နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့် ရဲများ၏ အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်၊ စော်ကား မှုကြောင့် ဒေသခံများ အထိတ် တလန့် ဖြစ်နေရ



MYARF
RB News
29.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့် ရဲများ ကင်းလှည့်သည့် အချိန်တွင် လမ်းသွားလမ်းလာ ဒေသခံ ရိုဟင်ဂျာများကို အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်ခြင်း၊ စော်ကားခြင်းများကြောင့် ဒေသခံများ အထိတ်တလန့် ဖြစ်နေရကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း အမှတ် (၅) နယ်မြေ စခန်း (ငါးခူရ စခန်း) မှ ရဲမှူးနှင့် အဖွဲ့သည် ၎င်းနယ်မြေပိုင် ကျေးရွာအုပ်စုများ ဖြစ်သည် ငန်းချောင်း၊ ဖားဝပ်ချောင်း၊ ကြက်ရိုးပြင်၊ ငါးစားကြူး၊ ဦးရှဉ့်ကျ၊ ကျားခေါင်းတောင်၊ မြော်တောင်၊ ပွင့်ဖြူချောင်း၊ ဓါးကြီးစား၊ ရေခဲချောင်းခွဆုံ၊ ရေတွင်းကျွန်း စသည့် ကျေးရွာ ၂၂ ရွာတွင် အမြဲတစေ ကားဖြင့် ကင်းလှည့်လေ့ ရှိသည်။ ထိုသို့ ကင်းလှည့်ရာတွင် လမ်းတလျှောက် တွေ့ရှိသလျှ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ ကလေး မရွေး ရိုဟင်ဂျာများကို စစ်ဆေးလေ့ ရှိသည်။ စစ်ဆေးရာတွင်လည်း လူမျိုးရေး ဘာသာရေးနှင့် သက်ဆိုင်သည့် စော်ကားမှုများ ပြုလုပ်ခြင်း၊ ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်း၊ မသင်္ကာဟူ၍ ဖမ်းဆီးခြင်း၊ ဘင်္ဂလားဖုန်း မတွေ့ရှိသော်လည်း ဘင်္ဂလားဖုန်း ရှိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခြင်း၊ အမျိုးသမီး များကို ညစ်ညမ်းစွာ မဖွယ်မရာ ပြောဆို ဆက်ဆံခြင်း စသည်များ ပြုလုပ်လျက် ရှိသည်။ ထိုကဲ့သို့ ပြုမှုနေခြင်းကြောင်း လမ်းသွားလမ်းလာ ဒေသခံ ရိုဟင်ဂျာများ နယ်ခြားစောင့် ရဲများ၏ ကားကို မြင်တိုင်း အထိတ်တလန့် ဖြစ်နေရသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

အလားတူ အမှတ် (၆) နယ်မြေ၊ ကျောက်ပြင်ဆိပ် ကျေးရွာရှိ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် ယူနီဖောင်း မ၀တ်ဘဲ သေနတ်တစ်လက် လွယ်ကာ အချိန်မတော် ကျောက်ပြင်ဆိပ် ကျေးရွာထဲသို့ ၀င်ရောက်ပြီး လမ်းသွားလမ်းလာသူ များကို စစ်ဆေးခြင်း၊ ဆိုင်များကို စစ်ဆေးခြင်း၊ ပစ္စည်းများ လုယက်ခြင်း၊ ရွာသားများကို ရိုက်နှက်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်ခြင်း၊ မည်သည့် တရားဝင် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိဘဲ ဘင်္ဂလားဖုန်း ရှိသည်ဟု လုပ်ကြံ စွပ်စွဲ ဖမ်းဆီး၍ ငွေညှစ်ခြင်းများ အမြဲ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။ ထိုကဲ့သို့ ပြုမူနေခြင်းကြောင့် ရွာသားများ သွားလာရန်နှင့် ဈေးဆိုင်သည်များ ဆိုင်ရောင်းချရန်ပင် အခက်ကြုံနေရသည်ဟု ဆိုသည်။

မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာ (နားရီဘိလ်) နှင့် လှဖိုးခေါင် ကျေးရွာ (ဆောရ်ကောဒ္ဒီး ဘိလ်) ကြားရှိ တံတား ကင်းစခန်းမှ နယ်ခြားစောင့် ရဲများကလည်း လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို နှောက်ယှက်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ အထူးသဖြင့် ဆိုင်ကယ်စီး သွားသူများကို ယာဉ်မောင်း လိုင်စင် ရှိ/မရှိ၊ ဘီးခွန် ရှိ/မရှိ၊ ဆိုင်ကယ် ဦးထုပ် ဆောင်း/မဆောင်း စစ်ဆေးခြင်းများ ပြုလုပ်၍ နှောက်ယှက်လျက် ရှိသည်။ နယ်ခြားစောင့် ရဲများနှင့် မသက်ဆိုင်သော်လည်း လက်နက်အားကိုးဖြင့် အတင်း အဓမ္မ စစ်ဆေးပြီး ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိသည်။ ဆိုင်ကယ်စီး သွားသူများကို စခန်းတွင် ထိုင်ခိုင်း၍ နယ်ခြားစောင့် ရဲများက ဆိုင်ကယ်ယူ၍ ရွာထဲသို့ လည်လေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။ အချို့ကို နေ့တစ်ထက်ထိ ထိုင်ခိုင်းလေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus