နောက်ဆုံးသတင်း/ဆောင်းပါးများ

ကရင်ပြည်နယ် ကော့ကရိတ်မြို့ ဗလီဝတ်ကျောင်းတော်များ ဗုံးခွဲတိုက်ခိုက်ခံရ



အောက်တိုဘာ ၂၉၊ ၂၀၁၂

ကရင်ပြည်နယ် ကော့ကရိတ်မြို့ ရေနံဆီကုန်းရပ်ကွက် ဗလီဝတ်ကျောင်းတော်နှင့် ကျုံဒိုးမြို့ ဗလီတို့အား အောက်တိုဘာ ၂၉၊ ၂၀၁၂ ည ၁ နာရီခန့်တွက် ဗုံးခွဲတိုက်ခိုက်ခဲ့သည်။

အကြမ်းဖက်သမားများသည် ဆိုင်ကယ်ဖြင့် ရောက်လာပြီး- အဆိုပါ ဗလီဝတ်ကျောင်းတော်များထဲသို့ ပေါက်ကွဲ အား ပြင်းထန်သော ဗုံးများအား ပစ်ထည့်ခဲ့ကြောင်းသိရသည်။

ဒေသခံ တစ်ဦးအား ဖုံးဆက် မေးကြည့်သောအခါ “ဗုံးကွဲသံကတော့ အကြီးကြီးပဲ- အနားတော့ ကျနော် တို့လည်း မသွားရဲဘူးဗျ၊ ဒါက ဘုန်းကြီးတပ်နဲ့ အစိုးရပေါင်းလုပ်တာပါ- လူတိုင်းသိတယ်။ ဖမ်းချင်ဖမ်းလို့ ရတာပဲ ကျုံဒိုး၊ ကော့ကရိတ်မှာ စစ်တပ်တွေ အများကြီးရှိတယ်၊ ဂိတ်တွေနဲ့ ပြည့်နေတယ်။ ဗုံးခွဲတဲ့ လူတွေက ဆိုင်ကယ်နဲ့ ပြေးစရာလမ်းကို မရှိဘူးဗျ- တစ်လမ်းလုံး (စစ်တပ်) ဂိတ်ချည်းပဲ” ဟု ပြောသည်။

သက်ဆိုင်ရာမှ တရားခံများအား ဖမ်းဆီးအရေးယူခြင်း မရှိသေးကြောင်း ထိုအကြမ်းဖက်မှု၏ နောက်ကွယ်တွင် ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ချို့နှင့် အာဏာပိုင်များ ပါဝင်ပတ်သက်မှု ရှိ သည်ဟု ထင်မြင်ယူဆလျှက် ရှိသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံအ၀ှမ်းရှိ မွတ်ဆလင်တို့အား မျိုးပြုတ်သတ်ဖြတ်ရန် ကြွေးကြော်လျှက် ရခိုင်ပြည် နယ်ရှိ မွတ်လင်တို့၏ ကိုးဆယ်ရာနှုန်း အား အကြမ်းဖက်တိုက်ခိုက် ခံရပြီး ဖြစ်သည်။ မြန်မာအစိုးရမှ ဖမ်းဆီး အရေးယူပေးခြင်း လုံးဝ မရှိသေးကြောင်းလည်း သိရသည်။

RB News Desk

  1. အမြဲတန်းဘဲ

  2. မြန်မာနိုင်ငံဟာ မူဆလင်ဘာသာဝင်တွေအတွက် နေချင်စရာ မဟုပ်တဲ့ လုံချုံမှူ့မရှိတဲ့နေရာ ဖြစ်သွားပါပြီ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှူ ရှိဖို့ဆိုတာ ဖြူစဉ်တဲ့မေတ္တာတရား ဘာသာရေးရဲ့အခြေခံမူ တွေပြောင်းလဲမှဖြစ်လိမ့်မယ်

  3. မြန်မာနိုင်ငံဟာ မူဆလင်ဘာသာဝင်တွေ အတွက် လုံချုံမှူ့မရှိတဲ့ စိတ်ဖိအားတွေနဲ့ ယုံလိုမရတဲ့ နိုင်ငံဖြစ်သွားပါပြီ။

Comment ရေးရန်

Rohingya Exodus