March 14, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မျက်ရည်ခံထိုး လျှောက်လွှဲချက်


ဌေးလွင်ဦး
RB News
18.11.2012

မွတ်ဆလင်တွေကို မုန်းတယ်။ မွတ်ဆလင် ဆိုတာ မြန်မာဧရိယာထဲမှာ ကြားကို မကြားချင်ဘူး။ မြင်ကို မမြင် ချင်ဘူး။ တွေ့ကို မတွေ့ချင်ဘူး- ဆိုတဲ့ ကျေးဇူးကန်း မျက်မမြင် မျိုးချစ်များ-၊ မြန်မာပြည်မှာ အစ္စလာမ် သာသနာ ထွန်းကားလာရင် - ငါတို့တော့ ငတ်ပြတ်သေကုန်တော့မှာပဲ လို့ တွေးဆနေတဲ့ အကျင့်သိက္ခာပျက် လူသတ် ဂိုဏ်း ဘုန်းကြီးများ-၊ မွတ်ဆလင်တွေက ဉာဏ်ကောင်းတယ်- အဆက်အသွယ်ရှိတယ်၊ ထိုးဖေါက်မြင်တတ် တယ် တစ်ကယ်လို့ သူတို့ကိုသာ တန်းတူညီမျှ အခွင့်အရေး ပေးလိုက်ရင် ငါတို့အတွက် ဟိတ်ဟန်ထုတ်နိုင် စရာ လမ်းစပျောက်သွားမယ်လို့ သိမြင်နေတဲ့ တိုင်းပြည်ကို မတွက် မိမိဘက်ကို ယက်နေတဲ့ အာဏာရူး နိုင်ငံ ရေးသမားများ-၊ အမုန်းတရား ဖိစီးလွန်းပြီး မွတ်ဆလင် ဆိုတဲ့ အမည်နာမလေး တစ်ခုအတွက် အိပ်မပျော် စား မ၀င် ဖြစ်နေခဲ့ရတာလည်း ရက်၊ လ မှသည် နှစ်များဆီသို့ ဆိုက်ရောက်လာခဲ့ပါပြီ။

ပိုဆိုးတာက မွတ်ဆလင် ဆိုတဲ့ စကားလုံးထက် ရခိုင်နယ်က မွတ်ဆလင်များရဲ့ အမည်နာမ “ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးပဲ ဖြစ်နေပါတယ်။ “ရိုဟင်ဂျာ” ဆိုတာ သရဲလိုလို၊ တစ္စေလိုလို- ကြောက်စရာကောင်းလွန်းတဲ့ အမည် နာမ ဆိုးကြီးလိုလို၊ မြန်မာပြည်ကို မြိုပစ်လိုက်မယ့် ဆူနာမီ လှိုင်းကြီးလိုလို- အကြောက်တရားကြီးစွာနဲ့- ရိုဟင် ဂျာ ဆိုတာ မရှိဘူး၊ မသိဘူး ဆိုပြီး အတင်းခံငြင်းနေရင်း- အရှက်ကွဲပေါင်းလည်း များလှပါပြီ။

“ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးကို မပြောဆိုမိအောင်- မြန်မာနိုင်ငံ သမ္မတ ဆိုသူကိုယ်တိုင်က အကြီးအကျယ် ဆင်ခြင်ပြီး ပြောဆိုခဲ့တယ်။ ဒါပေမယ့် ကံဆိုးချင်တော့ နိုင်ငံတကာ အစည်းအဝေးကို တက်တိုင်း တစ်ကမ္ဘာလုံး က “ရိုဟင်ဂျာ” ဆိုတဲ့ ခေါင်းစီးနဲ့ ဒီကိစ္စကို ဖေါ်တယ်၊ ကမ္ဘာ့ ကမ္ဘာ့ခေါင်းဆောင် အားလုံးက “ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးကိုပဲ သုံးပြီး ပြောဆိုတယ်။ သူတစ်ယောက်တည်းကသာ မျက်နှာငယ်လေးနဲ့ “ဘင်္ဂလီ” ဆိုတဲ့ စကား လုံးနဲ့ ရှေ့မျက်နှာ နောက်ထားပြီး အသံအက်အက်လေး ထုတ်နေရတဲ့ အဖြစ်နည်းချည်း ကြုံခဲ့ရတယ်။

မလာစဘူး အလာထူးတဲ့ သမ္မတကြီး အိုဘားမား မြန်မာပြည်ကို လာမယ့် အကြောင်းရင်းထဲမှာ နံပါတ်တစ် ခေါင်းစီးက “ရိုဟင်ဂျာ” ဆိုတဲ့ ကိစ္စဖြစ်နေတာကို အရပ်သားတွေနဲ့ သွေးနထင်ရောက်နေတဲ့ မျက်ကန်း မျိုးချစ် တွေ မသိပေမယ့် မြန်မာ သမ္မတ ဆိုသူက သိနေတော့-၊ သူတို့ဖန်တီးထားတဲ့ မွတ်ဆလင်ခေါင်းဆောင် အတု တွေကို ခေါ်ညှိပြီး- ရိုဟင်ဂျာ ဆိုတာ မရှိကြောင်း ပြောဘို့ ဇတ်တိုက်ခဲ့ပြန်တယ်။ ဒီဇတ်လမ်းကို အမေရိကန် သမ္မတကြီးက ကြိုသိနေပြန်တော့- သူတို့ရဲ့ ခဲလေသမျှ သဲရေကျရပြန်ပါတော့တယ်။ 

လိမ်နည်းပေါင်းများစွာကို စနစ်တစ်ကျ သင်ယူထားတဲ့ မြန်မာသမ္မတရဲ့ အကြံပေးများက အိုဘားမား မြန်မာ ပြည်ကို မရောက်မှီ၊ OIC က ကုလ လုံခြုံရေး ကောင်စီကို မတင်မှီ၊ ကမ္ဘာ့အသိုင်းအ၀ိုင်းက ကမ္ဘာ့ခုံရုံးကို မတင် မှီ လက်မတင်လေးမှာ မျက်ရည်ခံထိုး လျှောက်လွှဲချက် တစ်စောင်ကို ကုလ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းဆီ သို့ အလျှင်အမြန် စာပို့လိုက်ပြန်တာက---၊ “ရခိုင် အကြမ်းဖက်မှု ကိစ္စများကို ဖြေရှင်းပေးပါမယ်။ အိုးမဲ့အိမ်မဲ့ ဖြစ်သူများကို ကူညီပေးပါမယ်။ တရားခံတွေကို ဖမ်းဆီးရုံးတင်ပေးပါမယ်၊ ရိုဟင်ဂျာ များကို နိုင်ငံတစ်ကာ စံချိန် နဲ့ အညီ အခွင့်အရေးတွေ ပေးပါမယ်” ဆိုပြီး ဖြစ်ပါတော့တယ်။

ရခိုင်နယ်က ကိစ္စဟာ အကြမ်းဖက်မှု ကိစ္စ ဖြစ်ကြောင်း သမ္မတ ဆိုသူ ၀န်ခံတာဟာ တတိယ အကြိမ်မြောက်- အိုးမဲ့အိမ်မဲ့ ဖြစ်သွားရသူများကို ပြန်လည်နေရာချပေးမယ် ဆိုတဲ့ ကတိက စတုတ္ထ အကြိမ်မြောက်၊ တရားခံများ ကို ဖမ်းဆီးအရေးယူပေးပါမယ် ကတိက ပဉ္စမ အကြိမ်မြောက် ဖြစ်ပြီး- “ရိုဟင်ဂျာ” များကို နိုင်ငံတကာ စံချိန် နဲ့ အညီ အခွင့်အရေးတွေ ပေးသွားပါမယ် ဆိုတာကတော့ ပထမဆုံး အကြိမ် ပြောဆိုခြင်း ဖြစ်ပါတယ်။ ဒီမတိုင်မှီ က ဘင်္ဂလီများ၊ ဘင်္ဂလီများ လို့ နှတ်တိုက်ရွတ်ထားတာကို ဥပဒေမဲ့ လှိုက်လှိုက်လှဲလှဲ ပြောဆိုခဲ့ပြီး- သူတို့ကို လည်း ၈၂ ခု ဥပဒေအရ တတိယ မျိုးဆက်မှာ နိုင်ငံသား ပေးပါမယ်လို့ပဲ ကတိပေးခဲ့ ကတိဖျက်ခဲ့တာပါ။ 

အခု အကြိမ်လည်း မျက်ရည်ခံထိုး ကတိတွေ ပေးပြန်ပြီ။ ဘယ်တော့ အကောင်အထည် စဖေါ်မလဲလို့ ဖေါ်ပြ ထားခြင်း မရှိပြန်ဘဲ- ကမ္ဘာကို နောက်ထပ် ဘယ်လို လိမ်လို့ ရမလဲလို့ ဆက်စဉ်းစားနေဟန်ရှိပါတယ်။ ဘယ်လို လိမ်လိမ်- သူကိုယ်တိုင် မပြောလို၊ ၀န်မခံလိုတဲ့ အသုံးအနှုန်း “ရိုဟင်ဂျာ” ဆိုတဲ့ ဝေါဟာရအတိုင်း ဘန်ကီမွန်း ဆီကို စာပို့ခဲ့တာလား၊ သို့မဟုတ် သူက ဘင်္ဂလီ ဆိုတဲ့ ဝေါဟာရကို ရေးသားပြီး- ဘန်ကီမွန်းက တစ်ဆင့် ကမ္ဘာ့ အသိုင်းအ၀ိုင်းကြားမှာ ဝေါဟာရ ပြောင်းပြီး ထပ်ဆင့် လိမ်ပေးတာလား ဆိုတာတော့- အဖြေရှာရမယ့် ကိစ္စပါ။ (ဒါလည်း မွတ်ဆလင်တွေ အတွက် လွယ်ကူလွန်းလှပါတယ်။) ဘန်ကီမွန်းကိုယ်တိုင် လိမ်ညာပေးရင်လည်း လိမ်ညာသူကိုယ်တိုင် ကမ္ဘာ့ အတိုင်းအတာနဲ့ အရှက်ကွဲရမှာပါ။

လူလိမ်လူညာ ပါးစပ်က ဘာပြောပြော- ကမ္ဘာ့လူကြီးတွေက မကောင်းတတ်လို့သာ လက်ခံနားထောင်ပြီး သံ တမန် စကားကို ပြောနေရပေမယ့်-၊ ကမ္ဘာ့ပြည်သူတွေက အပြောနဲ့ အလုပ် ဘယ်တော့မှ မညီညွတ်တဲ့ သမ္မတ ဆိုသူကို မယုံကြည်တော့ဘူး ဆိုတာတော့- သမ္မတ ဆိုသူကိုယ်တိုင် သိနေမှာပါ။ သမ္မတတစ်ဦး နေရာကို ယူ ထားပြီး ကမ္ဘာကို ဗြောင်လိမ်ချင်သေးတယ် ဆိုရင်လည်း--- မျက်ရည်မခန်းသ၍ လိမ်ပါ။ ဆက်လိမ်ပါ။ ဆက် တိုက်ဆက်တိုက် လိမ်လိုက်ပါ-၊ အဲ့ဒီ အတွက် ဘာနဲ့မှ ကာဆီးလို့ မရတဲ့ အစားပေးမှုများ အတွက်လည်း ပြင် ဆင်ထားပါလို့ အချိန်မှီတုံး သတိပေးလိုပါတယ်။

လူဆိုးလူယုတ်တွေကို ခုံရုံးတင်လိုက်မှ လူကောင်း လူသန့်တွေ အတွက် နေရာကွက်လပ်ရလာမယ်- ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ ခံယူချက်ကိုတော့- ဘယ်မျက်ရည်နဲ့မှ ကာဆီးလို့ မရနိုင်တော့ပါ။


ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့

Comment ရေးရန်

Pages 22123456 »
Rohingya Exodus