နောက်ဆုံးသတင်း/ဆောင်းပါးများ

လူ့အခွင့်အရေး ကိစ္စ မြန်မာ အစိုးရကို တောင်းဆိုရန် Freedom House အဖွဲ့ ကြေညာ


RFA  မြန်မာပိုင်း
14.11.2012

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက် ရင်း မြန်မာနိုင်ငံကို သွားလည်ပတ်မယ့် အမေရိကန် သမ္မတ အိုဘားမားရဲ့ ခရီးစဉ်အတွင်းမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့အတွက် မြန်မာအစိုးရကို ဖိအားပေးတောင်းဆိုဖို့ အမေရိကန်အခြေစိုက် FreedomHouse လို့ခေါ်တဲ့လူ့အခွင့်ရေးအဖွဲ့ကြီးကတိုက်တွန်းတဲ့ ကြေညာချက် တစ်စောင်ကို မနေ့က ထုတ်ပြန်လိုက်ပါတယ်၊

မြန်မာအစိုးရနဲ့ သမ္မတ အိုဘားမာတွေ့ဆုံစဉ်မှာ သူတို့အနေနဲ့ အချက် ၃ ချက်ကို ဖိအားပေးတောင်း ဆိုစေချင်ပါတယ်လို့ Freedom House အဖွဲ့ရဲ့အာရှရေးရာ ဒါရိုက်တာ Sue Vaughn က RFA ကိုပြော ပါတယ်၊

ပထမဆုံးအနေနဲု့ သမ္မတ အိုဘားမား မြန်မာနိုင်ငံကို ရောက်နေစဉ်အတွင်း အကျဉ်းထောင်တွေ ထဲ မှာ နိုင်ငံရေး အကျဉ်းသား တစ်ယာက်မကျန် လွှတ်ပေးစေချင်ပါတယ်။ ဒါဟာ သိပ်ကိုအရေးကြီးတဲ့ အချက်ဖြစ် ပါတယ်။

ဒုတိယအနေနဲ့ကတော့ ရခိုင်ပြည်နယ်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြသနာတွေမှာ နိုင်ငံတကာ လူ့အခွင့်ရေးစံ ချိန်စံနှုန်းတွေနဲ့အညီ ရိုဟင်ဂျာပြဿနာ ကို တရားဝင်နည်းလမ်းတကျ အကာအကွယ်ပေးကိုင်တွယ်ဖို့ လိုပါတယ်။

တတိယကတော့ ကချင်ပြည်နယ်အပါအ၀င် တခြားတိုင်းရင်းသားဒေသတွေမှာ စစ်တပ်တွေကျူးလွန်နေတဲ့ လူ့အခွင့်ရေးချိုးဖောက်နေတာတွေ ချက်ချင်းရပ်ဆိုင်းပေးဖို့ ဖြစ်ပါတယ်လို့ မစ္စ Sue Vaughn ပြောပါတယ်၊

ဒါ့အပြင် သမ္မတ အိုဘားမား မြန်မာပြည်ကိုသွားမယ်ဆိုတာ အနည်းငယ် အချိန်စောနေသေး တယ်လို့ မြင် ပါတယ်။ မနှစ်ကစလို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေ စနေပြီဆိုပေမယ့် ပြီးပြည့်စုံတဲ့ အခြေ အနေ တခု အ ထိတော့ မရှိသေးပါဘူး။

အပြောင်းအလဲတွေဟာ အနည်းငယ်ဆိုပေမယ့် အကောင်းဖက်ဦးတည်တဲ့ တိုးတက်တဲ့ အပြောင်းအ လဲတွေလို့ ကျမတို့ လက်ခံထားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ နေ့စဉ်လိုလို တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေရှိနေတာဟာ တကယ့်ကို စိုးရိမ်စရာ အနေအထားတွေမှာပဲ ရှိနေပါသေး တယ်လို့ Freedom House အဖွဲ့ရဲ အာရှရေးရာ ဒါရိုက်တာ Sue Vaughn ပြောပါတယ်။

Comment ရေးရန်

Rohingya Exodus