နောက်ဆုံးသတင်း/ဆောင်းပါးများ

လူပေါင်း ဘယ်လောက်ကို သတ်လိုက်သလဲ

 

ဌေးလွင်ဦး
RB News
28.10.2012

မြန်မာအစိုးရဟာ လက်ရှိ ရခိုင်ပြည်နယ်က ကိစ္စတွေကို ခေါင်းရှောင်ဘို့ ကြိုးစားနေယုံမျှမက- အကြမ်း ဖက်တွေဘက်က ဘက်ပေါင်းပြီး ဗြောင်လိန်နေတယ် ဆိုတာ ဖုံးကွယ်လို့ မရနိုင်ဘူး။ ဘယ်လောက် ကြီးတဲ့ လူဖြစ်ဖြစ် ရာဇတ်ဘေး ပြေးမလွတ်ပါဘူး။

အစိုးရခေါင်းဆောင်တွေကိုယ်တိုင်က မွတ်လဆင်တွေဟာ ကလေးမွေးနှုန်းကောင်းတယ်၊ တစ်အိမ် တစ်အိမ်မှာ အနည်းဆုံး မိသားစုဝင် ၂၀ လောက် ရှိတယ်၊ အချို့မိသားစုတွေ ဆိုရင် ၇၀၊ ၈၀ တောင် ရှိ တယ်ဆိုပြီး- သမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင်က ဗွီအိုအေက ဦးသန်းလွင်ထွန်းနဲ့ တိုက်ရိုက် အင်တာ ဗျူးမှာ ပြောခဲ့ပါတယ်။

အခု တစ်လော မွတ်ဆလင်တွေ အကြမ်းဖက်သတ်ဖြတ် ဖျက်ဆီးခံရတော့- သေဆုံးသူ စာရင်းကို ၁၀၀ ကျော်ရှိတယ်လို့ ပြောခဲ့ပြီး- ချက်ချင်း ဘွာခတ်လိုက်ပြန်တယ်-၊ မှားသွားလို့ပါတဲ့။ အမှန် တစ် ကယ်သေတာက ၆၀ ကျော်ပဲ ဖြစ်ပါတယ်တဲ့။

မြောက်ဦးမြို့က ပရိန်ရွာ တစ်ရွာထဲမှာ လူပေါင်း ၁၀၀၀ ကျော်သေခဲ့တဲ့ စာရင်းက ငါတို့ဆီမှာ ရှိနေပြီ။ လူသေတဲ့ အရေအတွက်နဲ့ အကြမ်းဖက်ခံရတဲ့ အခြေအနေတွေက နိုင်ငံတကာအနေနဲ့ တရားဝင် ၀င်လို့ ရနေပြီ ဆိုတာ- နိုင်ငံကို ဦးဆောင်နေတဲ့ အစိုးရတစ်ရပ်အနေနဲ့ သိနေလောက်ပါပြီ။

အစိုးရပိုင်းက ဘယ်လောက်လိမ်လိမ်- လိမ်လေ တရားခံဖြစ်လေ အမှုကြီးလေသာ ဖြစ်ရပါမယ်။- အကြမ်းဖက်သတ်ပစ်သူပေါင်း ဘယ်လောက်၊ အလောင်းဖျောက်ပစ်မှုပေါင်း ဘယ်လောက် ဆိုတာ တော့ မကြာတော့သော ကာလမှာ ကမ္ဘာ့ခုံရုံးပေါ်မှာ ရှင်းရပါမယ်- အဲ့ဒီအခါမှ လူထုကြီးလည်း တရားဝင် သိလာရပါမယ်။ (မကြာတော့ပါ)။

လောလောဆယ်တော့-၊ သာမန်လူများပင် တွက်ကြည့်လို့ရတဲ့ အဖြေလေးကိုပဲ ပြောလိုက်ပါမယ်။- ၂၀၁၂ အောက်တိုဘာ ၂၇ ရက်နေ့ ဗွီအိုအေ- ကို ရန်ကုန်တိုင်း ဒေသကြီးရဲ့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြောတာမှာ- အကြမ်းဖက် ပဋိပက္ခကြောင့် အိမ်ခြေ ၂၃၀၀ ကျော် ရှိတယ်လို့ တရားဝင်ပြီး တစ်ဆက်တည်းမှာ ဒုက္ခရောက်နေသူပေါင်း ၄၀၀၀ ၀န်းကျင်လောက် ရှိတယ် လို့ ပြောဆိုပါတယ်။ ၄၀၀၀ ၀န်းကျင်လောက် ဆိုတဲ့ စကားက ၄၀၀၀ မပြည့်တစ်ပြည့် ဆိုတဲ့ အဓိပ္ပါယ် ကိုပေးပါမယ်။ အကြမ်းဖက်ဖျက်ဆီးခံရဲ့ အိမ်အရေအတွက်နဲ့ တွက်ရင် တစ်အိမ်ကို ၂ ယောက်နှုန်းနဲ့ တောင် ၂ x ၂၃၀၀ = ၄၆၀၀ ဖြစ်မယ်။ အခုက ဒုက္ခရောက်သူ ၄၀၀၀ ၀န်းကျင်ဆိုတော့-၊ (တစ်အိမ်မှာ ၂ ယောက်တောင် မပြည့်ပါ။) ကျန်လူတွေ ဘယ်ကို ရောက်နေပါသလဲ။ နိုင်ငံတော် သမ္မတ ပြောခဲ့ သလို မွတ်ဆလင်တွေက အနည်းဆုံး တစ်အိမ် ကို အယောက် ၂၀ ဆိုရင် ၂၀x ၂၃၀၀ = ၄၆၀၀၀ ဖြစ်မယ် (သမ္မတ စကားအရ အချို့အိမ်တွေမှာ ၇၀၊ ၈၀ တောင် ရှိတယ် ဆိုရင် ဒီထက် အဆပေါင်း များစွာ ရှိနေပါတယ်။- သမ္မတ တစ်ဦးအနေနဲ့တော့ လိမ်မယ် မထင်ပါ၊)- ဒီလို ဆိုရင် အခု အကြမ်းဖက် ဖျက်ဆီးခံရတဲ့ အိမ်က ၂၃၀၀ ကျော်- ဒုက္ခသည် က ၄၀၀၀ ၀န်းကျင် အနည်းဆုံး လူပေါင်း ၄၂၀၀၀ လောက် ပျောက်ဆုံးနေပါတယ်။ အဲ့ဒီလူတွေ ဘယ်ကိုရောက်ကုန်ပါသလဲ။ ၀န်ကြီး ကိုယ်တိုင်က ပဋိပက္ခကို အကြမ်းဖက် ပဋိပက္ခ လို့သုံးတော့-၊ ပျောက်ဆုံးနေသူများက အကြမ်းဖက် ခံရလို့ ဆိုတဲ့ အဓိပ္ပါယ်ကိုလည်း တိုက်ရိုက် ပေးနေပါတယ်။ အကြမ်းဖက် ခံရလို့ ပျောက်ဆုံးနေသူများ ကတော့ ဒုက္ခမရောက်ဘဲ နိုင်ငံတော် ဧည့်ဂေဟာမှာ တည်ထားဧည့်ခံနေစရာ အကြောင်း မရှိပါ။

အကြမ်းဖက်ခံရလို့ အိုးအိမ်များ ပျက်စီးရတဲ့ အထဲမှာ ရခိုင်ဗုဒ္ဓဘာသာအိမ် တစ်အိမ်မှ မပါတဲ့ အတွက် စရင်းကွာ ပျောက်ဆုံးနေသူများဟာလည်း ရခိုင်ဗုဒ္ဓဘာသာများ ဖြစ်နိုင်စရာ မရှိပါ။ အားလုံးက မွတ် ဆ လင် များသာ ဖြစ်ရပါမယ်။

ကမ္ဘာ့ခုံရုံးပေါ်မှာတရားဝင်မရှင်းရမှီကမ္ဘာကြီးကို ဗြောင်လိန်ချင်တယ်ဆိုလည်း- နိုင်ငံတစ်ခုရဲ့ ခေါင်း   ဆောင် များ ဖြစ်နေတယ် ဆိုတဲ့ သိက္ခာလောက်တော့ ထောက်ထားပြီး- ယုတ္တိရှိရှိ ရှေ့နောက် ညီညီ လေး လိန်ပေးပါလို့ အကြံပေးလိုပါတယ်။

Comment ရေးရန်

Rohingya Exodus