နောက်ဆုံးသတင်း/ဆောင်းပါးများ
အတင်း အဓမ္မ သာသနာပြုမှု
ဌေးလွင်ဦး
RB News
12.8.2012
ဗုဒ္ဓဘာသာ အတင်းအဓမ္မ သာသနာပြုမှုများ
ဒီခေါင်းစဉ်ကို တည့်တည့်ပြောလိုက်လို့ ဗုဒ္ဓဘာသာများ စိတ်ထိခိုက်မယ် ထင်ပါတယ်။ ကမ္ဘာ့ဗုဒ္ဓဘာသာ အားလုံးကို မဆိုလိုပါ။ မိမိတရားကို မိမိကျင့်ကြံ ဘာဝနာဆောင်နေတဲ့ သိက္ခာသမာဓိကြီးသော ဆရာတော်ကြီး များကိုလည်း မဆိုလိုပါ။
ကျွန်ုပ် ဗုဒ္ဓဘာသာ လောကမှာ နှိုက်နှိုက်ချွတ်ချွတ်လေ့လာရင်း နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပါတယ်။ အ ကောင်းဘက်က ဖြစ်စေ၊ အဆိုးဘက်က ဖြစ်စေ- ပိဋကတ်တော်လာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ကမ္ဘာ့အဆင့် မည်သူနဲ့မဆို Debate လုပ်နိုင်တဲ့ အဆင့်လည်း ရှိပါတယ်။ ဘာသာတိုင်းမှာ သိက္ခာသမာဓိရှိတဲ့ ပုဂ္ဂိုလ်များ ငြိမ်း ငြိမ်းချမ်းချမ်းနေလိုတဲ့ ပုဂ္ဂိုလ်များ အများအပြား ရှိနေခြင်းကို ထောက်ထားပြီး နာမည်အရင်းနဲ့ ဖြစ်စေ၊ ကလောင်နာမည်နဲ့ ဖြစ်စေ မည်သည့် ဘာသာတရားကိုမှ မတော်မတရား ပုတ်ခတ်စော်ကားခြင်း မရှိခဲ့ပါ။ နောင်တွင်လည်း ပုတ်ခတ်စော်ကားမည် မဟုတ်ပါ။ သို့သော် ပြောသင့်တယ်လို့ ထင်တဲ့ ကိစ္စများကို နောင် အနာဂါတ်မျိုးဆက်များ ဆင်ခြင်ကောင်း ဆင်ခြင်စေလိုတဲ့ စေတနာနဲ့ ပွင့်ပွင့်လင်းလင်း ပြောရမှာ ဖြစ်ပါတယ်။
လူတစ်ဦးဟာ သူ့ဘာသာ၊ သူ့လူမျိုး၊ သူပါတီ၊ သူယုံကြည်ရာဝါဒ ကို ကောင်းကြောင်း ပြောပိုင်ခွင့်ရှိပါတယ်။ ကြံ့ခိုင်ရေးပါတီဝင် တစ်ဦးက သူ့ပါတီ ကောင်းကြောင်း လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ရှိသလို၊ NLD ပါတီဝင်တစ် ဦးကလည်း သူ့ပါတီ ကောင်းကြောင်းကို သူ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ရှိပါတယ်။
အလားတူ ဗုဒ္ဓဘာသာ တစ်ဦး သို့မဟုတ် ဗုဒ္ဓဘာသာကို ဦးဆောင်နေသူ တစ်ဦး အနေနဲ့ သူ့ဘာသာအတွက် သူ တရားသဖြင့် စည်းရုံးခွင့် ပြောဆိုပိုင်ခွင့်ရှိပါတယ်။ ဒါနဲ့ အလားတူ ခရစ်ယာန်ဘာသာဝင် တစ်ဦးကိုလည်း ဒီ လိုပဲ အခွင့်အရေး ပေးရပါမယ်၊ အစ္စလာမ် ဘာသာဝင် တစ်ဦးကိုလည်း ဒီလိုပဲ အခွင့်အရေးပေးရပါမယ်။ ပြီး တော့ လူတစ်ဦးအနေနဲ့ သူနှစ်သက်ရာ ပါတီကို ဖြစ်စေ၊ သူနှလုံးပျော်ရာ ဘာသာကို ဖြစ်စေ ကူးပြောင်း ယုံ ကြည် ပါဝင်ခွင့်ပေးရပါမယ်။
မြန်မာနိုင်ငံမှာ ဒီလို အခွင့်အရေးတွေ မပေးတဲ့အပြင်- ဗုဒ္ဓဘာသာ မဟုတ်သူများကို နည်းမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ် ကန့်သတ် ဘောင်ခတ်နေတာများ ကြီးမားစွာ ရှိနေပါတယ်။ အထူးသဖြင့် ခရစ်ယာန် ဘာသာကို ယုံကြည်တဲ့ ချင်းလူမျိုးများကို ဦးတည်ပြီး တောင်တန်းသာသနာပြု ဆိုတဲ့ ခေါင်းစဉ်နဲ့ အတင်းအဓမ္မသာသနာပြုခဲ့ပါတယ်။ မတူဘီမြို့က ခရစ်ယာန် လက်ဝါးကပ်တိုင်ကို အတင်းဖျက်ဆီးပစ်ပြီး ဗုဒ္ဓသာသနာပြု တိုင်းပြည်ထဲက နည်းမျိုး စုံနဲ့ မောင်းထုတ်ခဲ့တယ်။ ခရစ်ယာန် ဘာသာကို ယုံကြည်တဲ့ ကချင် လူမျိုးများကို နည်းမျိုးစုံနဲ့ မောင်းထုတ် နေတယ်။ ငြိမ်းချမ်းရေးကို လိုချင်ရင် တစ်ကယ် ငြိမ်းချမ်းရေးကို ရယူနိုင်တဲ့ နည်းတွေက အများကြီးပါ။ ကမ္ဘာက ကြားကောင်းအောင် ငြိမ်းချမ်းရေးကို မိမိတို့ ဘက်က လိုချင်ကြောင်း လျှောက်ပြောနေပြီး- တစ်ကယ့် လက်တွေ့ မှာ ခရစ်ယာန် သာသနာဝင် အရပ်သူ အရပ်သားပေါင်း သောင်းသိန်းချီပြီး အဓမ္မပြုကျင့်ခံရမှု၊ အိုးအိမ်များကို ဖျက်ဆီးခံရမှုပေါင်း များစွာ သက်သေ အထောက်အထားများနဲ့ ကမ္ဘာကို ပြန့်နေပါတော့တယ်။
ကရင်လူမျိုးများကိုလည်း ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာ နှစ်ခြမ်းခွဲပစ်လိုက်ပြီး ခရစ်ယာန်များကို ရပ်လိုက်ရွာလိုက် မီးရှို့မောင်းထုတ်ခဲ့ပါတယ်။ တောင်ငူ ညောင်လေးပင် ဒေသက ကရင်တွေ အားလုံး အသက်ဘေးလုပြေးပြီး ထိုင်းမြန်မာ နယ်စပ်ကို ထွက်ပြေးလာရတာ ပူပူနွေးနွေး ကိစ္စများသာ ဖြစ်ပါတယ်။
မကြာသေးမှီက ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ စကိုင်းတိုင်းထဲမှာ ဗုဒ္ဓဘာသာ တစ်ချို့က ခရစ်ယာန် သာသနာကို ပြောင်းဝင်သွားတော့- ဗမာ၊ ဗမာချင်း အဲ့ဒီရွာတွေကို အနိုင်ကျင့်၊ စိတ်ဓါတ်ရေးရာ ပျက်စီးသိမ်ငယ် လာအောင် လုပ်တဲ့ နည်းတွေနဲ့ နည်းမျိုးစုံ ဖိနှိပ်ချုပ်ချယ်ပါတော့တယ်။ ခရစ်ယာန်များက ပိုက်ဆံနဲ့ လောကီ မက်လုံးများ ပေးပြီး သာသနာထဲကို သွပ်သွင်းနေတာလို့ သတင်းတွေ ဖြန့်ချီကြပြန်တယ်။-- ဒါတွေ အားလုံးကို နောက်ကွယ်က လုပ်နေတာက ဘုန်းကြီးတွေ ဖြစ်နေပါတယ်။ အစိုးရ မွေးထားတဲ့ ဘုန်းကြီးတွေလို့ အချို့က လည်း အစိုးရကိုသာ လက်ညှိုးထိုးပြလေ့ ရှိနေတယ်။
အစိုးရက မွေးသည် ဖြစ်စေ၊ သူ့ဟာသူ နဂိုရှိလို့ နကိုင်းထွက်သည် ဖြစ်စေ၊ မိမိရဲ့ ကိုယ်စားပြုနေတဲ့ သာသနာ နဲ့ မိမိရဲ့ သာသနာ့ဝတ်စုံကို အားနာသင့်ပါတယ်။
မြန်မာပြည်က အစ္စလာမ် သာသနာဝင်များကိုလည်း နည်းမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ်မှု၊ ခွဲခြားမှု၊ သိမ်ငယ်သွားအောင် ပြုလုပ်နေမှု အားလုံးကို နောက်ကွယ်က ကြိုးကိုင်နေတာ ဘုန်းကြီးများပဲ ဖြစ်ပါတယ်။
တစ်ကယ်တော့ မိမိရဲ့ သာသနာကို မှတ်ကျောက်တင်ခံနိုင်တဲ့ အာမခံချက် ရှိရင် ဗုဒ္ဓဘာသာဝင် မဟုတ်သူများ ကို တရားသောနည်းနဲ့ သာသနာပြုပါ-၊ ကြိုက်တဲ့သူများက လက်ခံယုံကြည်သွားပါလိမ့်မယ်။ မရိုးမသား အာဏာ၊ အင်အား သုံးတဲ့နည်းများက “အတင်း အဓမ္မ သာသနာပြုနည်း”သာ ဖြစ်ပါတယ်။
သူများ ဘာသာတွေက ပိုက်ဆံပေး သာသနာပြုတယ် ဆိုရင် ဘုန်းကြီးတွေကလည်း ဆင်းရဲနေတဲ့ ပြည်သူတွေ ကို ပိုက်ဆံပေး သာသနာပြုပေါ့-၊ သူများသာသနာက မိန်းမယူတဲ့ သာသနာပြုတယ် ဆိုရင် ဘုန်းကြီးတွေက လည်း ကိုယ့်ဒကာတွေကို မိန်းယူတဲ့ နည်းနဲ့ သာသနာပြန်ပြုခိုင်းပေါ့-၊ လူတစ်ဦးကို ပိုက်ဆံငွေကြေး ကူညီ ထောက်ပံ့တာ ဘယ်ဥပဒေနဲ့မှ မငြိစွန်းသလို၊ ယောက်ျားတစ်ဦးက သူ့ကို သဘောတူပြီး အိမ်ထောင်ကင်းရှင်း တဲ့ အမျိုးသမီး တစ်ဦးကို ယူတာလည်း ဘယ်ဥပဒေနဲ့မှ မငြိမ်စွန်းပါ။
မိမိကလည်း ဘယ်လူထုကို မဆို သာသနာပြုနိုင်ပါတယ်။ မွတ်စလင် ရပ်ကွက်မှာလည်း သွားရောက် သာသနာ ပြုနိုင်သလို၊ ခရစ်ယာန် ရပ်ကွက်မှာလည်း သွားရောက် သာသနာပြုနိုင်ပါတယ်။ အပြန်အလှန်အားဖြင့် ခရစ်ယာန် ဓမ္မဆရာများနဲ့ မွတ်စလင် သာသနာပြုများကိုလည်း ဘယ်ရပ်ကွက်၊ ဘယ်ဒေသမှာ မဆို သာသနာ ပြုခွင့် ပေးရဲရပါမယ်။ လူထုက သူ့ဟာသူ ဆင်ခြင် လက်ခံခွင့်ကိုသာ ပေးလိုက်ပါ။
အခုတော့ ခရစ်ယာန်တွေက ပိုက်ဆံပေးလို့၊ မွတ်စလင်တွေက မယားယူလို့ လျှောက်ပြောနေပြီး- ကိုယ်တွေ ကတော့ ဘယ်သူ့ကိုမှလည်း ငွေကြေးထောက်ပံ့ခြင်းမရှိ၊ ကိုယ့်ဒကာတွေကလည်း သူများသားသမီးကို လူနဲ့ သူနဲ့တူအောင် လုပ်ကျွေးနိုင်ခြင်း မရှိ (သူတို့ ဘုန်းကြီးတွေကိုပဲ လုပ်ကျွေးနေလို့) ဆိုတာကို ထိန်ဝှက်ထားပြီး- အဓမ္မသာသနာပြုတဲ့ စနစ်ကို ကျင့်သုံးနေတာ- ကမ္ဘာအလယ်မှာ အင်မတန် ရှက်ဘွယ်လိလိ ဖြစ်နေပါတယ်။
မရိုးသားမှုက ရေရှည်မခံပါ။ ဘယ်လူမျိုး ဘယ်ဘာသာကို ဘယ်လိုဖိဖိ ကမ္ဘာက မသိမှီသာ ကြီးနိုင်ငယ်ညှင်း လုပ်လို့ ရနိုင်ပါမယ်။ ကမ္ဘာက သိလာရင် အပြစ်ကျူးလွန်သူတို့ရဲ့ ထွက်ပေါက်က အလိုလို ပိတ်သွားရပါမယ်။
  1. လ.၀.က ၀န်ကြီးခင်ရီပြောတာကြားရင်အံ့သြသွားမလား ... ဗမာဆိုရင်ဗုဒ္ဒဘာသာပဲ ဖြစ်ရမယ်တဲ့ ... (၂၀)ရာစုဘုရားသခင်ကြီးရေ
Comment ရေးရန်
Rohingya Exodus