နောက်ဆုံးသတင်း/ဆောင်းပါးများ

သက်ဆိုင်ရာ ၀န်ကြီးများ၏ လွှတ်တော် အတွင်း မေးခွန်းများ ရှင်းလင်း ဖြေကြားချက် အပေါ် သုံးသပ်ချက် (အပိုင်း ၃)


အဘူအာနင်
RB News
15.10.2012

“ရခိုင်ပြည်နယ်မှ မူဆလင်များ အရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ ၀န်ကြီး များ၏ လွှတ်တော် အတွင်း မေးခွန်းများ ရှင်းလင်း ဖြေကြားချက် အပေါ် သုံးသပ်ချက်”

အပိုင်း (၃) 

“A critical Analysis of the Answers replied by relevant ministers to questions, raised by Hluttaw members, concerning the affairs of Muslims in Arakan State”

၁၆။ ဆယ်ရာစု မတိုင်မီ ရခိုင်ပြည်ကို ပြည်တွင်းပြည်ပ သမိုင်း ဆရာအားလုံး ကအိန္ဒိယ လူမျိုး များ ထောင် စုနှင့် ချီ ၍ အုပ်ချုပ်သောဒေသ အိန္ဒိယလူမျိုးအခြေစိုက်သော ဒေသ အိန္ဒိယစာပေ ယဉ်ကျေး မှု ထွန်း ကားသောဒေ သဟုဆိုထားသည်။ရခိုင်ပြည်ရှေးဟောင်းကျောက်စာ အထောက်အထားအရ လည်းကောင်း၊ ပညာရှင် များ၏နောက်ဆုံး သုတေသန အရ လည်းကောင်း၊ ရခိုင်ပြည်နယ် ၏ရှေးဟောင်း အမည် များ မှာ ရက္ခပူရ၊ အရက္ခဒေရှ့်ဟုရှိခဲ့သည်။ ဓည၀တီ၊ဝေသာလီမြို့ပြနိုင်ငံ အမည်များ လည်းရှိခဲ့ သည်။ ၄င်းတို့ သည်သမိုင်း အထောက်အထားအရ  ရှေးဟောင်းကျောက်စာများအရ အိန္ဒိယ လူမျိုးများ ၏မြို့ပြနိုင်ငံ များ ဖြစ်ကြောင်း သိရသည်။နောက် ပိုင်းတွင် ရဟာမီ၊ ရက္ခမ်း၊ ရက္ခန်း၊ရာကာန်၊ အရ်ခေါန်း၊ ရိုရှန်း၊ ရိုဟန်း စသည့် အခေါ်အဝေါ် များလည်း ခေတ်အလိုက် လူမျိုးအလိုက် (အသံထွက် ကွဲလွဲမှု များဖြင့်)ခေါ်ဝေါ် မှုရှိခဲ့ သည်။ အင်္ဂလိပ် လူမျိုးများကအာရ်ကာန်ဟု ခေါ်သည်။ ရခိုင်ပြည်ကို အင်္ဂလိပ် သိမ်းယူသော အခါ ထိုနာမည် ပို၍ထင်ရှားပေါ်လွင် လာ သည်။ မြန်မာတို့က ရခိုင်ဟုခေါ် သည်။ (Dr.Pamela  Gutman, Ancient Arakan) အထက် နာမည် အားလုံးသည်မြန် မာမှုမဟုတ် ကုလား မှုဖြစ်ကြောင်းတွေ့ရ မည်။မြစ် များ နာမည်လည်း ကစ္ဆပနဒီ၊ ဣဉ္စနာနဒီ၊ မာလာယုနဒီ၊ ရှိရိမာ ဘူနဒီ၊ နာ.ဖ်နဒီ စသည်ဖြင့် ကုလား အခေါ် အဝေါ် များဖြစ်ခဲ့သည်။ ဆယ်ရာစုနှစ် မတိုင်ခင်က မဟာမု နိကျောက် စာ အာနန္ဒစဒြာကျောက် တိုင်ပါ စာနှင့်အခြားစာပေ အရေးအသားအားလုံး ရှေးဟောင်းကျောက် စာအားလုံးသည် ကုလားစာဖြစ် ပြီးကျောက်  စာပါဘုရင် အဆက် ဆက်နှင့်ပြည် သူ များအ မည်သည် လည်းကုလားနာမည် များ ဖြစ်နေ သည်။ကျောက် စာပါစကားများသည် ယနေ့ရခိုင်ပြည် နယ် ကုလား များ၏ စကား နှင့်တူသည်။ တခြားမည် သည့်လူမျိုးစကားနှင့် မှမတူ ညီပါ။ ဒေါက်တာပါမီလာက ဘူး သီးတောင်မြို့ဆိုင်းတင်နားရှိ ဒူးဒန်း ရွာသားများ သည်ကျောက် စာပါ စကားများ ပြောဆို ကြောင်း ဥပမာပေးထားသည်။ (Dr.Pamela Gutman, Ancient Arakan 1976 ရှု) ရှေးခေတ်က ထိုးခဲ့သော ရုပ်ထုအများအပြားသည် ကုလား ရုပ်နှင့် ဆင်တူသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်သည် သမိုင်းကြောင်း အရကုလားနှင့် ဆက် စပ်နေသည်။ ဘင်္ဂလား တခုလုံး မူဆလင်ဖြစ် လာခဲ့၍နီးစပ်သော ရခိုင်ဒေ သသည်လည်း မူဆလင်ဖြစ် လာခြင်းဖြစ် သည်။ ထိုခေတ်က မြန်မာနှင့်ဆက်သွယ်မှုမရှိခဲ့ပါ။ အရှေ့ဘက်တွင် ပျူ၊ မွန်တို့၏ နိုင်ငံများ သာရှိခဲ့ သည်။ ဒေါက်တာ ပါမလာကပင် ယနေ့ ရခိုင်များသည် ဆယ်ရာ စုနှစ်လောက်မှစ၍ ရခိုင်ပြည်နယ် သို့ချဉ်း နင်းဝင်လာပြီး အုပ်ချုပ် သူများဖြစ် ပါကြောင်း ဝေဿ လီနိုင်ငံပြိုပျက်ပြီး ရခိုင်တို့၏ အာ ဏာပြန့် သွားကြောင်း ရခိုင်သည် ရှေ့ပြေးဗမာ တပ် စုဖြစ်ကြောင်း ဗမာမျိုးနွယ် ကွဲဖြစ်ကြောင်း ရှင်းထားသည်။ မူဆလင်ယဉ်ကျေး မှုလက်ရာများ ၊ရှေးဟောင်း အမွေအနှစ်များ၊ ရခိုင်ပြည်နယ် အနှံ့အပြားမှာတွေ့ရ သည်။ တချို့ကို ရခိုင်ပြည်နယ်ပြ တိုက်မှာတွေ့ရသည်။ စစ်တွေမြို့ ဘဒရ်မူကာန်ဗလီ ဟုခေါ် သည်။ မြောက်ဦး ရှိစင်ဒီခါန်ဗလီများကို အင်္ဂလိပ် ပြုစုသော ဗမာဂေးဖီးတီး ယားစစ်တွေ ခရိုင် တွင်ရှေးဟောင်း မူဆလင် ယဉ်ကျေးမှု အဆောက် အဦးများ အဖြစ် ပြထားသည်။ ကုသိုလ် ကံမကောင်း ၍ ဗဒရမ ကာန်သည် ဗုဒ္ဓဘာသာ ဘုရား တန်းဆောင်ဖြစ် သွားပြီး စင်ဒီခါန်ဗလီသည် ယနေ့ဖြို ဖျက်ခြင်း ခံရသည်။ ထိုနေရာမှ တပ်မတော် တပ်ရင်း မှာ နေရာ ယူထားကြောင်းသိရသည်။

နောက်ဆုံးရှာဖွေတွေ့ရှိချက်အရဗြိတိသျှ သိမ်းပြီး ရခိုင်ပြည်နယ်ကို နယ်ပယ် (Division ) ၅၅ ခုခွဲ၍ ကျွန်းအုပ်အမည်ဖြင့် အုပ်ချုပ်သူများခန့်ခဲ့ရာယခင်ရခိုင်မြန်မာခေတ် ကအုပ်ချုပ်ရေး အတွေ့အကြုံရှိ သူများ ကိုဦးစားပေးခန့်အပ်ခဲ့သည်။ ၅၅ ဦးတွင် မူဆလင် (ရိုဟင်ဂျာ) ၁၁ ဦး ပါဝင်ခဲ့သည်။ ၄င်းတို့မှာ ၁။ ရှိခ့် ဇာနု ၂။ လာလ်မူဟာမဒ် ၃။ အာလီ မူဟာမဒ် ၄။ အိဗြာဟိမ် ၅။ ရှိခ့် ရှူဂျာအာခ်ရောင် ၆။ အာမိရ်အာလီ ၇။မူဟာမတ်ဟာနိဖ် (ခ)ဗိုလ်ငဖြူး ၈။ ဟာဆောင်းအာလီ ၉။Shawayoo (ခ)အုမောရ်ခတ္တာဘ် ၁၀။ဗိရ်အာလီ (ခ)မောင်လှ ၁၁။ ရှူဂျာအာခ်ရောင် တို့ဖြစ်ကြသည်။ (ရခိုင်အုပ်ချုပ်ရေးမှုး Charles Paton ၏ ၁၈၂၆ ခု နှစ်အစီရင်ခံစာ၊ စာ -၂၇ )

နောင် ၁၈၃၀ ကျော်နှစ်များတွင် မင်းသားကြီးရွှေပန်း၊ ဒေး ၀န်ကြီးအောင်ကျော်ရီ၊ အောင်ကျော်ဇံ စသည့် တို့နှင့် အတူ အင်္ဂလိပ်ကို တော်လှန်ပုန်ကန်ရာတွင် မောင်ကံငယ် (ခ)ဇာနု ဆိုသူ မူဆလင်ခေါင်းဆောင် တဦး လည်း ဦးဆောင် ပါဝင် ခဲ့ကြောင်းတွေ့ရသည်။ (Dr J. Leider, Arakan around 1830, Arakan research Journal ,coxbazar, B.D, 2004)

အထက်ပါ တို့သည်ယနေ့ ရခိုင်မှာ ရှိသော ကုလားများ (မူဆလင်များ) သည် တိုင်းရင်းဖြစ် Indigenous ဖြစ်ကြောင်း အဓိက ကျသော အကြောင်း အချက်ဖြစ် ပါသည်။ သမိုင်းရေး ခြင်းမဟုတ် သဖြင့် အကျဉ်း ချုပ် core points,nueclei များကို ဖော်ပြခြင်း သာဖြစ်ပါသည်။ ရခိုင်ကို အိန္ဒိယ ဘင်္ဂလားမှ (ရိုဝန်း)၊ ရိုဟန်း ဟုခေါ်သည်။ (ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်း 12-2-2012 နေ့ရက် ထုတ်စာတမ်းမှာ ပါသည်။) ထိုသူများကို ရခိုင် ဘုရင်များခေတ်တွင် ရိုဟင်ဂျာ (ရိုဝမ်ဂျာ) ဟု ခေါ်ဆို ခဲ့ကြောင်း များကို 17-18  ရာစု သမိုင်း မှတ်တမ်း များမှာတွေ့ရသည်။ ယင်းတို့မှာ (Asiatick researches vol-v,1801, London.The classical Journal vol-IV,1811,Londan. Linguarum totius orbis index,1815,Berlin တို့ဖြစ်ကြသည်။)

ထို ရိုဟင်ဂျာများသည် အင်္ဂလိပ်ခေတ် မှာလည်း နိုင်ငံခြားသားမဟုတ်၊ ရခိုင်မူဆလင်၊ မြန်မာမူဆလင် နာမည် များဖြင့် မှတ်တမ်းရှိခဲ့သည်။ နိုင်ငံခြားမှ ၀င်လာသော မူဆလင်နှင့် မတူဟုဆိုလိုခြင်းဖြစ်သည်။ (ဒိုင် ယာခီခေတ်၊ ၉၁ဌာနခေတ်များမှာ) ဦးဂိုနီမာရကန်၊ ဦးအီးအက်စ် တာဗီမာရကန်တို့ကထိုခေတ် တိုင်း ရင်း သား ကိုယ်စားပြုလွှတ်တော်အမတ်များဖြစ်ခဲ့ သည်။ ၁၉၄၇ခု၊ ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြု ပြည်ပြု လွှတ်တော်မှာလည်း ဤမူဆလင်များ၏ ကိုယ်စားလှယ် များပါဝင်ခဲ့ပါသည်။ စစ်တွေ အနောက် မှ ဦးဖိုး ခိုင်၊ မောင်းတောမှ ဦးဆုလ်တန်အမဒ်၊ ဘူးသီးတောင်မှဦးအဒုဂဖ္ဖါရ်တို့ ဖြစ်ခဲ့သည်။ ဦးဆုလ် တန်အမဒ်နှင့် ဦးအဒုဂဖ္ဖါရ်တို့ သည် ၁၉၄၇ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး  ကော်မတီ(၃၅)ဦးတွင် ပါဝင်ခဲ့ သည်။ (ဦးဖေခင်၏ ကိုယ်တွေ့ပင်လုံရှု) (ဦးကျော်ဝင်း+၃ မြန် မာနိုင်ငံ သမိုင်း၊ ၁၉၅၈-၆၂ III တွဲ ၁၉၉၀ခု၊ သမိုင်းဖြစ်ရပ်အမှန်ဖော်ထုတ်ရေးအဖွဲ့မှ တည်ဖြတ်ထုတ်ဝေသည်ကိုရှု)

ဖဆပလခေတ်မှာ လည်း ပါလီမန်အမတ်များ၊ အတွင်းဝန်များ အပြင်ဝန်ကြီးများ ပင်ရှိခဲ့သည်။ မဆလခေတ် ၌ကောင်စီ အဆင့်ဆင့် မှရွေးချယ် ခံခွင့် ရရှိကြောင်းတွေ့ ရသည်။ လွှတ်တော် ကိုယ်စားလှယ်များ အဖြစ် ၁၉၇၄ခု တွင် မောင်းတောမှ ဒေါက်တာ အဒူရော်ဟိမ်း၊ ဘူးသီးတောင်မှ ဦးအဘုလ် ဟူစိန်တို့ ပါဝင်ခဲ့ပြီး ၁၉၇၈ခု တွင်မောင်းတောမှ ဦးအဒူလ်ဟိုက်(ခ)ဦးထွန်းအောင်ကျော် ပါဝင်ခဲ့သည်။ ပထစ အစိုးရ ကျန်း မာရေး ၀န်ကြီးမှာ ဦးဆုလ်တာန်မာမူဒ်၊ ဘူးသီးတောင်မြို့နယ်မှ အမတ်မင်းဖြစ်ခဲ့ သည်။ ၁၉၉၀ရွေးကောက် ပွဲမှာ ဦးချစ်လွင်၊ ဦးဖော်ဇော်အမတ်၊ ဦးကျော်မင်း၊ ဦးတင်မောင်၊ ဦးရွှေယက် တို့မှာ ထိုဒေ သက မူဆလင် အမတ် များဖြစ်ခဲ့ သည်။ဤရခိုင်မှ မူဆလင် များအထဲမှ စစ်ဖက်နယ်ဖက် ၀န်ထမ်း များရှိခဲ့ သည်။ ယခု လည်း ရှိနေ ဆဲဖြစ်သည်။ ပင်စင်စား များကလည်း အမြောက် အများရှိပါ သည်။ မြန်မာ ပါစပို့ ကိုင်ပြီး နိုင် ငံခြားမက္ကာသို့ ဟဂ်ျသွားခဲ့ သူက လည်း ခေတ် အဆက်ဆက် မှာရှိခဲ့ သည်။ နိုင် ငံရေးနယ် ပယ်မှာလည်း သံတွဲမှဦးဘစိန်၊စစ်တွေမှဦးယာစိန်၊ မလ်ဝီအဒူရော်မန်၊ ဦးဘိုးခိုင်း၊ ဦးဆုတ် တန်မာမူဒ် တို့နှင့် မောင်းတော ဘူး သီးတောင် နယ်မှလူမြောက် များစွာဗြိတိ သျှ ဆန့် ကျင်ရေး၊ ဖက်ဆစ် ဆန့်ကျင်ရေး တို့တွင် ပါဝင်ခဲ့ သည်။ စစ်တွေမြို့ အမျိုးသားကျောင်း တွင် ကျောင်း အုပ် ဆရာကြီး မှာဦးအောင် ထွန်း ဦးပြီး နောက် ဦးဇိုင်နုဒ္ဒိန်ဖြစ်ခဲ့သည်။

ဖက်ဆစ်ဆန့်ကျင်ရေးအတွက်၁၉၄၃ခုနှစ်တွင်ဘူးသီးတောင်မောင်းတောနယ်မှာနယ်ခံ များဖြင့် ဖွဲ့စည်း ထားသော Victory Forceက ဗြိတိသျှပုံမှန်စစ်သားများထက် ထူးချွန်ပြောင် မြောက်စွာ တိုက်ပွဲ ၀င်ပေး ခဲ့ကြောင်း ဗြိတိသျှမှတ်တမ်းများမှာတွေ့ရသည်။ (Major Anthony Irwin, Burmese outpost. Field marshal William slim, Defeat into Victory ရှုပါ)

ရခိုင်ပြည်နယ်လုံးဆိုင်ရာ တိုင်းရင်းသား အစည်းအရုံးဟူ၍ ကိုလိုနီခေတ်နှောင်းဖွဲ့ စည်း တည် ထောင် ခဲ့သည်။ ၄င်းတွင် ဦးဆူလ်တာမန်မူဒ်၊ ဦးယာစိန်၊ ဦးဖိုးခိုင် တို့အဖွဲ့ဝင်ဖြစ် ခဲ့ သည်။ ယနေ့ပြောဆိုနေသော အနေအ ထားမှာ ရခိုင်ပြည်နယ်တွင် မူဆလင်၏ အခန်း ကဏ္ဍဘာ တစ်ခုမှ မရှိပါ။ အားလုံးရေးမျှော ကမ်းပါဖြစ်နေသည်။ ကုလားပြည်ပြန်ရမည်ဟု အော်နေသည်။

ဤသံသယ ဆိုသူများကိုလယ်မြေဥစ္စာပစ္စည်း၊စက်ရုံ၊ ဆိုင်ခန်းဈေးခန်းများ ပိုင်ဆိုင်ခွင့်ပြုခဲ့ သည်။ နိုင်ငံခြား သား တက်ရောက်ခွင့်မရှိသော အသက်မွေးဝမ်းကျောင်းမှာ ပညာသင်ခွင့် ရရှိ၍ဘွဲ့ရသူများ လည်း မြောက် များစွာရှိသည်။

၁၉၅၀ ခုနှစ်ကျော် များတွင် ယနေ့ သံသယဆိုသူများကို အိမ်တိုင် ရာရောက် ကွင်းဆင်း၍ မှတ်ပုံတင် ကဒ်များ ထုတ်ပေး ခဲ့သည် ။မောင်းတော မြို့သည် မြန်မာပြည်တွင် အမျိုးသား မှတ်ပုံတင်ကဒ် ပထမ ဦး ဆုံး ထုတ်ပေး ခဲ့သောမြို့နယ်ဖြစ်ခဲ့သည်။ သူတို့ရွာများတွင် အစိုး ရကျောင်းများ၊ ဆေးပေးခန်းများ၊ စာ တိုက်ခွဲများ ဖွင့်လှစ်ပေး ခဲ့သည်။သူတို့ကနှစ်စဉ်မြေခွန်ဆောင်သူ များလည်းဖြစ် ပါသည်။ပြည်ထောင် စုနေ့ဗဟို အခန်းအနားသို့ တိုင်းရင်းသား ကိုယ်စားလှယ် အဖြစ် နိုင်ငံတော် ဧည့်သည်များ လည်းဖြစ် ခဲ့သည်။ သူတို့ကို တက္ကသိုလ်များတွင်  ကျာင်း သား /သူ အသင်းများကဲ့သို့ ရိုဟင်ဂျာကျောင်းသားများ အ သင်း ဟု မှတ်ပုံတင် ခွင့်ပြုခဲ့ သည်။ မြန်မာအသံမှာ တိုင်းရင်းသားဘာသာစကားအစီအစဉ်ဟုရှိခဲ့သည်။ ၄င်းမှာ ပအိုဝ်၊ လားဟူ၊ ရိုဟင်ဂျာ ဘာသာ စကားသုံးမျိုးကို တပါတ်လျှင်သုံးရက် ဆယ်မိ နစ်စီ မြန်မာ့ အသံမှ အသံလွှင့်ခွင့် ရရှိခဲ့ပါသည်။ ဤအစီအစဉ် ၁၉၆၁ခုနှစ်မှ ၁၉၆၅ခုနှစ် အထိရှိခဲ့သည်။ (မြန်မာ့အ သံရွှေရတုသဘင် စာစောင်ရှုပါ)

အထက်ပါ အခွင့်အရေး အသီးသီး ရရှိခဲ့ခြင်းမှာ မြန်မာနိုင်ငံသား များဖြစ်သောကြောင့် ဖြစ်ပါသည်။ ထိုစဉ်က သံသယကို ခွဲခြားမရထိုဘင်္ဂလားရောထွေမှု မရှိခဲ့ပါ။ ယနေ့ ထိုစကား များ၏ နောက်ကွယ်တွင် ကြံစည်မှုတစခု၊ ရည်ရွယ် ချက်တစ်ခု၊ Ultra Motive တခုရှိနေသည်ဟု သုံးသပ်ရသည်။ မမှန်မကန်၊ မမျှ တသော ရည်ရွယ် ချက်ဖြစ်မည်။ လူမျိုးရေးကိုအခြေခံပြီး စတင် သန္ဓေတည်ခဲ့သော ရည်ရွယ် ချက်ရှိသော စီမံချက်ဖြစ်သည်။ အာဏာရှင်စနစ်၏ အဖြစ်သနစ် Phenomenon ဖြစ်ပါသည်။အေးချမ်းစွာ ရာ စုနှစ်ပေါင်း များစွာ ဘ တည်ဆောက်လာသူများ မြန်မာနိုင်ငံကို မိမိပင်ရင်းနိုင်ငံအဖြစ် သိထား ခံယူထား သူများကို သံသယ ဆိုသော ထိုးနှက် ချက်တွင် ဘ၀တစ်လုံး ဖြိုခွဲခြင်းဖြစ်ပါသည်

ယနေ့ဒီမိုကရေစီ အစိုးရ ပြည်သူ့အစိုးရက အထက် မမှန်မကန်သော စီမံဆောင်ရွက်ချက်ကို ဆက်လက် အကောင် အထည်ဖော်ရန် မသင့်တော်ဟု ယူဆပါသည်။ ယထာတူတကျကျပြန်လည်သုံးသပ်သင့်ပါသည်။ ခိုးဝင်လာသူဆိုလျှင် မြန်မာအသံအစီအစဉ်မှာ မည်သို့ဝင်နိုင်သနည်း။ ယနေ့နိုင်ငံ ရေး ခေါင်းဆောင် တစ်ယောက်က ၀န်ကြီးချုပ်ဦးနုက တယောက်တည်းသဘောနှင့် ရိုဟင်ဂျာ သတ်မှတ်သွားခြင်း ဟု မေး မြန်း ခန်း တစ်ခုမှာ ရှင်းထားကြောင်း တွေ့ရသည်။ ဤမျှသော ကိစ္စကို ၀န်ကြီးအဖွဲ့ဆုံးဖြတ် ချက်မ ပါ ဘဲနဲ့  ပြုလုပ်နိုင် ရန် မရှိပါ။ ထိုစဉ်က အစိုးရမှာ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သူ မျိုးချစ်များ ပါဝင်ခဲ့သည်။ ကာ ကွယ်ရေးဌာနမှ ထုတ်ဝေခဲ့သော ခေတ်ရေးစာ ဆောင် မှာရိုဟင်ဂျာ အကြောင်း လှိုင် လှိုင်ရေး သားဖေါ် ထုတ်ခဲ့ခြင်းလဲဝန်ကြီးချုပ်တစ်ဦးတည်း သဘောဟု ဆိုမည်လား။

ယခုဖြစ်ပျက်နေသည်မှာ အထက်ပါတင်ပြချက်များနှင့်အညီ ကျပ်ပြည့်တင်းပြည့်ရေမရော၊ ဆီမရောနိုင်ငံ သားဖြစ်နေသူများကို လွှတ်တော်အစည်းအဝေးမှာ ၀န်ကြီးများက နိုင်ငံခြား သားဟု ပြောနေ သည်။ ခိုင်မာသော အထောက် အထားဖြင့် နိုင်ငံ သားပြုခွင့်လျှောက် ထားရမည်ဟု လမ်းညွှန် သည်(စာ-၁၁)ရှု။ ၄င်းတို့ ကို မှန်ကန်သည်ဟု ယူရမလား။လူမျိုးတစ်မျိုးကို တိုင်းပြည် တစ်ခုလုံး အထင်မှား အမြင် မှားဖြစ်စေသော ကိစ္စမျိုးဖြစ်နိုင်ပါသည်။

ယခုရှိနေသော မူဆလင်များ၏ ဘိုးဘွား၊ မိဘများ၊ နိုင်ငံခြားသားမဟုတ်ပဲနဲ့၊ နိုင်ငံခြားသားဖြစ်ကြောင်း ခိုင်မာသော အထောက်အထား ဘယ်မှာရမည်နည်း။ မူဆလင်ဆိုလျှင် နိုင်ငံခြားသားဟု အစိုးရက သတ် မှတ်လျှင်၊ သူတို့သည် မူဆလင်ဖြစ်နေသည်။ ၄င်းပင်လျှင် နိုင်ငံခြားသားဖြစ်ကြောင်း အထောက် အထား ဟုဆိုရပေမည်။ နိုင်ငံသားတစ်ဦးစီ၏ သိက္ခာပိုင်းနှင့် ဆိုင်သည်ကို လည်းစဉ်းစား သင့်သည်။ ရခိုင်ပြည်နယ် သည်နိုင်ငံခြားသားဝင်ထွက်ရောနှော၍လုံးဝမ   ဖြစ်သောနေရာဖြစ်သည်။ အဖြူရောင် နယ်မြေဖြစ် သည်။ တရား ဥပဒေစိုးမိုးသောနေရာဖြစ်သည်။ ရခိုင်ဘက်လုံခြုံရေး၊ လ၀က စသည့်ဝန်ထမ်း များ တွင် ကုလား လူမျိုးသည် တစ်ယောက်မျှ မရှိပါ။

အမှန်စင်စစ် ဘင်္ဂလာဒေရှ့်နယ်စပ်သည် မြန်မာအရှေ့ဖက်မြန်မာနယ်စပ်နှင့်မတူ၊ နယ်စပ် တလျှောက် န.စ.က စခန်း ၂၆ ခု ၀န်ထမ်းအင်အား ၃၀၀ စီဖြင့် နေရာချ ထားသည်။ နောက်ပိုင်း တွင် နယ်စပ် တခုလုံးကို သံဆူးကြိုးဖြင့် ကာရံထားပြီးဖြစ်သည်။ ဘင်္ဂလာဒေရှ့်နယ်စပ် မောင်း တော၊ ဘူးသီးတောင် တို့တွင် ဘင်္ဂ လား ကုလားများကို ထိုးဖောက်ဝင်ရောက်ရောထွေး သဖြင့် စိစစ်ရေးကတ် မထုတ်ပေးနိုင် ဆိုလျှင် ရခိုင်ပြည်အတွင်းဖက်က မူဆလင်များ ကိုကော အဘယ် ကြောင့် နိုင်ငံသား စိစစ်ရေးကတ်မ ထုတ်ပေး ရသနည်း။ ထိုဒေသများသို့ မည်သည့်ကုလား၊ မည်သည့် မူဆလင်မျှ သွားရောက် ခွင့်မရှိ သည်မှာ နှစ်ပေါင်းနှစ် ဆယ်ကျော်ပြီ။ သူတို့ကိုလည်း ရောထွေးနေသည်၊ ခွဲခြား မရဟုဆို ပါ့မ လား။ ရောထွေးနေ ခဲ့သော် ဖေါ် ထုတ်အရေး ယူနိုင်သည် မဟုတ် လား။  အဖြေမှန် ထုတ်ရန်လိုပါသည်။

ရိုးသား ပွင့်လင်းစွာ သုံးသပ်သင့်သော အဆင့်ရောက်နေ ပါသည်။ မသိယောင်ဆောင်နေရန် မ သင့်တော် ပါ။ အဂတိတရားဖြင့် မတော်တရားပြုမှု၊ နှိပ်ကွပ်မှု၊ ခွဲခြားဆက်ဆံမှု၊ အခွင့်အရေး ပိတ်ပင်မှု များရှိကြောင်း ထင်ရှားနေပါသည်။ ခွဲမရသည့်သံသယဆိုသည်တို့လည်း အဂတိတရား၏ ကွင်းဆက် များ ဖြစ်နေသည်မှာ ထင်ရှားနေပါသည်။ ယင်းသို့ အထက်ချုပ်ချယ် ကန့်သတ်ထား မှုများသည် ၀န်ကြီး များ ၏ လွှတ်တော် တွင် ဖြေကြားရှင်းလင်းရာတွင် ပို၍ပေါ်တင်ထင်ရှား နေပါသည်။ရခိုင်ပြည်ရှိ တိုင်းရင်း သားဆို သူလူမျိုးစု အားလုံး၏ မျိုးနွယ်စု များအများဆုံးနေထိုင် သည်မှာ ဘင်္ဂ လားဒေ့ရှ် ဖြစ် သည်။ ထိုသူတို့ အားမည်သို့ ခွဲခြား နိုင်ပါသနည်း။

၎င်းတို့သာမန်ပြည်သူ များကမြင်လျှင် ယနေ့တိုင်းပြည်ကို ဦးဆောင်နေသော ပုဂ္ဂိုလ်များပို၍ မြင်မည်မှာ အငြင်းပွားစရာ မရှိပါ။ ပြည်သူ့ အစိုးရ သည် ပြည်သူများအပေါ် ခွဲခြား ဆက်ဆံခြင်းမျိုး မရှိသင့်ပေ။ အစိုး ရ ၏ မေတ္တာစေ တနာသည် နိုင်ငံတ၀ှမ်းနေရာ မရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ တပြေးညီလွှမ်းခြုံ၍ သက်ရောက်စေ သင့် သည်။ ၄င်းသည် အမှန်ကန်ဆုံးအမျိုးသား ရေးဝါဒ ဖြစ်ပါသည်။

ရခိုင်ကုလား ထွက်ပြေးခြင်းနှင့် ဘင်္ဂလားကုလားခိုးဝင်ခြင်း

လက်ရှိ ကမ္ဘာတွင် သီးခြား လွတ်လပ်သောနိုင်ငံများပေါ်ထွက် လာရာ ပထ၀ီနယ် မြေကို လွယ် လွယ်  နှင့် ဖြတ် ကူး၍ မရပါ။ နိုင်ငံ တိုင်း တွင် လ၀ကဥပဒေနှင့် နယ်စပ်စောင့်ရှောက်ရေး အစီအမံ များပါ ရှိပါ သည်။ ရှေးခေတ်ကဲ့သို့ သွားလိုရာသွား၍မရပါ။ နယ်စပ်တဘက်တွင် မိမိနှင့် လူမျိုးတူ များက စောင့်ရှောက် ကြီးကြပ် တာဝန်ယူနေလျှင် လွယ်ကူကောင်းလွယ်ကူမည်။ လူမျိုး မတူသူများ အာဏာ ပိုင် ဖြစ်လျှင် နယ်စပ်ကူးဖြတ်ရန်မလွယ်။ မြန်မာဘက်မှ အုပ်ချုပ်သူများ၊ လ၀က၀န်ထမ်းများသည် ရခိုင်၊ မြန်မာ များဖြစ်၍ လူမျိုးခြား၊ ဘင်္ဂါလီများ တရားမ၀င်ထိုးဖောက်ဝင် မလာရဲပါ။ လွတ်လပ်ရေး ရသည် ကစ၍ ဘင်္ဂါလီများ မြန်မာပြည်သို့ခိုးဝင်သည်မရှိပါ။ လက်ရှိဥပမာ ကြည့်လျှင် ၂၀၀၅ခုမှ ၂၀၁၁ ခုနှစ်အတွင်း တဖက်နိုင်ငံမှ နယ်စပ်ကျော်ဝင်လာ၍ ဖမ်းဆီးအရေး ယူခြင်းခံရသူ ၂၇၈ယောက်သာရှိပြီး ၀န်ကြီးစာရင်းအရ ဘင်္ဂလားဒေရှ်သို့ပြေးနေရသူ B.D ပြေး မောင်းတောတစ်မြို့ထဲ မှာမှာခုနှစ်ထောင်ကျော် ရှိနေသည်။အထက်ခိုးဝင်သူဆိုသည်မှာ ခေတ္တခဏ ကိစ္စတစ်ခုခုကြောင့်ဖြစ်နိုင် သလိုခြေချော် လက်ချော် နယ်စပ်ကျွံခြင်းလည်းဖြစ်နိုင်သည်။မိုးဒဏ်လေ ဒဏ်ကြောင့် သည်ဖက်ကမ်းသို့သောင်တင် လာသူများ ပါဝင်နိုင်သည်။အမြဲတန်းအခြေစိုက်နေထိုင်

လာခြင်းမဟုတ်။ရခိုင်ပြည်မှထွက်ခွာသူများတွင်မူဂျာဟဒ်၊BTFခေတ်၊မဆလခေတ်၊န၀တ၊နယကခေတ်များ မှာစဉ် ဆက်မပြတ်ထွက်သွားသူများရှိရာဘင်္ဂလားဒေရှ့်၊ပါကစ္စတန်၊ဆော်ဒီအာရေးဗီးယား၊မလေးရှားစ သည့်နိုင်ငံများ တနိုင်ငံစီတွင်မြန်မာနိုင်ငံသားသိန်းပေါင်းများစွာရှိနေပါ သည်။ ၁၉၇၈ ခုနှစ်နှင့် ၁၉၉၀ခုနှစ် များတွင် သိန်းဂဏန်းဖြင့် ထွက်ပြေးသူများရှိပေသည်။ ယခုအထိပြန်မလာဘဲ စခန်းမှာ ကျန်ရှိ သူများလည်းသောင်းဂဏန်နှင့်ရှိပါသည်။ထိုထွက်ပြေးသူများတွင် ဒုက္ခသည်စခန်း မ၀င်ဘဲ မြို့ထဲရွာ ထဲခိုအောင်းရောနှောသွားပြီး ပြန်မလာသူများလဲရှိသည်။ သိန်းဂဏန်းနှင့် ရှိသည်ဟု  ။မြန်မာနိုင်ငံ သားများမဟုတ်၍ထွက်ပြေးခြင်းဖြစ်မည် ထင်စရာရှိပါသည်မဟုတ်ပါ။ သူတို့သည် Gipsi(a)Roma များမဟုတ်ပါ။ အတည်တကျနေလို သူများဖြစ်ကြသည်။ နိုင်ငံတွင်ဘ၀လုံခြုံမှု၊ အေးချမ်းမှုမရှိ၍ စွန့်စား ထွက်သွား ခဲ့ခြင်းဖြစ်သည်။ အသေးစိတ်ရေးသားရန်မသင့်တော်ပါဟု ယူဆ၍ဒီမျှသာရေး သားခြင်းဖြစ် ပါသည်။ ရခိုင်ပြည်နယ် သည် ကုလားနယ်စပ်ဖြစ်၍ သမိုင်းကြောင်းအရ ကုလားများ အခြေစိုက်နေထိုင်ရာ ရခိုင်ဘုရင် ခေတ်မှာ လူဦးရေ၏ လေးပုံသုံးပုံပင် ကုလားဖြစ်ကြောင်း ကိုယ်တွေ့ မှတ်တမ်း မှာ တွေ့ရပါသည်။ အရှေ့အိန္ဒိယကုမ္ပဏီ စစ်တကောင်းဒေသ အုပ်ချုပ်ရေးမှူး Major R.E Robert ၏ ကိုယ် တွေ့အစီအရင်ခံစာ 1777ခု ဇွန်လကိုရှုပါ။ လွတ်လပ်ရေးရကာစ အမျိုးသား မှတ်ပုံ တင်ကဒ် မထုတ် ပေးခင် ကာလကစစ်ဆင်ရေး အမျိုးမျိုးပြုလုပ်ပြီး အထောက် အထားမပြနိုင် ဟုအကြောင်း ပြကာ ကုလားများ ကိုတစ်ဘက်နိုင်ငံသို့နှင်ထုတ်ပေးခဲ့ ကြောင်း မကြာခင်က ထိုစဉ်က တာ ၀န်ရှိ သူတစ်ဦး က ၀န်ခံထားသည်။မှန်ကန်တရားမျှတသလော။

ယခုတဖန် တဘက်နိုင်ငံမှ လူများ တရားမ၀င် ထိုးဖောက် ၀င်ရောက် နေပါသဖြင့် ခရီးလမ်းတွင် ဌာနပေါင်းစုံ ပါဝင်သော အဖွဲ့က စခန်းတိုင်း၊ ဆိပ်ကမ်း တိုင်းမှာ တင်းတင်း ကြပ်ကြပ် စစ်ဆေးနေ သည်။နိုင် ငံတော် လုံခြုံရေး အတွက်အန္တရာယ် ရှိသဖြင့်ဤသို့ တင်းကြပ် ခြင်းဖြစ် သည် ဟု ရှင်းပြသည်။ တ ဘက်နိုင် ငံမှ နည်းမျိုး စုံဖြင့် ၀င်လာကြသည်ဆိုသော စကား သည်ဒေ သခံများ အတွက်ယုံနိုင် စရာမ ရှိပါ။ အဝေးက လူများအတွက် ယုံစရာဖြစ်ကောင်းမည်။ ဘင်္ဂလာ ၏နယ်စပ် သည် မိုင်၁၅၀ခန့်ရှိ၍ ပင် လယ်ကြောင်း၊ မြစ်ကြောင်း၊ကုန်းကြောင်း နယ်စပ် များရှိ ပြီး ထိုနယ်စပ် တို့သည် သူစိမ်း များဝင်လာရန် မလွယ်ကူပါ။ ခြံစည်းရိုးရှိနေပါ သည်။ လူကောင်း၊ သူကောင်း၊ အာဏာပိုင်များကပြောနေသဖြင့် မှန်ကန် သည်ဟု ယူဆစရာဖြစ်နေသည်။ ခရီးသွား လမ်းကြောင်း မှာ စစ်ဆေး သည်ဆိုသည့် တဘက်နိုင်ငံမှ လူများ ကိုမဟုတ်၊ မိမိနိုင်ငံမှ ပုံစံ(၄) ယူ၍သွား လာသူများကို စစ်ဆေးခြင်းဖြစ်သည် ထိုသူများ မည်မျှကျဉ်းကြပ် မည်နည်း။ နယ်စပ် မိုင်တစ်ရာခန့်အတွင်း နစကစခန်း ၂၆ခုရှိသည်။ စခန်းတစ်ခုစီ တွင် ၀န်ထမ်းအင်အား သုံးရာခန့် ရှိသည်။တဘက်နိုင်ငံမှလူများမည်သို့ဝင်လာမည်နည်း။

အစိုးရသည် ရားမ၀င် ခိုးယူသူများ ထိန်ချုပ် ဖမ်းဆီး အရေးယူရန် နစကအဖွဲ့ဖွဲ့ ထားသလို နိုင်ငံ စွန်ခွာသူများ မိမိနိုင်ငံ သားများနိုင်ငံ တွင်းသိြု့ ပန်လည်ရောက် ရှိနိုင်အောင် လမ်းဖွင့်ပေးရန် အစီ အစဉ် တ ခုပြု လုပ်ရန် အကြံပြု တင်ပြအပ်ပါသည်။ လူမျိုးခြားကုလားများထွက်ပြေးလေကောင်း လေ ဆိုသော အမြင် မျိုးထား ရှိကြောင်း တွေ့ရသည်။ မိမိနိုင်ငံသား တစ်စုအပေါ် မုန်းတီး၍ လူဦးရေစစ် ဆင်ရေး အကြိမ်ကြိမ်ပြု လုပ်ခဲ့ခြင်း များရှိနေခြင်းကို တွေ့ရသည်။ ထိုနှိပ်ကွပ်မှုဒဏ်များ မရော့ သေးပါ။ ယခုရွာလုံး ကျွတ် မီးရှို သတ်ဖြတ်ခြင်း၊ လုယက်ခြင်းများပြုလုပ်နေသည့်အပြင် ကျန်ရှိ သော ရွာများကို လနှင့် ချီ၍ ပိတ်ဆို့ ထားသဖြင့် အစာငတ်သေကြေ ပျက်စီးမည့် ကိန်းဆိုက် ရောက်နိုင်ပါသည်။ မဆ လခေတ်နှောင်း ပိုင်းတွင် မူဆလင်များကို ပိုမိုတင်းကြပ် လာကြောင်းတွေ့ ရှိရာ ၁၉၇၈ခုနှစ်တွင် ရခိုင်မြောက် ပိုင်၊ လူနှစ်သိန်း ခွဲကျော်ထွက်ပြေး တိမ်းရှောင်ခဲ့မှုပေါ်ခဲ့ပေသည်။ ၀န်ကြီးရှင်းလင်း ချက်အရ နဂါးမင်း စစ်ဆင်ရေး၊ ဟင်္သာစီမံချက်တို့ဖြင့် လူပေါင်း(၁၈၀၀၀၀)ကို ပြန်လည် လက်ခံခဲ့သည်။ ၁၉၉၀ ခုနှစ်ကျော် တွင် ထွက်ပြေးတိမ်းရှောင်သူများ ပြဿနာပြန်ပေါ်လာရာ ၁၉၉၃မှ ၂၀၀၅ခုနှစ်အတွင်း (၂၃၀၀၀၀) တ ဘက်နိုင်ငံနှင့် ညှိနှိုင်း၍ ပြန်လည်လက်ခံခဲ့သည်ဟု ဆိုသည်။ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုကို မည် သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းကမျှ နိုင်ငံခြား သားသိန်းချီ၍ လက်ခံပါဟု အကြပ်မ ကိုင်နိုင် ပါ။ မြန်မာဘက်မှ လ.၀.က ရုံးမှတ်တမ်း များနှင့် တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်သူများကို လက်ခံခြင်းဖြစ် သည်။ ၀န်ကြီးရှင်း လင်းရာတွင် ပြန်လည် လက်ခံသူများ မြန်မာနိုင်ငံသားဟု ပွင့်လင်းစွာမပြောပါ။ ၄င်းသည်မြှုပ် ကွက်တ ကွက်ရှိနေသည်။ သိသမြင်သာမရှိခြင်းပင်ဖြစ်သည်။ နိုင်ငံသားမဟုတ်လျှင် လက်ခံစရာ မရှိ၊ တဘက်နိုင်ငံကသာ လက်ခံထားရမည်။ တာဝန်ယူရမည်။ ပြန်လည်လက်ခံရာ၌ စာရင်း အင်း၊ လူပုဂ္ဂိုလလိမ်ညာ၍မရပါ။ ကြားမှာ UNHCRအဖွဲ့က တာဝန်ယူဆောင် ရွက်ပေး သည်။ ပြန်ဝင် လာသူ များမြန်မာနိုင်ငံသား များဖြစ်၍ ၄င်းတို့ကြောင့် ရခိုင်ဘက်မှ ကုလားများ၊ ဘင်္ဂလားဒေရှ့် ကုလား များနှင့်ရောနှောသွားသည်ဟုပြောရန်မရှိပါ။ လူသားခြင်းစာနာ၍လက်ခံရ သည့်မိမိနိုင်ငံ အတွင်း နေရာပေး ဆက်ဆံရသည်၊ဟု ဆိုသည့် လေသံလည်း ထွက်ပေါ်လာသည်။ သို့စာနာ၍ဆိုလျှင် ဒုက္ခသည်စခန်းမှာ လူသောင်းပေါင်း များစွာ အဘယ်ကြောင့် ကျန်နေသနည်း။ လက်မခံ ဘဲအဘယ်ကြောင့်ထားသနည်း။ ယခုလူသားချင်း စာနာ၍ တဘက်နိုင်ငံသားများကို လက်ခံ ဆက်ဆံထားခြင်းဟု ရှင်းလင်းနေခြင်း သည် နောက်ဆုံးပေါ်နိုင်ငံရေး ပရိယာယ်များဖြစ်ပါသည်။ ထို့ကြောင့် ဒီမိုကရေစီ အစိုးရသည်နိုင်ငံ သားအားလုံးကို အဖြူအမဲမခွဲခြားဘဲ အေးချမ်းသာယာသော လူမှုဘ၀ တည်ဆောက်သွားနိုင်အောင် စီမံခန့်ခွဲသွားမည်ဟု သူတို့ကမျှော်လင့်သည်။ ရခိုင်မှ မူဆလင်များက လက်ရှိ အစိုးရသည် နိုင်ငံသား မူဆလင်များ၏ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု ဖော်ဆောင် ပေးမည်ဟု ယုံကြည်နေပါသည်။ လူမျိုးစုတစ်စု၏ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် နိုင်ငံခြားသားလိုလို၊ သံသယလိုလိုခေါ်ဝေါ် သုံးနှုန်းခြင်းပြုမည် မဟုတ်ဟု ယုံကြည်ပါသည်။ ဒီမိုကရေစီဆိုသည်မှာ မတူညီ ခြားနားမှုကို သည်းခံပါသည်။ အာဏာရှင်စနစ်ကသာ မတူညီ ခြားနားမှုကို ရန်သူလို သဘော ထားပြီးသုတ်သင်ရန်ကြိုးစားတတ်ပေသည်။ ဤလူများ ယခုမှခိုဝင်လာသူများမဟုတ်၊ လွတ်လပ် ရေးရရှိ သည့် အချိန်ကပင်မူလရှိနေသူများဖြစ်သည်။ (၁၉၅၁ခု၊ သန်းခေါင်းစာရင်း ရှု)

ယခုအခါမကြာခင် ဘင်္ဂလားဒေ့ရှ် မှာ ငတ်မွတ်နေသဖြင့် အစာရေစာပေါများသော မိမိနိုင်ငံ တွင်းသို့ ခိုးဝင်လာ သည် ဟု စွပ်စွဲခြင်းမှာ လက်တွေဘ၀နှင့်မကိုက် ညီကြောင်းတွေ့ရ သည်။ နိုင်ငံတော် သမ္မတ နှင့် လ၀က ၀န်ကြီး ကပင်ခိုးဝင်လာသူ မရှိသလောက်ပင် ဟုရှင်းပြထားသည်ကို သတိပြုမိပါသည်။

လူမျိုးများအဆင့်ခွဲခြားမှုများ

ဒေသတခုအတွင်း ရာစုနှစ်ပေါင်းများစွာ အတူတကွ အိမ်ချင်းကပ်၊ ရွာချင်းစပ်၊ စီးပွားရေး နေရာချင်းယှဉ်၍ အတူတူနေထိုင် လာသူများကို တိုင်းရင်းသားနှင့်အခြားလူမျိုးဟုလည်း ကောင်း၊   နိုင်ငံသား၊ ဧည့်နိုင် ငံသား၊  နိုင်ငံ သားပြု ခွင့်ရ၊ နိုင်ငံမဲ့ စသည်ဖြင့် လည်းကောင်း အဆင့် အမျိုးမျိုး သတ်မှတ်ခြင်းသည် လူလူချင်း ခွဲခြားမှု Segragationကို ဥပဒေအရ တရားဝင် စေခြင်း၊ Legalized ပြုလုပ်ခြင်း၊ Institutionlizion ပြု လုပ်ခြင်းနှင့် တရားဝင် အုပ်စုခွဲများ၊ ဖွဲ့စည်း ပေးခြင်း မျိုးဖြစ် သွားမည်။ အုပ်စုအချင်း ချင်းနိုင် ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာ အမျိုးမျိုး ဖြစ်ပေါ် လာနိုင် သည်။ ပြည်သူ များ၏ညီ ညွှတ်မှု ကို ဖြိုခွဲနိုင်သည်။ ယခုရခိုင်မှာဖြစ်နေသောလူမျိုးစု နှစ်စုကြား ပဋိပက္ခ အရေး အခင်း သည်နှစ်ပေါင်း များစွာ ထိုသို့ခွဲခြား ဆက်ဆံလာခြင်း၏ အကျိုးဆက် ပင်ဖြစ် ပါသည်။

မြန်မာနိုင်ငံတွင်လွတ်လပ်ရေးရရှိ သည်မှ စ၍ နိုင်ငံသားနှင့် နိုင်ငံခြားသားဟူ၍ လူအပ်စု နှစ်မျိုး သာရှိခဲ့သည်။ NRC အမျိုးသားမှတ်ပုံတင်ကိုင်ဆောင်သူသည် နိုင်ငံသားဖြစ်ပြီး F.R.C နိုင်ငံခြားသား မှတ်ပုံတင်ကိုင်ဆောင်သူသည် နိုင်ငံခြားသားဖြစ်ခဲ့သည်။ နိုင်ငံခြားသားသည် စုစုပေါင်းလူဦးရေ (၅%)ပင်မရှိခဲ့ပါ။ လူနည်းစုသာဖြစ်သည်။ ရခိုင်ပြည်နယ်မှာလည်း နိုင်ငံခြားသားဖြစ်သူများ F.R.C ကိုင်ဆောင် ခဲ့ရသည်။ သောင်းဂဏန်းပင်ရှိခဲ့သည်။ ယခုဥပဒေ အသစ်ရ အမျိုးသား မှတ်ပုံတင်ကဒ် ကိုင်ဆောင်သူများကိုလည်း နိုင်ငံခြားသားဟုဆိုလျှင် ထိုဥပဒေ ကိုယ်၌က လွဲချော်နေရသည်ဟုဆိုရမည်။ ဥပဒေသည် နောက်ကြေးပြန် အကျိုးသက် ရောက်စေ နိုင်သလား။ ယနေ့ပြဌာန်းသော ဥပဒေ သည် နှစ်ငါးဆယ်မတိုင်ခင်က ဥပဒေအရ ရရှိထားသော ပိုင်ဆိုင်ခွင့်ကို ရုပ်သိမ်းနိုင်ပါ သလား။ အထက် ပါနိုင်ငံသား ဥပဒေ အသစ်သည် လူတစ်စု၊ လူမျိုးတစ်ချို့ ကို နိုင်ငံခြားသာြး ပုလုပ်လို၍ ပြဌာန်းခဲ့သော ဥ ပဒေ ဖြစ်ပါသည်။ ဥစ္စာပစ္စည်းများ ကို နိုင်ငံပိုင်ြ ပု၍ရ သည်။ မွေးရာပါနိုင်ငံ သားအဖြစ် ထိုနိုင်ငံ ပိုင်ပြု၍ ရသလား။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် မကိုက် ညီတော့ ပါ။ နိုင်ငံ ခေါင်း ဆောင်များက မိန့်ခွန်း ချွေထားသည်နှင့်အညီ ပြင်ဆင်သင့်၊ ဖျက်သိမ်းသင့်သော ဥပဒေဖြစ် ပါ သည်။ လူမျိုး တမျိုး အား နိုင်ငံ သား အဆင့် လျှော့ခြင်း၊ နိုင်ငံမဲ့ပြုခြင်းသည် ကုလသမဂ္ဂ လူ့အခွင့် အရေးကြေညာ စာတမ်းပါ အချက်များနှင့် ဆန့်ကျင်ပါသည်။ ၁၉၆၁ ခုနှစ် နိုင်ငံမဲ့များ လျော့ချရေး ကွန်ဗင်းရှင်း နှင့်လည်း မကိုက်ညီပါ။ (၃၀-၀၇-၂၀၁၂) ခု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရခိုင်မြောက်ပိုင်းတွင်နစက အဖွဲ့ဖြင့် ကုလားများ၏ သွားလာခွင့်၊ အိမ်ထောင်ပြုခွင့် ဥစ္စာပစ္စည်း ပိုင်ဆိုင်ခွင့်များ ကန်သတ် ကြီးကြပ်သွား မည်ဆိုခြင်း သည်တရားဥပဒေဘောင်တွင်း ကျသော ရှင်း လင်း ချက်ဟု မပြောနိုင်ပါ။

ဒီမိုကရေစီပြောင်းပြန် ဤစာတမ်း၏ စာမျက်နှာ ၁၃ မှ ၂၄ ထိဖော်ပြသော သမိုင်းကြောင်း၊ ဥပဒေကြောင်း အချက်အလက်များသည် ငြင်းပယ်စရာတခုမှ မရှိပါ။ ခိုင်လုံပြီးတကယ်ရှိခဲ့သော အထောက် အထား များဖြစ် ကြ သည်။ ထိုရှေးဟောင်းအကြောင်းအချက်များနှင့် ဆက်စပ်နေသော လူမျိုး တစ်မျိုးကို ခိုးဝင်လာသူ တရားမ၀င် ၀င်ရောက် ထိုးဖောက်ရောနှောသွားသူ၊ သံသယ ဖြစ်နေ ရသူ၊ နိုင်ငံခြား သားစ သည်ဖြင့် စွပ်စွဲခြင်းနှင့် နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ရှိသော သူများဟု တရားဝင် လွှတ်တော်မှ ကြေညာပေးခြင်းသည် အလွန်အကျွံအင်အား သုံးပြော ဆိုခြင်းဖြစ်ပါသည်။ ပညာနည်းသော၊ ဆင်းရဲသော အားကိုးအားထားမဲ့သော လူမျိုးစု တစုကို နိုင်ငံတော်အစိုးရမှ လွှတ်တော်အတွင်း အထက်ပါကဲ့သို့ကြေညာပေးခြင်းသည် ထိုလူမျိုးစု ၏ ဘ၀တခုလုံူးကို ချေမှုန်းလိုက်သကဲ့သို့ဖြစ်ပါသည်။ ဤလူမျိုးစု၏ နိုင်ငံသားအဖြစ်ကို ရုပ်သိမ်း ထားသည်။ အခြေခံအခွင့်အရေးအားလုံးပိတ်ပင်ထားသည်။ ခရီးသွားလျှင် နိုင်ငံခြားသားများ ကိုင်ဆောင် ရသော ပုံစံ(၄)ဖြင့် ရက်အကန့်အသတ်နှင့်သာ ခရီးသွားခွင့်ရှိသည်။ ၄င်းကို ယနေ့ပြည် ထောင်စုဝန်ကြီးများက အမျိုးသားရေးလိုအပ်ချက်၊ အမျိုးသားရေး တာဝန်ဟု လွှတ်တော်မှာ ရှင်းလင်းပြောဆိုနေသည်။ ထိုသို့ဆိုလျှင် ဤမူဆလင်များသည် ကြီးမားသော အပြစ်ရှိ နေသူများဖြစ် နေသည်။ ပုံစံ(၄)မယူဘဲ ခရီးသွားလျှင် လ၀ကဥပဒေပုဒ်မ ၆(၁)နှင့် ၆(၂)တို့အရ လည်းကောင်း၊ ပြစ်မှုဥပဒေပုဒ်မ-၁၈၈အရ လည်းကောင်း အရေးယူမည်ဟု ၀န်ကြီးက ပြော သည်။ နိုင်ငံသားတစုကို ဤမျှကြဉ်းကျပ်အောင်ပြုလုပ်ခြင်းကို မည်သည့်လွှတ်တော်အမှတ် ကမျှ ဆွေးနွေးခြင်း မရှိသည်မှာ ဒီမိုကရေစီအတွက် စိတ်ပူမိပါသည်။ လူနည်းစု၏ အခွင့်အရေးကို ကာကွယ်ပေး ရန် ရှိ သည်မဟုတ်လား။ Democary သည် Tyrany of Majority ကိုဆိုလိုခြင်း မဟုတ်။

နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းကို လူမျိုး၊ ဘာသာအရသတ်မှတ်ခြင်းမဟုတ်၊ ၁၉၈၂နိုင်ငံသား ပြစ်မှုဥပဒေအရ သတ်မှတ်ခြင်းဖြစ်သည်ဟု လ၀က၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့က ရှင်းသော်လည်း၊ လက်တွေ့မှာ ထိုဥပဒေကိုယ်၌ကား ဘာသာရေး၊ လူမျိုးရေးကိုအခြေခံသော ဥပဒေဖြစ်နေသည်။တိုင်းရင်းသားဟု သတ်မှတ် သူများသာ နိုင်ငံသားဖြစ်ပြီး တိုင်းရင်းသား အဖြစ်အသိအမှတ် မပြုလိုသူ များကို နိုင်ငံခြား သားဖြစ်သည်။ တိုင်းရင်းသားစာရင်း ဆိုသည်လည်း မည်သည့်ပါလီမန်လွှတ်တော်မှ အတည်ပြု ခဲ့ခြင်း မဟုတ် အာဏာရှိသူက မိမိသဘောဖြင့် သတ်မှတ်ခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာဆိုလျှင် တိုင်းရင်းသား အလိုလိုဖြစ်သွားသည်။ သာဓကပြရ သော ရခိုင်မှာ မူဆလင်များ၊ ဟိန္ဒူများ၊ ဘရူးဝါဆိုသူများသည် လူမျိုးတူ၊ ဘာသာကွဲများ ဖြစ်ပါသည်။ ဘာသာမှအပ အားလုံးတူညီပါသည်။ ဘရူဝါသည် ဗုဒ္ဓဘာ သာ ဖြစ်နေ ၍ ယနေ့တိုင်း ရင်းသား ဖြစ်နေသည်။ ဘင်္ဂလာဒေရှ့်မှာ ဗုဒ္ဓဘာသာဘင်္ဂါလီများကို ဘရူဝါ ဟု ခေါ် သည်။ ဘင်္ဂလား ဒေရှ့်မှာ ၄င်းတို့လူဦးရေ သန်းပေါင်းများစွာရှိပါသည်။ မူဆလင်များသည် ရခိုင်ဘုရင်ခေတ်မှာ လည်းရှိ ခဲ့ပါသည်။ ဘိုးတော်ဘုရားအုပ်ချုပ်ရေးကို ကူညီပံ့ပိုးခဲ့သည်။ ဘကြီးတော်စစ်တပ်တွင် ပါဝင်ပြီး ပထမ အင်္ဂလိပ်မြန်မာစစ်၊ အင်္ဂလိပ်ကိုတိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည်။ အသက်စွန့်ခဲ့သည့် ဖက်ဆစ်ဂျပန် ကို တော်လှန်ရာတွင် ပါဝင်ခဲ့သည်။ နိုင်ငံအတွက် ဘာတခုမှ လုပ်ခဲ့သော သာဓကမရှိသည့် လူမျိုးက ငါတို့က တိုင်းရင်းသား၊ မင်းတို့က ကုလား၊ အဆင့်မတူဟု နှိမ့်ချပြော ဆိုခြင်းခံနေရ သည်။ နိုင်ငံတော်ပိုင်းကလည်း အထက်ပါနိုင်ငံအတွက် အသက်ပေးခဲ့သူများ၏ သားစဉ်မြေးဆက်များ၏ လူမှုဘ၀တခုလုံးကိုယနေ့ကန့်သတ်ထား ခြင်းသည် အမျိုးသားရေး လိုအပ်ချက်၊ အမျိုးသားရေးတာဝန်ဟု ၀န်ကြီးများက လွှတ်တော်တွင် ပြောနေသည်။ အလွန်ကျဉ်း မြောင်းသောအမျိုးသားရေး လိုအပ်ချက်ဟု ဆိုရပေမည်။ နိုင်ငံသားအားလုံးမပါဘဲ ကျဉ်းမြောင်း သော အမျိုးသားရေးသို့ ဦးတည်လိုသော အချက်ဖြစ် နေပါသည်။ ထိုအယူအဆသည် သင့်မြတ်သော၊ လူသားဆန်သော စိတ်နေမြင့် မားသော နှစ်ဆယ့် တစ်ရာစု ကမ္ဘာက တန်ဖိုးပေး သောအယူအဆလားစဉ်းစားစရာဖြစ်ပါသည်။ ရခိုင်မှကု လားများက နိုင်ငံတော်ကို ကာကွယ်ခဲ့သည့် သာဓကများရှိသည်။ နိုင်ငံတော်၏ လုံခြုံရေးကို အန္တရာယ်ပြုခဲ့သည်ဟူ၍ မရှိပါ။ ထိုသူတို့ကို ယခုအန္တရာယ် အဖြစ်မီးမောင်း ထိုးပြခြင်းမှာမိမိ ဘက်မှမတရားပြုကျင့်နေ သည်ကိုကာကွယ်ရန် အတွက်ဆင်ခြေ သာဖြစ် သည်။ပြည်သူထောက်ခံမှုရ ယူရန်ပြောခြင်းဖြစ်သည်။ အမျိုးသားရေးဟူ သည် မိမိနှင့်မတူသောလူမျိုးကို နှိပ်စက်ခြင်း၊ သန့်စင်ခြင်းမျိုး မဟုတ်ပါ။ ရိုဟင်ဂျာကို ပါကစ္စတန်နှင့် ပေါင်းရန် ကြိုးစားခဲ့သည်။ မူဂျာဟစ်သူပုန်ထသည်၊ စသည်ဖြင့် လက်ညိုးထိုးမီးမောင်း ထိုးပြကာ သိက္ခာချနေကြောင်းတွေ့ရ သည်။ယနေ့ရိုဟင်ဂျာကို တိုက်ခိုက်၊မီးရှိုဖျက် ဆီးနေသူ ရခိုင်များတွင် ဦးပညာသီဟ၊ ဦးစိန္ဒာ၊ဦးကြာလှအောင် ၊ဘုံပေါက်သာကျော်တို့ ဦးဆောင်ခဲ့သောရခိုင် လွတ်မြောက် ရေးတပ် ဟူ၍သူပုန်အဖွဲ့ လွတ်လပ်ရေး မရခင်က ရှိခဲ့သည်ကို အဘယ်ကြောင့် မထုတ်ဖေါ်သနည်း။ ဦးစိန္ဒာသည် မြေပုံမြို့ပေါ်တွင် လူထုအစည်းအဝေးရှိနေသည်ဟု အကြောင်းပြပြီး တွေ့ဆုံရန် ရောက်ရှိခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် မတွေ့ခဲ့ပါ။ ဦးပုကလေး၊ ငါတို့ဗိုလ်ချုပ်၊၂၀၀၃ မှာ ရှုပါ။)၄င်းကအပြစ်မဟုတ်လား။ ဦးလှထွန်းဖြူတို့ ဦးဆောင်၍ Arakanistanထူထောင် ရန် ကြိုး ပန်းခဲ့ခြင်းမှာ အပြစ်မရှိဘူးလား။ (မြန်မာ့သမိုင်း၊ ၁၉၅၈-၆၂ တတိယတွဲ-ဦးကျော်ဝင်း+၃၊ ၁၉၉၀ ရှုပါ) အင်္ဂလိပ်နှင့် ပူးပေါင်း၍ ၁၈၂၄တွင် မြန်မာနိုင်ငံကို တိုက်ခိုက်ခဲ့ခြင်း ကသစ္စာရှိခြင်းလား၊ယနေ့အစိုးရဆန့်ကျင်ရေးအရေးအခင်းတိုင်း၊နေရာတိုင်းမှာဘယ်သူများ ပါနေသလဲ။

မဆလအစိုးရကို တပ်မတော်အစိုးရက ဆက်ခံသည်။ တပ်မတော်အစိုးရကို ယခုပြည်သူ့ ဒီမိုကရေစီ အစိုးရက ဆက်ခံသည်ဟု ခေါင်းဆောင်ပိုင်းက ပြောကြောင်းကြားသိရသည်။ မဆ လ ခေတ် နှောင်း ပိုင်းက စတင်သော ရခိုင်မှကုလားများ သန့်စင်ရေးစီမံချက်ကို အဆင့်ဆင့် အကောင် အထည်ဖော်လာရာ ဒီမိုကရေစီပြည် သူ့အစိုးရက ဆက်လက် သန့်စင်ရေး ကိစ္စများ ဆောင် ရွက် နေခြင်းကို ၀မ်းနည်း စွာတွေ့ရ၏။ ၄င်းသည် သူတို့မျှော်လင့်ချက်၏ပြောင်းပြန်ဖြစ် သည်။ လူ့အခွင့်အရေး ၊ဒီမိုကရေစီရေးနှင့် မကိုက်ညီသောဥပဒေများပြင်ဆင်မည်။ဖျက်သိမ်းမည်

ဆိုခြင်း ဘယ်ရောက်သွား သနည်း။ စနစ်ပြောင်းသည် အတွေးအမြင် ပြောင်းရမည်ဆိုခြင်းမှာ ဘယ်မှာ နည်း။ ပြည်သူ့အကျိုးဦးထိပ် ထားရမည်ဆိုခြင်းမှာဘယ်မှာနည်း။ ရခိုင်က ကုလားများ ပြည်သူ မဟုတ် လား။ ပြည်သူမဟုတ်လျှင် နှစ်ပေါင်းခြောက်ဆယ် FRCမကိုင်ဆောင်ဘဲမည်သို့ နေနိုင်ခဲ့သနည်း။ သူတို့၏နိုင်ငံသား အဖြစ်ကိုရုပ်သိမ်းထားသော ၁၉၈၂ခုနှစ်နိုင်ငံသား ဥပဒေကို တကမ္ဘာ လုံးက မတရားသော မမျှတသော ဥပဒေဟု ပြောဆိုနေခြင်းကိုပင် ဦးသိန်းညွန့်က အလွန် တရားမျှတပြီး အမျှော်အမြင်ကြီးသောခေါင်းဆောင်များက ရေးဆွဲခဲ့သည်ဟု လွှတ်တော် တွင် ရှင်းပြခဲ့ပါသည်။ လူမျိုးရေး ၀ါဒ racism သတ်သတ်သာဖြစ်နေသည်။ န၀တ၊ နအဖ အစိုးရကို နှစ်ပေါင်းနှစ် ဆယ်ကျော် ဝေဖန်ရှုံချ အတိုက်အခံပြုလုပ်ခဲ့သူတချို့က ယနေ့အစိုးရနှင့် လေသံ တမျိုးတည်းဖြစ် သွားခြင်း၊ ၁၉၈၂ခုနှစ်နိုင်ငံသားဖြစ်ဥပဒေကို အမြှော်အမြင်ကြီး သည့် နိုင်ငံ တော်ခေါင်း ဆောင် ကြီးများ ကရေးဆွဲခဲ့ သည်ဟု လွတ်တော်တွင်း တင်ပြဆွေးနွေးခြင်း သည် နိုင်ငံရေးမဟာဗျူဟာ ဟုဆိုရမလား၊ ကိုယ်ကျိုး စီးပွားမျှော်၍ ပြောခြင်းလားဟုစဉ်းစား စရာဖြစ် နေပါသည်။

သံသယဆိုသော စကားကို မဆလခေတ်နှောင်းက စတင်တွင်သည်။ ၁၉၇၈ နဂါးမင်း စစ်ဆင်ရေး ကာလအတွင်း ရွာစဉ်၊ အိမ်စဉ်စစ်ဆေးပြီးသော မှတ်ပုံတင်များပေါ်တွင် သံသယဟု တံဆိပ် ခတ်နှိပ်ပေးခဲ့သည်။

နဂါးမင်းစစ်ဆင်ရေး၊ ဟင်္သာစီမံချက်ဖြင့် ထွက်ပြေးခဲ့သူများ ပြန်လက်ခံပြီးနောက် မှတ်ပုံတင် ထုတ်ပေး ခြင်း ရပ်ဆိုင်းသည်။ ခရီးသွားများမှ နဂါးမင်းစစ်ဆင်ရေးပြီး ပြန်လည် လက်ခံ ရခြင်းကို မကျေ နပ်ခြင်းဖြစ်၍ လမ်းခရီးတွင် မှတ်ပုံတင်များသိမ်းယူခဲ့သည်။ န၀တ၊ နယက အစိုးရများက သူတို့ဘ၀တခုလုံးကို ကန့်သတ်လိုက်သည်။ နယကအဖွဲ့က သူတို့ အပေါ်ချုပ် ကိုင်မှုအရပ်ရပ်ကို ပို၍ တင်းကြပ်ခံပါသည်။

ယခုဒီမိုကရေစီအစိုးရကလည်း သံသယဟုပြောနေသည်။ နိုင်ငံသားပြုခွင့်လျှောက်ထား ရမည် ဟုဆိုသည်။ တခြာင်းနိုင်ငံ၏  နိုင်ငံသားဖြစ်နေခြင်းကို စွန့်လွှတ်ရမည်ဟုပြောသည်။ နိုင်ငံခြားသားမိဘ မှနိုင်ငံတွင်းမွေးဖွားကြောင်း ခိုင်မာသောအထောက့်အထားပြနိုင် ရမည်ဟုဆိုသည်။ဤသည်ဆို သည့် ၀က်အူတရစ်ကြပ်လာခြင်းဖြစ်သည်။

ဤကိစ္စများသည် တရားသောအမှုမဟုတ်ပါ။ အင်အားရှိ၍ ဆန္ဒအတိုင်း ပြုလုပ်ခြင်း ဖြစ်သည်။ အဂတိ တရားသာဖြစ်သည်။ အမေရိကမှာ လူမဲများကိုခွဲခြားရန် Jimcrow ဥပဒေများ၊ စည်းမျဉ်း၊ ညွှန့်ကြားချက် များရှိခဲ့ သည်။ တောင်အာဖရိကမှာ Apartheid Law လူမျိုးခွဲခြားရေး ဥပဒေများ ရှိခဲ့သည်။ ထိုပုံစံအမျိုးအစား ရခိုင်ပြည်နယ်မှာ ခွဲခြားရေးဥပဒေများရှိခဲ့သည်။ ထိုပုံစံမျိုး ရခိုင်ပြည်နယ်မှာ ကျင့်သုံးခြင်း ကို ဥပဒေနှင့်ညီသည်ဟု ပြောခြင်းမှာ အံ့သြစရာဖြစ်နေသည်။ ယနေ့မြန်မာနိုင် ငံwGifဥပဒေ ပညာရှင်အတော်ပေါများနေသည်မဟုတ်လား။လေ့လာသုံးသပ်ပြီးအ ကြံကောင်း များပြုသင့် သည်။လူမျိုး တမျိုးအညွန်တုံးစေသည့်စီမံချက်မှာအားပေးမြှောက်ပင့်ခြင်း

မပြုသင့်ပါ။ လူ့အခွင့်အရေးဟု အော်ခံသူများကလည်း လူ့အခွင့်အရေးအခုစာရင်းကြည့်၍မရ။ လူ့အခွင့် အရေးကဗျာဆန်၍မဖြစ်၊ အမျိုးသားရေး၊ အမျိုးသားလုံခြုံရေးကိုပို၍ အရေးကြီးသည်ဟု ဆိုခြင်းမှာ အံ့သြစရာဖြစ်သည်။ ကမ္ဘာကလည်း အံ့သြနေပါသည်။

ရခိုင်ပြည်နယ်မှ မူဆလင်များအပေါ် အစိုးရ၏ လူမျိုးခွဲခြားဆက်ခံခြင်းကို အတိုင်းအတာ မည်မျှကြီး မားကြောင်း ကျွန်ုပ်တို့ဖော်ထုတ်ရန်မလိုပါ။ လွှတ်တော်အတွင်းဝန်ကြီးများ၏ ဖြေရှင်း ချက် များ တွင် ပေါ်လွင်နေ ပါသည်။ ဥပမာတခုပြရလျှင် ပြည်ထောင်စု လ၀က၀န်ကြီး ဦးခင်ရီက-

“ဘူးသီးတောင်၊ မောင်းတောမှ စစ်တွေနှင့် ရန်ကုန်ကိုသွားရာလမ်းတလျှောက်တွင် တဘက်နိုင်ငံမှ ဘင်္ဂါလီများတရားမ၀င်ခိုးဝင်မှု ကာကွယ်တားဆီးရေးအတွက် လုံခြုံရေးနှင့် အမျိုးသားရေးလိုအပ်ချက်အရ လိုအပ်သည့်နေရများ၌ စစ်ဆေး ကြပ်မတ်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနပေါင်းစုံပါဝင်သော ပူးပေါင်း အဖွဲ့ များဖြင့် စီစစ်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါကြောင်း(ဦးခင်ရီ၊ ၂-၉-၂၀၁၁)

ဘင်္ဂါလီကုလားများ ၀င်လာမစဲတသဲသဲဖြစ်နေလို့လား၊ အုတ်နှင့်အုံနှင့်ဝင်လာသလား။ လက်နက်ခဲယမ်း များပါရှိလို့လား။ နိုင်ငံတော်လုံခြုံရေးကိုမည်သို့ထိပါးသနည်း။ဤမျှအင်နှင့်အား နှင့်ဌာ နပေါင်းစုံ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရလောက်အောင်အကြောင်းအချက် အဘယ် နည်း။ပုံစံ(၄) ယူ၍ငြိမ်းချမ်းစွာ ခရီးသွားသူတစ်ယောက်စနှစ်ယောက်စလောက်ကို ဤမျှဌာနပေါင်းစုံ အားနှင့် စစ်ဆေးခြင်းမှာ အလွန်အကျွံ မဖြစ်ဘူးလား။ တနေရာမဟုတ်၊ နှစ်နေရာမဟုတ်၊ ခရီးတလျှောက် နေရာပေါင်းများစွာတွင် ဤသို့စစ်ဆေးခြင်းမျိုးသည် ခရီးသွားအား လူပင်ပန်း စိတ်ပင်ပန်းစေသည်ကို စဉ်းစားအပ်ပါ သည်ဟုထင်ပါသည်။ တဘက်နိုင်ငံမှ ခိုးဝင်လာသူများကို ယခင် အစိုးရများက မတွေ့ရှိခဲ့ပါသလား။ ယခုနစက တပ်ခွဲ၂၆ခုက နယ်စပ်တွင် စောင့်ကြပ် နေရာမှာ ဘင်္ဂါလီကုလားမည်သို့ဝင်နိုင်မည်နည်း။ ယခုပုံစံ(၄)ယူ၍သွားရခြင်းသည် ထူးဆန်းပါသည်။ ပုံစံ(၄)ဟူသည် လွယ်ကူသွားရသည် မဟုတ်။ ပြည်နယ်တွင်း သွားလာရန် ငွေကျပ် သုံးသောင်းခန့်၊ ပြည်နယ်ကျော် သွားလျှင်   ငွေကျပ်လေးသိန်းစီ ကုန်ကျသည်ဟု ဘူးသီးတောင်မြို့ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအဒူရော်ဇက်(ခ)ဦးရွှေမောင်က လွှတ်တော်တွင် တင်ပြ မေးမြန်းကြောင်းတွေ့ရသည်။ ထိုသို့ဆိုလျှင် ဆင်းရဲသား ခရီးသွားရန် မလွယ်၊ ချမ်းသားသူလဲ ရှိသမျှပုံစံ(၄)အတွက် ထုတ်ပေးရသော စနစ်ဖြစ်နေ ပါသည်။

သမိုင်းစဉ်ဆက်အရ ထိုဒေသတွင်နေထိုင်လာသော လူမျိုးတမျိုး၏ အခြေခံအခွင့်အရေးကို ဤကဲ့သို့ ပိတ်ပင် ထားခြင်းကိုဘဲ အမျိုးသားရေးလိုအပ်ချက်ဟုဆိုလျှင် တခုခုလိုနေသည်ဟု ဆိုရပေမည်။နိုင် ငံတနိုင်ငံ၏အမျိုးသားရေးလိုအပ်ချက်သည်ထိုနိုင်ငံရှိလူမျိုးစုအားလုံးပြည်သူအားလုံး၏ အကျိုးစီးပွားကို ကွယ်ကွယ်ပေးသောလိုအပ်ချက်ဖြစ်သင့်သည်။လူတမျိုး၊ လူတစ်စု၏

ဆန္ဒပြည့်ဝရန်ဦးတည်သောအမျိုးသားရေးလိုအပ်ချက်သည်လူမျိုးရေးဝါဒသက်သက်ဖြစ်သွားမည်။

ကမ္ဘာအရှေ့မှ အနောက်သို့ တစ်ရက်တည်းနှင့်ခရီးသွားနိုင်သောခေတ်မှ မောင်းတောမှ ၇န်ကုန်သို့ လာ၇န် ထောက်ခန်စာအဆင့်ဆင့်လိုအပ်နေ၍ တလကျော်ကြာသည်။ ခရီးသွား ထောက်ခံ စာပုံစံ(၄) မယူလျှင် လ၀ကဥပဒေ ၆(၁)၊ ၆(၂)တို့အပြင် ပြစ်မှုဥပဒေပုဒ်မ-၁၈၈ အရ “အရေးယူမည်”ဟု ၀န်ကြီးက ရှင်းထားသည်။

ယခုနှစ်မတိုင်မီက မြို့နယ်ကျော်သွားလာခွင့်ကို အနှစ်နှစ်ဆယ် ကျော်ပိတ်ထားသည်။ အိမ်ဆောက် ခွင့်ပိတ် ထားသည်။ အိမ်ထောင်ပြုခွင့်ကန့်သတ်ထားသည်။ ဘာသာရေး အဆောက် အဦးများ ပြင်ဆင် ခွင့်မရှိ။ အဓိကစီးပွားရေးအားလုံးကို နစကမှ ကိုင်ထားသည်။ ကျောင်းတက်ခွင့် ကန့်သတ်ထား သည်။ အစိုးရအလုပ်အကိုင်မရရှိနိုင်၊ ဒေသတွင် လုပ်ငန်းမရှိ၍ အလုပ်လက်မဲ့များ ဖြစ်နေရသည်။

ဤသည်တို့အားလုံးသည် ထိုဒေသမှ လူများကို ဆင်းရဲနွမ်းပါချွတ်ခြုံကျအောင်၊ လူစဉ်မမှီ ဘ၀ရောက်အောင် တမင်ကြံစည်ပြုလုပ်ထားခြင်းနှင့်တူနေလေသည်။ ၀မ်းနည်းစရာက ထိုသို့အ သက်သွင်း ထားသော စနစ်မဟုတ်၊ ထိုသို့ပြုလုပ်ထားသောစနစ်ကို မတရားဘူးဟု တွေးမြင်သူ၊ စဉ်းစားနေသူ၊ ပြုပြင်ပေးလိုသူ အလွန်နည်းပါးခြင်းဖြစ်ပါသည်။ ၀န်ကြီးများ၏ ဖြေကြားချက်တွင် အထက်ပါကန့်သတ်ချက်များရှိကြောင်း သက်သေခံရှိပါသည်။ စွပ်စွဲခြင်း မဟုတ်ပါ။

အထင်မှားအမြင်မှားဖြစ်နေရခြင်းရခိုင်နှင့်မူဆလင်တို့သည်ရှေးပဝေသဏီကပင်အတူတကွပူပေါင်းနေထိုင် လာသော ဒေသခံများဖြစ်သည်။ ညီအစ်ကိုလိုနေထိုင်လာကြသည်။ အိမ်ချင်းကပ်၊ ရွာချင်းစပ် လျက် နေထိုင် လာခဲ့ကြသည်။ နိုင်ငံရေး၊စစ်ရေး၊ စီပွားရေး၊ ကောင်းတူ၊ ဆိုးဖက်ဖြစ်ခဲ့သည်။ မတူညီခြင်း များ ရှိသလို တူညီမှုများလည်းများစွာရှိပါသည်။ ဘာသာရေးနှင့်မနွယ်သော ယဉ်ကျေးမှုပိုင်းတွင် တူညီနီးစပ်သည်။ ခံစားစံစားမှုများအရ ခံစားစံစားမှုရှိခဲ့ပါသည်။ ကိုလိုနီခေတ်နှောင်းမှစ၍ ထိုမိတ် ဘက်အနေအထား ပြောင်းလဲသွားကြောင်းကို ပညာရှင်များ၊ နိုင်ငံရေးတွေးမြင် သူများ သတိထားမည် ဟုထင်ပါသည်။ ပြုပြင်သင့်သည်။ ပျက်အစဉ်ပြင်ခဏ မဟုတ်လား။ လူမျိုးစု များညီညွတ် သင့်မြတ်မှု သည် နိုင်ငံအတွက် အကျိုးပါသည်။ ရှေးက အယူအဆများကို ပြင်ဆင် သင့်ပါ သည်။မြှောက်တိုင်း မမြောက်ရန်လိုပေသည်။မြောက်ဦးနိုင်ငံတော် ဆိုသည်ကို ဤ မူဆလင်များက ထူထောင်ထိန်း သိမ်းပေးခဲ့ သည်ကို သတိပြုရန်လိုပေမည်။ ဒေသတခု နေလူမျိုးစု များ၌အပြန် အလှန်မှီခိုရသည်။ ကူညီရသည်။ ရိုင်းပင်းရသည်။လေးစားရသည် မှာ လူသား စရိုက် ပင်ဖြစ် သည်။

ယခုအနေအထားမှာ မူဆလင်ဆိုရင် ဘင်္ဂလားဒေရှ်မှ လိုးဝင်လာသူဟု အမြင်မှား အထင်မှား ဖြစ်နေ သည်။ နှစ်ပေါင်းရာစုနှစ် တ၀က်ခန့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစည်း မျဉ်းများဖြင့် ခွဲခြားထားရှိ ခဲ့သောလူမျိုးတစ်မျိုးကိုပြည်သူအများကသူစိမ်းများအဖြစ်မြင်နေပါသည်။ကျွန်ုပ်တို့ကထိုသို့ ဖြစ်နေရခြင်း ကိုအောင်မြင်မှု ဟုမမြင်ပါ။နိုင်ငံအတွက်ဆုံးရှုံးမှုဟုမြင်ပါသည်။လူမျိုးစုနှစ်စုကြား အက်ကြောင်း ကြီး လာခြင်းသည်အကျိုးမဟုတ်ပါ။

ရခိုင်သည်မြန်မာနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ သို့ဖြစ်၍ ရခိုင်ကုလားများ (မူဆလင်များ) သည် မြန်မာနိုင်ငံ၏အစိတ်အပိုင်းဖြစ်လာသည်။ မြန်မာနိုင်ငံသားဖြစ်သည်။ ၁၆၁၀ခုတွင် အင်းဝစနေမင်း လက်ထက် ရခိုင်မှ မူဆလင် ၃၇၀၀ ကျော်ခိုလှုံလာခဲ့ရာ စနေမင်းက နေရာ ဆယ်နှစ်ခု ခွဲ၍ နေရာချပေး ခဲ့သည်။ သာသနာရောင်ဝါထွန်းစေဖို့နအဖအစိုးရထုတ်(၁၉၉၇)

ဘိုးတော်ဘုရားက ၁၇၈၅ ခုနှစ်တွင်ရခိုင်မူဆလင်စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးလာသူများရှိ သည်။ ဘကြီးတော် ဘုရားက ရခိုင်မူဆလင်သွေးသောက်တပ်ဖွဲ့စည်းသည်။(စာ-၂၁) လွတ်လပ် ရေး ရရှိပြီး နိုင်ငံသား များဖြစ်နေသဖြင့် တချို့ရခိုင်မှ မူဆလင်ပြည်မများသို့ ရွှေပြောင်း နေထိုင်ခြင်းများ ရှိပါသည်။ဤသို့ အားဖြင့် ရခိုင်မှ မူဆလင်အနွယ်များ မြန်မာပြည် အနှံ့မှာရှိနေ ပေသည်။ မြန်မာ ဥပဒေအရ မြန်မာနိုင်ငံသား တစ်ယောက်သည် အဆင် ပြေရာနေရာ ရွှေ့ပြောင်းနေထိုင် အသက်မွေး ၀မ်းကျောင်းများရှာဖွေခွင့်ရှိသည်။ ထို့ပြင် တချို့ရခိုင်က မူဆလင်များ၊ ကချင်၊ ကယား၊ ကရင်၊ ရှမ်း၊ မွန်စသည့်ပြည်နယ်များ အထိရောက်ရှိ နေထိုင်ခြင်း လည်းရှိနိုင်ပါသည်။ သူတို့သည် သက်ဆိုင်ရာ ဒေသ၊ မြို့ရွာလူဦးရေ၏ (၁%)ပင်မရှိချေ။ သူတို့အား ဘင်္ဂလားဒေရှ်မှ ခိုးဝင်ပြီး မြန်မာနိုင်ငံအနှံ့ပြန့်နှံ့နေခြင်းသဘော မီးမောင်းထိုးပြပြီး အမျိုးသားရေး အန္တရာယ်ဟု မီးမောင်းထိုးပြခြင်းမှာ ထိုလူမျိုး အား ဒုက္ခပေးလို သောဆန္ဒ ပင်ဖြစ်သည်။ ထိုဒေသများမှသူ့တို့ အား သန့်စင်ရှင်းလင်းလို သော သဘောဖြစ် နေုပါသည်။ သူတို့သည် ရောက်သည့်နေရာတွင် တရားသော စီးပွားရေးဖြင့် အေးချမ်း စွာ ဘ၀တည် ဆောက်သူများဖြစ်ကြသည်။ လူအရောင်းအ၀ယ်၊ ဘိန်း အရောင်း အ၀ယ်၊ အရက် သေစာ ရောင်းဝယ်ခြင်း၊ လောင်းကစား ၀ိုင်းထောင်ခြင်းစသည့် စီးပွားရေးမျိုး ကို ရှောင်တတ် သူများဖြစ်သည်။ ထိုသူများကိုပင်နိုင်ငံခေါင်းဆောင်များကနိုင်ငံတော်လုံ ခြုံရေးအတွက် အန္တရာယ် ဟုမီးမောင်း ထိုးပြလျှင်ထိုသူများ ဒုက္ခအမျိုးမျိုးရောက်သွားနိုင်သည်။ လူ့သမိုင်းမှာ အာဏာ ရှင်များ ၏ သားကောင်းဖြစ်ခဲ့ရသူများကိုသတိရနေရသည်။

ရခိုင်ပြည်နယ်၊မောင်းတောခရိုင်သည် အမေရိကန်၊ဂျပန်၊စင်္ကာပူကဲ့သို့ တိုးတက်သော နေရာမဟုတ်အလုပ် အကိုင်ပေါများသောနေရာမဟုတ်၊မြို့နယ်ကျော်သွားလာခွင့်လည်းပိတ် ထား သောနေရာဖြစ်သည်။ ဘင်္ဂလားဒေ့ရှ့် ကုလားများ နည်းလမ်းအမျိုးမျိုးဖြင့် တရားမ၀င် ထိုးဖောက် ၀င်ရောက် နေထိုင်သည်ဆိုခြင်း မှာသူတို့မည်သည့်အလုပ်လုပ်ကိုင်စားမည်နည်း။မဟုတ်သည် တခုကိုဟုတ်သည် ထင်မြင်နေသော Illusionယူဆချက်တခုသာဖြစ်သည်။ ဘင်္ဂလားဒေရှ့်ကုလားဝင်လာ၍တော ထဲပုန်းအောင်းနေလျှင် မပြောတတ်ပါ။ရွာထဲဝင်လာလျှင် အစိုးရသတင်းရသွားမည်။ရွာတိုင်း၊အိမ်တိုင်းမှာအစိုးရရှိ သည်။အစိုးရသို့ သတင်းပေးသူ ရှိသည်။လွယ်သောကိစ္စမဟုတ်၊သူပြောကိုယ်ပြော၊အားလုံးသူကပြောနေခြင်း သာဖြစ်သည်။ ဘင်္ဂလားဒေရှ်က၀င်လာပြီးမည်သည့် အလုပ် လုပ်စားမည်နည်း။ သူတို့ကိုကျွေးမွေးထားနိုင်အောင် ရခိုင်မှကုလားများသည်လည်း တရုတ်၊ ယိုးဒယားနယ်စပ်မှသူများလိုချမ်းသာသူများမဟုတ်ပါ။ သရေခေတ္တ ရာခေတ်မှာ ငါ့စကောပါသွားဟု တယောက်ကအော်၍နောက်တယောက်ကလဲ ငါ့စကော ဟုအော်ပြန်။ တယောက်ပြီး တယောက် တရွာလုံးအော်သည်။ တရွာပြီး တရွာအော်ဟစ်ကြောက် လန့် ပြေးလွှား၍ ကစဥ့်ကလျားဖြစ်ပြီး တိုင်း ပြည်ပါပျက်ခဲ့သည်ဟူသော ပုံပြင်မျိုးဖြစ်နေပါသည်။ ဘင်္ဂလားဒေရှ့်မှ ကုလားရခိုင်ြ ပည်ဝင်ရောက်ရောနှောခြင်းမရှိ၊ ပုံပြင်တီတွင်ပြီး တယောက်နား တယောက်ရောက်စေခြင်း၊ သတင်းကျယ်ပြန်စေခြင်း သာဖြစ်သည်။ရခိုင်ကုလားများကို မနာလိုသော ပျက်စီးစေလိုသော အင်အားစုတစုက ဖန်တီးသောပုံ ပြင်သာဖြစ်သည်။နယ်စပ်ဒေသဖြစ်၍နယ်ကျွံ၊ ခြေကျွံပြီး အကြောင်း တခုခုကြောင့် ရောက်ရှိ နေသူတစ် ယောက်စနှစ်ယောက်စရှိနိုင်သည်။ အမြဲတန်းအခြေစိုက်ရန်ရောက် ရှိခြင်းမဖြစ်နိုင်ပါ။ဘင်္ဂလားမှအိမ် ထောင်ကျလျှင်မိန်းဖက်မှပစ္စည်းဥစ္စာ(သူ့အ ဆင်နှင့်သူ)ပေးရသည်။ ရခိုင်မှ ဘာမှ မရနိုင်။မိန်းမကို သာရွှေငွေအတင်ပေး ရသည်။သို့ဖြစ်၍ဘင်္ဂလားဒေရှ့်ကုလားရခိုင် ၀င် ရောက် အိမ် ထောင်ကျ ရောထွေး သည်ဆိုခြင်းသည် လုပ်ကြံဖန်တီးသောဒဏ္ဍရီLegendဖြစ်ပါ သည။် တန်ဖိုး မရှိ အနှစ်မရှိ သော စကား Cliche ဖြစ်ပါသည်။ ထိုဒဏ္ဍာရီကို ၀န်ကြီးများကပါ ယုံကြည် နေခြင်း၊ လွှတ်တော်မှာ ရှင်းလင်းခြင်းသည် ရခိုင်ကုလားများကိုမနာလိုသူများ ကျေနပ် သွား အောင် divide and rule ကစားကွက်လားဟု စဉ်းစားရပါသည်။ Sometimes lies are more credible than truth ဟူသော ဘောစနီးယား စကားပုံ တစ်ခုရှိသည်။ အမှားကိုပြောဖန်များ လျှင်အထူးသဖြင့် လူအထင်ကြီးသူ များ ပါဝင်ပြောလာလျှင် အများက အမှန်ဟု ယူဆတတ်သည်။ အာဏာပိုင်များ ကပြောလာသောအခါ ရခိုင်က မူဆလင်များပေါ် ပြည်သူလူထုကြားမှာ အထင် အမြင် လွဲမှား မှုများဖြစ်ပေါ် နေပါသည်။ အထင်သေး အမြင် သေးဖြစ်နေသည်။ ဘင်္ဂလာ ဒေရှ့် ကုလားများ စဉ်ဆက် မပြတ်တရား မ၀င်နည်း ပေါင်းစုံဖြင့် ၀င်လာနေသည်။ နိုင်ငံတော် လုံခြုံရေး၊ ကာကွယ်ရေး၊ ဒေသ တည်ငြိမ်ရေးတို့အတွက် အန္တရာယ်ရှိနေ သည်။ ထိုဘင်္ဂါလီများ ရခိုင်ဒေသ တွင်မက ကချင်၊ ကယား၊ ကရင်၊ ရှမ်း၊ မွန်ပြည်နယ်များ အထိ ပြန့်ပွားရောက်ရှိ နေသည်စ သည်ဖြင့် တပ်လှန့်နှိုးဆော်နေခြင်းသည် ။

အလွန်ဆိုး ကျိုးများ ပေးနိုင်သည်။ လူမျိုးတစ်မျိုး၏ လူမှုဘ၀တခုလုံးကို ကျဉ်းကြပ်သွားနိုင်သည်။ လူမျိုး သန့်စင်ရေး ပုံစံနှင့်တူပေသည်။ဂျာမန်မြို့ရွာများးမှာရှိခဲ့သော ဂျူးလူမျိုးများဘ၀နှင့်များ တူသွားမ လားဟု စိုးရိမ်နေရပါသည်။ နစကအဖွဲ့ကဘင်္ဂလားမှခိုးဝင်၍အခြေစိုက်သည်၊ အိမ် ထောင်ကျ သည် ဆိုပြီး အရေး ယူသည် ဟူ၍မရှိပါ။ဒေသခံများကို သာဘင်္ဂလားမှဝင်လာသူ ဟု လက်ညိုး ထိုးမီးမောင်း ထိုးပြ ခင်းဖြစ် ပါသည်။Juden Rein-ဂျူး သန့်စင်ပြီး ဟူသော ဆိုင်းဘုတ် ကဲ့သို့ မူဆလင် သန့်စင်ပြီးဟု ဆိုင်ဘုတ် တင် လိုသလားမသိပါ။ မူဆလင် များကို တရွာပြီးတစ်ရွာ မီးရှိုဖျက် ဆီးနေ ကြောင်ြး မင် နေ ရ သည်။

ရခိုင်နှင့်အရှေ့ဘင်္ဂလားသည်ေ ထာင်စုနှစ်ချီ၍နိုင်ငံ တခုတည်းရှိခဲ့သည်။ရခိုင်ခေတ်မှာ လည်းဘင်္ဂလား တပိုင်း၊ ရခိုင်ပိုင်နက်ဖြစ်ခဲ့သည်။သို့ဖြစ်၍ဘင်္ဂလားကုလားနှင့်ရခိုင်သားများနေရာ ရွှေ့ ပြောင်းရောထွေး မှုရှိသည်။ရခိုင်မှာဘင်္ဂလားကုလားရှိသည်ထက်ဦးရေများသောရခိုင်သားသည် ဘင်္ဂလားဒေရှ့်မှာရှိပါသည်။ ထိုရခိုင်သား များကို သယံဇာတပေါကြွယ် ၀သောဘင်္ဂလားဒေရှ် သို့ ပြောင်းရွှေ့ခြင်းဟုပြော မည်လား။ သူတို့ကိုဘင်္ဂလားဒေရှ့်သို့ ခိုးဝင်သူဟု မပြောနိုင်၊ ဘင်္ဂါလီနှင့် လူမျိုး မတူ၍ ဘင်္ဂလားဒေရှ့်နိုင်ငံသား မဟုတ် ဟု မဆိုနိုင်၊ ဘင်္ဂလားဒေရှ့် ၀န်ကြီးအဖွဲ့မှာပင် ရခိုင်လူမျိုးပါဝင် တတ်သည်။ ယနေ့ ရန်ကုန်မှာ ရှိသော ဘင်္ဂလားဒေရှ့်သံအမတ် Anup Kuman Chakmaသည် ကျွန်ုပ်တို့က ရခိုင်မျိုးနွယ်စု တိုင်းရင်းသား ဟု သတ်မှတ်ထားသော ဒိုင်းနက်၊ (ချက်မွား)လူမျိုးဖြစ်ပါသည်။

ဘင်္ဂလားဒေရှ့်ရခိုင်များ ဘင်္ဂလားဒေရှ့်နိုင်ငံသားဖြစ်နေလျှင် ရခိုင်မှာရှိ ကုလားများ သည် မြန်မာနိုင်ငံ သားဖြစ် သင့်သည်ဟု ဆိုခြင်းသည် ယုတ္တိဗေဒအရလည်းကောင်း၊ သမိုင်းကြောင်း အရ လည်းကောင်း၊ မြေပထ၀ီနိုင်ငံရေးအရ လည်းကောင်း (Logical as well as historical reality) အမှန် တရား တစ်ခုဖြစ်ပါသည်။ ထိုအဖြစ်ကို ငြင်းပယ်လိုသူများတွင် အဂတိတရား လွှမ်းမိုးနေခြင်း၊ အမျိုးသား စိတ်လွန်ကဲနေခြင်းသာဖြစ်ရမည်။ လွန်ကဲမှုအားလုံးသည် ပျက်သုဉ်း ခြင်းသို့ တွန်းပို့ တတ်သည်။ အဂတိတရားကင်း၊ အမုန်းတရားဝင်၊ ဆန္ဒကိုထိန်းနိုင်သော၊ သင့်တင့်မျှတ သည့် နိုင်ငံရေး ယဉ်ကျေးမှုတရပ် Fair and balanced political culture တခု နိုင်ငံအတွင်း အသက်သွင်းရန် လိုအပ်ပေသည်။ထိုသို့သော နိုင်ငံရေးသဘာဝပတ်ဝန်းကျင် political climateကို နိုင်ငံ့ခေါင်းဆောင် များကသာ ဖော်ဆောင်နိုင်မည်။ ခေါင်းဆောင်ဟူသည် သဘောထားကြီး၍ အမြင်ကျယ်ပြီး ဆန့်ကျင်ဘက် ဘာသာယဉ်ကျေးမှုများကို သည်းခံ ခွင့်လွှတ်နိုင်ရမည်။ အတ္တစွဲ များ၍ လွန်ဆန်သောတယူသန် အမျိုးသားရေး အမြင်ရှိ၍ မဖြစ်နိုင်ပါ ။ မျှတသော နယက ဂုဏ် နှင့်ပြည့်စုံ သော ခေါင်းဆောင်များကသာ တမျိုး သားလုံး၊ တနိုင်ငံလုံး၏ ယံကြည် ကိုးစားမှု၊ ကြည်ညိုလေး စားမှုကို ခံယူနိုင်မည်ဖြစ်ပါသည်။ ထိုနည်းဖြင့်သာ မြန်မာအား လုံး ရင်ကြားစေ့ ညီညွှတ် လာမည်။ မြန်မာတခေတ်ပြောင်မြောက်လာမည်။ ယနေ့နိုင်ငံ တော်မှ မူ အ ရေးကြီး ပါသည်။ နိုင်ငံသားအားလုံးကို နှစ်သိမ့်နိုင်သော မူဝါဒများပြဌာန်း ချိန်တန်ပြီ လူသည် ပြောင်းလဲ သွားနိုင်သည်။ သင့်မြတ်မျှတသော မူများကျန်ရစ် သင့်ပေသည်။ မှန်ကန်သော မူဖြင့် အုချုပ်သော နိုင်ငံတိုးတက်သည်။ အောင်မြင်မှုတိုးတက်မှုသည် လူမျိုး၊ ဘာသာ တခုခုကို အခြေခံ ၍ မဟုတ်ဘဲ စင်္ကာပူ၊ အမေရိကကဲ့သို့ နိုင်ငံတခုလုံးကို အခြေခံရန်လိုပေသည်။

အပိုင်း (၁)
အပိုင်း (၂)

Comment ရေးရန်

Rohingya Exodus