နောက်ဆုံးသတင်း/ဆောင်းပါးများ

ရာဇ၀တ်ကောင်များ ပြေးမလွတ်စေရဘူး


ဌေးလွင်ဦး
RB News
24.10.2012

မြန်မာနိုင်ငံမှာ မွတ်ဆလင်များအပေါ် တံခါးပိတ် သတ်ဖြတ်၊ မောင်းထုတ်၊ ခြောက်လှန့်၊ စော်ကား၊ အနိုင် ကျင့်ခြင်းများကို ပြောင်ပြောင်းတင်းတင်း ဆက်လက်ကျူးလွန်နေသူများနဲ့ ပါဝင်ပတ်သက်သူများ အားလုံး ဘယ်ရာဇ၀တ်ကောင်မှ ကမ္ဘာ့ခုံရုံးက ပြေးမလွတ်စေရဘူး။

မွတ်ဆလင်များကို စနစ်တကျအကွက်ဆင် သတ်ဖြတ်နေခြင်း၊ နာဇီအကျဉ်းစခန်းသဖွယ် စီစဉ်ပြီး အကျဉ်း စခန်းထဲကို အဓမ္မမောင်းထည့်နေခြင်း၊ သတ်ဖြတ်စော်ကားနေခြင်းများကို ဗုဒ္ဓဘာသာ ရဟန်း ဆိုသူများ၊ ရခိုင်ပါတီခေါင်းဆောင်များ၊ အစိုးရပိုင်းမှာ တာဝန်ရှိပုဂ္ဂိုလ်များ၊ အစိုးရ၏ လျှို့ဝှက်ဂိုဏ်များ က စနစ်တကျ စီစဉ်ပြုလုပ်နေခြင်းအား ကမ္ဘာက သိနေပါတယ်။ သူတို့အားလုံးကို ကမ္ဘာ့ခုံရုံးမှာ-Crime against Humanity လူမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု နဲ့ တင်မယ်။ ငါတို့- ကမ္ဘာ့ ရှေ့နေများနဲ့ တိုင်ပင်နေပြီ။ အထောက်အထား၊ ဗွီဒီယိုခွေ၊ ဖိုင်အားလုံးလည်း ပြည့်စုံလု နီး ဖြစ်နေပြီ။-

လက်ရှိ မြန်မာပြည်မှာ မွတ်ဆလင်များအပေါ် ကျူးလွန်နေတဲ့အမှုက နာဇီများ ဂျူးတွေအပေါ် ကျူး လွန်ခဲ့ တဲ့ အမှုများထက် ပိုမို ရက်စက်ယုတ်မာကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေ ရှိနေပြီ။

(၁) အေးမောင် RNDP (၂) ၀ီရသူ (သင်္ကန်းဝတ်) (၃)ခင်ညွန့် (ဗိုလ်ချုပ်ပြုတ်) (၄) ရခိုင်ပြည်နယ် အစိုးရနဲ့ ဗဟို အစိုးရပိုင်းမှ တာဝန်မကင်းသူများ (၅) မျိုးပြုတ်သတ်ဖြတ်မှုတို့အား အထောက်အပံ့ဖြစ် စေသည့် ဘက်လိုက် မီဒီယာများမှ တာဝန်မကင်းသူများ- အားလုံး အမှုတွဲမှာ ပါဝင်မယ်။

  1. အမြန် ဆုံး အရေး ယူ ဆောင် ရွက် စေခြင် ပါ တယ်
    UN တပ် များ ဝင် ရောက် ဖို့ အရေးတကြီး လို အပ် နေ ပါ ပြီ
    ဗမာ နှင့် ရခိုင် အားလုံး အစ္စလာမ် များ အ ပေါ် ပြောင် ပြောင် တင်း တင်း ဘာ သာ ရေး စစ် ဆင်နွဲ နေ ခြင်း ဖြစ် ပါ သည်
    ကမ္ဘာ မွတ်စလင် မ် ညီ အ ကို များ အား လုံး ရပ် ကြည့် မ နေ ကြ ပါ နဲ့

Comment ရေးရန်

Rohingya Exodus