နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘယ်သူက အိမ်ရှင်လဲ


ဌေးလွင်ဦး
RB News
19.8.2012

အခုတစ်လော ရေပန်းစားလာတဲ့ စကားတစ်ခွန်းက “မွတ်စလင်တွေကလည်း လိမ်လိမ်မာမာ (ပါးပါးနပ်နပ်) နေ ပေါ့၊ အိမ်ရှင်နဲ့ သင့်မြတ်အောင်ပေါင်းပေါ့၊” ဆိုတဲ့ စကားပါပဲ။ ဒီစကားကို အသည်းယားနေတာ ကြာပါပြီ။ ပြောရမှာ များလွန်းလို့ စကားမကြုံနိုင် အလှည့်မရောက်နိုင် ဖြစ်နေတယ်။ တိုက်တိုက်ဆိုင်ဆိုင် မနေ့က ကျွန် တော့ မိတ်ဆွေ ဘုန်းကြီးတစ်ပါး ဖုံးဆက်လာတယ်၊ “ဒကာလည်း အတော်လှုပ်ရှားနေတယ် ဆို၊- အေး ဒါတွေ က အစိုးရလှည့်ကွက်တွေပါ၊ ဒီကောင်တွေကတော့ ဒီလိုပဲ အကွက်မျိုးစုံ လုပ်နေမှာပဲ၊ ကိုယ်တွေက သိနေဘို့ လိုတယ်။ မွတ်စလင်တွေကလည်း လိမ်လိမ်မာမာနဲ့ အိမ်ရှင်နဲ့ သင့်မြတ်အောင် အလိုက်သင့်နေတတ်ဘို့ လိုတယ်၊” ဆိုပြီး ပြောလာပြန်ပါတယ်။” ဦဇင်းနဲ့ ကျွန်တော် ပုဂ္ဂိုလ်ရေး အလွန်ရင်းနှီးနေတဲ့ အတွက် ရည်ရွယ် ချက် အဆိုးနဲ့ ပြောတာမဟုတ်ဘူး ဆိုတာ ကျွန်တော်သိနေပါတယ်။ သူ့ခမြာ သူအတွေးရှိသလောက်၊ သူ့ဗဟု သုတ အလျှောက် ကောင်းရာကောင်းကြောင်း ပြောမှန်းလည်း ကျွန်တော် သိနေပါတယ်။ ဒါပေမယ့်-- ဒီစကား က အတော်လေး မှားယွင်းနေတဲ့ စကားဖြစ်နေတော့- ကျွန်တော်လည်း ရေရှည် မြုံမနေသင့်ဘူး ထင်တာနဲ့--

“နေဦး နေဦး ဦးဇင်း၊ ဦးဇင်းပြောတာက မွတ်စလင်တွေက ဧည့်သည်သဘောလား၊ ဒါမှမဟုတ် ကုလားတွေက ဧည့်သည်တွေလား၊” ဆိုတော့ သူနားထောင်နေပါတယ်။ “ကုလားနဲ့ ဗမာ မြန်မာပြည်ကို ဘယ်သူက အရင် ရောက် တာလဲ။ ဦးဇင်း လေ့လာသင့်တယ်။ လက်ရှိမြန်မာစာအဖြစ် ရေးသား ပြောဆိုနေတဲ့ မြန်မာစာ ကိုယ်က ကုလားစာ (ဗြမီ)က ဆင့်ပွားထားတာ ဖြစ်တယ်။ ဗြမီ၊ ပျူ၊ မွန်၊ မြန်မာ အဆင့်ဆင့် ဖြစ်လာတဲ့စာပါ။ မြန်မာရဲ့ အစလူမျိုးတွေဟာ ဗြမီ စာပေကို သုံးတဲ့ (အိန္ဒိယ)သားတွေ ဖြစ်တယ် ဆိုတာ ဖုံးကွယ်ထားလို့ မရနိုင်ဘူး။ ပျူ တွေက အိန္ဒိယပြည်မှာ ပညာတော်သင်တွေလွှတ်ပြီး ဗြမီစာပေ အက္ခရာကို မြန်မာထဲ ယူခဲ့တာ မဟုတ်ဘူး။ ဒါ ကြောင့် မြန်မာပြည်ထဲကို ၀င်လာတဲ့ အိန္ဒိယ မျိုးနွယ်နဲ့ တရုတ်မျိုးနွယ် နှစ်ခုမှာ အိန္ဒိယမျိုးနွယ်တွေက အရင် အဦး ဖြစ်တယ်-- ဆိုတာ သေချာအောင် လေ့လာပါ။

အင်္ဂလိပ်ခေတ်က ရောက်လာတဲ့ အိန္ဒိယတိုက်သား နှစ်ယောက် တစ်ပိုင်းကို အကြောင်းပြပြီး ကုလားတွေက အခုမှ ရောက်လာတာ ဘာညာ လျှောက်ပြောမနေပါနဲ့၊ ကုလားထက် နောက်ကျပြီး တရုတ်တွေ ဒီနေ့ထိ လာ နေဆဲ ဖြစ်တယ် ဗမာထဲကို ၀င်ရောနေဆဲ ဖြစ်တယ် ဆိုတာကိုလည်း မမေ့ထားသင့်ဘူး။ မြန်မာပြည် ဆိုတဲ့ နေရာဒေသကို အိန္ဒိယမျိုးနွယ်နဲ့ တရုတ်မျိုးနွယ်တွေဟာ ခေတ်အဆက်ဆက် ၀င်လာနေလာနေခဲ့တယ်။ အစဉ် အဆက် တွက်ကြည့်ရင် ကုလားက ရှေ့ကျတာချည်းပဲ။ ဒီလိုဆိုရင် ဘယ်သူက ဧည့်သည်လဲ၊ ဘယ်သူက အိမ်ရှင်လည်း သိနိုင်ပါတယ်။

ဘာသာတရား အရကြည့်ရင်လည်း-- ဘာသာတရား ဆိုတာ အယူဝါဒ ဖြစ်တယ်။ အရည်းကြီး-၀ါဒကို မကြိုက် လို့ မြန်မာဘုရင်တွေက ထေရ၀ါဒ ဗုဒ္ဓ၀ါဒနဲ့ အစားထိုးခဲ့တယ်။ ဒါဟာ အယူဝါဒပါ။ အစ္စလာမ်၊ ခရစ်ယာန် ဆိုတာ လည်း ဒီအတိုင်းပဲ အယူဝါဒများ ဖြစ်တယ်။ အယူဝါဒမှ အိမ်ရှင် ဧည့်သည် ဆိုတာ မရှိဘူး။ အဲ့လို ပြောကြစတမ်း ဆို အစ္စလာမ်ဝါဒ ထက်နောက်အများကြီးကျတဲ့ ဆိုရှယ်လစ် ကွန်မြူနစ်ဝါဒ မြန်မာကို ရောက်လာတယ်၊ ဧည့် သည် ဆိုပြီး မောင်းမထုတ်ခဲ့ဘူး။ အခု ဒီမိုကရေစီ ၀ါဒရယ်လို့ ရောက်လာတယ်- ဧည့်သည် ဆိုပြီး မောင်းမ ထုတ်ခဲ့ဘူး။- လူ့အခွင့်အရေး ဆိုတဲ့ ခေါင်းစီး ရောက်လာတယ်၊ မြန်မာနိုင်ငံရေးသမားတွေ ထောင်ကျနေစဉ် ကတော့ မြန်မာပြည်မှာ အလွန်နားဝင်ချိုတဲ့ ၀ါဒဖြစ်ပြီး- စစ်အစိုးရကလွဲ ကျန်သူအားလုံး မြတ်မြတ်နိုးနိုး လက်ခံ ခဲ့တယ်- ဧည့်သည်ဆိုပြီး မောင်းမထုတ်ခဲ့ဘူး။

အခု မွတ်စလင်တွေကို ဧည့်သည် ဆိုပြီး ခေါင်းစီးတပ်၊ အနိုင်ကျင့်တဲ့ အချိန်မှ လူ့အခွင့်အရေး ဆိုတာလည်း မလိုချင်တဲ့ ဧည့်သည် ဖြစ်သွားရော့လား။-- သမိုင်းကို လိုက်ရင် အစအဆုံး လိုက်သင့်ပါတယ်။ ကက်ဆက်က သီးချင်းဖွင့်သလို ကိုယ်လိုချင်တဲ့ သီချင်းကိုပဲ နောက်ပြန်လှည့် ပြန်ဖွင့်နေတာ သမိုင်း မဟုတ်ပါ။ ရခိုင်သမိုင်း၊ မြန်မာ သမိုင်း ဟိုးအစ-ထိ လိုက်နိုင်သမျှ လိုက်ပါ။ အဲ့တော့မှ အိမ်ရှင် ဧည့်သည် ကွဲပြားသွားပါမယ်။--- အစိုးရ က အကွက်ဆင် လှည့်ပတ်နေတယ် ဆိုတာကိုယ်လည်း ကျွန်တော် မငြင်းဘူး၊ ဒါပေမယ့် ဦးဇင်းတို့လို သာသနာ့ ၀န်ဆောင် လူထုရှေ့ဆောင် ပုဂ္ဂိုလ်တွေမှာလည်း သိသင့်တာကို အမှန်သိထားသင့်ပါတယ်။” ဆိုပြီး ဆက်တိုက် ပြောချလိုက်ပါတယ်။

ဦးဇင်းကလည်း-- “အေးပါ။ အေးပါ။ ဘာဖြစ်ဖြစ် ဒီအထဲမှာတော့ ဒို့ မပါဘူး၊ ဒို့ကတော့ အေးအေးပဲ နေလိုတယ်၊ လူဟာ လူပဲ လို့ မြင်တယ်၊- အားလုံး အေးသွားရင် ပိုကောင်းတာပေါ့၊” ဆိုပြီး စကားပြတ်သွားပါတော့တယ်။

  1. ဟိုး......သမိုင်းတွေ အရှည်ကြီးပြောနေရတာ မောပါတယ်ဗျာ .....ခု ကျွန်တော်တို့ နေတဲ့ မြေကို ဘယ်လိုခေါ်လဲ မြန်မာပြည်လို့ ပဲခေါ်တယ် မြန်မာနိုင်ငံလိုပဲ ခေါ်တယ် နောက်ဆုံး ကမ္ဘာ အသိုင်းအ၀ိုင်းကခေါ်တဲ့ အတိုင်း Burma လိုပဲ တွင်နေပါစေဦး.....ဗုဒ္ဒဘာသာနိုင်ငံ ဆိုတာ ကမ္ဘာကသိတယ်.....အစကတည်းက ခင်ဗျားတို့ ပိုင်တယ်ဆို ....ကိုယ့်ပိုင်တဲ့ မြေကို ကိုယ့်လူမျိုးနာမည်တွင်အောင်လုပ်လေဗျာ ...ကိုယ်ကိုးကွယ်ရာ ဘာသာ နာမည် တွင်အောင်လုပ်လေဗျာ ...ခုမှ အိမ်ရှင် ဧည့်သည်မခွဲနဲ့ ဆိုပြီး ....ချေးခြောက်ရေနူးနေတာတော့ ..............

  2. သမိုင်းအကြောင်းတွေ သိပ်မပြောပါနဲ့..
    ဝေးတဲ့သမိုင်းကြောင်းတွေကို လူတတ်ကြီးလုပ်ပြီး ပြောမနေပါနဲ့..
    တကယ်ရှိခဲ့တဲ့ ခင်ဗျားအဖေဘက်က အဘိုးရဲ့ အဘိုးနာမည်နဲ့ ပုံပန်းသဏ္ဍာန်ကိုသာ သိအောင် အရင်ကြိုးစားပါဦး။

  3. အကို ပြောတဲ့ စကားက အရမ်းမှန်ပါတယ် အကို ကိုလေးစားပါတယ်

Comment ရေးရန်

Rohingya Exodus