နောက်ဆုံးသတင်း/ဆောင်းပါးများ

မိုဘိုင်းဖုန်း ကိုင်ဆောင်သူ များထံမှ အာဏာပိုင်များ၏ တပည့်ဆိုသူက လစဉ်ငွေ ကောက်ခံလျက်ရှိ




RB News
1.5.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် မြောက်ပိုင်း၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ ရေတွင်းပြင် ကျေးရွာရှိ မိုဘိုင်းဖုန်း သုံးစွဲသူများထံမှ အာဏာပိုင်များ၏ တပည့်ဆိုသူက လစဉ်ငွေ ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောခရိုင် မြောက်ပိုင်း၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ရေတွင်းပြင် ကျေးရွာ အုပ်စုနေ ဦးဟူဆောင်အာမတ် (ခ) ကျော်ဟိန်း (ဘ) ဦးဆွေတာဘောရ်သည် ဇီးပင်ချောင်း အခြေစိုက် နယ်ခြား စောင့်တပ် စခန်းမှူး၏ အမည်ကို သုံး၍၊ ၎င်းကို ကိုယ်စားလှယ် ခန့်ထားသည်ဟု ဆိုကာ ဒေသခံ ရွာသားများထံ လစဉ် ဆက်ကြေး သဖွယ် ငွေညှစ်လျက် ရှိသည်။ ငါးဖမ်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသည့် တံငါသည်များ ထံမှလည်း လစဉ်ကြေး အဖြစ် ကောက်ခံလျက် ရှိသည်။

ထို့အပြင် အောက်ဖော်ပြပါ ပုဂ္ဂိုလ် (၈) ဦးထံမှ မိုဘိုင်းဖုန်း သုံးစွဲနေသည်ဟု ဆို၍ ငွေကျပ် တစ်သိန်းစီနှင့် ဘင်္ဂလားငွေ ၃၀၀ စီညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ငွေကျပ် တစ်သိန်းစီနှင့် ဘင်္ဂလားငွေ ၃၀၀ စီပေးခဲ့ရသူ (၈) ဦးမှာ --

(၁) ဦးဆော်လိမ် (ဘ) ဦးနူရူ (အသက် ၃၀ နှစ်)
(၂) ဦးဘော်ဒီယာ (ဘ) ဦးဒီလူး (အသက် ၃၅ နှစ်)
(၃) ဦးဘော်ဒီယာ (ဘ) ဦးအီဗရာဟိမ်း (အသက် ၄၅ နှစ်)
(၄) ဦးရှူနာမျာ (ဘ) ဦးဇောရ်အာမတ် (အသက် ၅၀ နှစ်)
(၅) ဦးရှောမ်ရှူအာလမ် (ဘ) ဦးဆွေဒုလ္လာ (အသက် ၃၂ နှစ်)
(၆) ဦးရော်ရှီဒုလ္လာ (ဘ) ဦးဆီဒိတ်အာမတ် (အသက် ၃၂ နှစ်)
(၇) ဦးရော်ဖိတ် (ဘ) ဦးကာလူ
(၈) ဦးရော်ဖိတ် (ဘ) ဦးဂူရာပူတီယာ -- တို့ဖြစ်သည်။

ဦးကျော်ဟိန်း ဆိုသူသည် ဒေသခံ ဆင်းရဲသားများကို အမြဲတစေ ဒုက္ခပေးလျက် ရှိသည့် ရာဇ၀င် လူရိုင်း တစ်ဦး ဖြစ်ပြီး၊ ဌာနဆိုင်ရာ များ၏ အမာခံ လူအဖြစ် ထားရှိသည့် အတွက် မည်သူ့ကိုမှ ဂရုစိုက်ရန် မလိုဟု အမြဲ ကြုံးဝါးလေ့ ရှိကြောင်း ဒေသခံ များက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus