်ကျွမ်း သွားခဲ့ သည်။ ဖေဖော် ၀ါရီလ (၇) ရက်နေ့ နံနက်တွင် ဘူးသီးတောင်မြို့နယ် ရဲစခန်းမှရဲများ လာရောက်၍ အချိန် မှီအမှု မဖွင့်ဟု အကြောင်းပြ ပြီး မော်လ၀ီ ဦးမာဘုဘ်ရာမန်ထံမှ ငွေကျပ်သိန်း ၄၀ ယူခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဖေဖော်ဝါရီလ (၆) ရက်နေ့တွင်ပင် ဘူးသီးတောင်မြို့နယ်၊ ရှီယာကုန်းဒါကျေးရွာအုပ်စုမှ ရိုဟင်ဂျာရွာ သားနှစ်ဦးအား နယ်မြေခံလ၀ကရုံးမှ ၎င်းတို့အား ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ ၍ တစ်ဦးထံမှ ငွေကျပ် တစ်သိန်းစီ ယူခဲ့သည်။ ထိုသို့ငွေ ကျပ်တစ်သိန်း စီပေးခဲ့ရ သူနှစ်ဦးမှာ - 

(၁) ဦးအဘူသယုပ် (ဘ) ဦးဆယာဒ်နူရ် 
(၂) ဦးနူရူရ်ဟောက် (ဘ) ဦးအဘူဆူဖီယန် - တို့ဖြစ်ပါသည်။ 

အဆိုပါရွာမှ ရွာသား တစ်ဦးဖြစ်သူ ဦးအုစ်မန်ဂနီ (ဘ) ဦးကလီမ်အုလ္လာအား နယ်မြေခံတပ်ရင်း (၃၄၆) မှ လက်ကိုင်ဖုန်းကိုင်ဆောင်ထား သည်ဟု မဟုတ်မှန်သည့် အကြောင်းပြ၍ ငွေကျပ်တစ်သိန်းယူခဲ့သည်။ 

ထိုကျေးရွာတွင်ပင် နယ်မြေခံ တပ်ရင်းတစ်ရင်ြး ဖစ်သည့် တပ်ရင်း (၃၄၅) မှ အောက်ဖော်ပြပါလေးဦး အား လက်ကိုင် ဖုန်းကိုင်ဆောင်ထားသည်ဟု စွပ်စွဲ၍ ငွေကျပ် ၅၀၀၀ စီယူခဲ့သည်ဟု သတင်းရရှိပါသည်။ 

(၁) ဦးဇကရီယာ (ဘ) ဦးအဘူကလာမ် 
(၂) ဦးနူမန် (ဘ) ဦးဒလိလ်အဟမတ် 
(၃) ဦးနူရ်အာမီးန် (ဘ) ဦးအဘူကာစီးမ် 
(၄) ဦးအဒူကာဒဲရ် (ဘ) ဦးမိုဟာမတ်စအီဒ် 

အဆိုပါ တပ်ရင်း များသည် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဒေသခံ ရိုဟင်ဂျာများအား မဟုတ်မမှန်လုပ် ကြံ ခြိမ်းခြောက်ပြီး ငွေညှစ်နေသည့် တပ်ရင်းမျာြး ဖစ်ပါသည်။

QS Madani 
RB News 
9.2.2013 

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်ဇွန် လဆန်းတွင် အကြမ်းဖက်မှု များဖြစ်ပွားပြီးနောက် အပြစ်မဲ့ ရိုဟင်ဂျာ မွတ်စလင် အများအပြားကို သက်ကြီး၊ ကလေးပါမကျန် ဖမ်းဆီး၍ အကျဉ်း ချခဲ့သည်။ ထိုသို့ ဖမ်းဆီး ခံရ သူများထဲမှ ငွေကြေး တတ်နိုင်သူ (၃) ဦး သည် တစ်ဦးလျှင် ငွေကျပ် သိန်း ၁၅၀ စီပေး ၍ လွန်ခဲ့ သည့် ရက်ပိုင်း အတွင်း လွတ်မြောက် လာခဲ့သည်။ 

လွတ်မြောက် လာသူ (၃) ဦးမှ ထောင်တွင်း အတွေ့ အကြုံများကို အကျဉ်းထောင် အတွင်း မတရားသဖြင့် အကျဉ်း ကျ ခံနေရသူ များ၏ ဆန္ဒအရ RB News သို့ ၎င်းတို့ ခံစားနေရသည့် ညှင်းပန်းနှိပ်စက်မှု အသေး စိတ်ကို စာရေးသား ၍ပေး ပို့ခဲ့သည်။ 

အဆိုပါစာတွင်ရေး သားထားသော အချက်အလက်များ မှာအောက်ပါ အတိုင်းဖြစ်ပါသည်။ 

၂၀၁၂ ခုနှစ်၊ ဇွန်လမှစ၍ ယနေ့ထိ ဘူးသီးတောင်မြို့နယ် အကျဉ်းထောင် အတွင်း ရိုဟင်ဂျာ မွတ်စလင်များ အား အသက် အာမခံချက် ကင်းမဲ့ သည့်အထိ လူမဆန်သော ရက်စက် ရမ်းကားမှု၊ ရိုက်နှက် သတ်ဖြတ်မှု၊ ဂုဏ်သိက္ခာ ပျက်အောင်ပြုလုပ်မှုများ 

မြန်မာနိုင်ငံပြည်နယ် အစိုးရ ရဲတပ်ဖွဲ့ဝင်များနှင့် အကျဉ်းထောင်ဝန်ထမ်းများမှ - 

(၁)အကြမ်းဖက်မှု များတွင်ပါဝင် ပတ်သက်ခြင်း မရှိခဲ့သော ရိုဟင်ဂျာ မွတ်စလင်များအား မသင်္ကာဟု အ ကြောင်းပြ ဖမ်းဆီးပြီး၊ ကြိုးဖြင့် ချည်နှောင်ခြင်း၊ အ၀တ်တစ် စုံတစ်ရာ ၀တ်ခွင့်မပြုဘဲ ၀တ်လစ်စလစ် ထား ခြင်း 

(၂) အကျဉ်းထောင်သို့ ခေါ်ယူသွားစဉ် ခေါင်းငုံ့၊ ခေါင်းချထားခိုင်းပြီးလည်ကုတ်ပေါ်တွင်ခြေဖြင့်ဖိထား ခြင်း 

(၃) အကျဉ်းထောင် အတွင်းကာလရှည်ကြာစွာ ၀တ်လစ်စလစ် ထားခြင်း၊ ရေချိုးရန်လိုအပ်လျှင်လည်း ၀တ်လစ် စလစ်ဖြင့်ခေါ် ယူသွား၍၊ ၀တ်လစ်စလစ်ဖြင့် သာပြန်လည်၍ အကျဉ်းထောင် အတွင်း ရှိ အ ဆောင် သို့အုပ်စု လိုက်ပြန်လည်ခေါ် ယူလာခြင်း 

(၄) အကျဉ်းထောင်အတွင်း သွားလာစဉ်တွင် လည်းကောင်း၊ အဆောင်တွင်း ထားရှိစဉ်တွင် လည်း ကောင်း၊ ရိုဟင်ဂျာ မွတ်စလင် အကျဉ်းသား များ၏ အရှက် အင်္ဂါကို တုတ်ဖြင့်ရိုက်ခြင်း၊ အကျဉ်း သား အချင်း ချင်းအား ရိုက်နှက်၍ ကိုင်တွယ်စေခြင်း၊ ကြိုးဖြင့် ချည်နှောင် ၍ ရောင်ရမ်း လာသည့် အထိ ထားခြင်း၊ 

(၅) အကျဉ်းထောင် ၀န်ထမ်းများမှ ခေါင်းငုံ့၊ ခေါင်းချခိုင်းပြီး၊ ကျောကုန်းပေါ်တက်ထိုင်၍ တူဖြင့်ခေါင်း ကိုထုခြင်း၊ ရခိုင်အကျဉ်းသား များကိုခေါ်ယူ၍ ခြေ၊လက်များအားတုတ်၊တူ၊သံကြိုးများဖြင့်ရိုက်နှက် စေခြင်း 

(၆) ခြေ၊ လက်၊နား၊ နှာခေါင်း များဖြတ်ပြီး၊ ဦးခေါင်းတွင်ကြီးမားသည့် ဒဏ်ရာရသည့် အထိ နာကျင် အောင် ညှင်းပန်းနှိပ်စက်ခြင်း 

(၇) ၀မ်း၊ ရင်ဘတ်၊ နှလုံးသားနှင့် ဦးနှောက် အတွင်း အတွင်းကြေဒဏ်ရာ ရသည့်အထိ ရိုက်နှက်ခြင်း 

(၈) မုတ်ဆိတ်နှင့်နှုတ် ခမ်းမွှေးများကို အကျဉ်းထောင် ၀န်ထမ်းများနှင့် ရခိုင်အကျဉ်းသား များကနာ ကျင် အောင်နှုတ်ခြင်း၊ ထို့ အပြင် မိမိတို့၏ ခန္ဓာကိုယ်မှ အမွှေးများကိုနှု တ်ခိုင်းခြင်း 

(၉) ခန္ဓာ ကိုယ်အစိတ်အပိုင်း များကို မီးစွဲနေသည့် မီးသွေးများဖြင့် တို့ခြင်း၊ အရှက်အင်္ဂါများ ကို မီးရှို့ခြင်း၊ လျှပ်စစ်ဓါတ် အားဖြင့်တို့ခြင်း၊ ရေပူလောင်းချခြင်း 

(၁၀)ကာလအတန်ကြာစားနပ်ရိက္ခာဖြတ်တောက်ထားသည့်အပြင်ကာလအတန်ကြာမှရေချိုးခွင့်ပြု ခြင်း၊ ရေ ချိုးခွင့်ပြုလျှင် လည်း ရေကိုလုံလောက်စွာသုံးစွဲခွင့်မပြုခြင်း၊ သောက်ရေကိုလည်းအချိန်အကန့်အသတ်ဖြင့် သာသောက်ခွင့်ပြုခြင်း 

(၁၁) အကျဉ်းထောင်အတွင်း ညဘက်အိပ်စက်ခွင့်မပြုခြင်း၊ အိပ်ငိုက်လျှင်တာဝန်ခံမှ သေလုမျှောပါး ရိုက်နှက်ခြင်း 

(၁၂) နမားဇ်ဝတ်ပြုခွင့်မပေးခြင်း၊ ဥပုသ်စောင့်ခွင့်မပေးခြင်း၊၀ူဇူ(ခြေလက်မျက်နှာသန့်စင်ခြင်း)ခွင့်မ ပြုခြင်း 

(၁၃) လည်ပင်းနှင့်လည်ကုတ်ပေါ်တွင်တွန်တုံးများတင်၍ လယ်ထွန်ခြင်း 

(၁၄) တွားသွားစေ၍ အကျဉ်းထောင်ဝန်ထမ်းများမှ စီးနင်းပျော်ပါးခြင်း 

(၁၅) သံမှိုရိုက်ထားသည့်ပျဉ်ပြားများနှင့် မီးစွဲနေသည့်မီးသွေးများအပေါ်လမ်းလျှောက်စေခြင်း 

(၁၆) လဲလျောင်းစေပြီး၊ ရင်ဘတ်ပေါ်တွင်ကျောက်တုံးအလေးများတင်ထားခြင်း 

(၁၇) ကပ်ကျေး၊ အပ်၊ ဓါး၊ ပလပ်ယာတို့ဖြင့် ခန္ဓာကိုယ်အသား အရေကွာ သည့်အထိ သနားညှာတာစိတ် ကင်းမဲ့စွာ ဆွဲငင်ယူခြင်း၊ လျှာနှင့်မျက်စိများ နာကျင်သည့်အထိ ထိုးဆိတ်ခြင်း၊ 

(၁၈) လူမဆန်စွာ ရိုက်နှက်မှုကြောင့် ကျင်ကြီး/ကျင်ငယ်စွန့်မိလျှင် အကျဉ်းသား၏ လက်ဖြင့်ကိုယ်တိုင် ကိုင်စေပြီး အတင်းအဓမ္မရိုက်နှက်၍ စားသောက်စေခြင်း 

(၁၉) အကျဉ်းသားများ၏ ခန္ဓာကိုယ်ပေါ်သို့ ခါချဉ်အုံကြဲချပြီး ကိုက်စေခြင်း 

(၂၀) အကျဉ်းသားများ၏ ခန္ဓာကိုယ်ပေါ်သို့ ထမင်း၊ဟင်းများကြဲချပြီး ခွေးလေခွေးလွင့်များအားခေါ် ဆောင် လာပြီး စားစေပြီး၊ အကျဉ်းသားများအားကိုက်စေခြင်း 

(၂၁) တရားရုံးသို့ခေါ်ဆောင်သွားစဉ်၊ လူကြီးလူငယ်များအားလုံးကိုတင်းကျပ်စွာချည်နှောင်၍တရားရုံး တွင် ပင် မကြာ ခဏရိုက်နှက်ခြင်း 

(၂၂) အကျဉ်းထောင်ဝန် ထမ်းများမှ သွားရင်းလာရင်း တိရိစ္ဆာန်များ ကိုခေါ်သကဲ့သို့အမှုအရာ၊ စကား များဖြင့်ခေါ်၍၊ အကောင်ဟု လည်းကောင်း၊ နွားကုလားများဟု လည်းကောင်း စသဖြင့်ဆဲဆိုခြင်း 

(၂၃)အကျဉ်းထောင် အတွင်းနှင့် အပြင်တွင် အကျဉ်းသားများကို လက်၊ ခြေ၊လည်ပင်း၊ ခါးများကိုကြိုး ဖြင့် တင်း ကျပ်စွာ ချည်နှောင်၍ ခန္ဓာကိုယ်၏ အင်္ဂါ အစိတ် အပိုင်းများ အားလုံးကို ပြင်းထန်စွာ ဒဏ်ရာရ သည့် အထိ ရိုက်နှက်ခြင်း 

(၂၄) အကျဉ်းသားများမမာမကျန်းဖြစ်ခဲ့လျှင် ဆေးဝါးကုသမှုလုံးဝပြုလုပ်မပေးခြင်း 

(၂၅) အကျဉ်းသား များ၏ ဆွေမျိုးမိတ်သင်္ဂဟများ လာရောက်တွေ့ဆုံခွင့်တောင်း လျှင်လုံးဝ မပေးခြင်း၊ ဆေးဝါး၊ အစားအသောက်၊ စားနပ်ရိက္ခာ၊ ငွေကြေး၊အ၀တ်အထည်များကိုလည်းပေးခွင့်မပြုခြင်း 

(၂၆) အကျဉ်းသား များကို အတင်း အဓမ္မမုဒိန်း ကျင့်သည့်အပြင် သုတ်ရည် များကို ပါးစပ်တွင်းသို့အတင်း ထည့် ၍ မျို ချစေခြင်း 

(၂၇) အထက်ပါ အတိုင်း သန်စွမ်းသူ၊ မသန်စွမ်း သူများနှင့် ခြေကျိုး၊ လက်ကျိုး၊ နားပင်း၊ ရူးသွတ်၊ သက်ကြီး၊ သက်ငယ် မကျန် ထိုနည်း တူစွာပြုလုပ်ခြင်း 

(၂၈) “မောင်မင်းတို့ အလ္လာဟ်အကြီးမား ဆုံးဖြစ်တယ်လို့ မောင်မင်းတို့ ပြောတယ်မ ဟုတ်လား။ အခုမင်း တို့အလ္လာဟ်မင်းတို့ကိုကယ်ဖို့ခေါ်လိုက်” ဟုပြောဆို၍ဘာသာရေးကိုစော်ကားခြင်း 

(၂၉) အထက်ပါ ကဲ့သို့နည်း မျိုးစုံဖြင့် ရက်စက် ရမ်းကားခြင်းကြောင့် ရိုဟင်ဂျာ မွတ်စလင်မြောက် များ စွာ သေကြေ ခဲ့ရသည်။ ထိုသို့သေဆုံး ခဲ့ရသူများ၏ အလောင်းများကို မိသားစုများ သို့ ပြန်လည်ပေးခြင်း မပြု လုပ်ဘဲ၊ ၎င်းတို့ သဘော အတိုင်း မည်ကဲ့သို့ ပြုလုပ် သည်ကို မသိရှိ ရခြင်း၊ သေဆုံး သူကို အစ္စလာမ် ဘာသာ ထုံး ထမ်း စဉ်လာအတိုင်း သဂြိုဟ် ခွင့်မရခြင်း 

ရိုဟင်ဂျာ မွတ်စလင်များကို အပြစ်တစ်စုံ တစ်ရာမရှိဘဲ၊ သက်သေ အထောက် အထားမရှိဘဲ၊ ဖမ်းဆီး၍ ရခိုင် လူမျိုးအား သက်သေ အဖြစ်ခေါ် ယူပြီး နှစ်ရှည်ထောင် ဒဏ်ချမှတ်ခံ ရသူများမှာမရေ မ တွက်နိုင် အောင်ရှိနေပါသည်။ ငွေကြေးချမ်း သာသူ များထဲမှာ ငွေကြေးသိန်းပေါင်း များစွာပေး ၍ လွတ်မြောက်လာ ခဲ့သူများရှိသော်လည်း လွန်စွာနည်းပါးပါသည်။ အများစုမှာငွေကြေး မတတ်နိုင်သူ များဖြစ်သောကြောင့် အကျဉ်းထောင် အတွင်း အထက်ပါ အတိုင်း ညှင်းပန်းနှိပ်စက်မှုပေါင်း စုံကိုခံ စားနေကြ ရပါသည်။ 

ထိုသို့ ဖမ်းဆီး ခံရပြီး၊ ညှင်းပန်းနှိပ် စက်ခံရမည်ကို စိုးရိမ်၍ ထွက်ပြေး တိမ်းရှောင်နေ သူများရှိ သကဲ့သို့၊ နိုင် ငံခြားသို့အပြီး အပိုင်ထွက်ပြေး သွားသူများ လည်းအများ အပြား ရှိနေသည်။


QS Madani
RB News
15.1.2013

မောင်တော ။ ။ မောင်တောမြို့နယ်၊ နစက နယ်မြေ (၅) လက်အောက်ခံ အောက်ပြူး မကျေးရွာမှ ဦးဆွေ ယဒ် ဟူစိန်း (ဘ) ဦးဂနီမျာ (အသက် ၄၁ နှစ်) သည် ဇန်န၀ါရီလ (၁၃) ရက်နေ့ ညနေပိုင်းတွင် ငါးခူ ရဈေးသို့ သွားရန်နေအိမ်မှ ထွက်သွားခဲ့သည်။ ထိုနေ့ ညတွင် အိမ်သို့ပြန် လည်ရောက်ရှိမလာ၍ နောက်နေ့ မနက်ပိုင်းတွင် ၎င်း၏ မိသားစုမှ နေရာ အနှံ့လိုက်လံရှာဖွေခဲ့သည်။ ၎င်း၏ မိတ်ဆွေ အပေါင်း အသင်း နေ အိမ် များသို့လည်း သွားရောက်၍ ရှာဖွေခဲ့သော်လည်း သတင်းတစ်စုံ တစ်ရာ မရရှိ ခဲ့ပေ။ 

ယနေ့ နံနက်ပိုင်းတွင် ရွာလမ်းမပေါ်တစ်နေရာတွင် အနီးရှိချောင်း ဘက်သို့ အလောင်းကို ဒရွတ်တိုက်ဆွဲယူ သွားသည်ဟု ယူဆရသောသွေး အရာများနှင့် အခြားသော လက္ခဏာများတွေ့ ရကြောင်းသိရ သည်။ နေ အိမ်မှ ထွက်ခွာသွားသောနေ့ ညနေပိုင်းတွင် ဦးဆွေယဒ်ဟူစိန်းအားလူမျိုးခြား အပေါင်း အသင်း များနှင့်အတူတကွ တွေ့မြင်ခဲ့သည်ဟု တွေ့ရှိ သူတစ်ဦးမှ RB News သို့ပြောသည်။ 

ထို့ကြောင့် ဦးဆွေယဒ်ဟူစိန်းသည် သာမာန်သွေးရိုးသား ရိုးပျောက်ဆုံးနေခြင်း မဟုတ်ဘဲ၊ မျက်မြင် သက်သေ၏ပြောကြားချက်နှင့်ရွာလမ်းမပေါ်တွင်တွေ့ရှိသောသွေးရာများအရ၎င်းအားသတ်ပြီး ချောင်းထဲသို့ ပစ် လိုက်သည်ဟု ဒေသခံများမှယူဆနေကြသည်။ 

“ဇွန်လ အရေးအခင်းပြီးတဲ့နောက်ပိုင်းမှာ အဲဒီလို သွားရင်း လာရင်းနဲ့ အသတ်ခံရတာ မနည်းတော့ဘူးလေ။ ကျွန်တော်တို့လူ မျိုးတုန်း သွားအောင်ဆိုပြီး နည်းပေါင်းစုံနဲ့ လုပ်နေတာပါ။ နိုင်ငံထဲမှာမနေနိုင်အောင် အမျိုး မျိုးနှိပ် စက်တယ်။ အိမ်ထဲနေရင် တောင်စိတ်ထဲကကြောက်နေအောင်လုပ်ထားတယ်။ အခုလည်းဆွေ ယဒ်ဟူစိန်း ကိစ္စကိုရဲနဲ့ နစကကို သွားတိုင်ရင် အပြစ်မဲ့ ရိုဟင်ဂျာတွေကို ဖမ်းမယ်၊ ရိုက်မယ်၊ ငွေဘယ်နှစ် သိန်းပေးရမယ်၊ ဒါဘဲလုပ်မှာပါ။ ကျွန်တော်တို့အတွက်ဥပဒေဆိုတာမရှိပါဘူး” ဟုဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။ 

ဦးဆွေယဒ်ဟူစိန်း အသတ်ခံရသည်ဟု ယူဆနေကြသော်လည်း ရဲစခန်းနှင့် နီးစပ်ရာ နစက စခန်းသို့ အမှုဖွင့် တိုင်ကြားလျှင် အပြစ်မဲ့သူများအားဖမ်းဆီး၍ငွေညှစ်မည်ကိုစိုးရိမ်သောကြောင့် ယခုအချိန်ထိ အမှုဖွင့်တိုင် ကြားခြင်း မရှိသေးကြောင်း သိရသည်။
Rohingya Exodus