နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာများ၏လယ်ယာမြေများကို နစကမှထပ်မံသိမ်းယူ


ကျော်သိန်း
RB News
ဒီဇင်ဘာ (၁၃) ၂၀၁၂

မောင်းတော။ ။ ရခိုင်ပြည်နယ်၊ မောင်းတောမြို့ သရေကုန်းတန်းကျေးရွာရှိ ရိုဟင်ဂျာများ၏လယ်ယာမြေ ဧက (၅၀) ကို နယ်စပ်ဒေသကွပ်ကွဲရေး (နစက) မှဒီဇင်ဘာလ (၅) ရက်နေ့တွင်သိမ်းယူခဲ့ကြောင်းသတင်း ရရှိပါသည်။ 

မောင်းတောမြို့၊ သရေကုန်းတန်းကျေးရွာရှိ ရိုဟင်ဂျာများပိုင်ဆိုင်သောလယ်ယာမြေများကို နစကမှအတင်း အဓမ္မသိမ်းယူ လျက်ရှိရာ နောက်ဆုံးတွင် စိုက်ပျိုး၍မကောင်းသောလယ်ယာမြေဧက (၅၀) ကျန်ရှိနေခဲ့ သည်။ ထိုကျန်ရှိနေသည့် လယ်ယာမြေဧက (၅၀) ကိုနစကမှဒီဇင်ဘာလ (၅) ရက်နေ့တွင်သိမ်းယူ၍ ထိုနေရာ တွင်နစက၏ အလံများစိုက်ထူလိုက်ကြောင်း သတင်းရရှိပါသည်။ ထိုသို့သိမ်း ယူပြီးနောက်နေ့ တွင်ရခိုင် လူမျိုးများလယ်ထွန်ယက်နေသည်ကို ပိုင်ရှင်များဖြစ် သော ရိုဟင်ဂျာလူမျိုးများ မှတွေ့ ၍ မေးမြန်း ရာ “ဒီနေ့ ကစပြီးဒီလယ်ယာမြေတွေကခင်ဗျားတို့ လယ်တွေမဟုတ်တော့ဘူး၊ ကျုပ်တို့ လယ်မြေတွေဖြစ် သွားပြီ” ဟုပြန် ကြား ခဲ့ကြောင်းသိရသည်။

မောင်းတောမြို့တွင်ထိုကဲ့သို့လယ်ယာမြေများကိုနစကမှသိမ်းယူ၍ ရခိုင်လူမျိုးများသို့လွှဲပြောင်းပေးနေခြင်း များကို မောင်း တောမြို့တောင်ပိုင်းနှင့်မြောက်ပိုင်းတို့တွင်အစဉ်အမြဲပြုလုပ်လျက်ရှိပြီး၊မူရင်းပိုင်ရှင်များမှ နှုတ် ဆိတ်၍ကြည့်နေရသည်။ဥပဒေအရတရားစွဲဆိုရန်ကြိုးစားပါကမတရားသဖြင့်ဖမ်းဆီးနှိပ်စက်ခံရမည်ကိုကြောက် ရွှံ့နေရသည်ဟု ဒေသခံတစ်ဦးမှ RB News သို့ပြောသည်။

မောင်းတောမြို့၊ ကျေးရွာများတွင်နေထိုင်သောရိုဟင်ဂျာလူမျိုးအများစုမှာလယ်လုပ်ငန်းလုပ်ကိုင်ကြပြီး၊သရေ ကုန်းတန်းကျေးရွာတွင်နေထိုင်ကြသော ရိုဟင်ဂျာလူမျိုးများမှာ ယခုအခါလယ်မြေမဲ့၊၀င်ငွေမဲ့အခြေအနေနှင့် ရင်ဆိုင်နေရကြောင်းသတင်းရရှိပါသည်။

Comment ရေးရန်

Rohingya Exodus