နောက်ဆုံးသတင်း/ဆောင်းပါးများ

လေးသည်တော်
ဒီဇင်ဘာ (၇) ၂၀၁၂

ပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒီဇင်ဘာလ(၆)ရက်နေ့တွင် အယ်လ်ဂျဇီးရား သတင်းဌာနမှပြသ မည့် ဖုံး ကွယ်ထားသည့် လူမျိုးတုန်းသတ်ဖြတ် မှုမှတ်တမ်းရုပ်ရှင် အား ပြင်း ထန် စွာ ကန့်ကွက်သည့် ထုတ်ပြန်ချက် အပေါ် အမှတ် စဉ် အ လိုက်ပြန် လည်ချေပချက်များ

အမှတ်စဉ် (၁) တွင် "၎င်းတို့အခေါ် ရိုဟင်ဂျာ" ဟုသုံးထားသည်။ သို့ဖြစ်ပါကဗိုလ်ချုပ်နေဝင်းလက်ထက်တွင် တိုင်းရင်းသား လူမျိုးစု စာ ရင်း ၌ ရိုဟင်ဂျာဟု ပါဝင်ခဲ့ခြင်း။တိုင်းရင်း သားအသံလွှင့် အစီအ စဉ်တွင် ရိုဟင်ဂျာတိုင်းရင်းသား အစီအစဉ်ဟုပါဝင် ခဲ့ခြင်း ။ မြန်မာ့ စွယ်စုံကျမ်းတွင် ရကောက်အက္ခရာ ကဏ္ဍ တွင် မေ ယုတောင် တန်းနေ တိုင်းရင်းသားလူမျိုးစု ဟု ပါဝင် ခဲ့ခြင်း။ ဂျပန်တော် လှန်ရေးတွင် ထူး ချွန်စွာ ပါဝင် ခဲ့ သဖြင့် ဗိုလ် ချုပ် မှ ချီးမွန်းစကားပြော ခဲ့ခြင်းတို့ မှာ မြန်မာနိုင် ငံ၏ တရားဝင်လိမ် ညာ ခဲ့သော သမိုင်း များပါလား?

အမှတ်စဉ် (၂) တွင် "ပွင့်လင်း မြင်သာမှုရှိစွာကိုင်တွယ်ဖြေရှင်းဆောင် ရွက်ခဲ့ပါသည်"ဟုရေး သားထား သည်။ ထိုသို့ဆိုလျှင်မြန် မာနိုင်ငံအတွင်းနေ ထိုင်ကြသော မြန်မာနိုင်ငံသား အပေါင်းသည် ဘယ် သို့ကြောင့် ထိုဖြစ် စဉ် များ ၏ အသေးစိပ်ဖြစ်စဉ်ကိုသိရှိခြင်း မရှိရသနည်း။ ပင်လယ် ထဲမျောနေသော ရိုဟင်ဂျာများ ၏ အကြောင်း ကိုပင် သက်ဆိုင်ရာ ဘာသာရေး Website များမှတဆင့် သိရှိခဲ့ ရ သည်။ အခြား မည်သည့် Media များတွင်မှ ပါဝင်ခဲ့ခြင်းမရှိပါ။ ရိုဟင်ဂျာများအစာရေ စာပြတ် လပ်၍ ဆန္ဒပြကြ သည်ကိုပြင် လျှင် Media များ၌ဖော်ပြခဲ့ခြင်းမရှိပါ။ နိင်ငံတော်မှလည်းတရားဝင် သတင်းထုတ်ပြန် ခဲ့ခြင်း မရှိပါ။သို့ဖြစ်ပါ၍ မည်သည့် အရာကို "ပွင့်လင်းမြင် သာသည်"ဟုအဓိပ္ပာယ် ဖွင့်ဆိုပါသနည်း?

အမှတ်စဉ် (၃) တွင် "လူမှုအုပ်စု နှစ်ခုအကြား ဖြစ်ပွားသည့် အကြမ်းဖက်မှုများဖြစ်ပွားရာနေရာများသို့. . . .သွားရောက် ခွင့်ပြုခဲ့သည်"ဟုဖော်ပြချက်မှာမူ မှန်ကန်ပေသည်။ အုပ်စုနှစ်ခုဖြစ်ပွားရာနေရာများသို့သာ သွားရောက် ခွင့်ပြုခဲ့သည်။ အုပ်စုတစ်ခုတည်းက လူမဆန်စွာမီးရှို့၊သတ်ဖြတ်ခဲ့သောနေရာများကိုမူကား. . . . .။ ထို့ပြင်အကြမ်းဖက်မှုများကိုစောင့်ကြည့်ဖြေရှင်းရန်ဟု ကမ္ဘာကိုကြေငြာ၍ လာရောက်သည့် OIC ကို လည်း ပြည်တွင်းဘာသာရေးအဖွဲ့အစည်းတစ်ခုကိုအခြေခံကာ ပြည်သူ့ဆန္ဒဟုဆို၍လက်မခံခဲ့ပေ။သို့ဖြစ် ၍ ဤ သည်ကိုလွတ်လပ်စွာ လေ့လာခွင့်ဟုခေါ်ပါသလား?(ထိုပြည်တွင်းဘာသာရေး အဖွဲ့အစည်း သည် လက် ပံတောင်းတောင်အရေးတွင်လည်းဆန္ဒဖော်ထုတ်ခဲ့သည်ကိုမူ ပြည်သူ့ဆန္ဒဟုမမှတ်ယူသည့် အပြင်. . . .)

အမှတ်စဉ် (၄) တွင် "အုပ်စုနှစ်ခုလုံး အတွက်မျှတစွာ ထောက်ပံ့ကူညီပေးအပ်ခဲ့သည်"ဟုရေးသားထား သည်။ထိုသို့ဆိုလျင် ယခင်အပတ်က အဘယ်ကြောင့် ရိုဟင်ဂျာများ ဆန္ဒပြခဲ့ပါသနည်း။ အစာရေစာပေါ များနေ၍လော. .? နှစ်ဖက်တူညီလျင် အဘယ်ကြောင့် အခြားတစ်ဖွဲ့မှ အစာပြတ် လတ်၍ဆန္ဒ မပြသ နည်း။ အောက်တိုဘာလ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပင်လယ်ထဲမျောနေသော ရိုဟင်ဂျာများကိုလဲ အ ဘယ်ကြောင့် ကမ်းကပ်ခွင့်မပေးခဲ့သနည်း။ ယခုထိပင် အဘယ်ကြောင့် ယခင်နေအိမ်နေရာ ၌ ပြန်လည်နေ ထိုင်ခွင့် မရှိသ နည်း။ နှစ်ဖက်တူညီစွာဆက်ဆံနေပါသလော?

အမှတ်စဉ် (၅) တွင် "လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို လည်းဖွဲ့စည်းပေးခဲ့" ဟုရေး သားထားသည်။ထိုသို့ဆိုလျင် အဘယ်ကြောင့် ထိုကော်မရှင်ကို သမ္မတရုံးလက်အောက်တွင် ထားရ သနည်း။လွတ်လပ်စွာဖွဲ့စည်းထားသည်ဆိုလျင်အဘယ်ကြောင့်လွတ်လပ်စွာဝေဖန်ခြင်းကြောင့် ကော် မရှင် အဖွဲ့ဝင်များကိုထုတ်ပယ်ရသနည်း။ ဂျပန်ခေတ်ကဗမာနိုင်ငံကို လွတ် လပ်ရေးပေး ခဲ့ သည်ကို မှတ်မိပါ သ လား? (စာကြွင်း- ထိုကော်မရှင်သည် မည်သည်များကိုဆောင် ရွက်နေပါ သနည်း။ ထုတ်ပြန် ချက်အ မှတ် (၂)နှင့်ကိုက်ညီပါသလား?)

အမှတ်စဉ် (၆) တွင် "အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အာဏာပိုင်တို့က ပူးပေါင်းပါဝင်ပတ်သက်ခြင်း. . . . လုံးဝမရှိကြောင်း" ဟုဖော်ပြထားသည်။ ထိုသို့ဆိုလျင်အကြမ်းဖက်မီးရှို့သတ်ဖြတ်နေသူများသည် အ ဘယ်ကြောင့် မီးတုတ်များ၊ဓားများနှင့်ရဲတပ်ဖွဲ့ဝင်များကြားရောက်နေရသနည်း။ မီးဝင်လှုံနေခြင်းလော? (အထောက်အထားများ-http://ww/medi//?set=a.176324995847192.61160.100004090784050&type=1)

အမှတ်စဉ် (၇) တွင် "ရခိုင်ပြည်နယ် ပဋိပက္ခကိုမဟုတ်မမှန်လုပ်ကြံ၍. . . . . မြန်မာနိုင်ငံတော် အစိုးရ အနေဖြင့် ပြင်းထန်စွာဆန့်ကျင်ကန့်ကွက်လိုက်သည်" ဟုငြင်းဆန်တုန့်ပြန်ထားသည်ကိုတွေ့ရသည်။ ထို နည်း တူ ကြေငြာချက်တစ်ခုခြင်းစီတွင်လိမ်ညာမှုများ၊မသမာမှုများ၊မတရားမှုများပါဝင်နေသောဤထုတ်ပြန် ချက် ကိုလဲကျွန်ုပ်ကန့်ကွက်ပါသည်။





မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ထပ်မံဖြစ်ပွားတဲ့ သတင်းနဲ့ ဓါတ်ပုံတွေက ကျနော်တို့ကို တဖန်ပြန်လည်တုန်လှုန့်သွားစေပါတယ်။ တချိန်တည်မှာဘဲ နယူယောက်မြို့မှာရှိတဲ့ ကမ္ဘာ့ကုလသမဂ္ဂရုံမှ ကိုယ်စားလှယ်တွေကတော့ မြန်မာ့လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ အစီရင်ခံတင်ပြမှုတွေကို နားထောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အသိအမှတ်ပြုသော်လည်း ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေအကြားဖြစ်ပျက်နေတဲ့ ပဋိပက္ခအကြမ်းဖက်မှုတွေကို စစ်ဆေးအဖြေရှာဖို့နဲ့ ပြေလည်အောင်ဖြေရှင်းနိုင်ဖို့အတွက် မြန်မာအစိုးရအပါအဝင် သက်ဆိုင်သူတွေဟာ ကြိုးစားဆောင်ရွက်ကြဖို့လိုအပ်နေပါတယ် လို့ မစ္စတာ ကင်တားနားကပြောခဲ့ပါတယ်။


မစ္စတာ ကင်တားနားလိုဘဲ မြန်မာအစိုးရမှာ ဒီလူမျိုးစုအသိုင်းအဝိုင်းနှစ်ခုအကြား ရေရှည်သင့်မြတ်ဖို့နဲ့ အတူတကွနေထိုင်နိုင်ကြဖို့ အတွက် ပွင်းလင်းထင်သာတဲ့ မူဝါဒတွေချမှတ်ထားတာမရှိဘူးလို့ လူအတော်များများဟာ စိုးရိမ်နေကြပါတယ်။ ဒါပေမယ့် အခုလောလောဆယ်မှာတော့ နောက်ထပ် အကြမ်းဖက်မှုတွေမဖြစ်အောင်၊ အသက်ကယ်ဆယ်နိုင်အောင်နဲ့ လူသားချင်းစာနာတဲ့ အရေးပေါ် ကူညီထောက်ပံ့မှုတွေပေးနိုင်အောင် စီစဉ်ဆောင်ရွက်ဖို့က ပိုပြီး အရေးကြီးလှပါတယ်။

လွန်ခဲ့တဲ့ရက်တွေမှာတော့ ရခိုင်နိုးကြားရေးသမားတွေလို့ခံယူကြတဲ့လူတွေက ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာရွာတွေကို တိုက်ခိုက်ခဲ့ပါတယ်။ လုံးဝပျက်စီးသွားခဲ့တဲ့ ရိုဟင်ဂျာရွာတွေကို ရိုက်ကူးထားတဲ့ အာကာသဓါတ်ပုံတွေကြည့်ရတာ အမှန်တကယ်ဘာတွေဖြစ်ပျက်သွားသလဲဆိုတာကို သံသယယုံမှားနိုင်ဖွယ်မရှိပါဘူး။ ရိုဟင်ဂျာသတင်းတွေအရ အောင်တိုဘာလ ၂၁ မှ ၂၆ ရက်နေ့နဲ့ ၃၀ ရက်နေ့တွေမှာ ရိုဟင်ဂျာရွာတွေကို မီးရှို့ခဲ့ပြီး ရခိုင်ပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ကျောက်ဖြူ၊ ကျောက်မော်၊ မင်းပြား၊ ရန်းဗြဲ၊ ပေါက်တော နဲ့ မြောက်ဦးမြို့နယ်တွေမှာရှိတဲ့ အိမ်ခြေ ၅၀၈၆ လုံးမီးရှို့ခံခဲ့ရပါတယ်။


လေ့လာစောင့်ကြည့်သူတွေသတင်းပေးပို့ချက်အရ လုံခြုံရေးရဲတပ်ဖွဲ့တွေက အားလျှော့နေပြီး ဗုဒ္ဓဘာသာ ရခိုင်အုပ်စုတွေကို ထိမ်းမနိုင်ဖြစ်နေပါတယ်။ ရခိုင်လူစုတွေကို ဒေသခံရဲတပ်ဖွဲ့တွေက အထောက်အကူပြုပေးနေတယ်လို့ ပြောဆိုချက်တွေကိုလည်း ကြားသိရပါတယ်။ ပြည်ထောင်စုအစိုးရနဲ့စစ်တပ်က ဝင်ရောက်လာခဲ့တာကို ရိုဟင်ဂျာခေါင်းဆောင်တွေက အသိအမှတ်ပြုပေးပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေကိုသာ တင်းကြပ်မယ်ဆိုရင် ရိုဟင်ဂျာရွာသူရွာသားကို စုပြုံသတ်ဖြတ်မှုတွေနဲ့ နောက်ထက် တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ မေ-ဇွန်လ အခင်းဖြစ်ပွားတုန်းကလည်း စစ်တပ်မှ ထပ်မံဖြစ်ပွားမှုမရှိအောင် နေရာချထားပေးတယ်။ အသွားအလာတွေကို ကန့်သက် ပိတ်ပင်တယ်။ ရိုဟင်ဂျာ အသိုင်းအဝိုင်းတွေကို သီးခြားခွဲထားပေးတာမျိုးတွေလုပ်ခဲ့တယ်။ ဒါပေမယ့် အစွန်းရောက်ဝါဒီတွေရဲ့လှုံ့ဆော်မှုတွေကြောင့် အကြမ်းဖက်တွေ ထပ်မံ မဖြစ်ပွားအောင် ပိုမိုလက်တွေ့ကျတဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေမပြုဘူးဆိုရင်တော့ ဒီပြဿနာ က ပြေလည်သွားမှာမဟုတ်ပါဘူး။

အသက်အန္တာရာယ်အတွက် စိတ်ချလုံခြုံမှုမရှိတဲ့ လှေငယ်နဲ့ ပင်လယ်ထဲမှာ လွင့်မျှောနေကြသူတွေကို အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေကနေတဆင့် ကယ်ဆယ်စောင့်ရှောက်ပေးကြဖို့ မွေးရပ်ဇာတိမြေကို စွန့်ခွာခဲ့ကြရတဲ့ ရိုဟင်ဂျာတွေက တောင်းဆိုနေရပါတယ်။ ပင်လယ် တောတောင်နဲ့ လယ်မြေတွေထဲမှာ ရိုဟင်ဂျာ ၉၀၀၀ အစားအစာနဲ့ အခြေခံလိုအပ်တဲ့ အသုံးအဆောင်တွေမရှိဘဲ ပြေးလွှာနေကြတယ်လို့ ခန့်မှန်းကြပါတယ်။ လက်တလော အကြမ်းဖက်မှုတွေ မတိုင်ခင်ကတည်းက ရိုဟင်ဂျာ ၇၀၀၀၀ လောက်က ဒုက္ခသည်စခန်းတွေထဲမှာ ခိုလုံနေကြရပါတယ်။ ဒဏ်ရာရတဲ့သူတွေ၊ ဖျားနာတဲ့ ရိုဟင်ဂျာတွေက ဆေးရုံသွားဖို့ ကြောက်ရွံ့နေကြရပါတယ်။

ရခိုင်လူငယ် အင်အား ၆၀၀၀ လောက်စုပေါင်းပါဝင်ဖို့သဘောတူထောက်ခံခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့ ရသေ့တောင်မှာ ကျင်းပခဲ့တဲ့ ရခိုင်အမျိုးသားညီလာခံကို သုံးသပ်ကြည့်ခြင်းအားဖြင့် ရခိုင်တွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု လမ်းကြောင်းပေါ်ဦးတည်နေတယ်လို့ ရိုဟင်ဂျာခေါင်းဆောင်တွေကယူဆနေကြပါတယ်။ အစွန်းရောက်ဒေသခံနိုင်ငံရေးအင်အားစုတွေနဲ့ ဒေသခံ ဘုန်းကြီးတွေက လက်တလော တိုက်ခိုက်မှုတွေနောက်မှကြိုးကိုင်နေကြတယ်လို့လည်း ထောက်ပြကြပါတယ်။ လူငယ်၊ အမျိုးသမီးတွေနဲ့ ဘုန်းကြီးတွေက ရိုဟင်ဂျာဆန့်ကျင်ရေးဆန္ဒပြတာတွေကို စနစ်တကျ ပူးပေါင်းလုပ်ဆောင်နေတာတွေနဲ့ ဆိုရှယ်မီဒီယာတွေကိုသုံးပြီး ရန်ညိုးထား အဆိပ်အတောက်ဖြစ်စေမယ့်လုပ်ဆောင်ချက်တွေလုပ်နေတာတွေဟာ လူမျိုးကြီးဝါဒီ၊ အမျိုးသားအစွန်းရောက်ဝါဒီ ဒေသခံရခိုင်နိုင်ငံရေးအင်အားစုတွေက ဒီကိစ္စကို တက်တက်ကြွကြွ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်ဆောင်နေကြတယ်ဆိုတဲ့ လက္ခဏာပြသနေတာပါဘဲ။

ရခိုင်းအမျိုးသားရေးဝါဒီတွေက ရိုဟင်ဂျာလူမျိုးတွေမျာ မွေးဖွားနှုန်းများတယ်၊ နိုင်ငံခြားကရောက်လာကြတယ်၊ နိုင်ငံခြားသားတွေက မွေးဖွားလာကြတယ်၊ ဒါကြောင့် ရိုဟင်ဂျာ လူဦးရေတိုးပွားလာနေတာဖြစ်ပြီး ရခိုင်လူများစုရဲ့ အကျိုးစီးပွားကိုထိခိုက်စေတယ်လို့ ပြစ်တင်ဝေဖန်နေတဲ့အချိန်မှာ ရခိုင်အမျိုးသားညီလာခံကတဆင့်ထွက်ပေါ်လာတဲ့ ရခိုင်အင်အားစုက ရိုဟင်ဂျာတွေကို မြောက်ပိုင်းဒေသနဲ့ ဘင်္ဂလားနယ်စပ်အထိ တိုက်ခိုက်မှောင်းထုတ်ကြဖို့ပြင်ဆင်နေကြတယ်ဆိုတဲ့ သတင်းကို ရိုဟင်ဂျာခေါင်းဆောင်တွေလျှော့တွက်ထားပုံပေါ်ပါတယ်။

ရိုဟင်ဂျာလူမျိုးဟာ မြန်မာနိုင်ငံက တရားဝင်အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားလူမျိုးစု ၁၃၅ စုထဲမှာ မပါ ပါဘူး။ သူတို့ရဲ့ နိုင်ငံသားအခွင့်အရေးကလည်း ဒီမိုကရေစီနည်းမကျတဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကြောင့် ဆုံးရှုံးခဲ့ကြရပါတယ်။ တရားဥပဒေစိုးမိုးမှုရှိစေဖို့အတွက် ပြည်ထောင်စုအစိုးရနဲ့ စစ်တပ်အပေါ်မှာ အမျှော်လင့်ကြီး မျှော်လင့်နေတုန်းပါဘဲ။ ရခိုင်ဆူပူသောင်းကြမ်းသူတွေကို စစ်တပ်က ပြစ်ခပ်တယ်ဆိုပြီး ရခိုင်နိုင်ငံရေးသမားတွေ တိုင်တန်းစွပ်စွဲမှုတွေရှိတာကိုလည်း သူတို့တွေစိုးရိမ်ခဲ့ကြပါတယ်။ ရခိုင်နိုင်ငံရေးသမားတွေ တိုင်တန်းစွပ်စွဲမှုကြောင့် ရိုဟင်ဂျာတွေကို ကာကွယ်ပေးနေခဲ့တဲ့ စစ်တပ်နဲ့ အရာရှိတွေကို ပြန်လည်ရုပ်သိမ်းသွားခဲ့တာကိုလည်း စိတ်မချမ်းသာဖြစ်နေခဲ့ကြရပါတယ်။



ဒီတခါ စစ်တပ်ပါဝင်မှုအခန်းကဏ္ဍနဲ့ သမ္မတဦးသိန်းစိန်ရဲ့ သွေးထိုးမြောက်ပင်ပေးနေတဲ့ ဒေသခံအမျိုးသားရေးဝါဒီအင်အားစုကို သတိပေးမူဟာ ရိုဟင်ဂျာလူမျိုးတွေအတွက် မျှော်လင့်ချက်အနည်းငယ်ရလိုက်သလိုပါဘဲ။ ဒါပေမယ့် သူတို့တွေရဲ့ အခြေခံအခွင့်အရေးအာမခံချက်ပေးနိုင်ဖို့ကတော့ အစိုးရအတွက်ရော အတိုင်အခံ နိုင်ငံရေးသမားတွေအတွက်ပါ နိုင်ငံရေး အဟန့်အတားကြီးဖြစ်နေပါသေးတယ်။

ကြာသာပတေးနေတုန်းက သမ္မတ ဦးသိန်းစိန်ရုံးက လက်တလောအကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်မှာ သွေးထိုးလှုပ်ဆော်နေသူတွေကို ဖော်ထုတ်ပြီး ဥပဒေအရ အရေးယူသွားမယ်လို့ သတိပေးကြေငြာခဲ့တာဟာ အမှန်တကယ် အားတက်စရာပါဘဲ။ သမ္မတဟာ ရခိုင်လူကြီးတွေနဲ့တွေ့ပြီး သူတို့ရဲ့ လူငယ်တွေကို သွေးအေးလာအောင် ကူညီပြောဆိုပေးဖို့ ကြိုးစားခဲ့တယ်လို့ သံတမန်အဖွဲ့ဝင်တွေပြောကြားချက်အရသိရပါတယ်။

အစိုးရကတော့ ကြီးမားတဲ့ အင်အားစုတွေအောင်မှ ပိတ်မိနေသလိုပါဘဲ။ တချို့ပြောတာကတော့ လက်တလော ရခိုင်အစွန်းရောက်တွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ပြည်တွင်းစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ထုတ်ပြန်တွေ့ရှိချက်တွေကို တားမြစ်ချင်လို့၊ နှောက်ယှက်ချင်လို့ လို့ ရှင်းပြပါတယ်။

အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ အရင်းအမြစ်တွေကို စုံစမ်းစစ်ဆေးဖို့ ဖွဲ့ထားတဲ့ အဖွဲ့ဝင် ၂၇ ယောက်ပါတဲ့ ကော်မရှင်ထဲမှာ ရိုဟင်ဂျာလူမျိုးတစ်ယောက်တောင်မပါပါဘူး။ ဒါပေမယ့် တချို့ ရခိုင်အစွန်းရောက်နိုင်ငံရေးသမားတွေပါပါတယ်။ တွေ့ရှိချက်တွေရဲ့ နောက်ဆုံးရလဒ်တွေကိုသာ အရှိအတိုင်းတင်သွင်းရမယ်ဆိုရင် သမ္မတဦးသိန်းစိန်အပေါ် ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားပြဿနာကို ဖြေရှင်နိုင်ခွင့်ပေးလိုက်သလိုဖြစ်သွားမှာကို ရခိုင်အစွန်းရောက်တွေက စိုးရိမ်နေကြပါတယ်။


အိုအိုင်စီ မြန်မာနိုင်ငံလေ့လာရေးအဖွဲ့ကိုခေါင်းဆောင်ပြီး စက်တင်ဘာလ အစောပိုင်းတုန်းမှာ စစ်တွေမြို့ကိုသွားတုန်းက ဒီပြဿနာဟာ ဘာသာရေးကြောင့်မဟုတ်ဘဲ အမြစ်တွယ်နေတဲ့ လူမျိုးရေးမှုန်းတီးမှုကြောင့်ဖြစ်တယ်လို့ ကျနော်လေ့လာသုံးသပ်မိပါတယ်။ ကျနော် တွေ့ရှိခဲ့တဲ့ကိစ္စနှစ်ခုကြောင့် တော်တော်လေးတုန်လှုပ်သွားခဲ့တယ်။ တစ်ခုက ကျနော် စကားပြောခဲ့တဲ့ ရခိုင်ဒေသခံတွေအားလုံးက ကုလသမဂ္ဂနဲ့ အန်ဂျီအိုတွေကို မုန်းတီးနေကြတယ်။ ဘာကြောင့်မုန်းတာလဲလို့ မေးတော့။ အဖြေတွေက "မသိဘူးလေ၊ ဒီလိုဘဲပြောကြတာဘဲ" လို့ပြန်ဖြေကြတယ်။ နောက်တခုကတော့ ရိုဟင်ဂျာတွေကို ဗုဒ္ဓဘာသာဘုန်းကြီးတွေက မကြိုက်မနှစ်သက်ဘဲ မုန်းတီးနေကြတယ်ဆိုကလည်း တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမယ့် ရခိုင်လူကြီးတွေနဲ့ စီးပွားရေးသမားတွေနဲ့ ကျနော်တွေ့တော့ သူတို့တွေက သဘောထားပျော့ပျောင်းတာကိုတွေ့ရတယ်။ ပြန်လည်တိုးတက်စေဖို့နဲ့ အလုပ်အခွင့်အရေးတွေပေါ်လာဖို့ တောင်းဆိုနေတာကိုလည်း ကြားခဲ့ရတယ်။ ဗုဒ္ဓဘာသာစီးပွားရေးသမားတစ်ယောက်ဆိုရင် စပါးကြိုတ်စက်အရေးတကြီးတောင်းဆိုနေခဲ့ပါတယ်။ သမ္မတ သိန်းစိန်လက်တလော ထုတ်ပြန်ကြေငြာချက်မှာ မြန်မာနိုင်ငံဟာ မွတ်စလင်နိုင်ငံတွေဆီက အကူအညီတွေလည်းလိုအပ်နေပါတယ်ဆိုတဲ့ အချက်ကိုကြည့်ရတာ ကောင်းတဲ့တိုးတက်မှုရဲ့ အလားအလာတစ်ရပ်ပါဘဲ လို့ယူဆမိပါတယ်။

စိတ်ကူယဉ်ဆန်တဲ့ အတွင်းစိတ်ရှိုင်းတွေမွေးပြီး ပြင်ပရန်သူရှာနေတဲ့ အစွန်းရောက်တွေ သွေးထိုးလှုပ်ဆော်မှုဟာ လူ့အသိုင်းအဝိုင်း လူ့ပါတ်ဝန်ကျင်ဘဲ အများဆုံး ထိခိုက်နှစ်နာစေမှာဖြစ်ပါတယ်။ ကျနော်တို့တွေအားလုံး မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ရခိုင်အစွန်းရောက်အမျိုးသာရေးဝါဒီတွေရဲ့ ပိတ်ဆိုမှုအခက်အခဲတွေကို မြန်မာအစိုးရကျော်လွှားနိုင်ဖို့အတွက် အားပေးကူညီကြဖို့လိုအပ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအတွက် အခြေခံလူ့အခွင့်အရေးတွေအာမခံမပေးနိုင်ဘဲ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံကို ထူးထောင်နိုင်ပါ့မလားဆိုတာကို မေးခွန်းထုတ်ဖို့လိုအပ်ပါတယ်။ အခုဆိုရင် ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံရဲ့ တန်းတူမျှတပြီး နိုင်ငံအပေါ်သစ္စာရှိတဲ့ နိုင်ငံသားအခွင့်ပေးပြီးသူတို့ရဲ့ အနာဂ္ဂတ်ပြင်ဆင်စေဖို့အချိန်တန်ပြီ၊ သူတို့အပေါ်မှာ မုန်းတီးမှုတွေ ဆူပွတ်မလာအောင် တားမြစ်ပိတ်ပင်ဖို့အချိန်တန်ပါပြီ။

အိုအိုင်စီရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ် Ufuk Gokcen ရေးသားတဲ့ Rohingya and Democratization in Myanmar ဆိုတဲ့ ဆောင်ပါးကို ဘာသာပြန်လိုက်ရခြင်းဖြစ်ပါတယ်။

Translated by O'Laie Manzu


တိုင်းရင်းနွယ်ဖွား ပြည်ထောင်စုသားများသည် အလွန်တရာ အေးချမ်းသာယာ လှပ နေသော တော တောင် ရေမြေပေါ်  ပြည်ထောင်စု၏အရိပ် အောက်တွင် မိမိတို့ ၏  မိသားစု သားသမီး မိဘဆွေမျိုး ရင်းချာများနှင့် အတူတကွ နေထိုင်လျက် ရှိနေစဉ်၊ မတူ ကွဲပြားသော လူမျိုး တမျိုးဟူ၍၊ အမျိုးသားရေးဝါဒီတစု မှ ခေတ်အဆက်ဆက် ဖိနှိပ် ချုပ်ချယ် လာသောတိုင်းရင်းသား လူမျိုး တစုကို ပြည်ထောင်စုသားများ မှ အကာအကွယ်မပေးပဲ  နိုင်ငံတကာ အလယ်မှာ ဘေးဖယ် ထားခြင်းသည် “ငြိမ်းချမ်းသည်” ဆိုသော ဗုဒ္ဓအယူဝါဒနှင့် လျော် ကန်မှုမရှိ နိုင်သလို၊ နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဖိအားပေး၊ နိုင်ငံတော် ဂုဏ်သိက္ခာချ၊ အမြင်မတော် ဝေဖန်မှု ရှိလာခြင်းသည် အမျိုးသားရေးဝါဒီ လူမျိုးတစု၏ ပယောဂ သွေးထိုး နိုးဆွပေးမှုကြောင့် ဟူ၍ဆိုနိုင်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်သော  ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ( ၁၇ ) ရက်နေ့စွဲပါ စာအမှတ် ၁၀၇ (၁) / ၈ / သမ္မတရုံး မှ ပြည်ထောင်စု လွှတ်တော် နာယက ထံသို့ ပေးပို့သော သဝဏ်လွှာ နှင့် အတူ ပူးတွဲပါရှိသော ရခိုင်ပြည်နယ် ပဋိပက္ခ ဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်း၌ ပါရှိသော ပဋိပက္ခ ဖြစ်ပွားသောပြည်သူများ၏ အခြအနေနှင့် သုံးသပ်ချက် ခေါင်းစဉ်ငယ်အောက်တွင် အမှတ်စဉ် အမှတ်( ၉ ) အရ၊ ရခိုင်တိုင်းရင်းသားများ၏ အခြေအနေ ကို ဖေါ်ပြရာတွင် (က) “နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့ တို့ခေါင်းဆောင်၍ လူမျိုးရေး မုန်းတီးမှုစိတ်ဓါတ်ကို အလွန်အကျွံ့ မြှင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်အခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်ခြင်းတို့ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်းနှင့် နိုင်ငံတကာရှိ  ရခိုင်အသိုင်း အဝန်းများသို့ပါ ချဉ်းကပ်စည်းရုံး ဆောင်ရွက်လျက်ရှိသည်” ဟူ၍လည်းကောင်း၊  (ခ ) “ နိုင်ငံအနှံ့အပြားတွင် နေထိုင်သည့် ဘင်္ဂလီမူဆလင်များအပေါ် အကြမ်းဖက်ရန်ကိုလည်း အဆက်မဖြတ် ကြံစည်လုပ်ဆောင်လျက်ရှိသည်“ ဟု၍လည်းကောင်း ပါရှိသည်ကိုတွေ့ရပါသည်။ ဤသည်ကား အမှန်တရားကို လေ့လာသုံးသပ် မှတ်တမ်းတင်ထားခြင်းဖြစ်ပါသည်။
 တဖန် ထိုသို့ ဖေါ်ပြထားသည်ကို မှားယွင်း၍ ထုတ်ြပန်ထားကြောင်းဟုမှူးဇော်၏ FB မှ ထုချေထားသော်လည်း၊ နိုင်ငံ တော်သမ္မတရုံးသည် ကလေးဆော့ ကစားသောရုံးမဟုတ်ကြောင်း နိုင်ငံတကာအသိုင်းအဝန်းများမှ ပို၍ အတွေ့ အကြုံရှိသည်မှာ ဧကန်မလွှဲပါ။ ဤကဲ့သို့ ဖေါ်ပြပေးသည်ကား များမကြာမီ နိုင်ငံတော် သမ္မတမှ ဖွဲ့စည်းပေးထား သော ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်း စစ်ဆေးရေးကော်မရှင် သည် အထက်ဖေါ်ပြပါ အမှတ်စဉ် အမှတ် (၉) (က) အရ၊ နိုင်ငံရေး ပါတီများ ဆိုရာ၌ RNDP  ခေါင်းဆောင် တရိစ္ဆာန်ဆရာဝန် ဒေါက်တာအေးမောင်က ပါတီမှထုတ်ပြန်သော တရားဝင် ကြေညာချက်များ၊ အင်တာဗျူးများကို အတွင်းကျကျ လေ့လာကြည့်လျှင် အရာရာသည် အမျိုးသားရေး သက်သက် မဟုတ်ပဲ၊ အမျိုး ဘာသာရေး လည်း အကျူံးဝင်နေကြောင်းတွေ့ရှိ နိုင်ပါသည်။
အခြားတဘက်တွင် နိုင်ငံတော် အကြီးအကဲများ၊ တချို့သည် ရခိုင်ပြည်နယ် လူမျိုးရေး ပဋိပက္ခ ဖြစ်နေစဉ် အတော်အတွင်း အမျိုးသားလုံခြုံရေးကို အကြောင်းပြပြီး၊ ထိုသို့သော အမျိုးသားရေးဝါဒီများကို ဦးသိန်းစိန်၏ မိဒီယာ အင်တာဗျူးများအရ၊ မြှောက်ပေးသော စကားအသုံးအနှုန်းများကြောင့် ပို၍ အငြင်းအခုန် မုန်းတီးမှုကို ဒေသအတွင်း ဖြစ်ပေါ်ခဲ့သည်မှာ ဦးသိန်းစိန် ၏တာဝန်သာ ဖြစ်ပါသည်။ ဤသည်ကို အချို့သော ပြည်တွင်း မိဒီယာများ၊ လူမူကွန် ယက်များနှင့် တချို့သော အမျိုးသားရေးဝါဒီများကလည်း  အပြည့်အဝ ထောက်ခံမှုရရှိ ခဲ့သည်ကိုလည်း လေ့လာတွေ့ရှိ နိုင်ပါသည်။ တဖန် ဦးသိန်းစိန်၏ နောက်ဆုံး VOA အင်တာဗျူးအရ၊ ထိုသို့ အမျိုးသားရေးဝါဒီများကို အားပေး အားမြှောက် ပေးခဲ့သော စကားအသုံးအနုန်းများကို အကာအကွယ် ပေး၍ ပြောဆိုလာခဲ့သောအခါ ထိုအမျိုးသားရေးဝါဒီများက ပြည်တွင်း၊ ပြည်ပ လူမှုကွန်ယက်များတွင် “ထိပ်ပြောင်၊ အဘပြောင်” စသည့် အမျိုးမျိုး လှောင်ပြောင် လာခဲ့သည်ကိုလည်း တွေ့ရပြန်သည်။
လူသတ္တဝါ အပေါင်းတို့၏ အလိုကို နတ်များလာမဖြည့်စွက်နိုင်ဆိုသကဲ့သို့   ဦးသိန်းစိန်အစိုးရသည်လည်း မြန်မာနိုင်ငံ ၏မတူကွဲပြားသော ပြည်ထောင်စုသားအားလုံး၏လိုအင်ဆန္ဒအပြည့်အဝကို ဘယ်တော့မှ ဖြည့်ဆည်း ပေးနိုင် မည်မဟုတ်ပါ။ သို့သော် တချို့သော လူနည်းစု တိုင်ရင်းသားများကိုလည်း လုံးဝ ဘေးဖယ် ချန်လှပ်နေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတော်ဘာသာသည် ဗုဒ္ဓဘာသာဖြစ်သော်လည်း တခြားဘာသာဝင်များ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် နေထိုင်သော အစ္စလာမ်ဘာသာဝင်များ ရိုဟင်ဂျာလူမျိုး များကို လူမျိုးတုံးသတ်ဖြတ်ခြင်းကဲ့သို့ အားပေးသောစကားများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ၊ စနစ်တကျ စီမံကိန်းချ၍ဖြစ်စေ လုပ်လာခြင်းသည် မြနန်မာနိုင်ငံမှ အစ္စလာမ်သာသာဝင်လူမျိုးများ ချုပ်ငြိမ်းစေရန် နှင့် တူနေသည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ရိုဟင်ဂျာများသည် တိုင်းရင်းသားတောင်းနေခြင်းကို အကြောင်းပြမည်ဆိုပါက လက်ခံစရာအကြောင်းမရှိပါ။ ကမန်လူမျိုးများသည် တိုင်းရင်းသားဖြစ်လျက်နှင့် သူတို့၏ အသက် အိုးအိမ်များ မီးရှို့ဖျက်စီး သတ်ဖြတ်ခြင်း၊ ပြည်မရှိ အစ္စလာမ်ဘာသာဝင်များ၏ ဘာသာရေး စာသင်ကျောင်းများ ဗလီများကို လုံးဝ ပိတ်ပင်ထားးခြင်း၊ နိုင်ငံသားစီစစ်ရေး ကဒ်ပြား၊ မှတ်ပုံတင်ကပ်ပြားများတွင် လူမျိုး ဘာသာဟူ၍ ခွဲခြားရေးသားထားခြင်းဖြင့် အသွားအလာ အလုပ်အကိုင် သာရေးနာရေး လူမှုရေးရာကိစ္စများ  စသည်တို့ကို အဟန့်အတားဖြစ်စေရန် သက်ဆိုင်ရာ အာဏာပိုင်များက ဖိနှိပ်ရန် အတွင်းပိုင်းပေါ်လစီဖြင့် ညွှန်ကြားထားခြင်း စသည့် အကြောင်းအမျိုးမျိုးဖြင့် အစ္စလာမ်ဘာသာဝင်များကို ပစ်မှတ်ထား လုပ်လာသည်မှာ ရာစုတ၀က်နီးပါးရှိပြီဖြစ်ပါသည် ကို ထောက်ရှု လေ့လာ သိရှိနိုင်ပါသည်။
တဖန် သမ္မတ  ဦးသိန်းစိန် ၏အာဏာပိုင်များသည် သမ္မတ ၏ရခိုင်ပြည်နယ် က ရိုဟင်ဂျာမူဆလင်များနှင့်ပတ်သက် သော  သဘောထားကို ထောက်ခံ ဆန္ဒပြဖေါ်ထုတ်ပွဲအတွက် မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် က ဆရာတော် ဦး ဝီရသူ အား တရားဝင် ခွင့်ပြုချက်ပေးခြင်းသည် အစ္စလာမ်ဘာသာကို ကိုးကွယ်သော မြန်မာမူဆလင်များ ရခိုင်ပြည်နယ်ရှိ ကမန်များ၊ ရိုဟင်ဂျာမူဆလင်များကိုပြန်လည် ခြိမ်းခြောက်စေခြင်းနှင့် ဗုဒ္ဓဘာသာဝင် အစွန်းရောက် များကို သွေးထိုး အားပေးစေရာ ရောက်ခြင်းဖြင့် တိုင်းရင်သား အချင်းချင်း အမျိုးဘာသာ မုန်းတီးစိတ် ကို ပြန်လည် ဖြစ်ပေါ်စေရန် ရည်ရွယ်ခြင်းနှင့်တူနေ ပါသည်။ ထိုသို့ ပြည်ထောင်စုအားလုံးကို ကျောသားရင်သား စိတ်ဝမ်းမကွဲ ပဲ တစည်းတလုံး အေးအတူပူအမျှ အုပ်ချုပ်စေလိုပါသည်။
ဦးသိန်းစိန် အစိုးရသည် ရိုဟင်ဂျာလူမျိုးများ ဌာနေတိုင်းရင်းသားဖြစ်သည်ကို သမိုင်းအထောက်အထားများ အရ သိရှိနေသည်ကို မကြား၊ မသိ၊ မဟုတ်ဟု လူဝင်မှုကြီးကြပ်ရေးမှတဆင့် ငြင်းနေခြင်းသည် ဗုဒ္ဓဘာသာမဟုတ် သောကြောင့် ပြောဆိုလျှင်မှားမည်မထင်ပါ။ အဘယ်ကြောင့်ဆိုသော် တိဘက်-မြန်မာအနွယ်ဝင်များသည် မြန်မာ နိုင်ငံသို့  (အေဒီ ၁၀ ရာစု)အလယ်ပိုင်း၊(၁၀၄၄-၁၀၇၇)မှစတင်၍ အနော်ရထာသည် အရည်းကြီးအယူဝါဒမှ ဟိနယာနဗုဒ္ဓဘာသာ သို့သန့်စင်စေပြီး အေဒီ ၁၁-ရာစုနောက်ပိုင်းတွင် ရခိုင်ပြည်သို့ သာသနာပြန့်ပွားသည်ကို   သမိုင်းလေ့လာသူတိုင်းသိရှိနိုင် သလို၊ ထိုအချိန်ထက် စော၍ ရှိနေသော ရခိုင်ပြည်နယ် မူလဌာနေတိုင်းရင်းသားများသည် ယနေ့ ရခိုင်လူမျိုးများ မဟုတ်ပါ။ သမိုင်းအထောက်အထား အရ အေဒီ ၈ ရာစုမတိုင်မီ နှစ်ပေါင်းများစွာ ဟိန္ဒူမင်းဆက်များစိုးစံရာဒေသ တခုဖြစ်သောကြောင်းပင်ဖြစ်သည်။ အေဒီ-၉ ရာစု အလယ်တွင် မွန်ဂိုများသည် ရခိုင်ပြည်တွင် ချန္ဒြားမင်းဆက် များတည်ထားသော ဝေသာလီမြို့ကို ဝင်ရောက်သိမ်းပိုက်၍ မွန်ဂိုမင်းဆက်များ ထီးနန်းစိုးစံ ခဲ့ကြောင်းကို သမိုင်းသုတေသီ များတင်ပြချက်များအရ သိရှိရပါသည်။ ယနေ့အထိသုံးစွဲနေသာ “ဓညဝတီ” ဟူသောစကားလုံးသည် ရှေးခေတ် မဟာထိုင် ချန္ဒြား (စန္ဒြား) မင်းဆက်က စတင်ထူထောင်ခဲ့သော ဓညဝတီ နယ်ပြည်တော် ကိုအစွဲပြု၍ ခေါ်ဆိုနေသော အမည်ပင်ဖြစ်သည်။
သို့အတွက် ထိုခေတ် အေဒီ ၈-ရာစုအစောပိုင်း အရှေ့အာရှ၊ အရှေ့တောင်အာရှသို့ အစ္စလာမ်သာသနာ ပြန့်ပွား ထွန်းကားခဲ့သည်ဟု သမိုင်းလေ့လာသူများ လက်ခံပါသည်ဟု ဆိုလျှင် အေဒီ ၁၀-ရာစုအစောပိုင်း မြန်မာနိုင်ငံသို့ ဝင်လာသူ တိဘက်-မြန်မာအနွယ်ဝင်ဖြစ်သော မွန်ဂိုလွိုက် အနွယ် (ဗုဒ္ဓဘာသာဝင်)များ သည် မြန်မာနိုင်ငံတိုင်းရင်းသားများ ဖြစ်သည်ဟု တထစ်ချ သတ်မှတ်နိုင်လျှင်( အစ္စလာမ်ဘာသာဝင် မွန်ဂိုလွိုက် အနွယ်ဝင် ပသီလူမျိုး မပါဝင်) အေဒီ ၈-ရာစုနောက်ပိုင်း  အစ္စလာမ်သာသနာ ပြန့်ပွား ထွန်းကား လက်ခံယုံကြည်ခဲ့သော သူများ မြန်မာနိုင်ငံ အနောက်တောင်ပိုင်းတွင်နေထိုင်သည့် အင်ဒို-အာရိယာန်အနွယ်ဝင် များဖြစ်သော ရိုဟင်ဂျာလူမျိုးများသည် မြန်မာနိုင်ငံတိုင်းရင်းသား မဟုတ် (မဖြစ်) ဟုဆိုနေလျှင် အစ္စလာမ်ဘာသာကို ကိုးကွယ်သောကြောင့်ဟုဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် မာရမာကြီး နှင့် ဒိုင်းနက်လူမျိုးများတို့၏  ဘာသာစကားသည် ယနေ့ ရိုဟင်ဂျာလူမျိုးများပြောဆိုသော စကားဖြစ်နေသော်လည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်သောကြောင့် တိုင်းရင်းသားများဖြစ်နေသည်။ ရိုဟင်ဂျာများကို တဘက်နိုင်ငံမှ ကျူးကျော် ဝင်ရောက်လာသူများဟု မြင်နေသော ပြည်ထောင်စုသားများ၊  ရိုဟင်ဂျာသည် တိုင်းရင်းသား ဟုတ်မဟုတ် ကွဲခြား သိရှိ နိုင်ရန် ရည်ရွယ်၍ တင်ပြအပ်ပါသည်။

စောလွင် (ရန်ကုန်တက္ကသိုလ်)

 RB News Desk    


ကုလားဟုဆိုလျှင် အိန္ဒိယ ဘင်္ဂလားတို့ကလာသူများဟုတွေ့မြင်သူများ များပါသည်။ ပထ၀ီနယ်မြေအနေအထားအရ အိန္ဒိယ (ဘင်္ဂလား)နှင့်ဆက်စပ်နေသဖြင့် အိန္ဒိယနွယ်သောလူမျိုးများ၊ ရခိုင်ပြည်သို့ရှေးပ၀ီသဏီကပင်အခြေစိုက်နေထိုင် ကြောင်းကိုသိရှိသူအလွန်နည်းပါးသည်။ နားလည်သည်၊ တော်သည်ဟုမာန်တက်နေသူများပင်မသိကြပါ။ 

သို့နှင့်ရခိုင်မှကုလားများ၏သမိုင်းကြောင်းနှင့်ဥပဒေကြောင်းများ၊ မြန်မာပြည်နှင့်ဆက်စပ်နေမှု (Nexus) များကိုသိရှိသူမှသာ သူတို့အပေါ်လက်ရှိဖြစ်ပေါ်နေသည့်အမြင်နှင့် အဂတိတရားများကိုဖယ်ရှားနိုင်မည်။ အမှန်ကိုမြင်နိုင်မည်။ ရခိုင်ပြည်နယ်မှာ ရှိနေသော မူဆလင်များ ကုလားလား၊ ရခိုင်လား၊ ရိုဟင်ဂျာလား ခွဲခြားမြင်လာနိုင်အောင် သူတို့၏သမိုင်းကြောင်းမှအဓိက ကျသောအကြောင်းအချက်တို့ကို ၀ါကျတိုတိုဖြင့်တင်ပြလိုပါသည်။ သူတို့၏ဘ၀သည် မြန်မာနိုင်ငံ၏သမိုင်းကြောင်းနှင့် ပတ်သက်နေသည့်အပြင်ဥပဒေကြောင်းအရဆက်စပ်နေကြောင်းများလည်း ပါဝင်လာမည်ဖြစ်သည်။ စိတ်ဝင်စားသော ပုဂ္ဂိုလ်များကသမိုင်းမှန်ကိုသိရှိပြီး သံသယကင်းရှင်းစွာလက်ခံနိုင်ရန် ရခိုင်နှင့်မြန်မာသမိုင်းဆရာများကို ဦးစားပေးရည်ညွန်း ဖေါ်ပြလိုပါသည်။ နိုင်ငံခြားသားများ၏ရေးသားချက်များကိုတတ်နိုင်သမျှချန်လှပ်ထားသည်။



DOWNLOAD FULL ARTICLE  HERE

Rohingya Exodus