March 14, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

စာအုပ်စင်

အိတ်ဖွင့်ပေးစာ

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး၏ ရာမ်ဒွါန် ၀ါဖြေပွဲသို့ ဒေါက်တာ ၀ါကာအူဒင် တက်ရောက်

ဒေါက်တာ ၀ါကာအူဒင်နှင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဂျွန်ကယ်ရီ

RB News
27.7.2013

ဝါရှင်တန် ။ ။ ဇူလိုင်လ (၂၄) ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဂျွန်ကယ်ရီမှ မွတ်စလင် ခေါင်းဆောင်များ၊ အမေရိကန် ကွန်ဂရက် လွှတ်တော် အမတ်များ၊ သံတမန်များကို ၀ါဖြေပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။ အဆိုပါ ၀ါဖြေပွဲသို့ ဖိတ်ကြား ခံရသူ များတွင် အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ၀ါကာအူဒင်လည်း တစ်ဦး အပါအ၀င် ဖြစ်သည်။ 

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဂျွန်ကယ်ရီက “အစ္စလာမို အလိုင်ကွမ်း၊ ရာမ်ဒွါန် ကရီးမ်” ဟု နှုတ်ဆက်၍ မိန့်ခွန်း ပြောကြား ခဲ့သည်။

ဧည့်ခံပွဲ ပြီးနောက်တွင် မစ္စတာ ဂျွန်ကယ်ရီမှ ဧည့်သည် အချို့ဖြင့် စကားပြောဆိုရာတွင် ဒေါက်တာ ၀ါကာအူဒင်မှ ရိုဟင်ဂျာ အရေး ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရန် အခွင့်အရေး ရခဲ့သည်။ “မစ္စတာ ဂျွန်ကယ်ရီက တန်းပြီး အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး ARU အကြောင်းနဲ့ မြန်မာ ရိုဟင်ဂျာ အသင်း (မြောက်အမေရိက) BRANA အကြောင်း မေးတော့ ကျွန်တော် တော်တော်လေး အံ့သြ မိတယ်” ဟု ဒေါက်တာ ၀ါကာအူဒင်မှ RB News သို့ပြောပါသည်။ 

“BRANA ကိုတော့ လွန်ခဲ့တဲ့နှစ် တွေထဲက မစ္စတာ ဂျွန်ကယ်ရီ နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဌ လုပ်ကတည်းက သိနေ ခဲ့တယ်။ အခုတော့ ARU ကိုပါ သိနေပါပြီ၊ ကျွန်တော်တို့ နိုင်ငံတကာ အဆင့် လုပ်နေတာ တွေကို မစ္စတာ ကယ်ရီက သိနေ ပါတယ်” ဟု ဒေါက်တာ အူဒင်မှ ပြောသည်။ 

မစ္စတာကယ်ရီက မြန်မာ နိုင်ငံ ပြုပြင် ပြောင်းလဲရေး၏ အရေးကြီးပုံနှင့် တိုင်းရင်းသား ပေါင်းစုံ ချစ်ကြည် ရင်းနှီး ငြိမ်းချမ်းစွာ နေထိုင် နိုင်ရေး တို့အတွက် ပြုလုပ် ရမည့် အရေးတို့ကို ပြောကြား ပြီးနောက်၊ အမေ ရိကန် အစိုးရ အနေဖြင့် ရိုဟင်ဂျာ အရေးကို အလေးထား ကူညီ သွားမည်ဟု ပြောကြား ခဲ့ကြောင်း သိရှိ ရပါသည်။ ဒေါက်တာ အူဒင်မှ အမေရိကန် အစိုးရ၏ ရိုဟင်ဂျာ အရေး အတွက် ထောက်ခံ အားပေးမှု များကို ကျေးဇူးတင်ကြောင်း ပြန်လည် ပြောကြား ခဲ့သည်။

ကွန်ဂရက် လွှတ်တော် အမတ် မစ္စတာ အန်ဒရေ ကာဆန်၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဂျွန်ကယ်ရီနှင့် ဒေါက်တာ ၀ါကာအူဒင် 
ကုလသမဂ္ဂဆိုင်ရာ OIC သံအမတ်ကြီး မစ္စတာ အူဖူခ်ဂိုခ်ဆန်၊ OIC ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ရာရှဲသ်ဟူစိန်းနှင့် ဒေါက်တာဝါကာအူဒင်
Al Jazeera America မှ မစ္စတာ အလီဗေလ်ရှီ၊ ဒေါက်တာ ၀ါကာအူဒင်နှင့် ကွန်ဂရက် လွှတ်တော်အမတ် ကိတ်အီလီဆန်
ထို့နောက် ကွန်ဂရက် လွှတ်တော် အမတ်များ ဖြစ်သော မစ္စတာ အန်ဒရေ ကာဆန်၊ မစ္စတာ ကိတ်အီ လီ ဆန် အပါအ၀င် အခြားသော လွှတ်တော် အမတ်များ၊ သံတမန်များ၊ OIC ဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် မစ္စတာ ရရှဲသ် ဟူစိန်း၊ ကုလသမဂ္ဂ ဆိုင်ရာ OIC သံအမတ်ကြီး မစ္စတာ အူဖူခ် ဂိုခ်ဆန်၊ Al Jazeera America မှ မစ္စတာ အလီဗေလ်ရှီ တို့နှင့် ရိုဟင်ဂျာ အရေး ကိစ္စ များကို ဒေါက်တာ အူဒင် မှ ဆွေးနွေး ခဲ့ကြောင်း သတင်း ရရှိပါသည်။

Comment ရေးရန်

Rohingya Exodus