နောက်ဆုံးသတင်း/ဆောင်းပါးများ

ရာဇ၀တ် ကောင်တို့၏ လက်ရာ


ဌေးလွင်ဦး
RB News
3.11.2012

မြန်မာနိုင်ငံ သမိုင်းတစ်လျှောက်မှာ- ဘေးဒုက္ခရောက်သည့် အခါတိုင်း- မွတ်ဆလင်တွေကို အဲ့ဒီ ဘေးဒုက္ခ ထဲမှာ အတူ လက်တွဲခဲ့တယ်။ ဘေးဒုက္ခကျော်လွန်ရင် တန်းတူညီမျှ အခွင့်အရေးတွေ ခံစား စေရမယ် လို့ ကတိက၀တ်တွေ ပေးခဲ့တယ်။ အဝေးကြီးကို မပြောလိုဘူး- အနီးအနား လက်လှမ်းမှီ သေးတဲ့ လွတ် လပ်ရေး လှုပ်ရှားမှု ကာလ၊ ဒီမိုကရေစီ လှုပ်ရှားမှု ကာလ- ရွှေဝါရောင် လှုပ်ရှားမှု ကာလ များကို ပြန်ကြည့် လိုက်ပါ။

ရှိသမျှ အခက်အခဲက ကျွတ်လွတ်ပြီလို့ ထင်တာနဲ့ မွတ်ဆလင်တွေကို ပထမဆုံး နှိပ်ကွပ်တော့ တာပဲ။ မြန်မာနိုင်ငံကို သူတို့က မြေပိုင်ရေပိုင် ဖြစ်ပြီး မွတ်ဆလင်များ မနေ့တစ်နေ့ကမှ ခိုးဝင်လာသလို စွပ်စွဲ တော့တာပဲ။ ယုံကြည်ရာ အတူလက်တွဲရင်း အနစ်နာခံဘက် ရဲဘော်ရဲဘက်တွေကို ဘယ်ကို ရောက် သွားသလဲ။ ကျေးဇူးတရား၊ သစ္စာတရား၊ မျက်နှာထောက်ထားမှု- ဘယ်တွေကို ရောက်သွားခဲ့သလဲ။

မွတ်ဆလင်တွေကို နှိပ်ကွပ်ဘို့ရာ သူတို့ချင်း မဟာရန်ဘက်တွေလည်း ညီညွတ်သွားတယ်၊ အပြစ် မရှိ အပြစ်ရှာဘို့ရာ ပေါင်းစပ်သွားခဲ့တယ်။ မဟုတ်မဟပ် ဇတ်လမ်းဆင်ဘို့ရာ တစ်ပြိုင်နက်တည်း အသံ ထုတ်ကြတယ်။

မြန်မာနိုင်ငံအတွင်း ဖြစ်ခဲ့သမျှမှာ ရာဇ၀တ်ကောင်တွေကို ကမ္ဘာ့ခုံရုံးထိ တင်မယ့်သူ မရှိခဲ့လို့- ဒီလို အမှုတွေ ဆက်တိုက် လုပ်ဘို့ ၀န်မလေးခြင်းသာ ဖြစ်တာပါ။ မြန်မာနိုင်ငံဟာ ဗမာလူမျိုးချည်း ပိုင်တဲ့ မြေမဟုတ် သလို၊ ဗုဒ္ဓဘာသာချည်း ပိုင်တဲ့ မြေလည်း မဟုတ်ဘူး ဆိုတာတော့ ရိုးသားစွာ လက်ခံဘို့ လိုတယ်။ ငါတို့သည်လည်း ငါတို့မြေ ငါတို့ရေ ဖြစ်တဲ့ မြန်မာပြည်ထဲက တစ်လက္မမှ နောက်ဆုတ်ပေး စရာ မလိုဘူး။ အင်အားကြီးတိုင်း မျိုးပြုတ်သတ်ဖြတ်လို့ရတဲ့ ခေတ်ကာလလည်း ကုန်ဆုံးသွားခဲပါပြီ။

ဥပဒေ စာအုပ်တွေမှာ တန်းတူအခွင့်အရေး ဆိုတာကို ရေးထားပြီး--၊ ခေတ်တိုင်းမှာ အဲ့ဒီ ဥပဒေ စာ အုပ်ကို အမြဲပိတ်လျှက် အစိုးရရုံးထဲမှာ သော့ခတ်ထားခဲ့ချည်းပဲ။ မွတ်ဆလင်အပါအ၀င် လူနည်းစုများ ကို ချေမှုန်း ဘို့- ခြောက်လှန့်မောင်းထုတ်ဘို့- Silence Policy (အသံတိတ် ပေါ်လစီ)တွေကိုချည်း သုံး ခဲ့တာလည်း-၊ ဒီခေတ်မှာ မှိုတက်သွားခဲ့ရပါပြီ။ လူ့အခွင့်အရေး ချိုးဖေါက်တတ်တဲ့ လူမျိုး၊ ကြီးနိုင်ငယ် ညှင်း ပြုကျင့် တတ်တဲ့ လူမျိုး၊ အသံတိတ် ပေါ်လစီကျင့်သုံးပြီး ညီညွတ်တတ်တဲ့ လူမျိုးများ ကြီးစိုးရာ နေ ရာ တိုင်းဟာ ကမ္ဘာကြီးရဲ့ မျက်လုံးအောက်ကို ရောက်နေခဲ့ပါပြီ။

ငါတို့ မွေးဘွားနေထိုင်ရာ မြန်မာပြည်ထဲမှာ- ၂၀၁၂ ခုနှစ် လူမျိုးရေး နှိပ်ကွပ်မှုက ဒီနှစ်အတွင်း စံချိန် တင်သွားခဲ့ပါတယ်။ ပထမ ဖြစ်စ ဂျွန်လ အကြမ်းဖက်မှုကြီးကို အစိုးရပိုင်းနဲ့ အချိတ်အဆက် အတွင်း အပြင် ၀ိုင်းဝန်း လိမ်လိုက်လို့ communal conflict အပြန်အလှန် ပဋိပက္ခ အဖြစ် ကမ္ဘာကလက်ခံပေး ခဲ့ပေမယ့်-၊ ဒါဟာ တစ်ကယ် တမ်း အပြန်အလှန် ပဋိပက္ခ မဟုတ်ဘူး- တစ်ဘက်သတ် အလုံးအရင်းနဲ့ အကြမ်း မှုကြီး ဖြစ်တယ်- ဆိုတာ ကမ္ဘာ့ ဥပဒေ ပညာရှင်တိုင်းက သိနေခဲ့တယ်။ ဒါပေမယ့် ပြေလည် ရာ ပြေ လည်ကြောင်း စဉ်းစားပြီး- “ထားလိုက်ပါတော့”ရယ်လို့ ကမ္ဘာ့လူ့အခွင့်အရေး အဖွဲ့များနဲ့ ကမ္ဘာ့မွတ် ဆလင်နိုင်ငံများက အလိုလိုက်ပေးခဲ့တယ်။

အခြေအနေ ငြိမ်သွားပြီလို့ ထင်ခိုက်မှာ- အလစ်သုတ် ဒုတိယ အကြိမ် အကြမ်းဖက်မှုကြီးက တစ်ဘက် သတ် အကြမ်းဖက် မျိုးပြုတ်သတ်ဖြတ်မှုကြီး ဖြစ်ကြောင်း ထင်ရှားပေါ်လွင်သွားခဲ့တယ်။ မြန်မာပြည် တွင်း သတင်းစာများ၊ ပြည်ပ မြန်မာပိုင်းဆိုင်ရာ သတင်းဌာနများမှာ အပြန်အလှန် ပဋိပက္ခရယ်လို့ ဘယ် လို ဖေါ်ပြဖေါ်ပြ- ကမ္ဘာကရော၊ UN ကပါ- ဒါကို မျိုးပြုတ် အကြမ်းဖက် သတ်ဖြတ်မှု အဖြစ် သက်သေ တည်ခဲ့ တယ်။ မြန်မာနိုင်ငံကို အရေးယူဘို့ လုံလောက်တဲ့ အချက်လည်း ဖြစ်သွားခဲ့တယ်။

အရေးယူနည်းမှာတော့- ၂ မျိုးရှိတယ်။ (၁) ခေါင်ထိ အကုန်စား အရေးယူနည်း (၂) ၀ရုန်းသုဉ်း ကား ဖြစ်လွန်း ရင် ကမ္ဘာ့ကုလသမဂ္ဂတပ် ၀င်ရောက် အရေးယူနည်း- ဖြစ်တယ်။ UN တပ်ဝင်နိုင်တဲ့ အဆင့် လက်မ တင်လေး ဖြစ်နေတယ်- ဆိုတာ မြန်မာအစိုးရဘက်လည်း သိနေပါတယ်။ အကယ်၍- နောက် ထပ် တစ်မြို့ တစ်ရွာများ ဆက်ဖြစ်ခဲ့ရင် သို့မဟုတ် အကြမ်းဖက် သတ်ဖြတ်မောင်းထုတ်မှုကို ချက်ချင်း မရပ်နိုင်ရင်--၊ ဒါက သေချာသွားပါပြီ။

အခုက ခေါင်ထိ အကုန်စားလို့ ရတဲ့ အဖြစ်ကို ရောက်သွားခဲ့ပြီ။ ခေါင်ထိ အကုန်စား ဆိုတာက မျိုး ပြုတ် သတ်ဖြတ်မှုများ ဖြစ်စေရန် ဦးဆောင်သူ၊ ဆော်သြသူ၊ အားလုံးကို ကမ္ဘာ့ခုံရုံးတင်လို့ ရသွားခဲ့ပါ ပြီ။ ဒီခေါင်းဆောင်တွေ ကို တရားရုံးပေါ် တင်လာတာနဲ့ သူတို့ဦးဆောင်တဲ့ ပါတီဝင်အားလုံး၊ ဆော်သြ သူများရဲ့ နောက် လိုက်အားလုံး တရားခံဘ၀ကို အလိုလို ရောက်သွားခဲ့တယ်။ တစ်ချို့တရားခံတွေက သူတို့ကိုယ် တိုင် တရားခံ ဖြစ်နေမှန်း မသိရှာဘူး-။

ဥပမာ- နာဇီပါတီဝင် ဖြစ်ခဲ့သူ အားလုံး မျိုးပြုတ်သတ်ဖြတ်မှု တရားခံများ ဖြစ်နေတယ်။ သူတို့ထဲက ရသမျှ ခေါင်းဆောင်များကို ကမ္ဘာ့ရဲများနဲ့ ကမ္ဘာ့ နိုင်ငံများက လိုက်ဖမ်းနေခဲ့တယ်။ လွတ်နေရင်လည်း သူဟာ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်တဲ့ လူသတ် တရားခံပါပဲ။ လွန်ခဲ့တဲ့ လ ပိုင်းကမှ အိုမင်း နေပြီ ဖြစ်တဲ့ နာဇီပါတီဝင် ဖြစ်ခဲ့သူ တစ်ဦးကို ဖမ်းမိတယ်။ အိုနေသည် ဖြစ်စေ၊ ရွဲနေသည် ဖြစ်စေ ခုံရုံး ကို တက်ရတာပဲ။

ဘော့စ်နီးယားက ကာရာဇစ် ဆိုရင် ရုပ်ဖျက် ပုံးကွယ်ပြီး တောရွာလေး တစ်ခုမှာ နေခဲ့တယ်။ တရားခံ ဖြစ်ပြီး ၁၈ နှစ် အကြာမှာ ဖမ်းမိတယ်။ အခု ခုံရုံးပေါ်မှာ ရင်ဆိုင်နေရပြီ။

အချို့ တရားခံများကတော့ နိုင်ငံခေါင်းဆောင်တွေ ဖြစ်နေတယ်၊ ဖမ်းမရနိုင်ဘူး။ ဥပမာ- ဆူဒန် သမ္မတ အိုမာ အလ် ဘရှား ဟာ တရားခံ တစ်ဦး ဖြစ်တယ်။ သူ့ကိုယ်သူ ဖမ်းမပို့တော့- သူက ခုံရုံးက လွတ် နေ တယ်။ ဒါပေမယ့် သူဟာ ရာသက်ပန် သမ္မတ ဖြစ်နေမလား- အကယ်၍များ တစ်စုံတစ်ခု အပြောင်း အလဲ ဖြစ် တာနဲ့ သူလည်း ခုံရုံးကို ရောက်သွားမှာပါပဲ။ အခုလည်း သမ္မတ တစ်ဦး ဖြစ်လျှက် နိုင်ငံ အတော် များ များ ကို သွားလို့ မရနိုင်ဘူး။ ဥပဒေ သက်ရောက်နေတဲ့ နိုင်ငံတွေက သူ့ကို ၀ိုင်းထားတော့ တယ်။ ဘယ်နိုင်ငံမှာ အဲ့ဒီ ဥပဒေ သက်ရောက်နေတယ် ဆိုတာကို မသိဘဲ လွတ်ပြီ အထင်နဲ့ သွားမိ ရင် ချီလီနိုင်ငံက ပီနိုချေး လို အဖမ်းခံရသွားမှာ သေချာနေပြန်တယ်။

အခုအချိန်မှာ ရာဇ၀တ်ကောင်တို့က လူမျိုးအုပ်စု နှစ်ခု အပြန်တိုက်ကြ ခိုက်ကြတာလို့ အကွက်ဆင်လို့ မရလောက်အောင် လက်ကျွံသွားခဲ့ပြီ။ တနည်းအားဖြင့် သူတို့ကို လက်ရအမိဘမ်းဘို့ စောင့်ကြည့်နေ ခဲ့တယ် ဆိုတာ သူတို့ မသိခဲ့ရှာဘူး။ UN တပ်ဝင်ဘို့ထိတော့ မရောက်လိုက်တာ တိုင်းပြည်အတွက် အလွန်ကံကောင်းသွားပါတယ်။ ဒါတောင်- နောက်ထပ် silence policy ကို ဘယ်လောက်ကျင့်သုံး သလဲ ဆိုတဲ့ အပေါ်မှာ တည်နေတယ်။

ဒီရာဇ၀တ်ကောင်တွေထဲမှာ ဘယ်သူတွေ ပါနေတယ်၊ ဘယ်သူတွေက သမ္မတ အရိပ်အ၀ါသကို မှီပြီး ၀ါဒဖြန့်တယ်။ ဆိုတာလည်း- ပါဝင်ပါတယ်။ မြန်မာတွေက ငါ လုပ်လိုက်တာ ဖျောက်ဖျက်ပစ်လို့ရ တယ် ဘယ်သူမှ မဖမ်းနိုင်ဘူးလို့ ကိုယ့်ကိုကိုယ် အတော့ကို အထင်ကြီးနေခဲ့တယ်။ ဘယ်သူမှ မလွတ် ပါဘူး-။ Face Book ကို သုံးပြီး မျိုးပြုတ်သတ်ဖြတ် ၀ါဒဖြန့်တာတွေ၊ hate speech (မုန်းတီးရေး စကား များ) ပြောခဲ့တာတွေ၊ Face Book မပေါ်မီ Myspace.com ကို သုံးပြီး ၀ါဒဖြန့် လှုံ့ဆော်ခဲ့တာ တွေ- ဒါတွေကို Delete လုပ်လိုက်ရင် ပျောက်သွားပြီလို့ ထင်နေခဲ့တာကိုး-။ အဲ့လို ဖျက်လိုက်တိုင်း ပျက်သွားခဲ့တာ မဟုတ်ဘူး-၊ ဘယ်ကွန်ပြူတာက စာရိုက်ပြီး ဘယ်လိုစာတင်တယ် ဆိုတာများကို UNIX servers မှာ ရှိနေခဲ့တယ်။ ဘယ်အီးမေးလ်ကို သုံးပြီး ဘယ်လို ပို့တယ် ဆိုတာလည်း Servers မှာ ရှိနေခဲ့တယ်။ ဒါကို သတ်မှတ်ကာလ တစ်ခုထိ သိမ်းထားပြီး ဖြစ်တယ်။ သတ်မှတ်ကာလ ဆိုတာ နှစ်အတော်များများကို ပြောတာပါ။ အကယ်၍ ရာဇ၀တ်မှု တစ်ခုခု ဖြစ်လာခဲ့သော် သက်ဆိုင်ရာ တရားရုံးက FB ကုမ္ပဏီဆီမှာ တရားဝင် တောင်းယူခွင့်ရှိတယ်။ ဘယ်အစိုးရကမှ အာဏာနဲ့ ဖျက်ခိုင်း လို့မရဘူး။ ဒါကို Cyber Forensics စုံစမ်းစစ်ဆေးရေး အဖွဲ့က ဘယ်ဘာသာစကားနဲ့ ဘယ်လို ပြော ဆိုရေးသားခဲ့တယ် ဆိုတဲ့ အသေးစိတ်ကို ရုံးတော်ကို ပေးပို့ရမယ် ဆိုတဲ့ ကတိစာချုပ် FB နဲ့ သက်ဆိုင် ရာနိုင်ငံတွေကြားမှာ ရှိပြီး ဖြစ်တယ်။ ငါတို့ရဲ့ ရှေ့နေတွေက အသေးစိတ် လိုက်နေပါပြီ။ ရာဇ၀တ် ကောင်တို့၏ လက်ရာများ ဖျောက်ဖျက် မရနိုင်တော့ပါ။ (အချို့ အမှုတွေကို ရုံးတင်ထားပြီ၊)

မြန်မာနိုင်ငံအတွင်း အကြမ်းဖက် မျိုးပြုတ်သတ်ဖြတ်မှုကြီးမှာ ပြည်တွင်းပြည်ပ ပူးပေါင်းကြံစည်သူတွေ တစ်ယောက် မှ လွတ်လမ်းမရှိပါ။

ငါတို့ကို မွတ်ဆလင် ဖြစ်လို့၊ သို့မဟုတ် လူနည်းစု ဆိုပြီး သက်ညှာခဲ့ခြင်း မရှိခဲ့သူတွေ၊ မတရားမှုမှာ ညီညွတ် သူတွေ၊ လူနည်းစု မျိုးဖြုတ်ရေးအတွက် ဇတ်လမ်းဆင်ခဲ့သူတွေ၊ ကိုယ့်လိပ်ပြာ ကိုယ်လုံပြီး အိပ်ကောင်း နိုင်ပါစေ။

မြန်မာနိုင်ငံအတွင်း မွတ်ဆလင် ဟုတ်သည် မဟုတ်သည် မရှိ မည်သည့် လူနည်းစုကို မဆို အနိုင် ကျင့် ခြင်း စရိုက်များ- ဆိတ်သုန်းသွားရမည်သာ ဖြစ်သည်။


ဌေးလွင်ဦး 
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့

  1. အပြည့်အဝ ဆထာက်ခံပါ တယ် မြန်မာမွတ်စလင် များအတွက် အားတက်စရာပါ ကောက်ကျစ် ယုတ်မာရက်စက်တဲ့ လူမျိုးတွေကို ပြေး မလွတ် အောင်
    ဆောင် ရွက် ပေး စေ ခြင်ပါ တယ် ဒီတ ကြိမ် မှာတော့ သွေး အေး မ သွား စေ ခြင် ပါ ဘူး အဒိက ကတော့ မိတ်ဆွေ တို့
    ပြည် ပ အ ဖွဲ့ အစည်းတွေ ရဲ့ လှုပ် ရှား မှု့ အား အထိက လိုအပ် ပါ တယ်။နောက် ရိုဟင် ဂျာ များနဲ့ ရခိုင် မှာ ရှိ ခဲ့ တဲ့
    မွတ် စ လင် များ ရဲ့ သမိုင်း မြန်မာပြည် အနှံ့ မှာ ရှိ ခဲ့ တဲ့ မွတ်စလင် များ ရဲ့ သမိုင်း ကို ငဖယ် ပြောင်းပြန် လန် တဲ့ သမိုင်း လိမ် နိုင်ငံ ခေါင်းဆောင် များ နဲ့ ပညာ မဲ့ အသိဥာဏ် မဲ့ နောင် လိုက် လူ စု အား လုံး ကို ကမ္ဘာ သမိုင်းပ ရှင် များ နဲ့ နည်းပညာ အကူ အညီ များ နဲ့ ကမ္ဘာ သိ ရှင်းချက် ထုတ် ဖို့
    ကု လ အား တိုက် တွန်း ဆောင် ရွက် ပေး စေ ခြင် ပါ တယ်
    အလ္လာ သအာလာ အောင်မြင် မှု့ ပေးတော် မူပါ စေ

Comment ရေးရန်

Rohingya Exodus