March 14, 2025
 R

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဆက်ကြည့် ကြတာပေါ့


ဌေးလွင်ဦး
RB News
14.11.2012

မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ သန့်သန့် နိုင်ငံထူထောင်ဘို့ စိတ်ကူးယဉ်ခဲ့ပြီး အစ္စလာမ်သာသနာဝင် အပါအ၀င် ဗုဒ္ဓ ဘာသာ မဟုတ်သူများအား စနစ်တကျ တစ်ဘက်သတ်နှိပ်ကွပ်ခဲ့မှုတွေ၊- အာဏာကို အလွဲသုံးစားလုပ်၊ လူအင် အားကို အလွဲသုံးစား လုပ်ပြီး လူနည်းစုနဲ့ ဗုဒ္ဓဘာသာတို့အား တစ်ဘက်သတ် စော်ကားခဲ့ခြင်းတွေ- အဲ့ဒီ အမှု များ အတွက် သမ္မတရုံး သတင်းဖြန့်ချီရေး တာဝန်ခံများကိုယ်တိုင်က မမှန်သတင်းထုတ် ၀ါဒဖြန့်ချီပေးမှုတွေ- နဲ့ သမ္မတ ဆိုသူ ကိုယ်တိုင်က ကမ္ဘာက ဗြောင်လိမ်ပြီး- လူသတ်ကောင်များအား လူသတ် လိုင်စင်ထုတ်ပေးခဲ့ခြင်း တွေ အတွက်-၊ ဘာဖြစ်လာမလဲ ဆက်လက်ကြည့်ရှုစေလိုပါတယ်။

ပြုပြင်ပြောင်းလဲရေး ဆိုတဲ့ စကားလုံးလေးကို သုံးပြီး ရှောင်နေလို့တော့ လွတ်လမ်းမရှိပါ။ ကြီးမားတဲ့ ရာဇ၀တ် မှုကို ဆင့်ကဲဆင့်ကဲ ဆက်တိုက်ကျူးလွန်နေတယ်၊ တမင်ရည်ရွယ်ပြီး စနစ်တကျ အကွက်ဖေါ် ပြုလုပ်တယ်။ မျက်ကန်း အမျိုးသားရေးဝါဒများကို ဆက်တိုက် မှိုင်းသွင်းပေးတယ်။- လူသတ်ကောင် ဘုန်းကြီးများကို ဂိုဏ်းဖွဲ့ ပေးထားပြီ- လုပ်ချင်သလိုလုပ် ဘေမဲ့ပေးထားတယ်။ ဒါတွေအားလုံး အတွက် ငါ့ကို ဘယ်သူကမှ ဘာမှ ပြန် မလုပ်နိုင်ဘူးလို့ ဘ၀င်တွေ မြင့်နေပြန်တယ်။-- ဘာတွေ ဆက်ဖြစ်လာမလဲ စောင့်ကြည့်လိုက်ပါ။

ခရစ်ယာန်တို့ရဲ့ ဘုရားကျောင်းများကို ဖျက်ဆီးခဲ့တယ်၊ အဓမ္မပိတ်ပင်ခဲ့တယ်။ ခရစ်ယာန်သာသနာဝင်များကို အနုနည်း အကြမ်းနည်းများနဲ့ မောင်းထုတ်ခဲ့တယ်။ အလားတူ မွတ်ဆလင်များရဲ့ သာသနိက အဆောက်အဦး များကို ဖျက်ဆီးခဲ့တယ်။ မီးရှို့ခဲ့တယ်။ မွတ်ဆလင်တွေ ဗလီများကို လျှော့ချပစ်မယ်လို့ သမ္မတ ဆိုသူကိုယ်တိုင် က လူသိရှင်ကြားပြောခဲ့တယ်။ မွတ်ဆလင်တွေကို ဘင်္ဂလီတွေလို့ ပြောင်ပြောင်းတင်းတင်း စွပ်စွဲပုတ်ခတ်နေ ပြန်တယ်။ မြန်မာတစ်ပြည်လုံးမှာ ရှိတဲ့ မွတ်ဆလင်များကို အနည်းဆုံး ဘင်္ဂလီ ကပြားများ ဖြစ်တယ်လို့ အတင်း အဓမ္မနည်းနဲ့ မှတ်ပုံတင်မှာ ရေးခိုင်းတယ်။ ဘာတွေ ဆက်ဖြစ်လာမလဲ စောင့်ကြည့်လိုက်ပါ။

ကရင်၊ ကချင်၊ ချင်း၊ မွန်၊ ရှမ်း၊ ပလောင်၊ ပအို့ဝ်၊ စတဲ့ တိုင်းရင်းသားတွေကို သေးသိမ်သွားအောင် စနစ်တကျဖြို ခွဲ- အများစုကို တိုင်းပြည်က မောင်းထုတ်ခဲ့တာလည်း ကုန်လုနီးသွားခဲ့ပါပြီ။ ကရင်ပြည်နယ်- ကရင်ဆိုတာ မရှိ သလောက် ဖြစ်သွားခဲ့ရပြီ ဖြစ်သလို၊ မွန်ပြည်နယ် မွန်ဒေသများမှာလည်း မွန်ဆိုတာ လူနည်းစုလေး ဖြစ်သွားခဲ့ရ ပါပြီ။ ချင်းတောင်ပေါ်က ဗုဒ္ဓဘာသာ မရှိခဲ့ရာ အရပ်တွေမှာ- တိုင်းပြည်ဘဏ္ဍာငွေများကိုသုံး စေတီတွေတည် အောင်ပွဲခံနေခဲ့တာလည်း နှစ် သုံးဆယ်နားကို ကပ်ရောက်လာခဲ့ပါပြီ။- (ဗုဒ္ဓဘာသာများရှိလို့ မိမိယုံကြည်ရာ အလျှောက် စေတီတည်၊ ဘုန်းကြီးကျောင်းဆောက် နေခြင်းများ ကို ပြောစရာ မရှိပါ။) ဘာတွေ ဆက်ဖြစ်လာ မလဲ စောင့်ကြည့်လိုက်ပါ။

“တရားခံက ရှိပြီးသား- တရားလို ရှာနေတာ” ဆိုတဲ့ စကားကို ထောင်ထဲက သေမထူး နေမထူး လူမိုက်များသာ ပြောပါတယ်။ ဆိုလိုတာက- သူဘက်က ထောင်အပြင် တန်းမရှိ၊ ထောင်ကထွက်ရင်လည်း ဘ၀က မထူး- ဒီ တော့ အမှုများပြီး ထောင်သက် ရှည်ချင်သလောက် ဆက်ရှည်ပါစေ- ကရုမစိုက်ဘူး ဆိုပြီး သူ့ကို အာ-မခံရဲ သူများအား မိုက်ချင်တိုင်း မိုက်တဲ့ မိုက်ကြေးခွဲ စကားမျိုးသာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက အာဏာပိုင်များ အနေနဲ့ ငါတို့ကတော့ တရားခံဖြစ်မှာ မကြောက်ဘူး၊ ငါတို့ကို အာ-ခံရဲသူ မရှိဘူး၊ တရားလိုရှာနေတာပါ- ဆိုတဲ့ သဘောကို ပြောင်ပြောင်တင်းတင်း လုပ်နေတော့--၊ သေချာပါတယ်၊ တရားခံ ဖြစ်ကို ဖြစ်ရမှာပါ။ အာဏာပိုင်မင်းများ ဖြစ်ချင်နေတဲ့ တရားခံဘ၀ကို နောက် ၂ ပတ် (၁၄ ရက်) ဆို စတင်ကျ ရောက်ပါပြီ။ အာဏာပိုင်မင်းများ ဆုတောင်းပြည့်သွားမှာမို့ ကျေနပ်ဝမ်းသာ ရှိစေဘို့ အသိပေးနိုင်သမျှ ထဲက တစ်ချို့ကို အသိပေးခြင်း ဖြစ်ပါတယ်။ လူကြီးမင်းများကို အနောက်နိုင်ငံများက ဒီမိုကရေစီသို့ ပြုပြင် ပြောင်းလဲရေး အတွက်နဲ့ နိုင်ငံရဲ့ စီးပွားရေး အတွက်သာ ငွေကြေးထောက်ပံ့ကူညီခြင်း ဖြစ်သလို-၊ အဲ့ဒီ ကိစ္စ အတွက်သာ သူတို့ဘက်ကလည်း ကူညီနိုင်ပါတယ်။ အနောက်နိုင်ငံများနဲ့ အမေရိကန် နိုင်ငံရှိ နိုင်ငံ ဦးဆောင် များကိုယ်တိုင်က တရားဥပဒေရဲ့ အောက်မှာသာ ရှိနေတဲ့ အတွက်-၊ တရားဥပဒေထဲက ရာဇ၀တ်ကောင်ဘ၀က လွတ်မြောက်ဘို့ကိုတော့ သူတို့လည်း ကူညီနိုင်မှာ မဟုတ်ပါ။ ကိုယ့်ကိစ္စကိုယ်သာ ရှင်းရပါတော့မယ်။ 

မိမိဖြစ်ချင်တဲ့ ဆန္ဒ တစ်ခုကို ဖြစ်ခွင့်ရသွားပြီမို့- မြန်မာ အာဏာပိုင်များနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ထောက်ပံ့ပေးခဲ့တဲ့ လူသားများလည်း အားရ၀မ်းသာ ရှိနေမှာ သေချာပါတယ်။

(ရာဇ၀တ်ကောင်များကို ကမ္ဘာ့ခုံရုံး၊ ဒေသဆိုင်ရာ နိုင်ငံများရဲ့ ခုံရုံးများမှာ တရားခံ ဖြစ်နေစေဘို့ လုပ်ဆောင်ပေး မှုက ကျွန်ုပ်တို့ MMCRM ရဲ့ လုပ်ဆောင်နေမှုများထဲက တစ်ခုမျှသာ ဖြစ်ပါသေးတယ်။- ဒီအဆင့် ပြီးသွားရင် နောက်ထပ် ဘာတွေ ဖြစ်လာမလဲလို့ စောင့်ကြည့်လိုက်ပါ- လို့ ဆက်လက်ပြောကြားလိုပါတယ်။)


ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှု

Comment ရေးရန်

Pages 22123456 »
Rohingya Exodus