March 14, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရခိုင်ပြည်နယ်၊ မြေပုံမြို့ရှိ မူဆလင်ဒုက္ခသည်များ၏ ဆောင်းရာသီ ဒုက္ခကြုံတွေ့နေရ

RB News
18.11.2012

ရခိုင်ပြည်နယ်၊ မြေပုံမြို့တွင် လွန်ခဲ့သော အောက်တိုဘာလအတွင်းက ရခိုင်အကြမ်းဖက်သမားများ၏ အကြမ်း ဖက်သောင်းကျန်းကာ မူဆလင်အိမ်များအား စတင်မီးကွင်းပစ် မီးရှို့ကြသဖြင့် မူဆလင် များ  နေအိမ်များအားလုံး ပြာကျဖျက်ဆီးသွားခဲ့သည်။ ထိုအခါ မူဆလင် များ အား ရခိုင်အ ကြမ်းဖက် သမားများက ၀ိုင်းဝန်း ၀န်းရံ သတ်ဖြတ်နေခြင်းကြောင့် မူဆလင် များ က တောင်ပေါ်သို့ ထွက်ပြေး တိမ်းရှောင်သွားကြရသည်။ မူဆလင် များတောင်ပေါ် သို့ ရောက် သွားသော အခါ တောင်အောက်မှ ရခိုင်အ ကြမ်းဖက်သမားများက မီးသတ်ပိုက်ဖြင့် ဓါတ်ဆီဖြန်း ကာ တောင် တစ်ခုလုံး မီးရှို့ပြီး၊ တောင်ပေါ်တက် သွားသော မူဆလင်များအား မီးရှို့သတ်ဖြတ် ရန် ကြံ စည်ဆောင် ရွက်နေစဉ် စစ်တပ်ရောက် လာသဖြင့် ရခိုင်အကြမ်းဖက် သမားများ လူစုခွဲသွားပြီး မူဆ လင် များ အသက် ချမ်းသာ ရာရ သွားခဲ့သည်။ ၄င်းအကြမ်းဖက်သတ်ဖြတ်မှုကြီးတွင် မူဆလင်များဖက်မှ (၂၅) ယောက်သေ ဆုံးသွားခဲ့ သည်။ မူဆလင်များသည် တောင်ပေါ်တွင် အစာရေစာ ပြတ် လပ်ကာ ၄-၅ ရက် မျှနေ ခဲ့ရသည်။ ထို့နောက် တောင်ပေါ်မှ ဆင်းလာပြီး လယ်ကွင်းပြင်တွင် ဒုက္ခသည် စခန်းဖွင့်ကာ ယခု အချိန် ထိနေနေကြ သည်။ ၄င်းဒုက္ခသည်စခန်းတွင် မူဆလင်ဒုက္ခသည် (၃၈၈၄) ယောက်ရှိပြီး၊ ယခုဆောင်း ရာသီရောက်နေ သဖြင့် ရွက်ဖျင်တဲများလုံလောက်မှုမရှိခြင်း၊ လယ် ကွင်းပြင်ဖြစ်နေ သဖြင့် လေလုံ မိုးလုံ မဖြစ်ခြင်း ၊ ဆောင်းရာသီ၏ချမ်းအေးမှုဒဏ်ကို ကာကွယ်နိုင်သော ခြုံထည် အ၀တ် အစား စောင် များမရှိ၍ ချမ်းအေး မှုဒဏ်ကို အလွန်တရာခံစားနေရခြင်း၊ စားရေးအတွက် ဆန်၊ ဆီနှင့် ပဲများ လုံလောက် စွာရရှိနေသော် လည်း ဆား၊ ငရုတ်၊ ကြက်သွန်စသည့် အခြေခံစားကုန်များ လုံးဝမရှိခြင်း စသည့် ဒုက္ခများနှင့် ရင်ဆိုင်ရကာ အလွန်တရာဒုက္ခရောက်နေရပါသည်။ အထူးသဖြင့် ကလေးများနှင့် အသက်ကြီး လူကြီးများ ချမ်းအေးမှုဒဏ်ကို အံမတုနိုင်ဖြစ်နေရပါသည်။ ထို့အပြင် ၀မ်းရောဂါနှင့် အခြားရောဂါ များ လည်း ဖြစ်နေရကာ ဆေးဝါးများ လုံးဝ မရှိခြင်း၊ ဆေးဝါးကုသရန် ဆရာဝန် မရှိခြင်းကြောင့် အလွန် တရာ ဒုက္ခရောက်နေရပါသည်။ဒုက္ခသည်များသည် စားဝတ်နေရေးအတွက် စခန်း အပြင် ထွက်ပြီး သားငါး ရှာစားရန် ကြိုးပမ်းသော် လည်း ရခိုင် အကြမ်းဖက်သမားများက စခန်း အပြင် ဖက်တွင် အသင့်စောင့်ကာ သတ်ဖြတ်နေခြင်းကို ခံနေရ ပါသည်။ ၁၅၊ ၁၁၊ ၂၀၁၂ ရက်နေ့က ဒုက္ခ သည်စခန်းမှ လူ (၂) ဦးသားငါး ရှာရန် စခန်းအပြင်သို့ ထွက် လာရာ ရခိုင်အကြမ်း ဖက်သောင်း ကျန်းသူများက အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်လိုက်သည်။ ၄င်း သတ်ဖြတ်မှုကို မြေပုံ မြို့ရဲစခန်းအား တိုင်ကြားရာ ရဲစခန်းမှ စစ်ဆေးရန် ဟုဆို ကာ ဒုက္ခသည်စခန်းမှ မူဆလင် (၃)ဦးအား ခေါ်ဆောင် သွားရာ ၄င်းတို့အား စခန်းတာ ၀န်ခံက ``မင်းတို့ အလ္လာဟ် ဘာ လုပ်နိုင် လဲ´´ ဟုပြောဆိုခဲ့ကြောင်းသိရ ပါသည်။

မြေပုံမြို့၌အောက်တိုဘာအရေးအခင်းတွင် သေဆုံးသွားခဲ့သော မူဆလင်များ
ရခိုင်ပြည်နယ်တွင် ဇွန်လမှစတင်ပြီး ဖြစ်ပွားခဲ့သော အကြမ်းဖက်သတ်ဖြတ်မီးရှို့မှုသည် ယခု အချိန်ထိ ပြီးဆုံးသွားခြင်းမရှိသေးပဲ၊ တစ်အုံနွေးနွေးနှင့် ရှိနေဆဲဖြစ်သည်။ ရခိုင်အကြမ်း ဖက်သမားများနှင့် ဘုန်းကြီး ဆိုသူ များသည် ယနေ့အချိန်ထိ မူဆလင်ရွာများအားမီးရှို့ရန်နှင့် မူဆလင်များ အား သတ်ဖြတ်ရန်၊ သို့မဟုတ် မိမိ တို့၏နေရပ်များမှ မောင်းထုတ်ရန် ကြံစည်အား ထုတ်နေဆဲ ပင်ရှိနေသေး သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည်လည်း ရခိုင်ပြည်နယ်ရှိ မူဆလင်များ အားနိုင်ငံ တကာ လူ့ အခွင့် အရေး စံချိန်စံညွှန်းနှင့်အညီ ပြုလုပ်ပေး မည်ဟု ကမ္ဘာအား အသံကောင်း ဟစ်နေသော် လည်း ယခုအချိန်ထိ မည်သည့်အကာအကွယ်ကိုမျှ ပေးဆောင် နေခြင်းမရှိသေးပေ။ ယုတ် စွအ ဆုံး နေအိမ်မီး ရှို့ခံရပြီးလယ်ကွင်းပြင် ဟာလာဟင်းလင်းပြင်တွင် ရွက်ဖျင်တဲမျှ မရှိပဲ၊ ဆောင်းရာသီ၏ ကြမ်း တမ်းမှုဒဏ် ကို ခံနေရသော၊ အစာရေစာပြတ်လတ်ပြီး ဒုက္ခရောက်နေရသော လူသားများကိုပင် မည် သို့မျှမ ကူညီနိုင်သေးချေ။ ရခိုင်အကြမ်းဖက်သမားများနှင့် အလိုတူ အလိုပါ ပြည် နယ်အ စိုးရလူများက ကမ္ဘာ့ အကူအညီများကို မဆိုထားနှင့် ကူညီလိုသော ပြည်တွင်းမှ အကူအညီ များကိုပင် ဒုက္ခသည် များ ထံမရောက်နိုင်အောင် ဟန့်တားနှောင့်ယှက်နေကြသည်ကို ကမ္ဘာသိ ပင်ဖြစ်ပေ သည်။ သမ္မတကြီး ဦးသိန်း စိန်ကတော့ အသံကောင်းဟစ်နေဆဲ။

လယ်ပြင်မှာဆင်သွားသကဲ့သို့ ရှင်းရှင်းလင်းလင်းထင်ထင်ရှားရှားတွေ့မြင်နေရသော တရားခံများ (ရခိုင် အကြမ်းဖက်သမားများ၊ ၄င်းတို့ကို နောက်ကွယ်ကတစ်မျိုး၊ ရှေ့ပေါ်တင်တစ်ဖုံ စည်းရုံးလှုံ့ဆော် ကိုယ် တိုင်ပြစ်မှုကျူးလွန်နေသော RNDP ပါတီခေါင်းဆောင်များနှ င့်မြိုနယ် အလိုက် အောက်ခြေ စည်းရုံးရေး မှူးများ၊ ပါတီဝင်များ၊ ခေါင်းတုံးတုံး သင်္ကန်းခြုံပြီး ဘုန်းကြီးယောင်ဆောင် ထားသော အကြမ်း ဖက်သောင်း ကျန်းသူများ၊ ရခိုင်လွတ်မြောက်ရေးလက်နက်ကိုင်အကြမ်းဖက်သမားများ၊ ၄င်းတို့ကို မသိ ကျိုး ကျွံပြုပြီး နောက်ကွယ်မှ အား ပေးနေသော ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှသက်ဆိုင်ရာလူကြီးများ)ကို ဖမ်း ဆီးခြင်း မရှိပဲ၊ အပြစ်မဲ့ မူဆလင်များ ကိုသာ အပြစ်ဖို့ဖမ်းဆီးထောင်ချနေခြင်းသည် သမ္မတ ကြီးပြောသော နိုင်ငံတကာစံချိန်စံညွှန်းဟု မှတ်ယူရမ လိုဖြစ်နေပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus