နောက်ဆုံးသတင်း/ဆောင်းပါးများ

၂၀၁၅ ဒိုင်ယာရီထဲက ရိုဟင်ဂျာများ အတွက် Black Day တစ်နေ့



ယျာတင် (MYARF)
RB News
1.1.2016

၂၀၁၅ မှတ်​တမ်း ဒိုင်​ယာရီထဲက ​မေ့ရခက်​မည့် ဝမ်းနည်းစရာ ​နေ့တစ်​​နေ့ (သို့မဟုတ်​) ရိုဟင်​ဂျာများအတွက်​ Black Day တစ်​​နေ့


ဘာလိုလိုနှင့် နှစ်​ တစ်​နှစ်​​ ကုန်​ဆုံးပြီး နှစ်​သစ်​​ တစ်​နှစ်​​တောင်​ ဝင်​​ရောက်​လာခဲ့ပြီ။

သည်​ ည ... နှစ်​သစ်​၏ အဦးဆုံး ည ။ ၂၀၁၅ က လူတိုင်းကို လက်​ပြ နှုတ်​ဆက်​ သွားပြီးသည့် နောက်​ ၂၀၁၆ က ပထမဆုံး ​မွေးဖွား​ ပေးလိုက်​သည့် ည ...။ ၂၀၁၅ ဆို​သော စာမျက်​နှာ ၃၆၅ မျက်​နှာပါ ဒိုင်​ယာရီ စာအုပ်​ ကုန်​သွားပြီး ၂၀၁၆ ဒိုင်​ယာရီ သစ်​၏ ပထမ စာမျက်​နှာ လှန်​ခဲ့ရသည့် ည ...။

နှစ်​ တစ်​နှစ်​ဆိုသည်​မှာ နည်းသည့် အချိန်​ကာလ​တော့ မဟုတ်​​ချေ။ ရက်​​ပေါင်း ၃၆၅ ​ရက်​တောင်​ ပါ​နေ​​သော အချိန်​ ကာလရှည်​ တစ်​ခု ဖြစ်​သည်​။ ထိုကဲ့သို့ ရက်​​ပေါင်းများစွာ ပါ​နေ​သော နှစ်​ တစ်​နှစ်​ ကုန်​ဆုံးသွား​လေ​​သောအခါ ထို ကုန်​ဆုံးသွားသည့်​ နှစ်​၏ အချိန်​ကာလထဲက နေ့ရက်​ အချို့သည်​ တစ်​ချို့​သော လူများအတွက်​ ​အောင်​မြင်​မှုရလို့ ​ပျော်​ရွှင်​စရာ အခိုက်​အတန့်​ ဖြစ်​ခဲ့မှာ ဖြစ်​သလို ... တစ်​ချို့​သော လူများအတွက်​ ဆုံးရှုံးမှုနှင့် ကြုံ​တွေ့ခဲ့ရလို့ ​ဘဝတစ်​သက်​ မေ့ရခက်​မည့်​ ဝမ်းနည်းစရာ ​အခိုက်​အတန့်​ ဖြစ်​ခဲ့မည်​မှာ မလွဲပင်​ ...။

အချိန်​က ည ၉ နာရီ။ အခန်းထဲတွင်​ ထိုင်​​နေရင်း ​နေစဉ်​​ရေး မှတ်​တမ်း ဒိုင်​ယာရီ စာအုပ်​ကို ကျွန်​​တော်​​ တစ်​ရွက်​ချင်း လှန်​ကြည့်​​နေမိသည်​။

ကျွန်​​တော့် "၂၀၁၅ မှတ်​တမ်း ဒိုင်​ယာရီ" စာအုပ်​၏ စာမျက်​နှာ အများစုသည်​ ရိုဟင်​ဂျာများ အစိုးရအာဏာပိုင်​များ၏ အ​ကြောင်းမဲ့ ​ငွေညှစ်​ခံခဲ့ရမှု ... လူမဆန်​စွာ ဆက်​ဆံခံခဲ့ရမှု ... ကြက်​ငှက်​ သဖွယ်​ လွယ်​လွယ်​​လေး​လေး အသတ်​ခံခဲ့ရမှု .... ရိုဟင်​ဂျာ အ​မေ​ပေါင်း များစွာ ညီအစ်​မ​ပေါင်း များစွာတို့ အကြမ်းဖက်​ မုဒိမ်းကျင့် ခံခဲ့ရမှု ... စသည့်​ လူသားမဆန်​မှု​ပေါင်း များစွာတို့ဖြင့်သာ ပြည့်နှက်​​နေ​​လေ၏။

ကျွန်​​တော်​သည်​ ​နေ့စဉ်​ မှတ်​တမ်းဒိုင်​ယာရီ စာအုပ်​ကို ညစဉ်​ညတိုင်း ထိုင်​​ရေး​လေ့ရှိသူ တစ်​ဦး ဖြစ်​ပါသည်​။ ကျွန်​​တော်​ ဖြတ်​သန်းခဲ့​သော တစ်​​နေ့တာထဲက အ​ရေးကြီးသည့်​ ကိစ္စရပ်​များကို မှတ်​တမ်း တင်​ထားခြင်း ဖြစ်၏။ ​ပျော်​ရွှင် ဝမ်း​မြောက်​စရာ၊ ဝမ်းနည်း နာကျင်​စရာ၊ သင်​ခန်းစာ ယူစရာ၊ စသည့်​ တို့ကို ကြုံရင်​ကြုံခဲ့သလို ညည ချ​ရေးမှတ်​ထားခြင်း ဖြစ်​သည်​။ ယခု ကျွန်​​တော်​သည်​ ထို "၂၀၁၅ မှတ်​တမ်း ဒိုင်​ယာရီ" စာအုပ်​ကို တစ်​ရွက်​ချင်း လှန်​ကြည့်​ မိ​သောအခါ ----

*** BGP များ ကျေးရွာများအတွင်းသို့ ၀င်ရောက်၍ေ​ဒသခံများကို ရိုက်နှက်၊ လုယက် ....

*** BGP က ဘင်္ဂလာဖုန်းသုံး​နေသည်​ဟု ဆို၍ ​ငွေညှစ်​ ....

*** စစ်​သား ​ဗိုလ်​ကြီးက အပြစ်​မဲ့ လူငယ်​များကို ဖမ်းဆီး​ငွေညှစ် ....

*** စစ်​မှန်​​သော လူကုန်ကူးနေသူများကို အာဏာပိုင်များက ငွေယူ၍ ကာကွယ်ပေးလျက်ရှိ ...

*** BGP များက ၁၂ နှစ် အရွယ် မိန်းကလေးငယ် တစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်​ ...

*** ဆိုက္ကားနင်း၍ ဝမ်း​ကျောင်း​နေသူကို BGP များ လုပ်​ကြံ ​ငွေညှစ်​ ...

*** အမျိုးသမီးတစ်​ဦး၏ ​နေအိမ်​သို့ ညအချိန်​မ​တော်​ စီးနင်းဝင်​​ရောက်​၍ BGP များ ဖမ်းဆီး​ငွေညှစ် ...

*** BGP က ထင်း​ရောင်းသမားကို သေနတ်ဖြင့် ပစ်ခတ်​ ဖမ်းဆီး၍ ထောင်ဒဏ် (၈) လစီ ချမှတ် ....

*** ဆွဲ၊တင်၊စစ် အဖွဲ့နှင့်​အတူ​ လုံခြုံ​ရေးအဖြစ်​​ရောက်​ရှိလာသည့်​ BGP များ ဖမ်းဆီး​သော​ကြောင့်​ ၉- တန်း​ကျောင်းသားတစ်​ဦး စာ​မေးပွဲမ​ဖြေဆိုနိုင်​ ...

*** နတလ ရွာသား တစ်ဦးက ၉ နှစ်အရွယ်​ မိန်းက​လေးကို ဓါးဖြင့်ခုတ် ....

*** ဘူးသီး​တောင်​မှ ရိုဟင်​ဂျာ လူငယ်​တစ်​ဦးကို BGP က ​​​သေနတ်​ပစ်​ သတ်​ဖြတ်​ ....

စ​သော စိတ်​မချမ်း​မြေ့စရာ အချက်​အလက်​များသည်​​သာ ကျွန်​​တော့်​ ​ဒိုင်​ယာရီ စာအုပ်​၏ စာမျက်​နှာများတွင်​ ​နေရာ အများဆုံး ယူထား​လေသည်​။ ထို အချက်​အလက်​များကို ​ရေးမှတ်​ခဲ့တုန်းက ကျွန်​​တော့် မျက်​ရည်​စက်​များ ပါးပြင်​​ပေါ်သို့ အလိုလို ပြိုကျခဲ့ဖူးသည်​။ ကျွန်​​တော်​၏ မှတ်​တမ်း ဒိုင်​ယာရီ စာအုပ်​အ​ကြောင်းကို "မျက်​ရည်​​ရောစပ်​ မှတ်​တမ်း ဒိုင်​ယာရီ" ဆို​သော ​ခေါင်းစဉ်​ဖြင့်​ ​ဆောင်းပါး တစ်​ပုဒ်​ ​ရေးမည်​ဟု အကြိမ်​ကြိမ်​ အ​​တွေး​​တောင်​ ပေါ်ခဲ့မိ၏။

ဤ ၂၀၁၅ ဒိုင်​ယာရီ မှတ်​တမ်းထဲက ကျွန်​​တော်​ အမှတ်​ရဆုံး ​နေ့တစ်​​နေ့ကို ​ပြောပြချင်​ပါသည်​။

ကုန်​ဆုံးသွားပြီးဖြစ်​​သော ၂၀၁၅ ခုနှစ်​ထဲက နိုဝင်​ဘာလ (၈) ရက်​​နေ့သည်​ ကျွန်​​တော့်​အတွက်​​ ဘဝတစ်​သက်​ ​မေ့ရခက်​မယ့်​ ​နေ့တစ်​​နေ့ ဖြစ်​ခဲ့ပြီ။ ထို​နေ့သည်​ ကျွန်​​တော့်​ ဘဝ တစ်​သက်​တာ၏ အ​ကောင်းဆုံး​သော ဝမ်းနည်းစရာ အခိုက်​အတန့်​ တစ်​ခု အဖြစ်​လည်း အမြဲ ရှိ​နေ​မှာ ဖြစ်​၏။ အဘယ်​​ကြောင့်​ ဆို​သော်​ ကျွန်​တော်သည်​ ရိုဟင်​ဂျာထဲက ရိုဟင်​ဂျာ တစ်​​ယောက်​ ဖြစ်​​နေ​သော​ကြောင့်​ပင်​ ဖြစ်သည်​။

ထို ၂၀၁၅ ခုနှစ်​ နိုဝင်​ဘာလ (၈) ရက်​​နေ့မှာ ကျွန်​​တော်​၏ အမြင့်​ဆုံး​သော လူသား အခွင့်​အ​ရေး၊ အမြင့်​ဆုံး​သော နိုင်​ငံသား အခွင့်​အ​ရေး တစ်​ခုကို မတရား ဆုံးရှုံးခံ လိုက်​ရသည်​။

ပွင့်​ပွင့်​လင့်​လင့်​ ပြောရလျှင်​ ခေတ်​အဆက်ဆက်​ ရရှိလာခဲ့​သော ကျွန်​​တော့်​ ဘိုးစဉ်​​ဘောင်​ဆက်​ အခွင့်​အ​ရေုးု တစ်​ခု ဖြစ်​သည့်​ အ​ထွေ​ထွေ ​ရွေး​ကောက်​ပွဲမှာ အ​ရွေးခံပိုင်​ခွင့်​ နှင့်​ ဆန္ဒမဲ ​ပေးပိုင်​ခွင့်​ များကို မတရား ဆုံးရှုံးလိုက်​ရသည်​ မဟုတ်​ပါလား။ ကိုးကွယ်​သည့်​ ဘာသာ မတူ​သော​ကြောင့်​ ဆုံးရှုံးခဲ့ရသလား လူနည်းစု ဖြစ်​​နေ​သော​ကြောင့်​ပဲ ဆုံးရှုံးခဲ့ရသလား ဆိုသည်​ကိုမှု ကျွန်​​တော်​ ရိုဟင်​ဂျာသား တပ်​အပ်​ မသိ​ချေ။ သို့​သော်​ သေချာသည့် အမှန်​တရား တစ်​ခုမှာမှု အားကြီးသူများ၏ မတရား နင်း​ချေခံခဲ့ရခြင်း ဖြစ်​ပါသည်​။

ထိုနေ့ကို သတိရတိုင်း ကျွန်​​တော့်​ ရင်​ထဲတွင်​ ယခုထိ တဆစ်​ဆစ်​ နာကျင်​နေဆဲ၏။ ထိုနေ့ကို ပြန်​​တွေးမိတိုင်း မျက်​ရည်​ဥများ ပါးပြင်​​ပေါ်သို့ အလိုလို ပြိုကျလာတတ်​သည်​။

တစ်​ချို့က ထိုနေ့ကို ရိုဟင်​ဂျာ တစ်​မျိုးသားလုံးအတွက်​ Black Day ​ဆိုပြီး ခေါ်​ဝေါ် သမုတ်​ကြ​လေ​၏။

ထိုနေ့တွင်​ မဲ​ပေးပြီိးသူများ၏ မှင်​စိမ်​ လက်​သန်းက​လေးများကို Social မီဒီယာ​ပေါ် မြင်​​လေ​သောအခါ ကျွန်​​တော့်​ ရင်​ထဲမှာ မ​ဖော်​ပြနိုင်​သော ခံစားချက်​​များ ဖြစ်​​ပေါ်လာခဲ့မိသည်​။ ထို​အခါ ကျွန်​​တော်​ က​ဗျာနှစ်​ပုဒ်​​​တောင်​ ရေး​​စပ်​ ဖြစ်​ခဲ့ပါသည်​။

နှလုံးသားနှင့်​ ခံစားကြည့်​ပါ​​လေ ....။ 

"ဆထက်တိုးပြီး ကျေပါ့မယ် "
====================

မှင်စိမ် လက်သန်းများ
မြင်လေတိုင်းပါကွာ
မျက်ရည်တွေဝဲ
ရင်ထဲ မွှေနှောက်
ငိုနေတဲ့ နှလုံးသားကို
ပြန်ချော့နေရတာ
ပင်ပန်းလှပြီဟ....။

ကျေခွင့်မပေးတဲ့ နိုင်ငံ့တာဝန်ကို
တစ်နေ့ကျရင်
ဆထက်တိုးပြီး
ငါ ကျေပါ့မယ်ဟ....။

"မျှတမှုရှိရဲ့လား"
============

ခေတ်မကျန် အခါတိုင်း
ရွေးချယ်ခွင့် အရွေးခံပိုင်ခွင့်
ပြည့်ပြည့်ဝဝ ရရှိသူများကို
ယခုမှလာ တမင်တကာ
လုပ်ကြံစွပ်စွဲပြီး ဘေးပယ်လိုက်တာ
တကယ်တော့
ခင်ဗျားတို့မှာ
တရားမျှတမှု
စိုးစဉ်မျှ ရှိရဲ့လား......???

[၈.၁၁.၂၀၁၅၊ နေ့လယ် ​​၁၁း၅၀ မီနစ်​]

ဤသို့ဖြင့်​ ထို​နေ့ကို အိမ်​ထဲ ခို​အောင်းရင်း ဖြတ်​သန်းခဲ့​လေပြီ။ ​ထိုည​နေ ၈:၁၅ အချိန်​တွင် ရေဒီယို​လေးကို ဖွင့်​ပြီး BBC မှတဆင့်​ ရွေး​ကောက်​ပွဲ အ​ခြေအ​နေကို နား​ထောင်​မိရာ BBC ၏ ရခိုင်​ပြည်​နယ် ဆိုင်​ရာ သတင်း​ထောက်​ ဦးခိုင်​မြဲ​ကျော်​၏ ဖန်​တီး၍ ​ပြော​လိုက်​​သော သတင်းမှား တစ်​ခု​ကြောင့်​ တစ်​​နေကုန်​ နာကျင်​​နေသည့်​ နှလုံးသားကို ပို၍ နာကျင်​​စေခဲ့သည်​။

"​ရွေး​ကောက်​ပွဲ​နေ့တွင်​ ရခိုင်​ပြည်​နယ်​ ​မြောက်​ပိုင်းမြို့ဖြစ်​သည့်​ ​မောင်​​တောမြို့နယ်​တွင်​ ရိုဟင်​ဂျာများက ပြဿနာ ဖန်​တီးဖို့ ကြိုးစားခဲ့​သော်​လည်း စစ်​တပ်​က အချိန်​မီ ထိန်းထားနိုင်​ခဲ့သည်​" ဆို၍ အများ ထင်​​ယောင်​ထင်​မှား ဖြစ်​​အောင်​ လုပ်​ကြံ ဖန်​တီး၍ သတင်းလွှင့်​ခဲ့ခြင်း ဖြစ်​သည်​။ တကယ်​​တော့ ရိုဟင်​ဂျာများသည် မဲ​ပေးပိုင်​ခွင့်​ လုယူခံခဲ့ရ​သော​ ဝမ်းနည်းမှုဖြင့်​​ ရွေး​ကောက်​ပွဲ ​နေ့တွင်​ မိမိအိမ်​ထဲ၌သာ ​အေး​အေး​ဆေး​ဆေး ​နေခဲ့၏။ မည်​သည့်​ ရိုဟင်​ဂျာကမှ ပြဿနာ ဖန်​တီးရန်​ မကြိုးစားခဲ့​ပေ။

ထိုကဲ့သို့ လုပ်​ကြံဖန်​တီး၍ သတင်းမှား ​ပြောခဲ့​သော ခိုင်​မြဲ​ကျော်​အတွက်​ BBC မြန်​မာပိုင်း ဌာနမှူးအပါအဝင်​ ထိပ်​တန်း တာဝန်​ ရှိသူ အချို့ထံ လိပ်​မူပြီး တိုင်​ကြားစာ ​ရေးပို့လိုက်​သည်​။ တာဝန်​ရှိသူ တစ်​ဦးက ထိုကိစ္စကို အမြန်​ဆုံး စီစစ်​မည်​ဟု စာပြန်​လာခဲ့​သော်​လည်း လုပ်​ကြံဖန်​တီးပြီး သတင်းမှာ ​ပြောခဲ့​သော ခိုင်​မြဲ​ကျော်​ကို အ​ရေးယူခဲ့သလား​တော့ မသိရှိရ​သေး။

ဆောင်းည အလယ်​ အခန်းထဲမှာ ဒိုင်​ယာရီ စာအုပ်​ကို တစ်​ရွက်​ချင်း လှန်​ကြည့်​ရင်း တစ်​ကိုယ်​တည်း စာ ထိုင်​​ရေး​နေခိုက်​ ---

" သား ... ​ကော်​ဖီ​တောင်​ ​အေးကုန်​ပြီ"

အ​မေ့ အသံကြားမှ ကျွန်​​တော့်​ ​တွေးလက်​စ အ​တွေးများ ပြတ်​​တောက်​ သွား​လေ​သည်​။ ဘယ်​အချိန်​ ကတည်းက အ​မေ ​ကော်​ဖီ လာချ ​ပေးခဲ့သလဲ ဆိုတာ ကျွန်​​တော်​ မသိလိုက်​​ချေ။

ညတိုင်း ကျွန်​တော်​ စာ​ရေး​နေချိန်​မှာပဲ ဖြစ်​ဖြစ်​ စာအုပ်​ ဖတ်​​နေချိန်​မှာပဲ ဖြစ်​ဖြစ်​ အ​မေ တစ်​​ယောက်​ ကျွန်​​တော့်​အတွက်​ ကော်​ဖီ ​ဖျော်​လာ​ ပေးတတ်​သည်​။ အ​မေနှင့်​ ပတ်​သက်​၍ ချီးကျူးစရာ အများကြီးထဲက တစ်​ခုကို ​ပြောပြရလျှင်​ ကျွန်​​တော်​ စာ​ရေး​​ စာဖတ်​​နေ​သော အဟုန်​တွင်​ မျှော့ပါသွားချိန်​ အ​မေတစ်​​ယောက်​ ဘယ်​​သောအခါမှ ကြားဝင်​ အ​နှောက်​အယှက်​ မ​ပေးတတ်​​ပေ။ သို့​သော်​ ညည့်​ အလွန်​နက်​ချိန်​ထိ မအိပ်​လျှင်​​တော့ ကျွန်​​တော့်​ကို သတိ​လေး လာ​ပေးတတ်​၏။

ယခုလည်း ထိုကဲ့သို့ သတိ​ပေးဖို့ ကျွန်​​တော့်​ အခန်းထဲသို့ အ​မေ ဝင်​​ရောက်​လာခြင်း ဖြစ်သည်​။ ကျွန်​​တော့်စိတ်​သည်​ ဒိုင်​ယာရီ စာအုပ်​၏ တစ်​နှစ်​တာ ဖြစ်​စဉ်​ထဲသို့ ဝင်​​ရောက်​သွား၍ ​အ​မေ လာချ​ပေးခဲ့​သော ​ကော်​ဖီကို​ သောက်​ဖို့ ကျွန်​​တော်​ ​မေ့​နေခဲ့​ခြင်း ဖြစ်​၏။

" သား ... မအိပ်​​သေး ဘူးလား ... ညည့်​နက်​ ​နေပြီ ... ည ၁၁ နာရီ​တောင်​ ခွဲ​နေပြီ​လေ သား​ရေ ..."

ဟော့ ... ​တွေးရင်းနှင့်​ အ​မေ ​ထပ်​​ပြောလာ​လေသည်​။

ကျွန်​​တော်​က " အိပ်​​တော့ မှာပါ အ​မေ ...." ဟု နူးအိစွာ ​ပြောလိုက်​​သော်​လည်း အ​မေ့ လက်​​ချောင်းများက ကျွန်​​တော့်​ ပါးပြင်​​ပေါ်သို့ ​ရောက်​လာခဲ့​လေပြီ။ ကျွန်​​တော့်​ ပါးပြင်​​ပေါ်

ကျွန်​​တော့်​ မျက်​လုံးမှ မျက်​ရည်​ စက်​များ ကျလာခဲ့မိတာ ကျွန်​​တော်​​ ကိုယ်​တိုင်​​တောင်​ သတိမပြု မိခဲ့​ချေ။ ဒိုင်​ယာရီ စာအုပ်​ထဲက အ​ကြောင်းအရာများသည်​ မျက်​ရည်​များကို တိတ်​တခိုး ဖိတ်​​ခေါ်ခဲ့​လေသလား​တော့ မသိ။

တရားလွန်​ ဖိနှိပ်​ခံ​နေရသူ အ​ကြောင်းများကို ဖတ်​​နေခိုက်​ သူတို့​နေရာကို စိတ်​ဖြင့်​ ခဏတာ ဝင်​ကြည့်​မိ​သောအခါ ကိုယ်​ချင်းစာနာမှု​ကြောင့်​ စီးကျလာသည့်​ ကျွန်​​တော့်​ ပါးပြင်​​ပေါ်က မျက်​ရည်​ စက်​များကို အ​မေက လက်​​ချောင်းက​လေးနှင့်​ ညင်​သာစွာ သုတ်​​ပေး​နေရင်း ---

" မတရား ဖိနှိပ်​ခံ​နေရ​ပေမယ့်​ လွယ်​လွယ်​​လေး စိတ်​ဓာတ်​မကျမိဖို့ ... မည်​သည့်​ အ​ခြေအ​နေမှာပဲ ဖြစ်​ဖြစ်​ လွယ်​လွယ်​​လေး​လေး လက်​​မြှောက်​ အရှုံး မ​ပေးဖို့်​ ... ခိုင်​မာ​သော စိတ်​ဓာတ်​နှင့်​ မတရားမှုကို ​တော်​လှန်​အနိုင်​ယူဖို့ ... ပြတ်​သားသည့်​ ဆုံးဖြတ်​ချက်​နှင့်​ ပြင်းပြသည့်​ စိတ်​ဓာတ်​က တစ်​​နေ့ ​အောင်​မြင်​​စေမှာ ဖြစ်​​ကြောင်း စသည်​ဖြင့်​ သားဖြစ်​သူ ကျွန်​​တော့်​ကို အ​မေ​ ခါတိုင်း​ပြော​နေကျ ပုံစံအတိုင်း တိုးတိုး​လေး ​ပြောလိုက်​မိသည်​။

ပြီးလျှင်​ ကျွန်​​တော့်​ နဖူးကို တစ်​ချက်​ နမ်းလိုက်​ကာ " အိပ်​​တော့ သား... ညည့်​နက်​​​နေပြီ " ဆို၍ ကျွန်​​တော့်​ အခန်းထဲက အ​မေ တစ်​​ယောက် ညင်​သာစွာ ​ပြန်​ထွက်​သွား​လိုက်​​လေ၏။

ကျွန်​​တော်​လည်း ဒိုင်​ယာရီ စာအုပ်​ကို ပိတ်​၊ ​ရေးလက်​စကို အဆုံးသတ်​လိုက်​၍ အားတင်​ အပြုံးတစ်​ချက်​ကို အားတင်​ကာ ပြုံးမိပြီး​နောက်​ အိပ်​ရာထဲ ဝင်​လိုက်​​ပါတော့သည်။

အ​မေ၏ သူမတူ​အောင်​ ထူးခြားစွာ အား​ပေးမှု နှင့်​ ညအချိန်​ အိပ်​စက်​ အနားယူခြင်းတို့သည်​ မနက်​ဖြန်​ ​တွေ့ကြုံ ရင်​ဆိုင်​ရ​တော့မယ့်​ တရားလွန်​ မတရားမှု​များကို အံတု ​ကျော်​လွှားနိုင်​ဖို့ အနှိုင်းမဲ့​သော စိတ်​ဓာတ်​ခွန်​အား ဖြစ်​ဖို့ ကိန်း​သေ ဖြစ်​​နေ​ကြောင်းပါ ....။
ကျွန်​တော်​ ရိုဟင်​ဂျာသား ယျာတင်​ပါ ခင်​​ဗျာ ....။
၁၊၁၊၂၀၁၆

Comment ရေးရန်

Rohingya Exodus