နောက်ဆုံးသတင်း/ဆောင်းပါးများ

ရှေ့နောက် မညီ ပြောနေတာ ဗုဒ္ဓ၀ါဒလား


ဌေးလွင်ဦး
RB News
15.8.2012

ဗုဒ္ဓဘာသာ အမျိုးသားရေး ၀ါဒီတွေတွေလို့ ခံယူထားတဲ့ လူများ အနေနဲ့ မိမိကိုယ်တိုင် ခံယူထားတဲ့ ခေါင်းစီးကို ပြန်လည် သုံးသပ်စေလိုတယ်။ မိမိရဲ့ အလွဲသုံးစား ခေါင်းစီး သုံးစွဲမှုများက ဘာသာတစ်ပါးရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေတယ် ဆိုတာလည်း ဆင်ခြင်သင့်ပါတယ်။

ဒီနေရာမှာ မြန်မာနိုင်ငံအနေနဲ့ ခေါင်ကစ မိုးယိုနေတယ်လို့ ပြောရမယ့် အခြေအနေကို ရောက်နေပါတယ်။ “မတရားတဲ့ အမိန့်အာဏာ မှန်သမျှ ဖီဆန်ကြ၊” လို့ ကြွေးကြော်ခဲ့တဲ့-၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က မတရားသဖြင့် လူပေါင်းများစွာကို သုတ်သင်ရှင်းလင်း မောင်းထုတ်နေတဲ့ ကိစ္စ၊ လူမျိုးတစ်မျိုးကို အမျိုးသားရေး ၀ါဒီတွေက မတရားသဖြင့် စွပ်စွဲနေတဲ့ ကိစ္စများမှာ “တော်ကြပါတော့၊” ဆိုတဲ့ မေတ္တာရပ်ခံ တားမြစ်ချက်ကလေး လောက်တောင် အသံမထွက်ဘဲ-၊ မတရားသောသူများကို ဆိတ်ဆိတ်နေ ခြင်းဖြင့် ကြောထောက်နောက်ခံပြု သဘောတူနေတယ် ဆိုတာက ကမ္ဘာက သိနေပါတယ်။ သူ့ရဲ့ Freedom From Fear ဆိုတဲ့ စာအုပ်မှာ- သူကိုယ်တိုင်က ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီ ဖြစ်ကြောင်း ဖေါ်ပြပြီး ဖြစ်နေပါတယ်။- စစ်အစိုးရပြောလေသမျှ ဘာပြောပြော မကောင်းမမြင်တဲ့ အချိန်က- သူဟာ လူထုကို စည်းရုံးရယူဘို့ “မတရားတဲ့ အမိန့်အာဏာ မှန်သ မျှ ဖီဆန်ကြ၊” လို့ ကြွေးကြော်ခဲ့ပြီး- ရိုဟင်ဂျာများ အပေါ် မတရားစွပ်စွဲ သုတ်သင်ရှင်းလင်းတဲ့ အချိန်မှာတော့ လူထုက မုန်းတီး အထင်လွဲသွားမှာ စိုးလို့ သူပြောခဲ့တဲ့ “မတရားသော အမိန့်အာဏာ မှန်သမျှ ဖီဆန်ကြ၊” ဆိုတဲ့ စကားကို သူကိုယ်တိုင်က မသိဟန်ဆောင်နေပါတော့တယ်--၊ ဒီတော့ ဗုဒ္ဓ၀ါဒီ လူထုခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ် တစ်ဦးကိုယ်တိုင်က ရှေ့တစ်မျိုး- နောက်တစ်မျိုးမူကို ဦးဆောင်ကျင့်သုံးပြနေပါတော့တယ်။

သမ္မတဦးသိန်းစိန်--၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် တစ်ဦးအနေနဲ့ အသိအမှတ်ပြုပါတယ်၊ ဂုဏ် ယူပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်လည်း သမ္မတ တစ်ဦးရဲ့ ဂုဏ်အင်္ဂါနဲ့ မညီညွတ်ဘဲ- ရိုဟင်ဂျာများကို ကျူး ကျော်ဝင်ရောက်လာသူများ- ဖြစ်တယ်၊ ကုလသမဂ္ဂ အကူအညီနဲ့ တတိယနိုင်ငံကို ပြောင်းရွှေ့သွားစေဘို့ ဆောင်ရွက်ရမယ် (တိုင်းပြည်ထဲက မောင်းထုတ်ပစ်ရမယ်) ဆိုတဲ့ စကားကို ကမ္ဘာသိ ပြောခဲ့တယ်။ ဒီလို ပြော ဆိုမှုမှာ ရိုဟင်ဂျာထဲက တစ်ချို့ဟာ ဆိုတဲ့ ခွင်းချက်စကားကို မသုံးဘဲ ရိုဟင်ဂျာအားလုံးကို ဆိုတဲ့ အဓိပ္ပါယ်နဲ့ စကားကို ပြောခဲ့တယ်။ ဒါဟာ သူ့ရဲ့ အမျိုးသားရေးဝါဒီ စိတ်ဓါတ်ကို ပြသလိုက်ခြင်း ဖြစ်ပါတယ်။ အခုတစ်ခါ ဗွီအိုအေ နဲ့ အင်တာဗျူးလုပ်ပြန်တော့-- ကျွန်တော်သိသလောက် ဒီလူတွေက ၄၈ (၁၉၄၈-) မတိုင်မှီ (လွတ်လပ်ရေး မရမှီ) က ရောက်နေတဲ့ လယ်သမားတွေပါ။ နောက်ပိုင်းဝင်လာတဲ့သူ မရှိသလောက်ပါပဲ၊ ကျွန် တော်တို့ရဲ့ 82 Law အရ တတိယ မျိုးဆက်ကို နိုင်ငံသား ပေးမှာပါ၊ ဒီတော့ သူတို့ရဲ့ မြေးတွေက အခု နိုင်ငံသား ဖြစ်မယ် ဆိုတဲ့ စကားကို ပြောင်းပြန်တယ်-၊ ဒါဟာ ကမ္ဘာ့ဖိအားကြောင့် ပြောင်းလဲခဲ့တဲ့ စကား ဖြစ်ပေမယ့်- အခု အချိန်ထိ ဒီလူသားတွေကို “ဘင်္ဂါလီ” ဆိုတဲ့ အသုံးနဲ့ ထည့်သွင်းပြောဆိုနေပါသေးတယ်။ ကမ္ဘာဖိအားနဲ့ တုံ့ပြန်မှု များကို ကြောက်ရွံ့နေပေမယ့်- သူကိုယ်တိုင်လည်း အခုအချိန်ထိ ရခိုင်သမိုင်းအမှန်ကို မသိသေးဘူး ဆိုတာ ထင်ရှားနေပါတယ်။ ဒါပေမယ့် သူ့စကားမှာ “ကျွန်တော်သိသလောက်” ဆိုတဲ့ စကားကို ပလ္လင်ခံထားတော့ မဆိုးဘူးလို့ ပြောရပါမယ်။ ဒါပေမယ့် သမ္မတတစ်ဦး လုပ်နေပြီး သမိုင်းကို သေချာကြေညက်စွာ မလေ့လာသေး ဘဲ ဗုဒ္ဓ၀ါဒီချင်း တူနေတဲ့ ရခိုင်အမျိုးသားပါတီက ပြောသမျှ လက်ခံထားတဲ့ နားတစ်ဘက်ဝါဒီကြီး ဖြစ်နေတယ် ဆိုတာ သူ့စကားများက ဖေါ်ပြနေပါတယ်။

ပြီးတော့ ရိုဟင်ဂျာများ အတွက် လာမယ့် အကူအညီများကို ပြင်ပက အင်အားစုတွေဆီ ရောက်သွားမှာ စိုးလို့- ဆိုတဲ့ အကြောင်းကို ပြပြီး သူတို့က လက်ခံရယူဘို့ ကြိုးစားနေတယ်လို့ လျှောက်ပြောနေသေးတယ်၊ အတော် လည်း မက်မောမှုရှိကြောင်း မအောင့်နိုင်၊ မထိန်းနိုင် လျှောက်ပြောနေပါတယ်။-

လူထုက ပညာမတတ်လို့ ဖြစ်ရတာပါ-လို့ ထည့်ပြောမှုကိုလည်း အံ့အံ့သြသြတွေ့နေရပါတယ်။ ရိုဟင်ဂျာများ သာမက တိုင်းရင်းသား အားလုံး ပညာမတတ်အောင် ဘယ်သူတွေက လုပ်ခဲ့တာလဲ၊ ဘယ်သူတွေမှာ တာဝန် ရှိသလဲ- ဆိုကိုတော့ ဖုံးကွယ်ထားပြန်တယ်။ ပြီးတော့ နားတစ်ဘက်သာ စွင့်ထားတဲ့ မိမိလို လူမျိုးကရော ပညာ အစစ်အမှန်ကို ရယူနိုင်မလားလို့ သေချာစွာ ပြန်လည်စစ်ဆေးဘို့ လိုပါမယ်။

မြန်မာ့သမိုင်းမှာ ရခိုင်ဟာ သီးခြားသမိုင်းနဲ့ ရပ်တည်ခဲ့တယ်။ အဲ့ဒီ ရခိုင်သီးခြားသမိုင်းထဲမှာ ရခိုင်ဆိုတာ ၁၇၈၄ ခုနှစ် ဗမာက ရခိုင်ကို သိမ်းပိုက်ချိန် ရခိုင်နယ် ဆိုတာက ဘယ်အထိကျယ်ဝန်းခဲ့ပါသလဲ၊ ဗမာနဲ့ အင်္ဂလိပ် ရခိုင်ကို လုပြီး အင်္ဂလိပ်က ယူသွားတော့ကော ရခိုင်ဆိုတာ မောင်းတောက ဂွ မြို့အထိသာ ကျယ်ဝန်းတဲ့ နေရာ လေး ဖြစ်သလား သို့မဟုတ် ဘယ်က ဘယ်အထိ ကျယ်ဝန်းခဲ့သလဲ- ဒီတော့ အင်္ဂလိပ်အောက်မှာ သတ်မှတ် ထားတဲ့ ရခိုင်နယ်ထဲမှာ အဲ့ဒီ နယ်ထဲက လူတွေဟာ ဘယ်နေရာကို သွားနေသွားနေ သူ့နေရာဒေသဟုများသာ ဖြစ်တယ် ဆိုတဲ့ လက်တွေ့ ယုတ္တိသဘောကိုကော နားလည်ရဲ့လား လို့ မေးရတော့မှာပါ။

တစ်ကယ်တမ်း ရခိုင်သမိုင်းကို လက်တွေ့ သိနေမယ် ဆိုရင်-- 82 Law မကလို့ 2012 Law သတ်မှတ်ရင်လည်း ရိုဟင်ဂျာဟာ မေယုဒေသရဲ့ မူလဇစ်မြစ် လူမျိုး ဖြစ်တယ် ဆိုတာ ထင်ထင်ရှားရှား ဖြစ်နေပါတယ်။ ရခိုင် ဒေသကို ဘက်မလိုက် ဖွင့်ထားသော မျက်လုံးများနဲ့ ကိုယ်တိုင် သွားရောက်လေ့လာကြည့်ပါ။ အဲ့ဒီ ဒေသဟာ အာရီယန် လူမျိုးနွယ်နဲ့ မွန်ဂိုလီးယား လူမျိုးနွယ် ထိပ်တိုက်ဆုံနေတဲ့ ဒေသ ဖြစ်တယ်။ ဒီမှာ အာရီယာန်တွေက နှစ်ပေါင်း ၅၀၀၀ သမိုင်းမတင်မှီကတည်းက ရှိနေပြီး- မွန်ဂိုလီယား အနွယ် တိဘက်မြန်မာတို့က အေဒီ ၈ ရာစု လောက်မှ ရောက်လာတာ ဆိုတာ တွေ့ရပါလိမ့်မယ်။ လက်ရှိ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးထဲမှာလည်း အဲ့ဒီ လူမျိုး နှစ်စုလုံး ရှိနေသလို၊ အစ္စလာမ်သာသနာကို ကိုးကွယ်တဲ့ ရခိုင်ထဲမှာလည်း အဲ့ဒီ လူမျိုး နှစ်မျိုးလုံး ရှိနေပါတယ်။

ရိုဟင်ဂျာတွေက “နိုင်ငံသား ဖြစ်ပါရေစေ” ဆိုတဲ့ သနားခံနေတာ မဟုတ်ပါ၊ “ရခိုင်ဒေသရဲ့ မူလဇစ်မြစ် လူမျိုး စစ်စစ် ဖြစ်တယ်” ဆိုတာကို သက်သေပြနေခြင်းသာ ဖြစ်တယ်။

အမှန်ကို အမှန်အတိုင်း လက်မခံခြင်းဟာ မိမိကိုယ်တိုင် ကိုးကွယ်ယုံကြည် ကိုစားပြုတဲ့ ဘာသာကိုလည်း ဂုဏ်သိက္ခာထိခိုက်စေသလို၊ မတော်မတရား ဆက်လက် နှိပ်စက်နေမယ် ဆိုရင် မတော်မတရားပြုကျင့်သူတိုင်း ကြီးမားတဲ့ ရင်ဆိုင်မှုနဲ့ ကြုံသွားစေရပါမယ်။ ဘယ်အရာကိုမှ အထင်သေး လျှော့မတွက်မိစေဘို့ မြန်မာပြည်ကို တစ်ကယ် ချစ်သူတိုင်း ဆင်ခြင်ဘို့လိုပါမယ်၊ လိမ္မာပါးနပ်ဘို့ လိုပါမယ်။

Comment ရေးရန်

Rohingya Exodus