နောက်ဆုံးသတင်း/ဆောင်းပါးများ

(ကြားဖြတ်သတင်း) ပေါက်တောမြို့နယ် မီးလောင်မှုဖြစ်ပွား။

နိုင်ငံတော်အစိုးရမှ အောက်တိုဘာ (၂၅)ရက် နေ့စွဲပါ ကြေငြာချက်အမိန့်စာ (၁/၂၀၁၂) ထွက်ပြီးနောက် ပိုင်း -
ကျွန်တော်တို့ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကေနီပြင်ရိုဟင်ဂျာကျေးရွာနေသူတို့အား အောက်ဖေါ်ပြ ထားသော စာရင်း အမည်ပါသူများက (၂၇/၁၀/၁၂) နေ့တွင် သူတို့၏ လက်ကိုင်ဖုန်းများဖြင့် “ခင်ဗျားတို့ ရွာ သားတွေ ဒီနေရာကနေ ထွက်သွားရမယ်၊ နောက်ကျမှ ထွက်လို့ အသက်အန္တရယ် တစ်ခုခုဖြစ်ရင် ကျုပ် တို့နဲ့ မဆိုင်ဘူး” “ ငါတို့က အာဏာပိုင်တွေဖြစ်ပယ်မဲ့ ရခိုင်တွေလာရင် ငါတို့ ဘယ်လိုမှ မတတ်နိုင်ဘူး၊ မင်းတို့ အချိန်မှီ ထွက်ကြပါ” ဆိုပြီး ခြိမ်းခြောက်ပြောဆိုပါသည်။

အဆိုပါခြိမ်းခြောက်သူများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

အမည် ရာထူး ဖုန်း

၁။ ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူး ၀၉ ၄၉၂၈၀၅၅၄ 
၂။ ဦးကြည်အေး ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး 
၃။ ဦးသန်းထွန်း န.စ.က ဌါနမှူး ၀၉ ၄၅၀၅၄၁၉၅၆ 
၎။ သန်းထွန်း ကျေးရွာအုပ်ချုပ်ရေး စာရေး၊ ၀၉ ၄၉၆၄၀၄၈၆

မညှင်းကိုင်း ကျေးရွာအုပ်စု

၅။ မောင်လုံးဖြူကျက်သရေ ရာအိမ်မှူး မြင့်ဂ္ဂါကျေးရွာအုပ်စု။ ၀၉ ၄၅၀၅၀၅၄၁၇ ၆။ မောင်မောင်သန်း ကျေးရွာအုပ်ချုပ်ရေး စာရေး၊ ၀၉ ၄၉၅၉၇၂၆၀

ပိန္နဲချောင်းကျေးရွာအုပ်စု။


၇။ အောင်နေမိုး လှုံ ခြုံရေးတာဝန်ခံ။ ၀၉ ၄၅၀၅၄၁၇၅၅ 
၈။ ဒု-ရဲအုပ်။ ၀၉ ၀၉ ၄၂၁၇၃၆၅၃၄ 
၉။ ရဲ-မြို့နယ်မှူး။ ၀၉ ၄၉၆၇၀၈၃၄ 
၁၀။ စခန်းမှူး။ ၀၉ ၀၉၄၉၆၇၀၈၃၉
၁၁။ ကျောက်တောင် ရဲစခန်းမှူး။ ၀၉ ၄၉၆၇၀၈၃၇ တို့ဖြစ်ကြပါသည်။

အစိုးရက ဘယ်လိုအမိန့်စာပဲ ထုတ်ထုတ် မီးဆက်လက် ရှို့နေဆဲ ရခိုင်တွေ-
ယနေ့ (၂၈/၁၀/၂၀၁၂) နေ့လည် (၃း၃၀) အချိန် တွင် လူအုပ်အင်အား (၄၀၀၀)နီးပါးခန့်ရှိသော ရခိုင် အကြမ်းဖက်သမားများသည်“မလိခ”အမြန်ရေယဉ် နှင့်အခြား မော်တော်ဘုတ်များဖြင့် ပေါက်တောမြို့နယ်   ကေနီပြင် ရိုဟင်ဂျာ ကျေးရွာသို့ ဆိုက်ရောက်လာကြပြီး မီးရှို့တိုက်ခိုက်နေကြပါသည်။ ထိုရခိုင်အကြမ်း ဖက်သမားများ နှင့် အတူ စစ်တပ်ယူနီဖေါင်း ၀တ်ဆင်ထားသော လက်နက်ကိုင်များလဲပါပါသည်။ ထို စစ် သား များသည် ရိုဟင်ဂျာအိမ်များကို လောင်ချာများဖြင့် ပစ်ခတ်ကာ မီးလောင်ကျွမ်းစေခဲ့ပါသည် ဟု မျက်မြင်သက်သေ ရိုဟင်ဂျာများက ပြောပါသည်။ အဆိုပါ ရိုဟင်ဂျာများမှာ တောအုပ်များအတွင်းသို့ ၀င်ရောက်ပုန်းခိုလျက်ရှိရာ အလွန်စိုးရိမ်ရသော အခြေအနေတွင် ရှိနေပါသည်။

ယခုပင် ရရှိသော သတင်းမှာ ညနေ ၅း၁၅ ခန့်တွင် ရခိုင်လူအုပ် (၄၀၀၀) နီးပါး နှင့် စစ်တပ်ယူနီဖေါင်းဝတ် လက်နက်ကိုင်များ သည် ပေါက်တောမြို့နယ် ကေနီပြင် ရွာအနီးမှ အနောက်ရွဲ့ ရိုဟင်ဂျာ ကျေးရွာကို တိုက်ခိုက်ရှင်းလင်းရန် အတွက် ရွာအနီးသို့ဝင်ရောက်လာကြကာ ရွာအတွင်းမှ ရိုဟင်ဂျာများကို တိုက် ခိုက်မောင်းထုတ်နေကြပါသည်။ ရခိုင်အကြမ်းဖက်သမားများက လေးခွ၊ ဒူးလေး၊ မျှားစူး အစရှိသည့် လက်နက်များ၊ လက်နက်ကိုင် စစ်သားများက လောင်ချာများ၊ သေနတ်များဖြင့် အပြင်းအထန် တိုက်ပစ်ခတ် တိုက်ခိုက်နေကြပါသည်။ ရွာအတွင်းရှိ ရိုဟင်ဂျာများမှာ ထွက်ပြေးပေါက်ပင် မရဟု သိရပါသည်။

RB News Desk.

  1. အုပ်ချုပ်ရေးမှူးတွေတောင် ဖုန်းနဲ့ပြောသေးတာပဲ သူတို့လဲဖုန်းနဲ့ သတင်းပေးမှာပေါ့ ငတုံး


Comment ရေးရန်

Rohingya Exodus