April 02, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

MSF ဆေးခန်းများ ပိတ်ခံရမှုကြောင့် ပြည်သူများ နစ်နာလျက်ရှိ

နေပြည်တော်မှ ရခိုင်ပြည်နယ် အစိုးရသို့ ပေးပို့ခဲ့သည့် ဖက်စ်ကြေးနန်း


RB News
27.2.2014

စစ်တွေ ။ ။ ရခိုင်ပြည်နယ်ရှိ ဟော်လန်နိုင်ငံ အခြေစိုက် AZG (Artsen zonder Grenzen) သို့မဟုတ် Médecins Sans Frontières (MSF) မှ အခမဲ့ ဆေးကုသပေးနေသော ဆေးခန်းများကို ယနေ့ နံနက်ပိုင်းမှစ၍ ရခိုင်ပြည်နယ် အစိုးရ၏ ညွန်ကြားချက်အရ ပိတ်ထားရသဖြင့် ပုံမှန်ဆေးဝါး ကုသမှု ခံယူနေသည့် ပြည်သူများ နစ်နာလျက်ရှိသည်ဟု သတင်းရရှိပါသည်။

ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်မှ ရခိုင်ပြည်နယ် အစိုးရသို့ MSF/AZG ၏ အစိုးရနှင့် သဘောတူညီ ရယူထားသည့် MoU (နားလည်မှု စာချွန်လွှာ) ကိုသက်တမ်း မတိုးပေးရန်၊ INGO လိုင်စင်ဖျက်သိမ်းရန် ဖက်စ် ကြေးနန်းဖြင့် အကြောင်းကြားစာ ပို့ခဲ့သည်။ ညနေ ၅ နာရီခွဲတွင် MSF/AZG မှ တာဝန်ရှိသူများကို ရခိုင်ပြည်နယ် အစိုးရက ခေါ်ယူတွေ့ဆုံခဲ့ကြောင်း RB News မှ စုံစမ်းသိရှိရပါသည်။

ရခိုင်ပြည်နယ် အစိုးရနှင့် MSF/AZG တို့တွေ့ဆုံပြီးနောက် ဆွေးနွေးမှု အသေးစိတ်ကို မသိရှိရသေးသော်လည်း လိုင်စင်ပိတ်သိမ်းခွင့်၊ နားလည်မှုစာချွန်လွှာ သက်တမ်းမတိုးရန် ကိစ္စများကို ပြောကြားခဲ့ခြင်း မရှိဟု စုံစမ်းသိရှိရသည်။ သို့သော်လည်း ယနေ့ နံနက်ပိုင်းမှ စ၍ ရခိုင်ပြည်နယ် အ၀န်းရှိ MSF/AZG ၏ဆေးခန်းများ အားလုံးကို ပိတ်ထားလိုက်သည့် အတွက် ပုံမှန်ဆေးဝါး ကုသမှု ခံယူနေသည့် လူနာများမှာ ယနေ့ နံနက် ၉ နာရီမှ စ၍ ဆေးခန်းများ ရှေ့တွင် တန်းစီ စောင့်ဆိုင်းခဲ့သော်လည်း ဆေးခန်းများ မဖွင့်လှစ်သောကြောင့် ၎င်းတို့၏ ပုံမှန်ဆေးဝါးကုသမှုများ အတွက် ဆုံးရှုံး နစ်နာ နေရသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

MSF/AZG သည် ရခိုင်ပြည်နယ်ရှိ ဆင်းရဲနွမ်းပါးသည့် ပြည်သူများ အဓိက အားကိုးအားထား ပြုရသော အခမဲ့ ၀န်ဆောင်မှု ပေးနေသည့် နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်း တစ်ခုဖြစ်ပြီး၊ မြန်မာနိုင်ငံ အစိုးရ ကိုယ်တိုင် မောင်တောမြို့နယ်၊ ဒုချီရားတန်း ကျေးရွာတွင် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုကို ဖော်ထုတ်ရာတွင် တစိတ်တပိုင်း အဖြစ် ပါဝင်ခဲ့မှုကြောင့် အစိုးရမှ မကျေနပ်၍ ဆန္ဒပြပွဲများ နေ့စဉ် အဆက်မပြတ် ဖန်တီးပြီး ယခုကဲ့သို့ အပြီးအပိုင် မောင်းထုတ်ရန် ကြံရွယ်လိုက်ခြင်း ဖြစ်သည်။ MSF/AZG ကိုအစိုးရ၏ လုပ်ပိုင်ခွင့်အရ မောင်းထုတ်နိုင်မည် ဖြစ်သော်လည်း လိုအပ်လာမည့် ကျန်းမာရေး ၀န်ဆောင်မှုများကို နိုင်ငံတော် အစိုးရမှ ဖြည့်ဆည်း ပေးနိုင်မည့် အလားအလာ လုံးဝ မရှိကြောင်း ရခိုင်အရေး ကျွမ်းကျင်သူများက ဆိုသည်။ အစိုးရ၏ မှားယွင်းသော ဆုံးဖြတ်ချက်သည် အစိုးရအတွက် ထိခိုက်နစ်နာမှု ရှိမည်မဟုတ်သော်လည်း လူမျိုးဘာသာ မခွဲခြားဘဲ ဆေးကုသ ပေးနေသည့် အတွက် ရခိုင်ပြည်နယ်ရှိ လူမှု အသိုင်းအ၀ိုင်း အားလုံး ထိခိုက် နစ်နာ ဆုံးရှုံးမည်သာ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်မှ စတင်၍ အခမဲ့ ကျန်းမာရေး ၀န်ဆောင်မှု ပေးနေသည့် MSF/AZG သည် နှစ်စဉ် လူနာ ၅ သိန်းကျော်ကို ကုသပေးလျက် ရှိပြီး၊ HIV/AIDS နှင့် အဆုတ်ရောဂါ ဝေဒနာရှင် များကိုလည်း ကုသပေးလျက်ရှိသည်။ ထို့အပြင် ၂၀၀၅ ခုနှစ်မှ စ၍ ငှက်ဖျား ရောဂါ ဝေဒနာရှင် ၁၂ သိန်းကျော်ကို ဆေးဝါးကုသမှု ပေးခဲ့ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus