နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘုန်းကြီး ၀တ်ပြလိုက်မယ့် ဇာတ်သိမ်း


ဌေးလွင်ဦး
RB News
23.8.2012

မြန်မာပြည်မှာ မိရိုးဖလာ လူများစုကြီးက ဘုန်းကြီး သင်္ကန်းမြင်ရင် မသိစိတ်ကကိုယ် ကြောက်ရွံ့ရိုကျိုးပြီး ဖြစ် နေခဲ့တယ်။ သာသနာ့ဝန်ဆောင်များကို လေးစားကြည်ညို တန်ဘိုး ထားတတ်တဲ့ ဓလေ့ဟာ အလွန်ကောင်း ပါတယ်။ ဒါပေမယ့်- အခြေခံလူထုကြီးရဲ့ ဒီလို ရိုးသားမှုကြီးကို အားနည်းချက်အဖြစ် အသုံးချပြီး လုပ်စားတဲ့ လူ လိမ်လူကောက်- “ခွေးမြီးကောက် ဘအေး”လို လူမျိုးကလည်း အများကြီးပါ။

ဖဲရိုက်၊ အရက်သောက်၊ သားမယားအပေါ်မှာ အနိုင်ကျင့်- ဆိုးချင်တိုင်းဆိုး၊ ရမ်းချင်တိုင်းရမ်း-- အော့ကြော့လန် လူကြီးတစ်ယောက် မနက်ဖြန် ဘုန်းကြီးဝတ်လိုက်တာနဲ့-၊ ရှေ့က လူပြုကျင့်ခဲ့သမျှ ပပျောက်သွားပါတော့တယ်။ ရိုးရိုးသားသား တရားနောင်တ ရလို့ သာသနာ့ ဘောင်ကို ၀င်သွားသူက ၁ ရာနှုန်း ၉၉ လုပ်စားဘို့ သာသနာကို အသုံးချတဲ့ သူက ၉၉ ရာနှုန်း ဖြစ်နေတယ်--၊ (ဒါကို ဗုဒ္ဓဘာသာများ ကိုယ်တိုင်လည်း သိနေပါတယ်။)

သာမန်အရပ်သားတွေကို ထားလိုက်ပါတော့-- အခုက မြန်မာပြည်ကို ဦးဆောင် အုပ်ချုပ်နေပါတယ်- ဆိုတဲ့ အစိုးရပိုင်းတောင်--၊ ရိုဟင်ဂျာ အရေးနဲ့ မွတ်ဆလင်များ ခရစ်ယာန်များကို နှိပ်ကွပ်ချင်တိုင်း နှိပ်ကွပ်၊ အစီအစဉ် တစ်ကျ ဗျူဟာချပြီး သေးသိန်သွားအောင်လုပ်၊ ခရစ်ယာန်များ မွတ်ဆလင်များကို နှိပ်ကွပ်မယ့် လက်သပ်မွေး အုပ်စုများ ဖန်တီးထားပြီး မျိုးပြုတ်သွားအောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်နေခဲ့တယ်။

လူသတ်တဲ့ အကောင်၊ မုဒိန်းကောင်၊ ရာဇ၀တ်ကောင်၊ လူပေါင်း တစ်သိန်းလောက်ကို အိုးမဲ့ အိမ်မဲ့ ဖြစ်အောင် လုပ်ခဲ့တဲ့ အကောင်တွေက--၊ ဒီအမှုမှာ ကျွန်တော်တို့ကပဲ တရားသူကြီး လုပ်ပြီး ဆုံးဖြတ်ပေးလိုက်မယ် လို့ ကမ္ဘာကို အရှက်မရှိ ပြောရဲသေးတယ်။ ရာဇ၀တ်မှုများကို ကိုယ်တိုင်ကျူးလွန်ခဲ့ပြီး- နောက်ဆုံးတော့ ဘုန်းကြီး ၀တ်ပြကာ- ကမ္ဘာကို လေပြေအေး တရား ဟောတော့မယ် ထင်ပါတယ်။

ဒါမျိုးက ပညာနုံနဲ့သေးတဲ့ တောနယ်က မြန်မာလူမျိုးလောက်ပဲ လက်ခံတော့မှာပါ။ ထိုင်းနိုင်ငံလောက်တောင် လက်မခံနိုင်တော့ဘူး ဆိုတာတော့---၊ မြန်မာ ဗုဒ္ဓဘာသာ သူတော်စင်များ သိကြပါစေ။

ယိုသူမရှက်၊ မြင်သူရှက်- ပတ်ဝန်းကျင်ကြီးက မနေနိုင်လို့ ထအော်ရတဲ့ အကြောင်းများကို ပြန်ကြည့်ပါ။

ကျောက်နီမော်၊ ကျောက်ထရံရွာက ရခိုင်အမျိုးသမီးလေး တစ်ဦးကို အဓမ္မမှု ပြုကျင့်တဲ့ ဆိုတဲ့ ကိစ္စ--- အဲ့လို အဓမ္မမှုပြုကျင့်နေစဉ်- ဘယ်သူက မျက်မြင်ကိုယ်တွေ့ ဖြစ်သလဲ။ သို့မဟုတ် အဲ့ဒီ ကလေးမလေးကို အဓမ္မပြု ကျင့်ဘို့ အတွက် အတင်းဆွဲခေါ်သွားတာကို ဘယ်သူမျက်မြင်ကိုယ်တွေ့ ဖြစ်သလဲ။ သို့မဟုတ် ရွာလည် လူဘုံ ကြားမှာ အမျိုးသမီး တစ်ဦးရဲ့ သိက္ခာကို မငဲ့ကွက် ၀တ်ပစ်စလစ်ချွတ်ပစ်ပြီး လူအုပ်ကြီးက ၀ိုင်းဝန်းအနိုင်ကျင့် အဓမ္မပြုကျင့်ခဲ့ပါသလား။--

တောထဲ၊ တောင်ထဲ၊ လယ်ထဲ ချုံထဲမှာ အဓမ္မပြုကျင့်ခံရပြီး သေနေတဲ့ ရုပ်အလောင်းကို ရဲစခန်းက အမှုဖေါ် လိုက်တော့- မွတ်ဆလင် လူငယ် သုံးယောက်က အဓမ္မပြုကျင့်ခဲ့တာတဲ့၊ (၂၄ နာရီ အတွင်းမှာ အမှုဖေါ်ထုတ်ခဲ့ တယ်၊) တရားခံ ဆိုသူတွေကို ဖမ်းသွားပြီး နံပတ် ၁ တရားခံက သူ့ကိုယ်သူ သတ်သေသွားတယ်လို့ ကြေညာ လိုက်တယ်။ ကျန်တရားခံတွေကို တစ်လ အတွင်းမှာ သေဒဏ်ပေးလိုက်တယ်။

တရားခံလို့ စွပ်စွဲခံရသူများဟာ တရားခံ ဟုတ်မဟုတ် သေချာအောင် စစ်ဆေးပြီးပြီလား။ တရားခံ နံပါတ် ၁ ကို ဘာကြောင့် ဖျောက်လိုက်တာလဲ။--- မြန်မာအစိုးရက မွတ်ဆလင်တွေ ဘာလုပ်နေတယ် ဆိုတာကို အချိန် မလပ် စောင့်ကြည့်နေဘို့ မွတ်ဆလင်များ နေထိုင်ရာ ဒေသတိုင်းမှာ တောထဲ တောင်ထဲ ချုံထဲ ချောင်းထဲကမှာ က အစ နေရပ်မလပ် အထူးကင်မရာတွေ တပ်ထားပါသလား။--

အဲ့လို အမှုကို ၂၄ နာရီအတွင်း ဖေါ်ပေးနိုင်တဲ့ ရဲများက တောင်ကုတ်မြို့လို မြို့ပေါ်မှာ (တောင်ကုတ်မြို့ ဆိုတာ မန်အောင်မြို့လို သီးခြားကျွန်း၊ ရမ်းဗြဲကျွန်းလို သီးခြား ကျွန်း မြို့များ ဆိုရင် မဆိုလိုပါ။) ခရီးသည်ကားပေါ်က လူ ပေါင်း ဆယ်ယောက်ကို အကြီးအကျယ် ယုတ်မာဆိုးသွမ်းစွာ အကြမ်းဖက်ရိုတ်သတ်လိုက်တဲ့ ကိစ္စကိုတော့ တရားခံက မှုံဝါးနေဆဲ ဆိုပါတော့--။

မွတ်ဆလင် တစ်ဦးကို ပြစ်မှုတစ်ခုကို အတင်းထိုးချ-- ဟုတ်ဟုတ် မဟုတ်ဟုတ် အတင်းနိုင်ကျင့် ရိုက်ထောင်း ဟုတ်အောင် လုပ်ခိုင်း-၊ ပြီးရင် အရင်စလို အပြစ်ပေး- အမျိုးသားရေး စိတ်တွေ ထကြွ-၊ ရသလောက် အနိုင် ကျင့်- အဲ့ဒီ အခါ ပီတိတွေ ဖြစ်နေပြီး--၊ ကိုယ့်ဘက်ကို ပြန်ထိတော့မယ် ဆိုရင်တော့-၊ ဒါက ဒီလိုပါ၊ ဟိုဟာက ဟိုလိုပါ-- ဘုန်းကြီးဝတ်ပြဘို့ မကျိုးစားပါနဲ့။

(၁) ကျောက်နီမော်က အဓမ္မပြုကျင့်ခံရမှုကို နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကပဲ ပြန်လည် စစ်ဆေးရ မယ်၊

(၂) တောင်ကုတ်မြို့က လူသတ်မှုကို နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကပဲ ပြန်လည်စစ်ဆေးရမယ်။

(၃) ရခိုင်ပြည်မှာ ဖြစ်သွားတဲ့ အရေး ကိစ္စအားလုံးရဲ့ ဇစ်မြစ်များကို နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ပဲ ပြန်လည် စစ်ဆေးရမယ်။

အချိန်ဆွဲ သွေးအေးအောင် လုပ်ပြီး အမှု ဖျောက်ဘို့ ကြိုးစားရင်-- မြန်မာပြည်သားတွေအတွက် ၀င်ရောက်လာ မယ့် စီးပွားရေး လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုများ အားလုံးဟာလည်း- ညီမျှစွာ နောက်ဆုတ်နေစေရပါမယ်။

  1. အလွန်တရာမှသိမ်မွေ့ နုညံပါတယ်ဆိုတဲ့ ဘာသာဝင်တွေရဲ့ commentကလဲနားဝင်ချိုလိုက်တာ မင်းတို့ ဘုန်းကြီးကျောင်းတွေမှာကိုရင်ဝတ်ရင်ဘုန်းကြီးတွေကခုလိုဆဲနည်း၁၀၀၀၀ကုန်အောင်အာဂုံဆောင်ခိုင်းတာလား

  2. အပ်စလားမို့အလိုင်ကွမ်း.........ကျနော်မြင်တာလေးတစ်ခုအကြံပြုချင်ပါတယ် ကိုဌေးလွင်ဦး တင်ပြနေတာတွေ အရမ်းကောင်းပါတယ် ...လေးစားပါတယ် ...မှတ်တမ်းတွေအဖြစ်ရှိနေမှာပါ ... ဒါပေမယ့် ကိုဌေးလွင်ဦးရဲ့ဓါတ်ပုံပို မဖော်ပြသင့်ဘူးလို့ထင်ပါတယ် ... အဲဒီဓါတ်ပုံကြောင့် ဖော်ပြထားတဲ့ထားတဲ့အကြောင်းအရာတွေ ပေါ့သွားစေတယ်လို့ ထင်ပါတယ်

Comment ရေးရန်

Rohingya Exodus