March 13, 2025
 R

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးမှ စိတ်ပျက်မိကြောင်းပြောဆို


RB News
23.8.2012

သည်းခံနိုင်စိတ်ပျောက်ဆုံးလောက်အောင်ရိုဟင်ဂျာများအပေါ်ဖြစ်ပွားနေသောကိစ္စသည် အချို့သော အမေရိကန်များ အတွက် မြန်မာနိုင်ငံအပေါ် သိမြင်နားလည်နေသည့် အပေါ်အချိုင့် အခွက် တစ်ခု ပမာဖြစ်နေကြောင်း၊ သို့သော်လည်း အမေရိကန်နိုင်ငံအနေဖြင့် စီးပွားရေးပိတ်ဆို့မှု များလျော့ပေါ့ ရန်သဘော ထားများမပြောင်းလဲသေးကြောင်း၊ မြန်မာနိုင်ငံ ဆိုင်ရာအမေရိကန်သံအမတ်ကြီး Derek Mitchell ကရန်ကုန်မြို့တွင်ပြောကြားသည်။ 

အခြားသောအနောက်နိုင်ငံများကဲ့သို့ အမေရိကန်နိုင်ငံသည်လည်းစီးပွားရေးပိတ်ဆို့မှု အချို့ကိုလွန်ခဲ့သော လပိုင်းများတွင် လျော့ပေါ့ပေးခဲ့သည်။ မြန်မာနိုင်ငံ၏စီးပွားရေးနှင့်နိုင်ငံရေး တိုးတက်မှု အခြေအနေများ ကိုကြည့်ရှု၍ထပ်မံ၍လျော့ပေါ့မှုများ ပြုလုပ်မည်ကိုလည်းအသိပေးခဲ့သည်။ အမေရိကန်နိုင်ငံနှင့်မြန် မာနိုင်ငံ တို့၏ဆက်ဆံမှုအခြေအနေနွေးထွေးလာသော်လည်း ယခုဖြစ်ပွားသည့်ဗုဒ္ဓဘာသာနှင့် ရိုဟင်ဂျာမွတ်စ လင်များ အကြားအကြမ်းဖက်မှုကြီးတွင် ၈၈ ယောက်သေ ဆုံးပြီး  ထောင် ပေါင်းများစွာ အိုးမဲ့အိမ် မဲ့ဖြစ်ခဲ့ သည်။ 

“ကျွန်တော်တို့အနေနဲ့လွန်စွာလျင်လျင်မြန်မြန်ပြန့်ပွားသွားခဲ့တဲ့အကြမ်းဖက်မှုကြီးရဲ့အတိုင်းအတာကိုကြည့်ပြီးတော်တော် လေးအံ့သြမိတယ်” ဟုအမေရိကန်သံအမတ်ကြီး Derek Mitchell မှ The Wall Street Journal နှင့်အင်တာဗျူးတွင်ပြော ကြားခဲ့သည်။ 

“ကျွန်တော်တို့ရဲ့စီးပွားရေးပိတ်ဆို့မှုအပေါ်ရပ်တည်ချက်ကိုတော့ထိခိုက်တယ်လို့မထင်ဘူး။ ရှုပ်ထွေး တဲ့ စိန်ခေါ် မှုတွေကျွန် တော်တို့အပေါ်ပိုလာတယ်” ဟု၎င်းကဆက်လက်ပြောကြားခဲ့သည်။ 

Mr. Mitchell ကရိုဟင်ဂျာပြဿနာသည်အချက်အလက်များအားဖြင့်စိတ်ပျက်ဖွယ်ဖြစ်ကြောင်း၊ အ ဘယ့်ကြောင့် ဆို သော်မြန်မာနိုင်ငံ တွင်းတွင်ရိုဟင်ဂျာများ အပေါ်နိုင်ငံတကာက လက်ခံစဉ်းစားသည့် အနေအ ထားထက်ပိုမိုလေး နက်သောမတရားမှုများကိုဖော်ထုတ်ပြခဲ့ကြောင်း၊ ယခင်ကမြန်မာစစ်တပ်နှင့် အစိုးရကသာအပေါ်လူ့အခွင့်အရေးချိုး ဖောက်မှုများပြင်းပြင်းထန်ထန်ရှိခဲ့ကြောင်း သာနိုင်ငံ တကာခေါင်းဆောင်များကအာရုံစိုက်ခဲ့ကြောင်း၊ သို့သော်ရိုဟင်ဂျာများ အပေါ်နေ့စဉ်နှင့်အမျှနိုင်ငံ သားတိုင်း မှခွဲခြားဆက်ဆံမှုများရှိနေကြောင်း၊ အချို့မှာရိုဟင်ဂျာများနိုင်ငံတွင်းနေထိုင်ခွင့်ကိုပါ မေးခွန်း ထုတ်နေသည်ကိုတွေ့ရကြောင်းပြောကြားခဲ့သည်။ 

“နိုင်ငံသားအချင်းချင်းကြားမှာ သည်းခံနိုင်စိတ်ကုန်ဆုံးလောက်အောင်လေးနက် တဲ့ခွဲခြားဆက် ဆံ မှုတွေတွေ့နေရတာဟာ ကံမကောင်းဘူးလို့ပြောရမှာပါ။ အဲဒီထဲမှာ ပြည်သူလူထု ရဲ့အခွင့်အရေး အတွက်နှစ်ပေါင်းများစွာတိုက်ပွဲဝင်နေသူတွေ၊ တိုးတက်ပြောင်းလဲမှု အတွက်တိုက်ပွဲဝင်နေသူတွေနဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတွေပါဝင်တယ်” ဟု Mr. Mitchell မှပြောသည်။ 

ယခုအကြမ်းဖက်မှုကြီးသည်သာမာန်စိုးရိမ်ပူပန်မှုထက်ပိုသောစိုးရိမ်မှုတစ်ခုဖြစ်လာကြောင်း၊ စနစ် သို့မဟုတ် အစိုးရ သို့မဟုတ် စစ်တပ်အပေါ်ဖြစ်ကြောင်း၊ လှုမှုကွန်ယက် အတွင်းနက်နဲစွာ စိမ့်ဝင်နေသော သည်းခံနိုင်စိတ်ကုန်စွမ်းအောင် ဖြစ်ပေါ်သောအခြေအနေကြောင့်ဖြစ်ကြောင်း၊ ထိုမှတဆင့်စိတ် ပျက်ဖွယ်ရာများဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအခြေအနေသည် ၎င်းတို့နှင့်ကျွန်ုပ်တို့ အခြေအနေဖန်တီးကြောင်း၊ Mr. Mitchell မှဆက်လက်ပြောကြားခဲ့သည်။ 

အင်္ဂါနေ့တွင်မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှထုတ်ပြန်၍ ကြာသပတေးနေ့တွင် အရှေ့တောင်အာ ရှနိုင်ငံများ အသင်းမှ ဖြန့်ဝေခဲ့သောကြေညာချက်တွင် ရိုဟင်ဂျာပြဿနာနှင့် ပတ်သက်၍ သတင်းမှားများကိုလုပ်ကြံ၍သတင်းဖြန့်နေသည်ဟု ရေးသားထားပြီး၊ ဤပြဿနာသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံတွင်းပြဿနာဖြစ်သည်ဟုပါရှိသည်။ ဗုဒ္ဓဘာသာအမျိုး သမီးတစ်ဦးအား မုဒိန်းကျင့်ခြင်း မှဖြစ်ပေါ် ခဲ့သောလူ့အသိုင်းအ၀ိုင်းနှစ်ခုအတွင်းဖြစ်သောပြဿနာသာဖြစ်ပြီး၊ ဘာသာရေး အရခွဲခြား၍၊ ဖိနှိပ် ၍ဖြစ်ခဲ့သောပြဿနာမဟုတ်ဟုလည်းပါရှိပေသည်။ ထို့ကြောင့်နိုင်ငံရေးအရဒေသတွင်း သို့မဟုတ် နိုင်ငံတကာတွင်းဘာသာရေးအရဖြစ်ပေါ်သောပြဿနာဟုလုံးဝလက်ခံနိုင်မည်မဟုတ်ဟုထိုကြေညာချက်တွင်ရေးသား ထားခဲ့သည်။ 

Mr. Mitchell မှ အမေရိကန်အစိုးရ အနေဖြင့်မြန်မာနိုင်ငံ အနောက်ပိုင်းတွင်နေ ထိုင်သောဗုဒ္ဓဘာ သာဝင်များလည်းလွန်ခဲ့ သောနှစ်များတွင်အတူတကွခံ စားခဲ့ရ သည်များ ကိုစာနာပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများအားလုံးကလည်း ရိုဟင်ဂျာ အရေးအပေါ်လွန်စွာ စိုးရိမ်ပူ ပန်နေကြောင်းပြောကြားခဲ့သည်။ 

သို့သော်၎င်းကပြောကြားရာတွင်ထိုအတွက်ကြောင့်ရိုဟင်ဂျာများကိုကူညီထောက်ပံ့ပေးရန်ဆန္ဒလျော့ပါးသွားခြင်းမဟုတ် ကြောင်း၊ ရိုဟင်ဂျာများမှာနှစ်ပေါင်းများ စွာဒေသတွင်းတွင်နေ ထိုင်ရန်နေရာ ရှာဖွေနေ သူ များဖြစ်ကြောင်း၊ အစိုးရမှထိုသူများ ကိုမလိုလားကြောင်း၊ မြန်မာနိုင်ငံမှ ထိုသူများကိုနိုင်ငံ သားငြင်းပယ်ထားသည့်အပြင်သွားလာရန်ကန့်သတ်ထားခြင်း၊ လက်ထပ်ခွင့်ကန့်သတ်ထားခြင်း များရှိကြောင်း၊ မြန်မာအစိုးရအနေဖြင့်ရိုဟင်ဂျာများမှာနိုင်ငံတွင်းတရားမ၀င်ခိုးဝင်၍ နေထိုင်သူ များဖြစ်ကြောင်း၊ ထိုသူများကိုကာကွယ်ရန်မြန်မာအစိုးရမှ အကောင်းဆုံးကြိုးစား ခဲ့ကြောင်းပြော ကြား ခဲ့ သည်။ 

“ရိုဟင်ဂျာတွေကိုလူတိုင်းဖိနှိပ်ကြတယ်။ ဒီလူတွေကနိုင်ငံမဲ့နေတယ်။ ဒီလူတွေမှာဘယ်နေရာ ကိုမှ လှည့်သွား ဖို့မရှိဘူး။ အဲဒီတော့ ဒီလူတွေကနိုင်ငံ တကာအသိုင်းအ၀ိုင်း ကနေပျောက်ဆုံးသွား မှာမဟုတ်ဘူး” ဟု Mr. Mitchell မှပြောခဲ့သည်။ 

Mr. Mitchell မှထိုသို့ပြောသော်လည်းယခုအချိန်ထိအမေရိကန်အစိုးရအနေဖြင့် ရိုဟင်ဂျာများ၏ အခွင့်အရေးအတွက် စီးပွားရေးပိတ်ဆို့မှုလျော့ပေါ့ရေးတွင် မည်မျှကန့်သတ်ထား မည်ကိုရှင်းလင်း စွာမသိရသေးပေ။ အမေရိကန်အစိုးရမှ မြန်မာနိုင်ငံမှသွင်း ကုန်များနှင့် အခြားသောစီးပွားရေး များကိုယခုအချိန် ထိပိတ်ဆို့ထားသော်လည်း၊ အမေရိကန်စီးပွားရေး သမားများကိုမြန်မာနိုင်ငံ တွင်းရင်းနှီးမြှပ်နှံခွင့်ကိုပြန်လည်ဖွင့်ပေးခဲ့ပြီး၊ လျင်မြန်စွာပါဝင်လုပ်ဆောင်ခွင့်ပေးခဲ့သည်။ 

နောက်ဆုံးဖြစ်ပွားခဲ့သောအကြမ်းဖက်မှုကြီးကိုစုံစမ်းရန်မြန်မာအစိုးရမှအဖွဲ့ဝင် ၂၇ ဦးပါဝင်သောစုံ စမ်းရေးကော်မရှင်တစ် ရပ်ကို ကျောင်းသားခေါင်းဆောင်ဟောင်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စား လှယ်များ၊ အစိုးရဝေဖန်ရေးကြောင့်နှစ်ရှည် ထောင်ကျခဲ့ဖူး သူများဖြင့်ဖွဲ့စည်းပေးခဲ့သည်။ နိုင်ငံကျော် ဟာသပညာရှင်ဇာဂနာနှင့် ၁၉၈၈ အရေးအခင်းတွင်တက်ကြွစွာ ပါဝင်ခဲ့သောကျောင်း သားခေါင်းဆောင် ကိုကိုကြီးတို့လည်းပါဝင်သည်။ ထိုကော်မရှင်မှရှာဖွေတွေ့ရှိချက်များကို စက်တင် ဘာလ (၁၇) ရက်နောက် ဆုံးထား၍တင်ပြရမည်ဖြစ်သည်။ 

နိုင်ငံတကာအဖွဲ့အစည်းအချို့မှစုံစမ်းရေးကော်မရှင်ဖွဲ့စည်းပေးခြင်းအတွက်ချီးကျူးပြောဆိုခဲ့သော်လည်း၊ အချို့မှာ ယုံကြည် မှုကင်းမဲ့နေသည်။ လွန်ခဲ့သည့်အပတ်တွင်နိုင်ငံတကာရှိရိုဟင်ဂျာအဖွဲ့အစည်းများ၊ အင်္ဂလန်နိုင်ငံအခြေစိုက်မြန်မာရိုဟင်ဂျာ အသင်းအပါအ၀င်ထုတ်ပြန်ခဲ့သောကြေညာ ချက်တွင်စုံစမ်းရေးကော်မရှင်သည် ရိုဟင်ဂျာကိုယ်စားလှယ်များပါဝင်ခွင့်မရ သောကြောင့် မှန်ကန်၍ ယုံကြည် စိတ်ချရသော၊ လွတ်လပ်သည့်အဖွဲ့ဖြစ်မည်မဟုတ်ဟုရေးသားထားသည်။ ထိုအဖွဲ့ဝင် တိုက်ရိုက် သို့မဟုတ်သွယ်ဝိုက်၍အကြမ်းဖက်မှုကြီးကိုလောင်စာထည့်ခဲ့သည့်သူများပါဝင်နေသည်ဟုလည်းပါရှိသည်။ ထိုအဖွဲ့များမှ ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်ကိုလိုလားကြောင်းရေးသားဖော်ပြထားသည်။ 

မြန်မာအစိုးရမှထုတ်ပြန်သောကြေညာချက်တွင် အဖွဲ့ဝင် ၂၇ ဦးပါဝင်သောစုံစမ်းရေးကော် မရှင်သည်နိုင်ငံ၏အကျိုးကိုမျှော် ကိုး၍ ဖြစ်ပျက်ခဲ့သောအချက်အလက်များကို တိတိကျကျမှန်မှန် ကန်ကန်အကြံဥာဏ်ပေးရန်ဖြစ်ကြောင်း၊ မြန်မာအစိုးရမှ နိုင်ငံတကာဖြင့်ပူးပေါင်း၍ အကြမ်း ဖက်မှုဖြစ် ပွားခဲ့သည့်နေရာများသို့လူမှုအထောက်အကူများရရှိရန်ကြိုးပမ်းလျက်ရှိ ကြောင်းထည့်သွင်းဖော်ပြထားသည်။ 

The Wall Street Journal မှသတင်းဆောင်းပါးကိုဘာသာပြန်သည်။ 

Comment ရေးရန်

Pages 22123456 »
Rohingya Exodus