နောက်ဆုံးသတင်း/ဆောင်းပါးများ

အမှန်ကို ချစ်ပါ - အပိုင်း (၃)


ဌေးလွင်ဦး
RB News
3.8.2013

လက်ရှိ မြန်မာနိုင်ငံရယ်လို့ ဖြစ်တည်လာမယ့် နိုင်ငံဧရိယာထဲကို ၀င်လာတဲ့ လူသားတွေဟာ အဓိက အားဖြင့် အာရှအလယ်ပိုင်း တိဘက်ကုန်းမြင့်ဘက်က ဖြစ်ပြီး- တိဘက်ကုန်းမြင့်ရဲ့ အရှေ့ဘက် မွန်ဂိုနိုက်အနွယ်တွေ ပါဝင်သလို၊ တိဘက်ကုန်းမြင့်ရဲ့ အနောက်ပိုင်း အာရိယာန်အနွယ်တွေလည်း ပါဝင်ခဲ့တယ်။ (တိဘက်ကုန်းမြင့် ဒေသကိုယ်က အာရိယာန်နဲ့ မွန်ဂိုအနွယ်တို့ ပေါင်းစပ်ရာ မြစ်ဆုံဒေသလို့ ဖြစ်နေတယ်၊ ဒါကြောင့် အာရိယာန် နဲ့ မွန်ဂို ကပြားတွေလည်း ပါဝင်ခဲ့တယ်။ ဒါကြောင့် မြန်မာပြည် အရှေ့ပိုင်းရှိ လူမျိုးနွယ်တွေက မွန်ဂိုလီးယား အနွယ်ရုပ်မျိုးကို ဆင်ပြီး မြန်မာပြည် နောက်ပိုင်းအခြမ်း လူမျိုးတွေက အာရိယာန် မွန်ဂိုကပြား ရုပ်ရည်မျိုးကို ဆင်နေတာ တွေ့ရပါမယ်။ (ဥပမာ ပခုက္ကူဒေသ သားများနဲ့ ရှမ်းကုန်းမြင့်ဒေသ သားများ ရုပ်ရည်များကို နှိုင်း ယှဉ်ကြည့်ပါ။ ရာသီဥတုကြောင့် အသားရောင် ကွာခြားလာတာလို့ ပြောနိုင်ပေမယ့်- နှာတံသွယ်ပုံချင်း ကွာ ခြားမှုဟာ ရာသီဥတု အပူအအေးနှင့် မဆိုင်ပါ။)

ပြီးတော့ မြန်မာပြည်ထဲကို ၀င်လာခဲ့တဲ့ လူတွေဟာ အဓိကအားဖြင့် မြစ်ရိုးတစ်လျှောက် စုန်ဆင်းလာခဲ့တာ များပါတယ်။ သံလွှင်မြစ်ရိုးတစ်လျှောက် အခြေခံပြီး စုန်ဆင်းလာတယ်၊ ဧရာဝတီ မြစ်ရိုးတစ်လျှောက် အခြေခံပြီး စုန်ဆင်းလာတယ်၊ ချင်းတွင်းမြစ်ရိုးတစ်လျှောက် အခြေခံပြီး စုန်ဆင်းလာခဲ့တာများ ဖြစ်ပါတယ်။

အလားတူပဲ ရခိုင်ဒေသလို့ ခေါ်နေတဲ့ မြန်မာပြည် အနောက်ပိုင်း အခြမ်းမှာလည်း လူသားတွေဟာ လေးမူး မြစ်ရိုး၊ ကုလားတန် မြစ်ရိုးနဲ့ မေယုမြစ်ရိုး များတစ်လျှောက် စုန်ဆင်းလာခဲ့တာ ဖြစ်ပါတယ်။ လေးမူးမြစ်ရိုးဟာ တိုပြီး ရခိုင်ရိုးမကြီးမှာ ဆုံးသွားတယ်၊ ချောင်းသွယ်မြောင်းသွယ် အဖြစ် ဆက်စပ်ခဲ့ရင်တောင့် ကျောက်ပန်း တောင်းကို ဆက်စပ်နိုင်တယ်- ဒါကြောင့် အဲ့ဒီ မြစ်ရိုးတစ်လျှောက် စုန်ဆင်းလာခဲ့ရင် သူတို့ဟာ ပျူလူမျိုးနွယ် များ ဖြစ်နိုင်တယ်။ ကုလားတန်မြစ်ရိုးကတော့ အာသံ- မဏိပူရကိုကျော်ပြီး အခုခေတ်နီပေါလ်နားအထိ ဆိုက် တယ်- ဒါကြောင့် ကုလားတန်မြစ်ရိုးတစ်လျှောက် ဆင်းလာသူများက အာရိယာန်အနွယ်များ ဖြစ်ပါတယ်။ အလားတူ- မေယုမြစ်ရိုးဟာ မဏိပူရနယ်အထိ ဆိုက်တယ်- အဲ့ဒီက ဆင်းလာသူများဟာလည်း အာရိယာန် အနွယ်ဝင်များ ဖြစ်ပါတယ်။ (ကုလားတန်မြစ်၊ လေးမူးမြစ်၊ မေယုမြစ် များ စီးဆင်းပုံကို မြန်မာနိုင်ငံမြေပုံ၌ သေချာစွာကြည့်ပါ။)

သံလွှင်မြစ်ရိုးတစ်လျှောက် စုန်ဆင်းခဲ့သူ(ကရင်၊ ပအို့ဝ်၊ ကရင်နီ၊ ရှမ်း)များနဲ့ ဧရာဝတီမြစ်ရိုးတစ်လျှော် စုန်ဆင်းခဲ့သူ (ဗမာ)များ ရုပ်ရည် ကွဲပြားသလို၊ ရခိုင်မှာလည်း မေယု၊ ကုလားတန် မြစ်ရိုးတစ်လျှောက်စုန်ဆင်းခဲ့ သူများနဲ့ လေးမူးမြစ်ရိုးမှသည် ရခိုင်တောင်ပိုင်းနယ်သား အားလုံးရဲ့ ရုပ်ရည်ဟာ သီးသန့်ဖြစ်နေပါတယ်။

ကုလားတန်၊ လေးမူးလူမျိုးနွယ်များ ပေါင်းစပ်လာပြီး ရပ်ရွာတည်တံ့လာတဲ့ အချိန်ကစ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ နိုင်ငံငယ်လေး ဖြစ်လာခဲ့ပါတယ်။ ဒဏ္ဍာရီလိုလို၊ သဘောင်လိုလို ပြောစမှတ်အရ ဘီစီ ၃၀၀၀ ကျော်ကတည်းက မာရယူမင်းက နိုင်ငံထူထောင်ခဲ့တယ် ဆိုပေမယ့်- သေချာတဲ့ သမိုင်းများ မတွေ့ရသေးပါ။ အေဒီ ၄ ရာစု (မြန်မာ နိုင်ငံ ပုဂံအင်ပါယာထက် နှစ်ပေါင်း ၇၀၀ ကျော်စောပြီး) လောက်မှာ မဟာစန္ဒြမင်းက ဓည၀တီ နေပြည်တော်ကို စတင်ထူထောင်ခဲ့ကြောင်း ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ခဲ့ကြောင်း သမိုင်းများ ရှိနေပါတယ်။ အဲ့ဒီ ဗုဒ္ဓသာသ နာဟာ ဗမာများဆီက ကူးစက်ခဲ့ခြင်း မဟုတ်ပါ။ ဒီအချိန်မှာ ဗမာများကိုယ်တိုင်က ထေရ၀ါဒ ဗုဒ္ဓဘာသာကို လက်မခံသေးပါ။ ဓည၀တီနေပြည်တော်ဟာ နိုင်ငံရေးအရ အနောက်ဘက် အိန္ဒိယအင်ပါယာ (ထိုစဉ်က မာဂဓ အင်ပါယာ)ကို တည်မှီအားကိုးနေရတဲ့ သဘောမှာ ရှိနေတော့ မာဂဓ အင်ပါယာတွင်းမှ ကူးစက်ပြန့်နှံ့လာခဲ့ခြင်း သာ ဖြစ်ပါတယ်။

ဓည၀တီနေပြည်တော်ဟာ လေးမူးနဲ့ ကုလားတန် မြစ်ရိုးကြားဒေသမှာ စတည်ခဲ့ပေမယ့်- နိုင်ငံကျယ်ပြန့်လာ တာနဲ့ အမျှ အနောက်ဘက် အရှေ့ဘက်ကို နယ်နိမိတ်တိုးချဲ့လာခဲ့ပါတယ်။ တောင်ဘက်မှာ ပင်လယ်ပြင် မြောက်ဘက်မှာ ရခိုင် ရိုးမကြီးကာဆီးထားတဲ့ အတွက် နယ်နမိတ်က တိုးချဲ့လို့ မရနိုင်ပါ။ မြေပုံကို ကြည့်ပါ။


အေဒီ ၄ ရာစုက စတည်ခဲ့တဲ့ ဓည၀တီ၊ ဝေလာလီ၊ လေးမူး၊ မြောင်းဟောင်း နယ်ပြည်တော်များမှာ အနောက်ဘက် မေယုမြစ်၊ နာ့ဖ်မြစ်ရိုးများကို ကျော်လွန်ပြီး ပိုင်ဆိုင်ခဲ့သလို၊ တောင်ဘက် ဒွာယာဝတီ (သံတွဲ) အထိ နယ်နမိတ်ကျယ်ဝန်းလာခဲ့ပါတယ်။ လေးမူး ခေတ်နှောင်းပိုင်းမှာ ဗမာအင်ပါယာ (မြန်မာနိုင်ငံ)က အင် အား ထွားလာပြီး လေးမူးနေပြည်တော်နိုင်ငံကို မြန်မာအင်ပါယာအတွင်း သိမ်းသွင်းနိုင်ခဲ့ပါတယ်။ 

အရေးနိမ့်သွားတဲ့ ရခိုင်နယ်သားများက အနောက်ဘက် ဘင်္ဂေါနယ်မှာ ခိုလှုံခဲ့ပါတယ်။ (ထိုစဉ်က ဘင်္ဂေါနယ်- ဆိုတာ နာ့ဖ် မြစ်ရဲ့ အနောက်ပိုင်းဒေသ များဖြစ်ပြီး နာ့ဖ်မြစ်ရဲ့ အရှေ့ပိုင်းဒေသ စစ်တကောင်းနယ်က ဓည၀တီ အုပ်ချုပ်လိုက်၊ ဝေသာလီ အုပ်ချုပ်လိုက်၊ ဘင်္ဂေါက အုပ်ချုပ်လိုက်နဲ့ သူသိမ်း၊ ကိုယ်သိမ်း ကြားခံ ဒေသ ဖြစ်နေခဲ့ပါတယ်။ ဘင်္ဂေါပြည်ကို အုပ်ချုပ်ထားတဲ့ မွတ်စလင်မွန်ဂိုမင်းရဲ့ စစ်သားအကူအညီ၊ စစ်ရေးအထောက်အပံ့အကူအညီများ နဲ့ မင်းစောမွန်ဟာ ဗမာများ သိမ်းပိုက်ထားတဲ့ လေးမူးနေပြည်တော်ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး မြောက်ဦး အင်ပါယာကို ထူထောင်နိုင်ခဲ့ပါတယ်။ မြောက်ဦးအင်ပါယာရဲ့ အင်အားကို ဗမာဘက်က သြဇာတန်ခိုးကြီးထွား တဲ့ ဘုရင့်နောင် (တောင်ငူမင်းဆက်)တောင် မဖြိုခွင်းနိုင်ခဲ့ပါ။ မြေပုံကို ကြည့်ပါ။ 

http://en.wikipedia.org/wiki/Toungoo_Empire#First_Toungoo_Empire_.281510.E2.80.931599.29

Restored Toungoo or Nyaungyan Dynasty c. 1650

မြောက်ဦး အင်ပါယာဟာ စစ်တကောင်းနယ် တစ်ခုလုံးကို နှစ်ပေါင်း ၃၈၀ ကျော် အုပ်ချုပ်စိုးမိုးခဲ့ပါတယ်။ ဒါကြောင့် စစ်တကောင်းနယ်က လူမျိုးအားလုံးဟာ မြောက်ဦးနိုင်ငံတော်အတွင်းက တရားဝင် လူမျိုးများ ဖြစ်ပြီး မူလဇာတိ လူမျိုးများလည်း ဖြစ်ပါတယ်။ မြောက်ဦးမင်းဆက် အားလုံးက မွတ်စလင်ဘွဲ့အမည်များ ခံယူပြီး ဘာသာရေး လွတ်လပ်ခွင့်ပေးခဲ့တဲ့ အတွက် စစ်တကောင်းနယ်က မွတ်စလင်များကလည်း အုပ်ချုပ်ခံရမှုကို ကျေနပ်ခဲ့ပါတယ်။

မြန်မာအင်ပါယာဟာ ကုန်းဘောင်ခေတ်မှာ ပြန်လည် ကြီးထွားလာပြီး- ၁၇၈၄ ခုနှစ်မှာ မြောက်ဦး အင်ပါယာကို ပြန်လည်ဝင် ရောက် သိမ်းပိုက်ခဲ့ပါတယ်။ ပြင်းထန်တဲ့ စစ်ပွဲပြီး နှစ်ပေါင်း လေးဆယ် ဖြစ်ခဲ့ကာ ရခိုင်လူမျိုးပေါင်း များစွာ မျိုးပြုတ်လုနီး သတ်ဖြတ်ခံခဲ့ရပါတယ်။ နောက်ဆုံးမှာ မြောက်ဦး အင်ပါယာဟာ ဘင်္ဂေါကို အုပ်ချုပ်ပြီး ဖြစ်တဲ့ ဗြိတိသျှကို စစ်ကူတောင်းလိုက်ရပါတော့တယ်။

ဆက်လက်တင်ပြပါမည်။-

Comment ရေးရန်

Rohingya Exodus