နောက်ဆုံးသတင်း/ဆောင်းပါးများ

အစ္စလာမ်မုန်း ၀ါဒဖြန့်ချီမှုများ


ဌေးလွင်ဦး
RB News
6.11.2012

မြန်မာနိုင်ငံမှာ ၂၀၁၂ ခု ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် မျိုးဖြုတ်သတ်ဖြတ်မှုကြီးများဟာ အစ္စလာမ်မုန်း ၀ါဒဖြန့်ချီမှုများကြောင့် ဖြစ်ရခြင်းပါ။ ဒါကို သိလျှက် ဖြစ်စေ၊ မသိဘဲ ဖြစ်စေ မြန်မာများက လိမ်နေပေ မယ့်-၊ ကမ္ဘာကလည်း သိတယ်၊ မြန်မာများထဲက အမှန်တရားကို ချစ်မြတ်နိုးသူများကလည်း သိနေပါ တယ်။

နိုင်ငံရေး လောကမှာတော့ လာမယ့် (၂၀၁၅ ခု) ရွေးကောက်ပွဲမှာ လူများစုက ငြိုငြင်သွားမလား ဆိုတဲ့ စိုးရိမ်စိတ်များနဲ့ ဗြောင်လိမ်နေမှုတွေ၊ ခေါင်းရှောင်မှုတွေ၊ အပြန်ခိုက်ရန်ဒေါသ ဖြစ်ခဲ့တယ် ဆိုတဲ့ လျှောချမှုတွေ၊ ဘင်္ဂလားဒေ့ရှ်က မွတ်ဆလင်များသာ မြန်မာပြည်ထဲကို ၀င်လာခဲ့တယ် ဆိုမှုတွေနဲ့- ရိုဟင်ဂျာများက နိုင်ငံခွဲထောင်မယ် ဆိုတဲ့ ၀ါဒဖြန့်မှုတွေ ဖေါင်းပွနေခဲ့ပါတယ်။

ဒါကို မျက်လုံး၊ နား၊ နှလုံးသား ရှိသူများ အမှန်ကို ချစ်ခင်တတ်သူများ- သေချာစီစစ်ဘို့ လိုပါတယ်။- မျက်လုံးနဲ့ မြင်အောင်ကြည့်ပါ-၊ (၁) အပြန်အလှန် တိုက်ခိုက်တယ် ဆိုရင်- ဘာဖြစ်လို့ မွတ်ဆလင် ရွာ၊ မွတ်ဆလင်မြို့၊ မွတ်ဆလင်ရပ်ကွပ်များချည်း မီးလောင်ပျက်စီး-ရပါသလဲ။ ဘာဖြစ်လို့ မွတ်ဆလင်များ သာ သေကြေပျက်စီး သေကြသွားရတာလဲ။

မွတ်ဆလင် လူအုပ်ကြီး တစ်ခုက ရခိုင်ဗုဒ္ဓဘာသာ ရွာတစ်ရွာကို ၀င်ရောက်တိုက်ခိုက် ဖျက်ဆီးပစ် တယ်ဆိုတဲ့ အထောက်အထားများ ရှိပါသလား။ သက်သေပြပေးဘို့ လိုပါတယ်။

အစိုးရက ဗြောင်လိမ်နေတာ ရှိသေးတယ်။ လူပေါင်း ၁၀၀၊ ၂၀၀ လောက်ပဲ သေတယ် ဆိုတာမျိုးပါ။ ကမ္ဘာ့အသိုင်းအ၀ိုင်းက သိနေပါပြီ လူပေါင်း သောင်းချီသေကြေခဲ့ရတယ်။ အလောင်းဖျောက်ထားတာ တွေ၊ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတာတွေ- သက်သေခံ ပစ္စည်း အများကြီး ရထားပါပြီ။ ခံရသူ အားလုံး မွတ်ဆလင်ချည်းပါပဲ။ ရခိုင်ဗုဒ္ဓဘာသာ ၁၀ ယောက်လောက် စုပေါင်းမြှုပ်ထားတဲ့ သချိုင်းတစ် ခုလောက် သက်သေပြကြည့်ပါ။-

(၂) မြန်မာနိုင်ငံကို ၀င်နေတာ- ဘင်္ဂလားဘက်က လူသားများလား၊ တရုတ်ဘက်က လူသားများလား သေချာ ဆင်ခြင်ကြည့်ပါ။ ဗုဒ္ဓဘာသာထဲကို ၀င်တယ်ပြောလိုက်ရင် အဲ့ဒီ လူများက ဗမာတွေ ဖြစ်ကုန် ရော့လား။ ဒီမေးခွန်းကို ဟုတ်တယ် ပြောလိုက်ရင်- မြန်မာတွေ မွတ်ဆလင်များကို တစ်ဘက်သတ် မုန်းတီးနေတာ သေချာနေပါတယ်။

တစ်ချို့သော နိုင်ငံရေး သမားတွေကြားထဲမှာ-၊ ၁၉၈၀ ခုနှစ်လောက်မှာ ဘင်္ဂလားဒေ့ရှ်က လူများ အိန္ဒိယဘက်ဆီကို သိန်းနဲ့ချီပြီး ၀င်သွားတော့- အိန္ဒိယ အစိုးရ က ကိုယ့်လူတွေကို ကိုယ်ပြန်ခေါ်ပါလို့ ပြောတယ်။ “လူမလိုချင်ဘူး၊ မြေပဲ လိုချင်တယ်”လို့ ပြောခဲ့တယ်ပေါ့။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ဟာ မြန် မာဘက်ကိုလည်း သူ့လူတွေ ပို့ပြီး မြေချဲ့ထွင်ဘို့ ကြိုးစားတယ်ပေါ့။--- အတော်လည်း ဗဟုသုတနည်း တဲ့ နိုင်ငံရေးသမားများပါ။ ဒီလို ဗဟုသုတမျိုးနဲ့ နောင်တစ်ချိန် မြန်မာပြည်မှာ ခေါင်းဆောင်တွေ ဘယ် လိုဖြစ်လာမလဲ။

ဘင်္ဂလား သမိုင်းကို ပြန်လည်လေ့လာကြည့်ပါ။ အခု လက်ရှိ ဘင်္ဂလားဒေ့ရှ် ဆိုတာ နဂိုရှိနေတဲ့ ဘင်္ဂလားနယ်ကြီးရဲ့ ၅ ပုံ ၂ ပုံမျှသာ ဖြစ်တယ်။ အဲ့ဒီ နယ်ကြီးကို သွေးခွဲအုပ်ချုပ်ဘို့ အင်္ဂလိပ်အစိုးရက ဟိန္ဒူ ဘန်ဂေါ (အနောက် ဘန်ဂေါ)နဲ့ မွတ်ဆလင် ဘန်ဂေါ (အရှေ့ဘန်ဂေါ) ဆိုပြီး ၁၉၀၅ ခု အောက် တိုဘာ ၁၆ ရက်နေ့မှာ ခွဲခြားခဲ့တယ်။ ဘင်္ဂလီတွေဟာ လူမျိုးတူ၊ ဓလေ့တူ၊ ဘာသာစကားတူ၊ လူမျိုး တစ်မျိုးတည်း ဖြစ်ပြီး ကိုးကွယ်ရာ ဘာသာသာ ကွဲခဲ့ခြင်း ဖြစ်တယ်။ သူတို့ လူမျိုးချင်း ချစ်ခင်ကြတယ်၊ ဒါကြောင့် သူ့တို့ လူမျိုးကြား ခွဲခြားပစ်တာကို မကျေနပ်လို့ ပူးပေါင်းရေးကို အစဉ်ကြိုးစားတယ်။ စာဆို တော်ကြီး ရာဘင်ဒြာ နာ့သ် တဂိုးကလည်း “အာမေ ချူနာ ဘန်ဂလာ (ငါချစ်တဲ့ ရွှေမြေ ဘန်ဂလာ)” ဆိုတဲ့ တမ်းချင်းကြီးကို ရေးသားခဲ့တယ်။ နိုင်ငံပေါင် ဒီလို ကြိုးစားတော့ ၁၉၁၁ ခုနှစ်မှာ ပြန်လည် ပေါင်းစည်းနိုင်ခဲ့တယ်။

အိန္ဒိယ သမိုင်းမှာ လွတ်လပ်ရေး လှုပ်ရှားမှု အလွန်ကျော်ကြားတဲ့ ဆူးဘတ်ချန်ဒရာဘို့စ် ဟာ ဘင်္ဂလား လူမျိုး ဖြစ်ပါတယ်။ သူတို့က သူတို့ ဘင်္ဂလားနယ်ကို ချစ်မြတ်နိုးသူတွေ ဖြစ်တယ်။

အင်္ဂလိပ်အစိုးရရဲ့ သွေးထိုးမှုကြောင့် အိန္ဒိယမှာ ဟိန္ဒူ၊ မွတ်ဆလင် အရေးအခင်းကြီး ဖြစ်တော့ ဘင်္ဂလားမှာ မွတ်ဆလင်များရာ ဒေသက ဟိန္ဒူတွေ အနောက် ဘန်ဂေါကို ပြောင်းသွားတာ ရှိသလို၊ အနောက်ဘန်ဂေါက မွတ်ဆလင်တွေက အရှေ့ဘန်ဂေါကို ပြောင်းလာတွေ ရှိခဲ့တယ်။ ဘာဖြစ်ဖြစ် အဲ့ ဒီ အထိ ဘန်ဂေါက ဘန်ဂေပါပဲ။ မကွဲ မပြဲ ရှိနေဆဲပါ။

၁၉၄၇ အိန္ဒိယ လွတ်လပ်ရေး ယူတော့ မွတ်ဆလင်တွေကို သီးခြားခွဲပေးလိုက်တယ်။ ဒီအခါ- ပါကစ္စ တန်ဘက်မှာ အဆင်ပြေပေမယ့်- ဘန်ဂေါဘက်မှာ မခွဲနိုင် မခွာနိုင် အမျိုးတွေ၊ တစ်နယ်ထဲသားတွေ ဒုက္ခမျိုးစုံကို ကြုံရပါတော့တယ်။ ဒါပေမယ့် သူတို့ ခမြာ အင်အားမမျှတော့ အိန္ဒိယနဲ့ ပါကစ္စတန် (နိုင်ငံရေး) ကြားမှာ ညပ်ပြီး ဘန်ဂေါကြီး နှစ်ခြမ်းကွဲသွားပါတော့တယ်။ ဒီအခါမှာလည်း အရှေ့ဘန်ဂေါ အနောက် ဘန်ဂေါ လူတွေသန်းနဲ့ချီပြီ အပြောင်းအရွှေ့ လုပ်ရပြန်ပါတယ်။ မွတ်ဆလင်များရာ အရှေ့ ဘန်ဂေါကို အရှေ့ပါကစ္စတန် ဆိုတဲ့ အမည်နဲ့ ပါကစ္စတန်က အုပ်ချုပ်ခဲ့တယ်။ ပါကစ္စတန်ကသာ နယ် မြေပိုမိုကျယ်ပြန့်စေဘို့ စိတ်ဝင်စားပေမယ့်- ဘန်ဂေါ လူမျိုးတွေက သူတို့ဘ၀သည် ပါကစ္စတန်လက် အောက်မှ လွတ်မြောက်ဘို့၊ ခွဲခံထားရတဲ့ ဘန်ဂေါနယ်ကြီး တစ်နိုင်ငံတည်းဖြစ်ဘို့ကိုပဲ စိတ်ဝင်စားခဲ့ပါ တယ်။ ဘင်္ဂလီတွေဟာ သူတို့ လွတ်လပ်ရေးကို ကြိုးစားတော့ ၁၉၇၁ ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့ တယ်။ လွတ်လပ်ရေး တိုက်ပွဲကာလမှာ အရှေ့ဘန်ဂေါက လူတွေ အိန္ဒိယပိုင် အနောက်ဘန်ဂေါထဲကို များစွာ ပြေးခဲ့ရတယ်။

အရှေ့ပါစ္စတန် ဆိုတဲ့နာမည်ကို ပြောင်းပြီး- ဘင်္ဂလားဒေ့ရှ်နိုင်ငံလို့ ဖြစ်လာတဲ့ အရှေ့ဘန်ဂေါဟာ- တဂိုး ကြီးရေးခဲ့တဲ့ တမ်းချင်း “အာမေ ချူနာ ဘန်ဂလာ (ငါချစ်တဲ့ ရွှေမြေ ဘန်ဂလာ)” ဆိုတာကို ၁၉၇၂ နှစ် ကစ နိုင်ငံတော် သီချင်းအဖြစ် သတ်မှတ်ခဲ့တယ်။ အဲ့ဒီ တမ်းချင်းကဗျာရဲ့ ဆိုလိုရင်း အချုပ်က “ငါ ချစ်တဲ့ ရွှေမြေ ဘန်ဂလာ- ကြည်နူးစရာ ကောင်းကင်ပြာအောက်မှာ တစ်ခုတည်း-၊ အခုတော့ မြေလွှာ ထက်မှာ နှစ်ခြမ်း ကွဲခဲ့ရ၊ ဘယ်အခါများ စေ့စပ်ရပါ့မလဲ၊” လို့ ဖြစ်တယ်။ ဆိုလိုတာက ဘင်္ဂလားဒေ့ရှ် လို့ ဖြစ်နေတဲ့ အရှေ့ဘင်္ဂလားဟာ ဘင်္ဂလီများ ကိုယ်ပိုင် အချုပ်အခြားနဲ့ နိုင်ငံ ဖြစ်ပြီး ငါတို့ ညီနောင် အနောက်ဘင်္ဂလားကတော့- အိန္ဒိယအောက်မှာ ကျွန်ဖြစ်နေရတယ်။ ငါတို့ချင်း ပူးပေါင်းမယ်၊ ငါတို့ ဘင်္ဂလီက- ဘင်္ဂလားနယ် တစ်ခုလုံးကို ပြန်ရစေရမယ်လို့ စိတ်ဓါတ်သွင်းပေးခြင်း ဖြစ်တယ်။-

ဒါကြောင့် ဘင်္ဂလား ပြည်တွင်းစစ်ငြိမ်းတော့ အိန္ဒိယ အစိုးရက မင်းတို့ ဘင်္ဂလားက လူတွေကို မင်းတို့ ပြန်ခေါ်လို့ ပြောတော့-၊ ဘင်္ဂလားအစိုးရက ငါတို့ကို လူကိုချည်း ပြန်မပေးနဲ့ ငါတို့မြေ ငါတို့ကို ပြန်ပေး လို့ တောင်းဆိုခြင်း ဖြစ်တယ်။ (ဘင်္ဂလားမြေက လက်ရှိ အိန္ဒိယထဲမှာ ၅ ပုံ ၃ ပုံပါဝင်နေတယ်၊ ဘင်္ဂ လား သမိုင်းဟာ သူ့မြေနဲ့ သူ့အချုပ်အခြာ နှစ်ပေါင်း ၂၀၀၀ သမိုင်းရှိခဲ့တယ်။)

ဒီသမိုင်း၊ ဒီဖြစ်စဉ်၊ ဒီပဋိပက္ခတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ သူ့ရဲ့ အနောက်ဘက်ခြမ်းက ဆက်စပ်နေ တဲ့ ဖြစ်ရပ်များသာ ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်ဟာ သူ့ရဲ့ အရှေ့ဘက် မြန်မာဘက် အခြမ်းကို ဘယ်စဉ်က မှ စိတ်ဝင်စားခြင်း မရှိခဲ့သလို၊ စိတ်ဝင်စားနေဘို့လည်း အချိန်မရခဲ့ပါ။ ပါကစ္စတန်က ဘင်္ဂလားကို အုပ် ချုပ်စဉ်မှာတော့- အနည်းအကျဉ်း စိတ်ဝင်စားခဲ့တယ်။ ဒါပေမယ့် မြန်မာပြည် လွတ်လပ်ရေး မရမှီက တည်းက ပါကစ္စတန်ခေါင်းဆောင်ကြီး အလီ ဂျင်းနားကိုယ်တိုင်က ဗိုလ်ချုပ်အောင်ဆန်းကို မင်းဖြစ်ချင် တဲ့ အတိုင်း လုပ်ပါလို့ အလိုလိုက်ခဲ့ပြီးသားပါ။- ဘင်္ဂလားဒေ့ရှ်က ပြန်လိုချင်နေတဲ့ မြေဟာ သူတို့နဲ့ မဆိုင်တဲ့ မြန်မာပြည် ပိုင်နက်ထဲက မြေမဟုတ်ဘူး။ သူတို့မြေဖြစ်တဲ့ အနောက်ဘန်ဂေါသာ ဖြစ်ပါ တယ်။ ဒါကို မြန်မာနိုင်ငံရေးသမားတွေ လေ့လာစေလိုပါတယ်။

(၃) ရိုဟင်ဂျာများ နိုင်ငံခွဲထောင်မယ့် ကိစ္စ။ အတော်လေး အံ့သြဘို့ကောင်းတဲ့ လုပ်ကြံဖန်တီးမှု ဖြစ်နေ ပါတယ်။ စဉ်းစားပြီးလည်း ယုံကြည်စေလိုပါတယ်။ မြန်မာပြည် လွတ်လပ်ရေး ရစမှာ ရောင်စုံသူပုန် တွေထတယ်။ ရခိုင်နယ်မှာ ဘုန်းကြီး ဦးစိန္တာ ဦးဆောင်တယ်။ ဦးစိန္တာရဲ့ နောက်လိုက်တွေက မွတ် ဆလင်များကို နှိပ်ကွပ်တယ်။ ဒါကြောင့် မွတ်ဆလင်တွေဘက်က မခံနိုင်တော့လို့ မူဂျာဟစ် တွေ ပေါ် လာခဲ့တယ်။ ပါကစ္စတန် အစိုးရက တစ်စုံတစ်ရာထောက်ပံ့ပေးခဲ့တယ်။-

မြန်မာအစိုးရက အမတ်ကြီး ဦးဖေခင်ကို ပါကစ္စတန်သံအမတ်ခန့်အပ်ပြီး ညှိုခိုင်းတယ်။ နောက်ဆုံး အဆင်ပြေသွားတယ်။ ဒါတွေကို ကာဆင်ကြီး၊ ကာဆင်လေး ဦးဆောင်တဲ့ အဖွဲ့များလို့ သမိုင်းမှာ ရှိနေ တယ်။ ရိုဟင်ဂျာတွေဟာ ငြိမ်းချမ်းရေး ယူခဲ့တယ်။ ဒီနေ့ထိ တောပြန်မခိုခဲ့ဘူး။ မြန်မာပြည်ပတ်လည် မှာ ရိုဟင်ဂျာ တစ်မျိုးတည်းသာ သူပုန်ထခဲ့ခြင်း မဟုတ်သလို၊ ငြိမ်းချမ်းရေးယူခဲ့ခြင်းလည်း မဟုတ်ဘူး ဒါပေမယ့် မူဂျာဟစ် ဆိုတဲ့ သူပုန်များက ၁၉၆၀ ခုနှစ်များ မတိုင်မှီကတည်းက ပြီးဆုံးသွားခဲ့ပါပြီ။ သူတို့ တွေ ရှိလည်း မရှိကြတော့ဘူး။ ဘယ်သူတွေက လွတ်လပ်ရေး ကြေညာသလဲ။

မြန်မာအစိုးရက လက်တွင်းကြိတ် ၀ါဒဖြန့်တဲ့ ရိုဟင်ဂျာ ခွဲထွက်ရေး ကြေငြာချက်- ဆိုတာဟာ မွတ်ဆလင်များကို လုပ်ကြံဘို့ ဖန်တီးချက်သာ ဖြစ်ပါတယ်။ ဒီကြေငြာချက်- ဆိုတာ တစ်ကယ် ဟုတ်ခဲ့ ရင် ဘယ်အဖွဲ့က ကြေငြာတာလဲ၊ ဘယ်နယ်မှာ ရုံးစိုက်သလဲ။ တိကျအောင် ပြောဘို့ လိုပါတယ်။ သက် သေပြဘို့ လိုပါတယ်။

နောက်ဆုံး အဲ့ဒီ ကြေငြာချက် ရှိတယ်ပဲ ထားဦး- ကြေငြာတဲ့ အုပ်စုကို လိုက်လံဖမ်းဆီး ချေမှုန်းပစ်ပေါ့ မဆိုင်သူတွေကို သတ်ဖြတ်မောင်းထုတ်စရာမှ မလိုတဲ့ ကိစ္စပါ။ ရှမ်းကလည်း လွတ်လပ်ရေး ကြေငြာ တယ်၊ ကရင်နီကလည်း လွတ်လပ်ရေးကြေငြာတယ်။ ရခိုင်ကလည်း လွတ်လပ်ရေး ကြေငြာတယ်။ အဲ့ဒီ ကြေငြာချက်တွေက ဘယ်အဖွဲ့အစည်းက ကြေငြာတာ၊ ဘယ်မှာ ရုံးစိုက်တယ်၊ ဖုံးနံပါတ်၊ အီး မေးလ်လိပ်စာ အကုန် အပြည့်အစုံပါဝင်တယ်။ အဲ့ဒီ ကြေငြာတဲ့ အဖွဲ့သည်သာ နိုင်ငံတော်ကို ခွဲခြားမှုနဲ့ တရားခံဖြစ်နေတာပါ။

ရိုဟင်ဂျာများကိုတော့- ဘယ်အဖွဲ့မှန်း မသိ၊ ဘယ်သူမှန်းမသိ၊ ဘာဖုံးနံပါတ်မှလည်း မရှိ- စာရွက်တစ်ခု အတုလုပ်လိုက်ပြီး- “မင်းတို့က နိုင်ငံတော်ကို ခွဲခြားသူတွေလို့ အတင်းစွပ်စွဲတော့တယ်။” နိုင်ငံတော် အစိုးရကိုယ်တိုင်က ဖန်တီးတယ်။ လက်သပ်မွေး ဘုန်းကြီးတွေကို ၀ါဒဖြန့်ခိုင်းတယ်။ လူထုကြားမှာ အယုံသွင်းပြီး- မျိုးပြုတ်သတ်ဖြတ်လေတော့တယ်။

မကြာမှီ ကမ္ဘာ့ခုံရုံးကို တက်ရတော့မယ့် သို့မဟုတ် ကမ္ဘာ့ခုံရုံးက ဖမ်းဝရမ်းထုတ်ခံရမယ့် တရားခံများရဲ့ လက်ရာများကို တရားခံများကိုယ်တိုင် ခံစားရမှာပါ။ ဒါပေမယ့် စိတ်ဝမ်းကွဲသွားရပြီ ဖြစ်တဲ့ မြန်မာ လူ ထု အတွက်တော့ နှစ်ရှည်လများ ကုစားရတော့မှပဲလို့---- စိတ်မကောင်း ဖြစ်ရပါတော့တယ်။

Comment ရေးရန်

Rohingya Exodus