နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်တော် ၉၆၉ အဖွဲ့မှ နိုင်ငံတော် ၀န်ထမ်းများကို ခြိမ်းခြောက်လျက်ရှိ

RB News
23.8.2013

ကျောက်တော် ။ ။ ရခိုင် ပြည်နယ်၊ ကျောက်တော် မြို့ရှိ ပြည်သူများ၊ တပ်မတော် သားများ၊ ပြန်တမ်းဝင် အရာရှိများ၊ အာဏာပိုင် အဖွဲ့အစည်း များနှင့် ဌာန ဆိုင်ရာ ၀န်ထမ်း များကို ၉၆၉ အမျိုးသား ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့မှ ဒေသခံ မွတ်စလင် များကို အကူအညီ လုံးဝ မပေးရန်၊ ပေး ပါက ပြင်း ထန်စွာ အရေးယူ မည်ဟု ခြိမ်းခြောက်၍ သြဂုတ်လ (၂၀) ရက်နေ့က ကြေညာ ချက် တစ်စောင် ထုတ်ပြန် ခဲ့သည်။

အဆိုပါ ကြေညာချက် တွင် ယမန်နှစ် မှစ၍ မွတ်စလင် များကို ကူညီ ခဲ့သူများကို မည်ကဲ့သို့ အပြစ်ပေး အရေးယူ ဆောင်ရွက် ခဲ့သည် များကို ရေးသား ထားပါသည်။ ထို့အပြင် နိုင်ငံတော် ၀န်ထမ်း များကိုလည်း အရေးယူ အပြစ်ပေး ခဲ့သည် များကိုလည်း ရေးသား ဖော်ပြ ထားသည်။

ယခု ထုတ်ပြန်သည့် ကြေညာချက် သည် ထပ်မံ၍ သတိပေး ခြိမ်းခြောက်စာ ဖြစ်ပြီး၊ တပ်မတော် သား များ ကို ရိက္ခာ ၀ယ်ယူ ရာတွင်လည်း ၎င်းတို့၏ ၉၆၉ အဖွဲ့ကို လျှောက်လွှာ ကြိုတင် ပေးပို့ ရမည်ဖြစ်ပြီး၊ အဖွဲ့ မှ ထောက်ခံချက် ဖြင့်သာ လိုအပ်သည့် ရိက္ခာကို ၀ယ်ယူ နိုင်မည် ဖြစ်ကြောင်း ရေးသား ထားသည်။ 

ယမန်နှစ်မှ စ၍ မွတ်စလင် များကို ကူညီ၍ ၀ယ်ယူ ပေးခဲ့သော ပစ္စည်းများကို သိမ်းဆည်း ခဲ့ပြီး၊ စုစုပေါင်း ကျပ်သိန်းပေါင်း ၅၀၀ ကျော် ကို ၉၆၉ အဖွဲ့၏ ရန်ပုံငွေအဖြစ် သိမ်းခဲ့ကြောင်းအဆိုပါ ကြေညာချက် တွင် ရေးသား ဖော်ပြ ထားသည်။

ကြေညာချက် အပြည့် အစုံကို အောက်တွင် ဖတ်ရှု နိုင်ပါပြီ။



Comment ရေးရန်

Rohingya Exodus