နောက်ဆုံးသတင်း/ဆောင်းပါးများ

RB News
31.12.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပြို လက်ဝဲ မြို့နယ်ခွဲ၊ နတ်မြစ် အဆုံး မော်တော် ဘုတ် ဆိပ်အနီးတွင် ရိုဟင်ဂျာ အမျိုးသမီး တစ်ဦး၏ အလောင်း တွေ့ရှိ ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

မောင်တော မြို့နယ်၊ တောင်ပြို လက်ဝဲ မြို့နယ်ခွဲ နတ်မြစ် အဆုံး တောင်ပြို လက်ဝဲချောင်းတွင် ဒီဇင် ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီ အချိန်၌ ကျားပိုက် သမားများက ရိုဟင်ဂျာ အမျိုးသမီး တစ်ဦး၏ အလောင်း တွေ့ရှိ ခဲ့သည်။ ထို့နောက် ကျားပိုက် သမား များက အမှတ် (၁) ရပ်ကွက် အုပ်ချုပ် ရေးမှူးသို့ သ တင်း ပေးပို့ ခဲ့ပြီး၊ အုပ်ချုပ် ရေးမှူးက ဒေသ ဆိုင်ရာ အာဏာပိုင် များကို အစီရင် ခံခဲ့သည်။ 

ဒေသ ဆိုင်ရာ အာဏာပိုင် များ၏ ခွင့်ပြုချက် အရ အမှတ် (၁) ရပ်ကွက်မှ ရပ်မိ ရပ်ဖ များက အလောင်း ကို ဆေးရုံသို့ ပို့ဆောင် ခဲ့ပြီး၊ ဆေးရုံမှ အလောင်းကို ခွဲစိတ်၍ အာဏာပိုင် များထံ လွှဲပြောင်း ပေးအပ် ခဲ့ သည်။ ထို့နောက် အာဏာပိုင်များက အမှတ် (၁)ရပ်ကွက် ရပ်မိရပ်ဖများသို့ ပြန်လည် လွှဲပြောင်း ပေး ပြီးနောက် နေ့လည် ၁၂ နာရီခွဲ အချိန်တွင် တောင်ပြို လက်ဝဲ ဈေးအနီးရှိ သုဿန်တွင် စုပေါင်း ၀တ်ပြု ပြီး မြှပ်နှံ သဂြိုဟ် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

အမှတ် (၁) ရပ်ကွက်မှ ဒေသခံ များက သေဆုံး နေသည့် အမျိုးသမီးမှာ အသက် ၂၀ ကျော် အရွယ်သာ ရှိပြီး၊ အကြမ်းဖက် သမားများ (သို့မဟုတ်) နယ်မြေ (၄) လုံထိန်း ရဲတပ်ဖွဲ့ (သို့မဟုတ်) ကျီးကျွန်း လုံထိန်း ရဲခစန်းမှ တပ်ဖွဲ့ဝင် များ၏ အကြမ်းဖက် မှုသာ ဖြစ်လိမ့်မည်ဟု သုံးသပ်လျက် ရှိကြသည်။


နိုင်ငံရေးအကျဉ်းသား ဦးဝင်းရွှေကို မိသားစုက ကြိုဆိုနှုတ်ဆက်နေစဉ်။
မအေးအေးမာ
ဗွီအိုအေ မြန်မာပိုင်း
၃၁-၁၂-၂၀၁၃
မြန်မာ အစိုးရရဲ့ ပြစ်ဒဏ် လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်နဲ့ နိုင်ငံရေး အကျဉ်းသား တချို့ပြန်လည် လွတ်မြောက် လာကြပြီ ဖြစ်ပါတယ်။ ဒီအထဲမှာ နိုင်ငံရေးအမှုနဲ့ ဖမ်းဆီး ထိန်းသိမ်းခံ ထားရသူ တချို့ လည်း ပါဝင် ပါတယ်။ ဒီ ကနေ့ လွတ်မြောက် လာသူ တွေဟာ ဘယ်သူ တွေလဲ ဆိုတာ ကိုတော့ ထိုင်း အခြေ စိုက် ဗွီ အိုအေ သတင်းထောက် မအေးအေးမာ က သတင်း ပေးပို့ ခဲ့ပါတယ်။

နိုင်ငံတော် သမ္မတရုံး ရဲ့ (အမိန့် အမှတ်၊ ၅၁/၂၀၁၃) အရ ဒီဇင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန် ခဲ့တဲ့ ပြစ်ဒဏ် လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် အရ အင်းစိန် ထောင်နဲ့ မန္တလေးထောင် အပြင် တခြား အ ကျဉ်း ထောင်တွေ ကနေ အကျဉ်း သားတွေ ပြန်လည် လွတ်မြောက် လာကြ ပါတယ်။

ရန်ကုန် အင်းစိန် ထောင် မှာတော့ မနက်ပိုင်း ကနေ ညနေ ၆ နာရီခွဲ ကျော် လောက် အထိ အကျဉ်းသား ၁၂ ဦးလွတ်မြောက်လာခဲ့ကြောင်းအင်းစိန်ထောင်ရှေ့မှာရှိနေတဲ့တက်ကြွလှုပ်ရှားသူ ကိုသိန်းအောင် မြင့်က ဆိုပါတယ်။

“လွတ်တာက ကိုတင်ကျော်၊ ဦးလူအေး၊ မစိန်ဌေး၊ ကိုမြင့်နိုင် ၄ ဦး လွတ်တယ်။ ဒေါ်နော်အုန်းလှ၊ စည်သူ လွတ်တယ်။ ပေါင်း အားလုံး ၁၂ ဦးပါ။”

ညနေ ၆ နာရီခွဲ ကျော် အချိန် လောက်မှာ ပြန်လည် လွတ်မြောက် လာသူ ကိုထင်ကျော် ကတော့ ပုဒ်မ ၁၈ နဲ့ ပုဒ်မ ၅၀၅ (ခ) တွေနဲ့ အမှုပေါင်း ၁၅ မှုလောက် တရားစွဲဆို ခံထား ရသူပါ။ သူကတော့ -

“သမ္မတကြီး ကနေသူ့ကတိ အတိုင်း လွှတ်ပေးတဲ့ အပေါ်မှာတော့ ကျနော်တို့ ကကြိုဆိုပါ တယ်။ ထောက် လည်း ထောက်ခံ ပါတယ်။ သို့သော် အဲ့ဒီ အပေါ်မှာ ဒီ ၃၁ ရက်နေ့ အမိန့်ပဲ တည်တဲ့ ၂၀၁၃ က ကိစ္စတွေ ဒီဘက် မှာ မသက်ဆိုင်ဘူး ဆိုရင်တော့ အဲ့ဒါ ဆိုရင်တော့ လွဲမှားတဲ့ ဆုံးဖြတ်ချက်ပဲ  ဖြစ်ပါ လိမ့်မယ်။ ကျနော် တို့ ကတော့ လူထု အကျိုးနဲ့ပတ် သက်လာရင် ဒီနိုင် ငံမှာရှိတဲ့ နိုင်ငံရေး အသိုင်း အ၀ိုင်းတွေ အား လုံး၊ လုပ်ဖော်ကိုင်ဖက်တွေ အားလုံး ကတော့ အကျိုး စီးပွား အကာအကွယ် မပေးနိုင်တဲ့ကိစ္စတွေကို ဘယ် သူမှ လည်း လေး စားမှာမဟုတ်ဘူး။ အစိုးရက ဒီအတိုင်း လွှတ်လိုက်၊ ဖမ်းလိုက်၊ လွှတ်လိုက်၊ ဖမ်းလိုက်နဲ့ အချိန်တွေကုန် ပြီးတော့မှ သမိုင်းမှာအစိုးရရဲ့ အမဲ စက်တွေဖြစ် သွားမှာ စိုးတဲ့ အ တွက် ပြည် သူလူထုရဲ့ အကြပ် အတည်းကို ပူးပေါင်းဖြေရှင်းရင် အောင်မြင်ပါလိမ့်မယ်လို့ ဒါ နှစ်သစ်ဦး ကျနော် မင်္ဂလာ စ ကား ပြောလိုပါ တယ်ခင်ဗျာ။”

မန္တလေးမြို့ အကျဉ်းထောင်ကနေ လွတ်မြောက်လာသူတွေကတော့ ပုဒ်မ ၅၀၅ (ခ) နဲ့ လွတ်မြောက်သူ များဖြစ်ပြီး ညပိုင်းအထိ လွတ်မြောက်လာသူစာရင်းဟာ ၉ ဦးသာ ရှိကြောင်း တက်ကြွလှုပ်ရှားသူ တဦးဖြစ် တဲ့ ကိုညီညီကျော် က ပြောပါတယ်။

“နိုင်ငံရေး အကျဉ်းသား  ဟောင်းထဲက မလွတ်ပါဘူး ခင်ဗျာ။ ပြီးခဲ့တဲ့ မန္တလေးနဲ့ ၀န်းကျင်မှာ ရုတ်ရုတ် ရုတ် ရုတ်ဖြစ်ခဲ့က တည်း ကပေါ့နော်။ ကောလဟာလ သတင်းဖြန့်တယ်လို့ သတ်မှတ်ခံရတဲ့ ကိုမြင့်ဦး ရယ် ၊ နောက် မန္တလေးမှာ ကမ္ဘာ မကြေမှု လို့ခေါ် တတ် တယ်ဗျ၊ ပတ်ဝန်း ကျင်မှာ ရဲနဲ့ နည်း နည်းလေး ငြိ တဲ့ အခါ မှာ ကမ္ဘာ မကြေ သီချင်း အော်ဆိုမိတဲ့ ၃ ဦးရယ်၊ လက်ပံရွာက ရုတ် တရက် လန့် ပြီးတော့ ဓာတ် တိုင်ခေါက် လိုက် တယ်၊ ဆိုင်ကယ်လ် တစီးနဲ့ လာတာကို လန့်ပြီး ဓာတ် တိုင်ခေါက် လိုက်တဲ့ ၃ ဦး ရယ် ၊ နောက် တခု ကတော့ ကျောက်ဆည်က လာပြီ လာပြီလို့ အော်မိတဲ့ ၂ ဦးရယ်ဗျာ၊ --- ပဋိပ က္ခကာ လမှာ ၅၀၅ (ခ)နဲ့ စွပ်စွဲ ခံရ တဲ့သူပါ။ ၉ ဦးဆိုတာက ပွင့်ပွင့် လင်းလင်း ပြော မယ်ဗျ။ နိုင်ငံရေး အကျဉ်းသား လို့တောင် ပြော လို့မရဘူးခင်ဗျ။”

နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီက တာဝန်ရှိသူ ဦးရဲအောင်ကတော့ ဒီဇင်ဘာလ ၃၀ ရက်နေ့ အမိန့်ထဲ မပါဝင်နိုင်သေးတဲ့ အကျဉ်းသား ၃၅ ဦးလောက် ကျန်နေသေးကြောင်းကို ပြောပြပါတယ်။

“စာရင်း အရဆိုရင် ၃၅ ဦးလောက် ကျန်နေ ပါသေးတယ်။ သူတို့က ဒီအမိန့်ထဲမှာပါတဲ့ ပုဒ်မတချို့နဲ့ သက် ဆိုင် သလို၊ ဒီအမိန့် ထဲမှာ မပါတဲ့ တခြား ပုဒ်မတွေနဲ့လည်း ထောင် ကျနေတာ ဖြစ်ပါတယ်။ အဲ့လိုလူ မျိုးတွေ က ဒီအမိန့်ကို ထုတ်ပြန် တဲ့အခါမှာ ဒီလူတွေက ပါသွား ဖို့မရှိပါဘူး။ သူတို့လက်ရှိ ဒီ အမိန့်နဲ့ သက် ဆိုင်တဲ့ ပုဒ်မတွေနဲ့ ပတ် သက်တဲ့ ပြစ်ဒဏ် တွေကို ဖြေလျှော့ပေမဲ့ တခြားပုဒ် မတွေ နဲ့ချထား တဲ့ ပြစ် ဒဏ်တွေ က ဆက် ပြီး ခံစားရမယ့်ကိစ္စ ရှိပါတယ်။ အဲ့ဒီဟာအတွက်လည်း ကျနော်တို့က သီးခြား စီစဉ် ထားပါတယ်။”

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မနေ့ကထုတ်ပြန်တဲ့ အမိန့်မှာတော့ မတရားအသင်း အက်ဥပဒေ ပါ ပြစ် မှုတွေ၊ နိုင်ငံတော် စ္စာဖောက်ဖျက် ပုန်ကန်မှု (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂)၊ အကြည်ညို ပျက်အောင် ပြု လုပ်မှု (ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၂၄ က)၊ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလို သူများရဲ့ ဘေးအန္တ ရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေပါ ပြစ်မှုများ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့် လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြစ်မှုများ၊ အများပြည်သူရဲ့အကျိုး ပျက်စီးစေမှု (ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀၅)၊ ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေပါ ပြစ်မှုများကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုတယ်လို့ဆိုပေမဲ့ အဲဒီ အမှုနဲ့ ပတ်သက်တဲ့လူတွေ လွတ်မြောက်လာခြင်း မရှိသေးတာကြောင့် ညနေပိုင်းကစပြီး ရန်ကုန် အင်း စိန်ထောင်ရှေ့မှာ ထိန်းသိမ်းခံထားရသူတွေရဲ့ မိသားစုဝင်တွေနဲ့ တက်ကြွလှုပ်ရှားသူ အင်အား ၂၀၀ ကျော် က ဆန္ဒထုတ်ဖော်နေခဲ့ကြပါတယ်။

“နိုင်ငံရေးအကျဉ်းသားနဲ့ တခြားအကျဉ်းသားများ ချက်ချင်းလွှတ်၊ ချက်ချင်းလွှတ်”

“နိုင်ငံရေးအကျဉ်းသားနဲ့ တခြားအကျဉ်းသားများ ချက်ချင်းလွှတ်၊ ချက်ချင်းလွှတ်”

နိုင်ငံရေး အကျဉ်း သားတွေနဲ့ အခြား အကျဉ်း သားတွေ အတွက် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အမြန် ဆုံးပေးပါ။ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးပါလို့ တောင်း ဆိုနေကြတာ ဖြစ် ပါတယ်။ ဒီ လိုတောင်း ဆို မှုတွေ လုပ်နေဆဲ အချိန်မှာပဲ ညနေ ၆ နာရီခွဲ အကျော်မှာ ကျန်နေသေးတဲ့ အကျဉ်းသား ၈ ဦးခန့်ကို ထပ်မံ လွှတ်ပေး ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းအတွင်းက အခြေအနေတွေဟာ အတော်လေးကို စိုး ရိမ် ပူပန်စရာ အနေအထားမှာ ရှိနေတဲ့အတွက် အစိုးရအနေနဲ့ အမြန်ဆုံး ကိုင်တွယ်ဖြေ ရှင်းပေး ဖို့ နိုင်ငံ တကာ အသိုင်းအဝိုင်း ကတောင်းဆို လိုက်ပါတယ်။ စခန်းအတွင်းမှာ ရှိနေတဲ့ ဒုက္ခသည်တွေကို နိုင်ငံတ ကာက အကူအညီပေးတဲ့နေ ရာမှာလည်းဒေသ ခံတွေရဲ့နှောင့်ယှက်ဟန့် တားမှုတွေနဲ့ရင် ဆိုင်နေ ရတယ် လို့ရန်ကုန်မြို့ မှာရှိတဲ့ နိုင်ငံတကာသံရုံးတွေက ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက် မှာ ဖော်ပြထား ပါ တယ်။ အပြည့်အစုံ ကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် အတွင်းမှာရှိတဲ့ တောင်ပေါ် ဒုက္ခသည် စခန်း အတွင်းက အခြေအနေတွေဟာ တဖြည်းဖြည်း ဆိုးဝါး လာနေတာကို စုံစမ်း သိရှိရတဲ့အတွက် EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အမေရိ ကန်ပြည်ထောင်စု၊ ဆွဒ်ဇာလန်နဲ့ တူရကီနိုင်ငံတို့က ပူးတွဲကြေညာချက် ထုတ်ပြန် လိုက်တာဖြစ်တဲ့ အကြောင်း အမေရိကန် သံရုံး ပြောခွင့်ရ အမျိုးသမီး Sarah Hutchinson က ဗွီအိုအေကို ပြောပါတယ်။

“မြေပုံမြို့နယ်၊ တောင်ပေါ်စခန်းအတွင်းရှိတဲ့ ဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ အင်မတန်စိုးရိမ်စ ရာကောင်း တဲ့ လူသားချင်း စာနာမှုဆိုင်ရာ အခက် အခဲတွေ အပေါ် နိုင်ငံ တကာအသိုင်း အဝိုင်းက စိုးရိမ်ပူ ပန် မှုတွေ ဖြစ်ပေါ် နေတာပါ။ မြန်မာအစိုးရအနေနဲ့က အခုလို အခက်အခဲနဲ့ရင်ဆိုင်နေရတဲ့သူတွေကို လူ သား ချင်း စာနာတဲ့အကူအညီတွေ အဟန့်အတားမရှိ ချက်ခြင်းပေးပို့ နိုင်အောင် ဆောင် ရွက်ပေး ဖို့ နိုင်ငံ တကာအသိုင်းအဝိုင်းက အပြင်းအထန် တောင်းဆိုပါတယ်။”

မိသားစုဝင်ပေါင်း ၇၅၀ ကျော်ဟာ အဲဒီ တောင်ပေါ် ဒုက္ခသည်စခန်းမှာ လွန်ခဲ့တဲ့ (၁၄) လလောက် က တည်းက ရောက်ရှိနေ ခဲ့တာ ဖြစ်ပေမယ့် သူတို့အနေနဲ့ သန့်ရှင်းတဲ့သောက် သုံးရေ မရရှိတာ၊ လုံလောက် တဲ့ ကျန်းမာရေး စောင့်ရှောက် မှု မရှိတာ၊ အာဟာရပြည့်ဝတဲ့ အစား အစာတွေ မရတာအပြင် စခန်း အပြင် ကိုလည်း လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် မရကြဘူး လို့ ကြေညာ ချက်မှာ ဖော်ပြ ထားပါတယ်။ ဒါ့အပြင် သူတို့တွေ ဟာ လူမဆန်တဲ့ အခြေအနေတွေအောက်မှာ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။ ဒုက္ခ သည်တွေ ကို အကူအညီပေးနေတဲ့ နိုင်ငံ တကာက လူသား ချင်းစာ နာတဲ့ အဖွဲ့အ စည်းတွေ အနေနဲ့ လည်း ဒေသ ခံတွေ ရဲ့ နှောင့်ယှက် ဟန့်တား မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

“ဒီလုပ်ရပ်တွေဟာ လက်ခံနိုင်စရာကို မရှိပါဘူး။ အခုလို ဒုက္ခရောက်နေတဲ့သူတွေ လိုအပ်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိ အလျင်အမြန်ပေးသင့်တယ်ဆိုတဲ့ နိုင်ငံတကာက လက်ခံ ထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီခြင်းမရှိတဲ့ အဲဒီလိုလုပ်ရပ်တွေ ကို ဖြစ်နေတဲ့ ကိစ္စနဲ့ ပတ် သက်ပြီး နိုင် ငံတ ကာ အသိုင်းအဝိုင်းအနေနဲ့ မကြာသေးခင်ကပဲ အဲဒီဒေသမှာ သွားရောက် ပြီးတော့ လေ့ လာခဲ့ပါတယ်။ လုပ်ထုံးလုပ်နည်းတွေနဲ့ကိုက်ညီအောင် လုပ်ဆောင်ပါ့မယ်လို့ ဗဟိုအစိုး ရကရော၊ ဒေသခံတာဝန်ရှိတဲ့ သူတွေကပါ အကြိမ်ကြိမ် လူသိရှင်ကြား ကတိပေးထားပေမယ့် အခုအချိန် အထိ ထိထိရောက်ရောက် လုပ်ဆောင်တာ မတွေ့ရသေးပါဘူး။”

စခန်း အတွင်းက ဒုက္ခသည်တွေ လိုအပ်နေတဲ့ အကူ အညီတွေ အချိန် မီရောက်နိုင်အောင် အစိုးရ အနေနဲ့ မဆိုင်း မတွ လုပ်ဆောင်ပေးဖို့ နိုင်ငံတကာ အသိုင်း အဝိုင်း က တောင်းဆိုကြောင်း လည်း ကြေညာ ချက် မှာ ဖော်ပြ ထားပါတယ်။ ဒါ့အပြင် စခန်း အတွင်းက ဒုက္ခသည်တွေ အပြင်ကို အနှောင့်အယှက် ကင်းကင်းနဲ့ ဝင်ထွက်သွား လာနိုင်အောင် လုံခြုံရေးတိုးမြှင့် ချထားပေးဖို့လည်း တောင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ် အတွင်းကို နိုင်ငံတကာက အကူအညီတွေနဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ဝင်ရောက်လာစေ ချင် ရင် မြေပုံမြို့နယ် အတွင်းကတောင်ပေါ် ဒုက္ခသည် စခန်းမှာ ကြုံတွေ့နေ ရတဲ့ အခြေအနေမျိုးတွေ ပြေ လည်အောင် ကောင်းကောင်း မွန်မွန် ကိုင်တွယ်ဖြေရှင်း ပေးဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။ အခုလို အရေး တ ကြီး ကိုင် တွယ်ဖြေရှင်းဖို့ လိုအပ်တဲ့ ကိစ္စတွေမှာ နိုင်ငံတကာ အသိုင်းအဝိုင်း အနေ နဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်း လုပ်ဆေင်ဖို့ အဆင်သင့် ရှိနေပါတယ်လို့ လည်း ကြေညာချက်မှာ ထည့် သွင်း ဖော်ပြထားပါတယ်။

RB News
30.12.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အမှတ် (၇) နယ်မြေ၊ အလယ်သံကျော် ကျေးရွာ အခြေစိုက် သတင်း တပ်ဖွဲ့နှင့် စရဖ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာ များကို နေ့စဉ် မတရား ဖမ်းဆီး၍ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ပြီး အကြောင်း အမျိုးမျိုး ခေါင်းစဉ် တပ်ကာ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွှဲ ၁၂ နာရီ အချိန်တွင် မောင်တော မြို့နယ် တောင်ပိုင်း သံဒါ ကျေးရွာ အုပ်စု၊ ဒုသံဒါ ကျေးရွာ (ဆိုက်န်ဒါ ဖာရာ) မှ ဦးအာမာန် အုလ္လာ (ဘ) ဦးအဒူလောက် သည် ၎င်း၏ နေအိမ်မှ ဆိုင်ရှိရာသို့ ထွက်လာ ရာ၊ လမ်းတွင် အလယ်သံကျော် အခြေစိုက် သတင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦးနှင့် စရဖမှ တပ်ဖွဲ့ဝင် ၂ ဦးတို့ ရောက်ရှိ လာပြီး လက်ထိပ်ခတ်၍ အကြောင်းမဲ့ ဖမ်းဆီး ခဲ့သည်။ ထို့နောက် သတင်း တပ်ဖွဲ့နှင့် စရဖ တပ်ဖွဲ့ဝင် ၄ ဦးနှင့် ၎င်းတို့နှင့် အတူ ပါလာသော တပည့် များဖြစ်သူ အလယ်သံကျော်မှ ဦးဟာရှိမ်း (ဘ) ဦးအာမိန် ဂူလာလ်နှင့် (၂) ဦးဇိုတ္တား တို့က ၀ိုင်းဝန်း ရိုက်နှက်ပြီး ငွေကျပ် ၂ သိန်း ယူကာ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ဒေသခံ များက ယခုကဲ့သို့ နေ့စဉ် အကြောင်းမဲ့ ညှဉ်းပန်း နှိပ်စက် ငွေညှစ်လျက် ရှိသောကြောင့် ခက်ခဲ ကြမ်းတမ်းသည့် စက်လှေ ခရီးကြမ်းဖြင့် လွတ်မြောက်ရာကို ထွက်ပြေး နေရခြင်း ဖြစ်သည်ဟု ဆိုသည်။ 


Sindi Khan
RB News
30.12.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ငန်းချောင်း ကျေးရွာ အလယ်တန်း ကျောင်းတွင် မူလတန်း ကျောင်းသား ဦးရေ ၁၀၀၂ ဦး ရှိပြီး ကျောင်းအုပ် ဆရာမကြီး ဒေါ်လှမြသိန်း သည် UNICEF မှ ထောက်ပံ့သည့် ငွေကျပ် ၁၀၀၀ စီကို ကျောင်းသား/သူ များကို မပေးဘဲ၊ ကျောင်းသား/သူ များထံမှ ငွေလက်ခံ ရရှိကြောင်း အတင်း အဓမ္မ လက်မှတ် ရယူခဲ့သည်ဟု ဒေသခံ များမှ RB News သို့ ပြောပါသည်။ 

ကျောင်းအုပ်ကြီး အား အဆိုပါ ငွေကြေး များနှင့် ပတ်သက်၍ မေးမြန်း သည့်အခါ ရွာမှ ခန့်ထားသည့် ဆရာ/မ ၉ ဦးကို လစာ ပေးခဲ့သည်ဟု လိမ်ညာ ခဲ့သည်။ ရွာမှ ခန့်အပ် ထားသည့် ဆရာ/မ များကို ကျောင်းအကျိုး တော်ဆောင် ကော်မတီ ရန်ပုံငွေ များမှ ပေးအပ် လျက်ရှိပြီး၊ UNICEF မှ ထောက်ပံ့ကြေး များကို ကျောင်းအုပ်ကြီး ဒေါ်လှဝေသိန်းမှ အလွဲသုံးစား ပြုလုပ် ခဲ့ကြောင်း သိရှိ ရပါသည်။ 

အဆိုပါ ကျောင်းတွင် သူငယ်တန်းမှ န၀မတန်းထိ ကျောင်းသား/သူ ၁၂၉၉ ဦးရှိပြီး အစိုးရမှ ခန့်အပ် ထားသည့် ဆရာ/မ ၁၃ ဦး ရှိသည်။ ဆရာ/မ များမှာ နေ့စဉ် ကျောင်းသို့ လာရောက် သော်လည်း ကျောင်းသား/သူ များမှာ ရိုဟင်ဂျာ လူမျိုးများ ဖြစ်သောကြောင့် စာသင်ကြား ပေးခြင်း မရှိဘဲ၊ ကွမ်းယာဆိုင် သို့သွားနေခြင်း၊ အခန်း အပြင်ဘက်တွင် ထိုင်၍ အချင်းချင်း စကား ပြောခြင်း တို့ပြုလုပ်၍ အချိန်ဖြုန်း လျက်ရှိကြောင်း သိရှိ ရပါသည်။ ထိုကဲ့သို့ နေ့စဉ် ပြုလုပ် နေသည်ကို ကျောင်းအုပ်ကြီး ဖြစ်သူက သိရှိသော်လည်း ဆရာ/မ များကို ဟန့်တားခြင်း၊ စာသင်ကြား ပေးရန် ပြောဆိုခြင်း မရှိကြောင်း သိရှိ ရပါသည်။ 

ကျောင်းတွင် ပညာသင်ကြား နေသော ကျောင်းသား/သူ အများစု၏ မိဘ များမှာ လွန်စွာ ဆင်းရဲ သူများ ဖြစ်ပြီး၊ သားသမီးများ ပညာတတ် ဖြစ်ရန် အတွက် ကျောင်းသို့ အပ်နှံ ခဲ့သော်လည်း၊ ကျောင်းတွင် ဆရာ/မ များက ပညာ သင်ကြား မပေးသည့် အပြင်၊ ကျောင်းသား/သူ များအတွက် အထောက် အပံ့ ဖြစ်စေမည့် UNICEF မှ ထောက်ပံ့ကြေး များကို ဖြတ်စား ခံရသဖြင့် ကျောင်းအကျိုး တော်ဆောင် ကော်မတီက မိဘများမှ သားသမီး များကို ကျောင်းထားရန် စိတ်ဝင်စားမှု နည်းပါး လာမည်ကို စိုးရိမ်လျက် ရှိကြောင်း သတင်း ရရှိ ပါသည်။


RB News
30.12.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့သူကြီး လုံထိန်း ရဲကင်း စခန်းမှ စခန်းမှူး ဒုရဲအုပ်သည် ဒေသခံ ရိုဟင်ဂျာ များကို အကြောင်းမဲ့ ရိုက်နှက် နှိပ်စက်၍ ငွေညှစ် လျက်ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်၊ မြို့သူကြီး လုံထိန်း ရဲကင်း စခန်းသည် လမ်းမကြီး အနီးတွင် တည်ရှိပြီး၊ စခန်းမှူး ဒုရဲအုပ်က ဆိုက္ကား၊ စက်ဘီး များဖြင့် လမ်းမကြီး ပေါ်မှ ဖြတ်သန်း သွားလာသည့် ဒေသခံ ရိုဟင်ဂျာ များကို အကြောင်းမဲ့ ရိုက်နှက် နှိပ်စက် ငွေညှစ် လျက်ရှိကြောင်း သိရှိ ရပါသည်။ 

စခန်းမှူး ဒုရဲအုပ်သည် ဒီဇင်ဘာလ ၂၆ ရက်နေ့ နေ့လည်ပိုင်းတွင် စခန်းမှူး တာဝန်ဖြင့် ရောက်ရှိ လာသူ ဖြစ်သည်။ ၎င်းသည် စခန်းသို့ ရောက်ရောက်ချင်း သောက်စား မူးယစ်၍ လမ်းမပေါ်သို့ ထွက်လာပြီး၊ လမ်းမကြီး ပေါ်မှ ဆိုက္ကား၊ စက်ဘီး တို့ဖြင့် သွားလာ နေသော ဒေသခံ များကို “ငါ့ရှေ့မှ ဘာကြောင့် စက်ဘီး၊ ဆိုက္ကား စီးပြီး သွားတာလဲ၊ ငါ့ရှေ့မှာ လမ်းလျှောက် သွားရမယ်” ဟုဆိုကာ လက်သီးဖြင့်ထိုး၊ ခြေထောက် ဖြင့်ကန်ကာ၊ မုတ်ဆိတ် ရှိသူများကို၊ မုတ်ဆိတ် ကိုင်ဆွဲ၍ လက်သီးဖြင့် ထိုးခြင်း၊ ငွေညှစ်ခြင်း များ အဆက် မပြတ် ပြုလုပ် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ယင်းနေ့ ညနေ ၄ နာရီ အချိန်တွင် အဆိုပါ စခန်းမှူးသည် မြို့သူကြီး ကျေးရွာမှ ဆိုက္ကား မောင်းနှင်သူ (၁) ဦးရော်ရှိတ် အာမတ် (ဘ) ဦးအဒူ ဟာလပ်ခ် (အသက် ၆၅ နှစ်)၊ (၂) ဦးဟူဆောင် (ဘ) ဦးမာမတ်ရှော်ဖီ (အသက် ၂၈ နှစ်) အပါအ၀င် (၅) ဦးကို ၎င်းရှေ့မှ ဆိုက္ကား စီးနင်း သွားသည်ဟု ဆိုကာ လမ်းမပေါ်တွင် ပြင်းထန်စွာ လက်သီးဖြင့် ထိုးသည့် အပြင် ဦးရော်ရှိတ် အာမတ်၏ မုတ်ဆိတ် ကိုဆွဲ၍လည်း ထိုးနှက် ခဲ့သည်။ ထို့နောက် အပြစ်မဲ့ ၅ ဦးကို ရဲစခန်းသို့ ခေါ်ဆောင် သွား၍ တစ်ဦးထံမှ ငွေကျပ် ၂၀၀၀ မှ ၅၀၀၀ ထိ ညှစ်ယူ ခဲ့ကြောင်း သိရှိ ရပါသည်။ 

ဆိုက္ကားနင်း၍ အသက် မွေးဝမ်းကျောင်း ပြုသူ များမှာ တစ်နေ့လျှင် ငွေကျပ် ၂၀၀၀ မှ ၄၀၀၀ အထိသာ ရပြီး၊ မိသားစု များကို ကျွေးမွေး နေသူများ ဖြစ်သည်။ ယခု ကဲ့သို့ အကြောင်းမဲ့ ရိုက်နှက်၍ ငွေညှစ် နေမည် ဆိုလျှင် လုပ်ကိုင် စားသောက်ရန် လွန်စွာ ခက်ခဲ လာမည် ဖြစ်ကြောင်း ဒေသခံ များမှ ပြောပါသည်။

အစ္စလာမ် ဘာသာဝင် အချို့သည် မုတ်ဆိတ်ကို ဘာသာရေး အရ ထားခြင်း ဖြစ်ပြီး၊ ယခု ကဲ့သို့ မုတ်ဆိတ် ဆွဲ၍ ရိုက်နှက်ခြင်းမှာ ဘာသာရေး စော်ကားမှု သာဖြစ်သည်။ ဤကဲ့သို့ နိုင်ငံတော် ၀န်ထမ်းမှ ဥပဒေမဲ့ ရိုက်နှက် ငွေညှစ်သည့် အပြင် ဘာသာရေး စော်ကားမှုပါ ပြုလုပ်ခြင်းကို နိုင်ငံတော် အစိုးရမှ ပြင်းထန်စွာ အရေးယူရန် လိုအပ် ပေသည်။


RB News
29.12.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ရွှေဇား ကပ္ပကောင်း ကျေးရွာ၊ ရွှေဇား ကျေးရွာ အုပ်စုရှိ မောင်တောမြို့ အ၀င် ရွှေဇား တံတား အ၀တွင် မောင်တော မြို့နယ် လ၀ကမှ စစ်ဆေးရေး ဂိတ်ထားရှိပြီး၊ မောင်တော မြောက်ပိုင်း မှ/သို့ ကားများဖြင့် ခရီးသွားလာ နေသော ရိုဟင်ဂျာ ခရီးသည် များကို အကြောင်း အမျိုးမျိုး ပြ၍ ငွေညှစ် လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။ 

မောင်တော မြို့နယ် လ၀ကမှ ၀န်ထမ်း နှစ်ဦးသည် နေ့စဉ် နံနက်တိုင်းတွင် ရွှေဇား တံတားသို့ သွားရောက်ပြီး၊ မောင်တော မြောက်ပိုင်း နယ်မြေ (၁)၊ (၂)၊ (၃)၊ (၄)၊ (၅) နှင့် (၆) တို့မှ ကားဖြင့် သွားလာသော ရိုဟင်ဂျာ ခရီးသည် များကို ကားပေါ်မှ ဆင်းခိုင်း၍ တစ်ဦးချင်းစီ လမ်းလျှောက် လာစေ၍ လ၀က ၀န်ထမ်း တစ်ဦးက မှတ်ပုံတင် စစ်ဆေးပြီး၊ မှတ်ပုံတင် အဟောင်းနှင့် ဗမာ စကား မပြော တတ်သည့် ရိုဟင်ဂျာ ဆိုလျှင် စစ်ဆေးရေး ဂိတ်နှင့် ကပ်လျက် ရှိသည့် အခန်း တစ်ခန်းသို့ ပို့၍၊ အခန်းရှိ လ၀ကမှ ဓါတ်ပုံ မမှန်ကန် ဤနိုင်ငံသား မဟုတ်ဟု အကြောင်း အမျိုးမျိုးပြ စွပ်စွဲချက် မျိုးစုံတင်၍ ငွေကျပ် ၅၀၀ မှ ၅၀၀၀ ထိ ညှစ်ယူ လျက်ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တက္ကစီ ကားဖြင့် ရောက်လာသူ ဦးလာကျေးရွာမှ ဦးအဘူ ကလာမ် (ဘ) ဦးအရှတ် အလီနှင့် အခြား ကားများဖြင့် နယ်မြေ ၁၊ ၂၊ ၃၊ ၄၊ ၅ နှင့် ၆ တို့မှ လာသူ ခရီးသည် ပေါင်း ၂၅၀ ကျော်တို့ထံမှ ငွေကျပ် ၅၀၀ မှ ၅၀၀၀ ထိ ညှစ်ယူ ခဲ့ကြောင်း သိရှိ ရပါသည်။


RB News
29.12.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ၀ါးချ ကျေးရွာနှင့် ချိန်ခါလီ ကျေးရွာ တို့ တွင်ရိုဟင်ဂျာ အမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲ့ဝင်များနှင့် ရခိုင်များ ပူးပေါင်းပြီး လူမဆန်စွာ ရိုက်နှက် နှိပ်စက် ၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၂၈) ရက်နေ့ ည ၉ နာရီ အချိန်တွင် မောင်တော မြို့နယ် တောင်ပိုင်း ၀ါးချ ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးမောင်မောင်သိန်းသည် နတလ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ရခိုင် လူမျိုး ၃ ဦးတို့နှင့် အတူ ဦးနူရ်အာလမ် (ဘ) ဦးအူမာရ် ဒါရာစ် (အသက် ၃၅ နှစ်) ကို မိဘ အိမ်မှ ပြန်လာစဉ် ဖမ်းဆီး၍ နတလ ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ရဲစခန်းသို့ ရောက်သည့် အခါ ၂၀၁၂ ခုနှစ် အကြမ်းဖက် မှုတွင် ပါဝင်သည် ဟုစွပ်စွဲ၍ ရဲတပ်ဖွဲ့ ၀င်များနှင့် ရခိုင် လူမျိုး များက ခြေ၊ လက် အဆစ်များ ကွဲသည့် အထိ အလှည့်ကျ ရိုက်နှက်၍ အလွန် အေးသည့် ရာသီဥတု တွင် လူမဆန်စွာ ရေကန်ထဲတွင် ကိုယ်ကို နစ်ထား၍ ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် ယနေ့ (ဒီဇင်ဘာ ၂၉) နံနက်ပိုင်းတွင် ငွေကျပ် ၂ သိန်း ယူ၍ လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

အလားတူပင် မောင်တော မြို့နယ် ချိန်ခါလီ ကျေးရွာမှ ဦးဆလီမုလ္လာ (ဘ) ဦးကာလူ (အသက် ၅၅ နှစ်) ကိုလည်း ၂၀၁၂ ခုနှစ် အရေးအခင်း တွင်ပါဝင်သည် ဟု စွပ်စွဲ၍ မောရ၀တီ နတလ ရဲစခန်းသို့ ဖမ်း ဆီး ခေါ်ဆောင်သွားပြီး၊ ရဲတပ်ဖွဲ့ဝင် များနှင့် ရခိုင် လူမျိုး များက ရိုက်နှက်၍ ရေကန်တွင် တစ်ညလုံး စိမ် ထား ခဲ့သည်။ ဦးဆလီမုလ္လာကို ချိန်ခါလီ အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ရဲစခန်းသို့ သွားရောက်၍ မိသားစု များ မှ ပေးသည့် ငွေကျပ် ၃ သိန်းကို ရဲများကို ပေး၍ ပြန်လည် ခေါ်ဆောင် ခဲ့ရကြောင်း သိရှိ ရပါသည်။ 

မောရ၀တီ ရဲခစန်းမှ ရဲတပ်ဖွဲ့ဝင် များနှင့် ရခိုင် လူမျိုး များသည် လမ်းသွား လမ်းလာ ရိုဟင်ဂျာ များကို အမြဲ တစေ ဖမ်းဆီး၍ ရိုက်နှက် နှိပ်စက်ပြီး ငွေညှစ် လျက်ရှိသည်။ လယ်ကွင်းပြင် တွင်နွားကျောင်း လျှင်လည်း ဖမ်းဆီး၍ ငွေညှစ်ကြောင်း ဒေသခံ များက ပြောပါသည်။


Sindi Khan
RB News
28.12.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့သို့ ၉၆၉ အဖွဲ့မှ တရားဟောရန် ရောက်ရှိနေပြီး၊ လူမျိုးခြား၊ ဘာသာခြား များကို ပိုမို မုန်းတီးလာ စေရန် ဟောပြောမှုကြောင့် တည်ငြိမ် နေသည့် အခြေအနေ ယိုယွင်း လာမည်ကို စိုးရိမ် ရကြောင်း ဒေသခံ များက ပြောပါသည်။ 

ယနေ့ နံနက် ၁၀ နာရီတွင် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ခေါင်းစဉ် တပ်ထားသည့် ၉၆၉ အဖွဲ့ မှ ဆရာတော် (၇) ပါး မောင်တော မြို့သို့ ရောက်ရှိ ခဲ့ကြောင်း သိရှိ ရပါသည်။ ၎င်းတို့မှာ မော်လမြိုင်မှ ဆရာတော်(၅)ပါးနှင့်စစ်တွေမြို့မှနှစ်ပါးဖြစ်သည်။ ၎င်းတို့သည်ဆိုင်ကယ်အစီး (၅၀) ခန့်ဖြင့် ဦးဆောင်သော ကားတန်း များဖြင့် သာသနာ့ အလံများ ကိုင်ဆောင်၍ ရောက်ရှိ လာခဲ့ပြီး၊ မြို့အနှံ့ သာ သနာ သီချင်း သီဆိုပြီး လှည့်လည် ခဲ့ကြသည်။ 

၉၆၉ ဆရာတော် များမှ မောင်တောမြို့ မြို့မ ကျောင်းတိုက်တွင် တရားဟော ရာတွင် “မြန်မာ နိုင်ငံတွင် လူမျိုးပေါင်း ၁၃၅ မျိုးရှိကြောင်း၊ ထိုထဲတွင် ဟိုလူမျိုး မပါကြောင်း၊ ၁၃၅ မျိုးလုံးကို ဆွေမျိုးများ အဖြစ် ခင်မင် ရမှာဖြစ်ကြောင်း၊ ရခိုင် လူမျိုး များသည် ဇွဲသတ္တိ၊ လုံလ ၀ီရိယ ရှိရမှာ ဖြစ်ကြောင်း၊ ထို့ကြောင့် ဤနေရာသို့ လာရောက်၍ တရားဟောရခြင်းဖြစ်ကြောင်း၊ တစ်ဦးကို တစ်ဦး နိုးကြား ပေးရ မှာ ဖြစ်ကြောင်း၊ အမျိုးကို ချစ်ရမှာ ဖြစ်သလို၊ ဘာသာကိုလည်း စောင့်ရှောက် ရမှာ ဖြစ်ကြောင်း၊ အစ္စလာမ် ဘာသာသည် အန္တရာယ်ကြီးမားသည့် ဘာသာဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာပျောက်ကွယ် သွားမှာကို သတိထား ရမှာ ဖြစ်ကြောင်း ၊ မောင်တောမြို့တွင် ရခိုင် လူမျိုးသည် တိုင်းရင်းသား ဖြစ်ကြောင်း၊ ဟိုလူ မျိုးသည် တိုင်း ရင်း သား မဟုတ် သလို၊ ဆွေမျိုးလည်း မဟုတ်ကြောင်း၊ အစရှိ သဖြင့်ဟောကြားသွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

မောင်တော မြို့တွင် ၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားပြီး၊ လူငါးဦးထက် ပိုမို စုဝေးခွင့် မရှိသော်လည်း ယခုကဲ့သို့ ၉၆၉ အမုန်း တရားဟောပွဲကို အာဏာပိုင်များ ကိုယ်တိုင် တက်ရောက်၍ တရားနာ နေသည်ကို တွေ့ရှိ ရပါသည်။ 

မောင်တောခရိုင် အတွင်းရှိ အစ္စလာမ် ဘာသာရေး ကျောင်းများ၊ ဗလီဝတ်ကျောင်းတော် များကို ပုဒ်မ ၁၄၄ အကြောင်းပြ၍ပိတ်ထားပြီး၊နေ့ကြီးရက်ကြီးများတွင်လည်း စုပေါင်း ၀တ်ပြုခွင့်ကို တားမြစ် ထားသော်လည်း၊ ဗုဒ္ဓဘာသာ ၀င်များကို စုဝေးခွင့်၊ အမုန်း တရားဟောခွင့် ပေးသည်မှာ နိုင်ငံတော် အစိုးရ ကိုယ်တိုင် ဘာသာရေး လွတ်လပ်ခွင့်ကို ပိတ်ပင် ထားပြီး၊ ဒေသတွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် အစိုးရ ကိုယ်တိုင် လုပ်ဆောင် နေခြင်းသာ ဖြစ်သည်။


ထိုင်းတော်ဝင် ရေတပ်မတော်က ဖမ်းဆီးရမိထားတဲ့ ရိုဟင်ဂျာ လှေစီးပြေး တွေကို ကျွန်းတခု ပေါ်မှာ တွေ့ရစဉ်။ (ဒီဇင်ဘာ ၁၂၊ ၂၀၀၈။)
27.12.2013

လှေစီးပြေး ရိုဟင်ဂျာ တွေကို လူမှောင်ခို ကူးမှုမှာ ထိုင်းရေတပ်က ပါဝင် ပတ်သက် နေတယ်လို့ ရေးသား ခဲ့တဲ့ သတင်းထောက် နှစ်ဦး အပေါ် တရားစွဲ ဆိုထား တာကို ပြန်လည် ရုပ်သိမ်းဖို့ ကုလ သမဂ္ဂ လူ့အခွင့် အရေး အကြီး အကဲက ထိုင်းအာဏာပိုင် တွေကို တိုက်တွန်း လိုက်ပါတယ်။

ထိုင်းနိုင်ငံ ဖူးကတ် အခြေစိုက် အဲဒီ သတင်းထောက် နှစ်ဦးကို ထိုင်းအာဏာပိုင် တွေကနေ အသရေ ဖျက် မှုနဲ့ တရားစွဲ ဆိုခဲ့တာ ဖြစ်ပြီး ဒီအပေါ်မှာ စိုးရိမ် ပူပင်မှု ဖြစ်ရတယ်လို့ လူ့အခွင့် အရေး ဆိုင်ရာ ကုလ သမဂ္ဂ မဟာမင်းကြီး Navi Pillay က ပြောဆို လိုက်တာပါ။ ထိုင်းနိုင်ငံတွင်း သတင်း လွတ်လပ်ခွင့် ဖြစ်စေဖို့ အတွက် သတင်းထောက် နှစ်ဦး ဖြစ်ကြတဲ့ Mr. Morison နဲ့ Ms. Sidasathian တို့ကို စွဲဆိုထားတဲ့ အမှုတွေ ပြန် ရုပ်သိမ်း ပေးဖို့ ထိုင်းအစိုးရကို တိုက်တွန်း တောင်းဆို ထားတယ်လို့ Ms.Pillay ရဲ့ ပြောရေး ဆိုခွင့် ရှိသူ Ravina Shamdasni က ဂျနီဗာမှာ ကြေညာချက် ထုတ်ခဲ့ ပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ထိုင်းအစိုးရကို ဘန်ကောက်မှာ ရှိတဲ့ လူ့အခွင့် အရေး ဆိုင်ရာ မဟာ မင်းကြီး ရုံး ကနေ ဆက်သွယ် ဆောင်ရွက် နေတယ် လို့လည်း ပြောပါတယ်။ စွဲဆို ထားတဲ့ အမှုနှစ်ခု အနက် တ မှုဖြစ်တဲ့ အသရေ ဖျက်မှုနဲ့ ပြစ်မှု ထင်ရှားရင် သတင်းထောက် နှစ်ဦးဟာ ထောင်ဒဏ် နှစ်နှစ် အထက် ကျခံ ရနိုင်သလိုကျန်အမှု ဖြစ်တဲ့ ကွန်ပြူတာ ရာဇ၀တ်မှုနဲ့ ပြစ်မှု ထင်ရှား ရင်လည်း ထောင်ဒဏ် ငါးနှစ်နဲ့ ဒဏ်ငွေ ကျခံ ရနိုင် ပါတယ်။

ထိုင်းနိုင်ငံ၊ ဖူးခက် အခြေစိုက် Phuketwan အွန်လိုင်း သတင်း ဌာနက သတင်းထောက် နှစ်ဦး ဖြစ်တဲ့ Alan Morison နဲ့ Chutima Sidasathian တို့ နှစ်ဦးကို သူတို့ ရေးသား ခဲ့တဲ့ သတင်း တပုဒ် အတွက် ထိုင်းတော်ဝင် ရေတပ်မတော်က ဒီဇင်ဘာလ ၁၈ ရက်နေ့က တရား စွဲဆို ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ ကနေ လှေစီးပြီး ထွက်ပြေး ကြတဲ့ ရိုဟင်ဂျာတွေ အပေါ် ထိုင်းစစ်တပ်က အကျိုး အမြတ်တွေ ရယူ နေတယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်း တပုဒ်ကို ဒီသတင်းထောက် နှစ်ဦးက ဇူလိုင်လ ၁၇ ရက်နေ့ က ရေးသားဖော်ပြခဲ့ကြတာပါ။ ဒီလိုတရားစွဲဆိုမှုကို CPJ သတင်းထောက် ကာကွယ်ရေး အဖွဲ့က လည်း ပြင်းပြင်း ထန်ထန် ဝေဖန် ခဲ့ပါတယ်။

ထိုင်းတော်ဝင် ရေတပ်မတော် အနေနဲ့ ဒီသတင်း ရေးသားသူ တွေကို တရား စွဲဆိုမှု လုပ်မယ့် အစား ဒီသတင်း အချက် အလက်တွေ မှန်ကန် နေသလား ဆိုတာကို ရေတပ်မတော် အတွင်း စုံစမ်း စစ်ဆေးမှု လုပ်သင့် ပါတယ်လို့ အမေရိကန် အခြေစိုက် သတင်းထောက် ကာကွယ်ရေး ကော်မတီ CPJ ရဲ့ အရှေ့တောင် အာရှ ဆိုင်ရာ အကြီးတန်း တာဝန်ခံ Shawn Crispin က ဆိုပါတယ်။

RB News
27.12.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ မြောက်ပိုင်း အမှတ် (၂) နယ်မြေ အပိုင်၊ သက်ကိုင် ညှာ ကျေးရွာ အုပ်စုနေ ဦးအလီ အဟမတ် (ဘ) ဦးယာကုပ် ၏နေအိမ်သို့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၉ နာရီ အချိန်တွင် အမှတ် (၄) နယ်မြေ အပိုင် နတ်ချောင်း (ပဒေကာ ဒေ၀ါ နာလီ) ကျေးရွာ အုပ်စု ဂါရာပြင် (ဂါရာ ထော်ဘိလ်) လုံထိန်းရဲ ကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် ၄ ဦးတို့ ၀င်ရောက်၍ ဓါးပြတိုက် လုယက်ရန်နှင့် မုဒိန်းကျင့်ရန် ကြိုးစား ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

အဆိုပါ ရဲတပ်ဖွဲ့ ၄ ဦးတို့သည် ဦးအလီ အဟမတ်၏ နေအိမ်သို့ ၀င်ရောက်ပြီး ဦးအလီ အဟမတ်၏ မိသား စု ၀င်များကို ကြိုြး ဖင့် ချည်နှောင်ရန် ကြိုးစား နေချိန်နှင့် ဦး အလီ အဟမတ်၏ ဇနီး ဖြစ်သူကို မုဒိန်း ကျင့်ရန် ကြိုးစားနေချိန်တွင် မိသားစုဝင်များနှင့် ဇနီးတို့ ကအော်ဟစ်၍ အကူ အညီတောင်း ခံ၏ မှုကြောင့်ရွာသူ ရွာသားများ ၀ိုင်းလာသဖြင့် ရဲတပ်ဖွဲ့ဝင်များ ကမိုးပေါ်သို့သေနတ်ဖောက်၍ ထွက်ပြေးသွား ခဲ့ကြောင်း ဒေ သ ခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ရွာသူ ရွာသား များက ဓါးပြများ ၀င်ရောက်၍ ဓါးပြတိုက်ခြင်း ဟုသာ ယူဆ ခဲ့ပြီး၊ ရဲတပ်ဖွဲ့ဝင် များထံမှ ကျ ကျန်ခဲ့သော ကျည်ဆံ ၃ တောင့်ကို ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း သိရှိ ရပါသည်။ 

ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဒေသ ဆိုင်ရာ အာဏာပိုင် များလာရောက်၍ ကွင်းဆင်း စစ်ဆေး ရာ တွင် အဆိုပါ ရဲတပ်ဖွဲ့ဝင် များက ပြစ်မှု ကျူးလွန် ခဲ့ခြင်းမှာ မှန်ကန် သည်ဟု စစ်ဆေး တွေ့ရှိ ခဲ့သည်။

လွန်ခဲ့သည့် ၃ လ ခန့်က အဆိုပါ ကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် ထိုကဲ့သို့ ဓါးပြတိုက်ခြင်း ပြုလုပ် ခဲ့ခြင်းကြောင့် ကင်းစခန်းကို ရုပ်သိမ်း ခဲ့ပြီး ယခု တဖန် ပြန်လည်၍ ကင်းစခန်း ထားရှိပြီးနောက် ရက်ပိုင်း အတွက် ဓါးပြတိုက်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ များက ပြောပါသည်။ 





သို့

နိုင်ငံတော် သမ္မတကြီး
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
နေပြည်တော်


စာအမှတ် ။ ။ ဒလပ / သမ - ၀၄ / ၂၀၁၃
ရက် စွဲ ။ ။  ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်

အကြောင်းအရာ။ ရခိုင်ပြည်နယ် ပဋိပက္ခတွင် ပါဝင်ပတ်သက်မှု မရှိဘဲ အပြစ်မဲ့ အကျဉ်းချ ခံနေရသူ များအား စိစစ်ပြီး နိုင်ငံတော် သမ္မတ၏ လွှတ်ငြိမ်း ချမ်းသာခွင့် စာရင်းတွင် ထည့်သွင်း လွှတ်ပေး နိုင် ရန် မေ တ္တာ ရပ် ခံ တောင်းဆိုခြင်း

၁။ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ ရေးတွင် ယုံကြည် ချက်ကြောင့် အကျဉ်းကျ ခံနေရ သူများအား နိုင်ငံတော် သမ္မတကြီး၏ လွှတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် စီစစ်လွှတ်ပေး ခြင်းကို ကျွန်တော်များ ဒီမိုကရေစီနှင့် လူ့ အခွင့် အရေး ပါတီမှ ထောက်ခံ ကြိုဆို ပါသည်။

၂။ နိုင်ငံတော် သမ္မတကြီး၏ ၂၀၁၃ ခုနှစ် အကုန်တွင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေး နိုင်ရေး အတွက် လက်ကျန် နိုင်ငံရေး အကျဉ်း သားများ စီစစ်ရေး ကော်မတီကို ဖွဲ့စည်း ဆောင် ရွက် နေခြင်း ကိုလည်း အားရ ကျေနပ်မိ ပါသည်။

၃။ နိုင်ငံတော် သမ္မတကြီး၏ လွှတ်ငြိမ်း ချမ်းသာခွင့် များတွင် ရခိုင်ပြည်နယ်ပဋိပက္ခနှင့် ဆက်နွယ်သော နိုင် ငံရေး လှုပ်ရှားသူ အဖြစ် ပြစ်ဒဏ် ပေးခြင်း ခံရသူ အချို့၊ သက်ကြီး ရွယ်အို ရပ်မိ ရပ်ဖ အချို့ ၊ပဋိပက္ခတွင် လုံးဝပါဝင် ပတ်သက်မှု မရှိဘဲ ခိုင်လုံသော အထောက် အထား မရှိသော်လည်း ဥပဒေ ပုဒ်မ ၁၇/၁၊ ၁၇/၂ နှင့် ၅/ည စသည့် ပုဒ်မအမျိုးမျိုးဖြင့် အကျဉ်းကျ ခံနေရသူ များပါ လွှတ်မြှောက် လာလိမ့် မည် ဟု ဒေသခံ ပြည်သူ များနှင့် ကျွန်တော်များ ဒီမိုကရေစီနှင့် လူ့အခွင့် အရေး ပါတီ တို့က မျှော် လင့် စောင့်ဆိုင်း နေခဲ့ ပါသည်။

၎။ ဖမ်းဆီးခံ နေရသူ အများစုသည် ပဋိပက္ခနှင့် လုံးဝ ဆက်နွယ်မှု မရှိဘဲ ပဋိပက္ခ မဖြစ် ပေါ်အောင် တားဆီး ခဲ့သူ များသာ ဖြစ်ကြောင်း ကျွန်တော်များ စီစစ် တွေ့ရှိရ ပါသည်။

၅။ ထိုသို့  ဒုက္ခရောက် နေသော မိသားစု များသည် နိုင်ငံတော် သမ္မတကြီး ထံသို့ လည်းကောင်း၊ လက်ကျန် နိုင်ငံရေး အကျဉ်း သားများ စီစစ်ရေး ကော်မတီသို့ လည်းကောင်း ဆက်သွယ် ဆောင်ရွက်ရန် အခက်အခဲ ရှိနေ သောကြောင့် ကျွန်တော်များ ပါတီသို့ ဆက်သွယ် အကူ အညီ တောင်းခံ လာပါသည်။

သို့ဖြစ်ပါ၍ ရခိုင် ပြည်နယ် ပဋိပက္ခနှင့် ဆက်နွယ်၍ အပြစ်မဲ့ ဖမ်းဆီး ချုပ်နှောင် ခံနေ ရသူများ၊ အကျဉ်း ချခံနေ ရသူ များအား နိုင်ငံရေး အမှု များနှင့် ဆက်နွယ် နေကြောင်း စီစစ် ဖော်ထုတ်၍ နိုင်ငံတော် သမ္မတကြီး၏ လွှတ်ငြိမ်း ချမ်းသာခွင့် အမိန့်ဖြင့် အချိန်မီ လွှတ်ပေး ပါရန် ကျွန်တော်များ ဒီမိုကရေစီနှင့် လူ့အခွင့် အရေး ပါတီက အကျဉ်းချခံ နေရသူ များ၏ မိသားစုများ ကိုယ်စား မေတ္တာ ရပ်ခံ တောင်းဆို အပ်ပါသည်။

(၁၅.၁၂.၂၀၁၃ ခုနှစ် ပါတီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ အစည်း အဝေး ဆုံးဖြတ်ချက် အရ။)


ကျော်မင်း
ဥက္ကဌ
ဒီမိုကရေစီနှင့် လူ့အခွင့် အရေး ပါတီ (ဌာနချုပ်)
အမှတ် (၁၁၆/၁၁၈)၊ ၆-လွှာ (B)၊ ဘိုကလေးဈေးလမ်း၊
ဗိုလ်တထောင် မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး။
Phone : 09-73247887

မိတ္တူကို 

- လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စီစစ်ရေး ကော်မတီ
- မြန်မာနိုင်ငံ လူ့အခွင့် အရေး ကော်မရှင်သို့ ကူညီ ဆောင်ရွက် ပေးပါရန် မေတ္တာ ရပ်ခံချက်ဖြင့် ပေးပို့အပ် ပါသည်။
- ရုံးလက်ခံ



နေဆန်းလွင်
RB News
27.12.2013

တိုးတက်ပြောင်း လဲလာ တဲ့ခေတ် မှာရှေး ရိုးစွဲ အစွဲတွေကို ဖယ် ထုတ်ပြီး ခေတ်နဲ့ အညီ လျော် ညီအောင် ပြုပြင် သင့်တာ များကို ပြုပြင်ပြီး နောင်လာ နောင် သားများ အဆင်ပြေ ချောမွေ့ဖို့ ကြိုးစား ရမှာ ကျွန်တော်တို့ မျိုးဆက်ရဲ့ တာဝန် ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် (သို့) အာရ်ကာန်မှာ ရခိုင်မွတ်စလင်လူမျိုး ဆိုပြီး ရှိခဲ့တာ၊ အစိုးရ မှတ်တမ်း တွေမှာ အသုံးပြု ခဲ့တာကို ဘယ်သူ့မှငြင်းပယ်လို့ မရပါဘူး။ သို့ပေမယ့် ယနေ့ ခေတ်မှာ ဖြစ်ပျက် နေတာ တွေကို သင်ခန်းစာ ယူပြီး ကျွန်တော်တို့ ခံစားနေရတာတွေနောင်လာနောင် သားများမခံစားရစေဖို့အတွက် ရခိုင်မွတ်စလင် ဆို တဲ့လူမျိုး ကိုမေ့ပျောက်ပြီး ရခိုင်မွတ်စလင် အစားမှန်ကန်တဲ့ လူမျိုးအမည်ကို ကျွန်တော် တို့ကိုယ် တိုင် ရွေးချယ် ရမှာ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်ထဲမှာ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ လူမျိုး ၃ မျိုး ရှိပါတယ်။ 

- ရိုဟင်ဂျာ
- ရခိုင်မွတ်စလင် - နဲ့
- ကမန် - တို့ဖြစ်ပါတယ်။

မွတ်စလင် ဆိုတာ ဘာလဲ?

မွတ်စလင်ဆိုတာအစ္စလာမ်ဘာသာကိုသက်ဝင်ယုံကြည်သူတိုင်းကိုမွတ်စလင်လို့ခေါ်ပါတယ်။ မွတ်စလင် ဆိုတာ အစ္စလာမ် ဘာသာဝင်လို့ ပြောတာ ဖြစ်ပါတယ်။ လူမျိုး မဟုတ်ပါဘူး။

ရိုဟင်ဂျာ လူမျိုး ဆိုတာ အာရ်ကာန် ဒေသမှာ ရာစု နှစ်ပေါင်း များစွာ ကတည်းက အခြေစိုက် နေလာတဲ့ အင်ဒို- အာရီယန် မျိုးနွယ်က ဆင်းသက် လာတဲ့ လူမျိုးစု တစ်စု ဖြစ်ပါတယ်။ 

ရခိုင်မွတ်စလင်လို့ ခေါ်ကြ သူများ ကတော့ မိမိတို့ရဲ့ ဆွေစဉ် မျိုးဆက်မှာ ရခိုင် လူမျိုး ဗုဒ္ဓ ဘာသာ ကနေ အစ္စလာမ် ဘာသာကို ကူးပြောင်းပြီး ကိုးကွယ် လာသူ များရဲ့ မျိုးဆက်လို့ ခံယူ ကြသူများ ဖြစ်ပါတယ်။

ကမန် လူမျိုး ကတော့ နိုင်ငံတော် အစိုးရက တရားဝင် တိုင်းရင်းသား စာရင်းသွင်း ထားတာမို့ အကျယ် တ၀န့် ရှင်းပြဖို့ မလိုအပ် ပါဘူး။

၂၀၁၄ ခုနှစ် မတ်လမှာ လူဦးရေ စာရင်း (သန်းခေါင် စာရင်း) ကောက်ခံမယ့် ကိစ္စနဲ့ ပတ်သက်ပြီး လူမျိုး အမည်က အလွန် အရေး ပါတဲ့ အခန်း ကဏ္ဍ တစ်ခု ဖြစ်လာ ပါတယ်။ အခု တလော နားဝင် မဆံ့အောင် ကြားနေ ရတာ ကတော့ ရိုဟင်ဂျာလို့ မဖြည့်ဘဲ ရခိုင်မွတ်စလင် လို့သာ ဖြည့်ကြ ပါလို့ လှုံ့ဆော် နေတာ ပါ ဘဲ။ 

ရခိုင်မွတ်စလင်လို့ ပြောတိုင်း ရခိုင်မှာ မွတ်စလင် မရှိဘူး လို့သာ လ၀က အရာရှိ များက ပြန်ပြော ကြ တာ တော်တော် များများက သိနေ ကြပါတယ်။ သိသိနဲ့ မိုက်တွင်း နက်မယ့် သူတွေ ရှိနေတာကြောင့် ဒီဆောင်းပါးကို ရေးဖို့ အကြောင်းဖန် လာတာပါ။

ရခိုင်မွတ်စလင် = ရခိုင်လူမျိုး+ အစ္စလာမ် ဘာသာဝင် လို့အဓိပ္ပာယ် ရတာ မှန်ကန် ပေမယ့် အစ္စလာမ် ဘာ သာဝင် ဆိုတာ လူမျိုးကို ကိုယ်စား ပြုတာ မဟုတ်တဲ့ အတွက် သုံးဖို့ ဘယ်လိုမှ မသင့်လျော် ပါဘူး။

လူမျိုး = ရခိုင်
ကိုးကွယ်သည့် ဘာသာ = အစ္စလာမ် -- လို့သာပြောရင် မှန်ကန်မှာပါ။

ရခိုင်လူမျိုးမှာ အစ္စလာမ် ဘာသာကိုးကွယ်သူ(သို့)မွတ်စလင် မရှိဘူး လို့ပြောရင် ဘယ်လိုမှမဖြစ်နိုင် ဘူးလို့ သာပြန်ပြော ရမှာပါ။ ရခိုင်လူမျိုး တစ်ယောက် ဗုဒ္ဓဘာသာ ကိုးကွယ်နေ ရင်းနဲ့ အချိန် မရွေးအ စ္စလာမ် ဘာ သာ(သို့)ခရစ် ယာန်ဘာသာ(သို့)အခြား ဘာသာသို့ ကူးပြောင်း နိုင်ပါတယ်။ ဘာသာ ပြောင်းသွား တာနဲ့ လူ မျိုး ပြောင်းသွား တယ်လို့ ပြောမယ် ဆိုရင် ဘာ သာ ပြောင်း တုန်း က ပြောင်းတဲ့ လူရဲ့ သွေးတွေ အား လုံး ဖောက်ထုတ် လိုက်သလားလို့ မေးခွန်းထုတ် ရမှာပါ။

ရခိုင် လူမျိုး ဗုဒ္ဓ ဘာသာ ကနေ အစ္စလာမ် ဘာသာကို ပြောင်းလဲ ကိုးကွယ်သူ တွေရှိ ခဲ့လို့ ရခိုင်မွတ်စလင် လူမျိုး ဆိုတာ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အသုံး အနှုန်း မလျော်ကန်တဲ့ အတွက် မှန်ကန်တဲ့ အသုံး အနှုန်း ဖြစ်တဲ့ လူမျိုး နေရာမှာ - ရခိုင် - လို့သာရေးပြီး - ကိုးကွယ်သည့် ဘာသာမှာ - အစ္စလာမ် - လို့ဖြည့် ရမှာ ဖြစ်ပါတယ်။

လူမျိုး အမည် - ရခိုင် - လို့ဘယ်လို လူတွေက ဖြည့်ရမလဲ?

ကိုယ့်ဖခင်ရဲ့ မျိုးရိုး စဉ်ဆက် ဇယားကို သေချာ လေ့လာပါ။ ကိုယ့်ရဲ့ အဖေ၊ အဖိုး (အဖေရဲ့ အဖေ)၊ အ ဘိုး (အဖေရဲ့ အဖိုး) တို့နဲ့ အဖေရဲ့ အဘိုးတစ်ဦးဦးက ရခိုင်- ဗုဒ္ဓဘာသာ ကနေအစ္စလာမ် ဘာသာ ကို ပြောင်းပြီး ကိုးကွယ် ခဲ့တာ ဆိုရင် ကိုယ့်ကိုကိုယ် “ရခိုင် လူမျိုး” လို့ရဲရဲဝံ့ဝံ့ ခံယူ လိုက်ပါ။ သို့ပေမယ့် မိခင်ရဲ့ မျိုးရိုး စဉ်ဆက်မှာ ရခိုင်- ဗုဒ္ဓဘာသာ ကနေ အစ္စလာမ် ဘာသာကို ပြောင်းလဲ ကိုးကွယ် ခဲ့တာ ဆိုရင် ကိုယ့်ကိုကိုယ် ရခိုင် လူမျိုးလို့ ခံယူဖို့ ဆိုတာ သွေးနှောမှု ရာခိုင်နှုန်း အရ မဖြစ် နိုင်ဘူး လို့ သာ ပြောပါရစေ။ ရခိုင် လူမျိုး သွေးနှော အဆင့်သာ ရှိပါတယ်။ 

ရခိုင်-မွတ်စလင် ဆိုတဲ့ အသုံး အနှုန်းကို ဘယ်လို နေရာမှာ သုံးမလဲ?

ရခိုင် ပြည်နယ်မှာ ရှိတဲ့ ရခိုင်၊ ရိုဟင်ဂျာ၊ ကမန်၊ မြို၊ ခမီး၊ သက်၊ ဒိုင်းနက်၊ မရမာကြီး လူမျိုးတွေ ထဲက အစ္စလာမ် ဘာသာ ကိုးကွယ် သူတွေ အားလုံးကို စုပေါင်းပြီး Rakhine Muslim Community (ရခိုင်-မွတ်စလင် အသိုင်း အ၀ိုင်း) အဖြစ် သုံးနှုန်း နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ဒီနေရာမှာ မြို၊ ခမီး၊ သက်၊ ဒိုင်းနက်၊ မာရမာကြီး လူမျိုး တွေမှာ အစ္စလာမ် ဘာသာ ကိုးကွယ်သူ မရှိဘူးလို့ စောဒက တက်လာရင် သူတို့ တွေထဲက မည်သူမဆို အချိန် မရွေး အစ္စလာမ် ဘာသာကို ပြောင်းလဲ ကိုးကွယ်လာ နိုင်တယ်။ အဲဒီလို လူတွေက ဥပမာ - လူမျိုး - သက် - ကိုးကွယ်သည့် ဘာသာ - အစ္စလာမ် လို့ဘဲ ဖြစ်မှာပါ။ ကိုးကွယ်တဲ့ ဘာသာကြောင့် ရိုဟင်ဂျာ (သို့) ကမန် ဖြစ်သွားမှာ မဟုတ်ဘူး။ အဲဒီတော့ မွတ်စလင် ဆိုတဲ့ အသုံး အနှုန်းကို ပြည်နယ် တစ်ခု လုံးမှာ ရှိတဲ့ မွတ်စလင် လူထုကို ကိုယ်စား ပြုပြီး သုံးတဲ့ အချိန် မှာသာ Community အနေနဲ့ သုံးနှုန်း ရပါ လိမ့်မယ်။ 

ဒီလောက် ဆိုရင် ဘယ်သူက လူမျိုး - ရခိုင် - ကိုးကွယ်သည့် ဘာသာ - အစ္စလာမ် - ဖြည့်ပြီး၊ ဘယ်သူက - လူမျိုး - ရိုဟင်ဂျာ - ကိုးကွယ်သည့် ဘာသာ - အစ္စလာမ် - လို့ဖြည့်ရမယ် ဆိုတာ နားလည် မယ်လို့ ယုံ ကြည် ပါတယ်။ 

လူဦးရေ စာရင်း ကောက်ခံတဲ့ အခါ ရခိုင် လူမျိုး အစ္စလာမ် ဘာသာဝင် များဟာ ရခိုင် လူမျိုး ကုဒ်နံပါတ် (701) ကိုသာ ဖြည့်ရမှာ ဖြစ်ပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာ ကျွန်တော် အထက်မှာ ပြောခဲ့တဲ့ အ တိုင်း ရခိုင်မှာ မွတ်စလင် မရှိဘူးလို့ ပြောခံ ရမှာ ဖြစ်တဲ့ အတွက် မိအေး နှစ်ခါနာ ဖြစ်ဦး မှာပါ။ ဘယ်လို ဘဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ဖခင် မျိုးရိုးက ရခိုင် လူမျိုး ဗုဒ္ဓဘာသာ ကနေ ဆင်းသက် လာတယ် ဆိုရင် ကိုယ့်ရဲ့ လူမျိုး ခံယူပိုင်ခွင့် အခွင့် အရေး အတွက် ပြတ်ပြတ် သားသား ရဲရဲဝံ့ဝံ့ ပြောဆို ကြပါ။ 

သို့ပေမယ့် အခု တလော စည်းရုံး နေတာကို သံယောင် လိုက်ပြီး ရိုဟင်ဂျာ လူမျိုးတွေ ကပါ ကိုယ့်ရဲ့ မိခင် မျိုးဆက်မှာ ရခိုင် လူမျိုး ဗုဒ္ဓဘာသာဝင် ရှိခဲ့တာဘဲ ဆိုတာကို အကြောင်း ပြပြီး ရခိုင်မွတ်စလင် လူမျိုး ခံယူ ခြင်း (သို့) စည်းရုံးသူ များရဲ့ စကားကို နားယောင်ပြီး ရခိုင်မွတ်စလင် လူမျိုး ဖြည့်ခြင်း များကို အထူး ရှောင် ရှားဖို့ ပြောချင် ပါတယ်။ 

ရိုဟင်ဂျာ လူမျိုး အတွက် သီးခြား ကုဒ်နံပါတ် မပေးခဲ့ ရင်တောင် “ရိုဟင်ဂျာ” “Rohingya” လို့သာ ရဲရဲ ၀ံ့ဝံ့ သတ္တိ ရှိရှိ ဖြည့်ကြ ပါလို့ နှိုးဆော် ပါတယ်။

RB News
26.12.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ကြိမ်ချောင်း ရဲစခန်း ယာယီ တာဝန်ခံ ဒုရဲ အုပ် အေးကျော်ညွန့်နှင့် တပ်ဖွဲ့ဝင် (၄) ဦးတို့သည် ဒေသခံ ရွာသားများကို အကြောင်းမဲ့ ဖမ်းဆီး၍ ညှဉ်း ပန်း နှိပ်စက်ပြီး ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဒီဇင်ဘာလ (၁၉) ရက်နေ့ ည ၉ နာရီ အချိန်၌ မောင်တော မြို့နယ်၊ လောင်းဒုံ ကျေးရွာ အုပ်စု၊ မေ ကာန် ကျေးရွာသို့ ဒုရဲအုပ် အေးကျော်ညွန့်နှင့် အဖွဲ့ ၀င်ရောက်လာရာ ဦးအမတ်ဟူဆောင် (ဘ) ဦးဒိလ် မိုဟာမတ် (အသက် ၂၉ နှစ်) ကို မော်လ၀ီ အနိုဝါရ်၏ အုတ် ထုတ်လုပ်ရေး လယ်ကွင်း အနီးတွင် တွေ့ရှိပြီး ညမထွက်ရ အမိန့်ကို ဖောက်ဖျက် ကျူးလွန်သည်ဟု စွပ်စွဲ၍ ဖမ်းဆီး သွားပြီး၊ တစ်ညလုံး လူမဆန်စွာ ရိုက်နှက် ခဲ့ရာ ဘယ်ဘက် လက်တစ်ချောင်း ကျိုးသွား ခဲ့ပြီး ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

အလားတူ ဒီဇင်ဘာလ (၂၀) ရက်နေ့ ည ၈ နာရီ ခွဲအချိန်တွင် ဒုရဲအုပ် အေးကျော်ညွန့်နှင့် အဖွဲ့ အဆိုပါ ရွာသို့ ရောက်ရှိ လာပြီး ကွမ်းယာဆိုင် တွင်ထိုင်နေ သော ဒေသခံ ရွာသား (၄) ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားပြီး တစ်ညလုံး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ တစ်ဦး ထံမှ ငွေကျပ် (၄) သောင်းစီ ယူ၍ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် ပြန်လည် လွတ်ပေး ခဲ့ကြောင်း သိရှိ ရပါသည်။ 

ဖမ်းဆီး ရိုက်နှက်ခံ ရပြီး ငွေကျပ် (၄) သောင်းစီ ပေးခဲ့ ရသူ (၄) ဦးမှာ - 

(၁) ဦးအစ္စလာမ် (ဘ) ဦးကွာရ်ရှား
(၂) ဦးကူဘိုင်ရ် (ဘ) ဦးအာမီးရ် ဟူဆောင်
(၃) ဦးမာမတ်မျာ (ဘ) ဦးဂူလမ် ဟူစိန်း
(၄) ဦးမာမတ် အာလမ်

ယခုကဲ့သို့ ၀င်ရောက် ဖမ်းဆီး၍ ညှဉ်းပန်း နှိပ်စက်ခြင်း များကို မကြာ ခဏ ပြုလုပ် လေ့ရှိကြောင်း ဒေသခံ များက ပြောပါသည်။


RB News
26.12.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဇီးပင်ချောင်း ကျေးရွာ အခြေစိုက် စခန်း အမှတ် (၁၀)စခန်းမှူး ဘိုဘိုနှင့် တပ်ဖွဲ့ဝင်များကဒေသခံရိုဟင်ဂျာလူမျိုးများကိုမဟုတ်မမှန်စွပ်စွဲ၍ ရိုက်နှက် နှိပ် စက် ပြီး ငွေညှစ် လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။ 

ဒီဇင်ဘာလ (၂၁) ရက်နေ့ ည ၉ နာရီ အချိန်တွင် ကီယာမင် ကျေးရွာမှ ဦးကရီမုလ္လာနှင့် ဦးဂျမီလ် တို့သည် ဦးရာဇာမျာ၏ နေအိမ်မှ ဘောလုံးပွဲ ကြည့်ပြီး အပြန်လမ်းတွင် စခန်းမှူး ဘိုဘိုနှင့် တပ်ဖွဲ့ဝင် များက ၎င်းတို့နှစ်ဦး အား ဘင်္ဂလား ဖုန်းကိုင်ဆောင် ထားသည်ဟု စွပ်စွဲ၍ လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

အလားတူ ဇီးပင်ချောင်း ကျေးရွာရှိ ဦးမိုဟာမတ် (ဘ) ဦးအဟမတ်၏ နေအိမ်သို့ စခန်းမှူး ဘိုဘိုနှင့် အဖွဲ့ ၀င်ရောက်၍ ဘင်္ဂလား ဖုန်းကိုင်ဆောင် သည်ဟု စွပ်စွဲ၍ ဇနီးမောင်နှံ နှစ်ဦးကို ရိုက်နှက် ခဲ့ကြောင်း သိရှိ ရပါသည်။ ထို့နောက် ဦးဟူစိန်း၏ နေအိမ်သို့ ၀င်ရောက်၍ ဘင်္ဂလား ဖုန်းရှာဖွေ ရန်ရှိသည်ဟု ဆိုကာ ၀င်ရောက်ရှိ နေအိမ်အတွင်းရှိ အိမ်အသုံးအဆောင် ပစ္စည်း များကိုပါ ဖျက်ဆီး၍ ဇနီး မောင်နှံ နှစ် ဦးလုံး ကို ပြင်းထန်စွာ ဒဏ်ရာ ရရှိသည် အထိ ရိုက်နှက် ခဲ့ကြောင်း သိရသည်။ 

စခန်းမှူး ဘိုဘိုနှင့် အဖွဲ့က ထိုကဲ့သို့ ရက်ရက် စက်စက် ရိုက်နှက် နှိပ်စက်ခြင်းနှင့် ပတ်သက်၍ ဒေသခံ များနှင့် ကျေးရွာ ရပ်မိရပ်ဖ များက ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် လိပ်ရ ကျေးရွာရှိ နယ်မြေ စခန်း တာဝန် ခံကို သွားရောက်၍ တိုင်ကြားရာ စခန်း တာဝန်ခံက “မင်းတို့က တစ်ဖက် နိုင်ငံက ခိုးဝင်လာ သူ တွေဖြစ် တယ်။ အဲဒါကြောင့် မင်းတို့ရဲ့ တိုင်ကြားချက် တွေကို ဆောင်ရွက် မပေးနိုင်ဘူး” ဟု ပြောကြားပြီး အကယ်၍ မီဒီယာ များသို့ သတင်းပို့ ပါက ထောင်ချ အပြစ်ပေး မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း သိရှိ ရပါသည်။ 


စိန့်မယ်ရီ ဘုရား ရှိခိုးကျောင်းမှာ ၀တ်ပြု ဆုတောင်း နေကြစဉ်။
အောင်ရဲ မောင်မောင်
25.12.2013

ဒီကနေ့ ခရစ္စမတ် နေ့မှာ ရန်ကုန် မြို့က ခရစ်ယာန် အသင်းတော် တွေနဲ့ ဘုရား ရှိခိုးကျောင်း တိုင်းမှာ ၀တ်ပြု ဆုတောင်း ကြတာတွေ၊ အမှတ်တရ လက်ဆောင် ပေးကြ တာတွေ၊ တရား ဒေသနာ ဟောကြား တာတွေ ကို စည်စည် ကားကား လုပ်ခဲ့ ကြတယ်လို့ မြန်မာ နိုင်ငံ ခရစ်ယာန် ကလျာဏ ယုဝ အသင်း (YMCA) ရဲ့ အထွေထွေ အတွင်း ရေးမှူးက ဗွီအိုအေကို ပြောပါတယ်။

ခရစ္စမတ် ပွဲတော်ကို လူမျိုး၊ ဘာသာ မရွေး ပါဝင် ဆင်နွှဲ ကြတာဟာ မတူ ကွဲပြားတဲ့ ဘာသာတွေ အကြား အတား အဆီး မရှိဘူး ဆိုတာကို ပြလိုက်တာနဲ့ တူတယ် လို့လည်း ပြောပါတယ်။ အပြည့် အစုံကို ရန်ကုန် မြို့ကနေ ဗွီအိုအေ သတင်းထောက် ကိုအောင် ရဲမောင်မောင် က သတင်းပေး ပို့ခဲ့ ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ် နေ့မှာတော့ မြန်မာ နိုင်ငံရဲ့ စီးပွားရေး မြို့တော် ရန်ကုန်မှာ နေထိုင် ကြတဲ့ ခရစ်ယာန် ဘာသာ ၀င်တွေဟာ ခရစ္စမတ် ပွဲတော် တွေအဖြစ် ဘုရား ကျောင်းမှာ ဆုတောင်း ပွဲ တွေကျင်းပ၊ နောက် မိသားစုတွေ၊ မိတ်ဆွေတွေ စုံစည်း ကြပြီး ပျော်ပွဲ ရွှင်ပွဲ ပါတီ ပွဲတွေ ဆင်နွှဲ ကြတာပါ။

ရန်ကုန်ကိုအကြောင်းအမျိုးမျိုးနဲ့ပောင်းရွှေ့အခြေချနေထိုင်ကြတဲ့ခရစ်ယာန်ဘာသာဝင်တိုင်းရင်းသား တွေ ဟာလည်း ဒီကနေ့ မှာပဲ ရန်ကုန်က ဘုရားရှိခိုး ကျောင်းတွေ တိုင်းမှာ အထူး တရား ဒေ သ နာ ဟောကြား မှုတွေ ပြု လုပ် ပြီးတော့ အသင်းတော် တွေမှာ ခရစ္စမတ် ပွဲတော်ကို စည်စည် ကားကား ကျင်း ပ ကြ တယ်လို့ မြန်မာ နိုင်ငံ ခရစ်ယာန် ကလျာဏ ယုဝ အသင်း (YMCA) ရဲ့ အထွေထွေ အတွင်း ရေးမှူး ဦး သာဉာဏ် က ဗွီအိုအေ ကိုပြောပါတယ်။

“အသင်းတော် တိုင်းမှာ ကနေ့ ကတော့ ဘုရား မွေးဖွား သန့်စင်သော နှစ်ပေါင်း ၂ ထောင် လောက် ကပေါ့နော် ဘုရား မွေးဖွား သန့်စင် တဲ့နေ့ ဖြစ်တဲ့ အတွက် အထူး တရား ဓမ္မ ဟောကြား ပါတယ်။ တရား ဒေသနာများ ဟောကြားတယ်။ နောက် အသင်းသူ၊ အသင်း သားများ အချင်း ချင်းလည်း လက်ဆောင် ပေးကြတယ်။ အသင်းတော် တွေကလည်း လက်ဆောင် ပေးပါတယ်။ အနီး ပတ်ဝန်း ကျင်မှာ ရှိပြီးတော့ တခြား ဘာသာဝင် များကိုလည်း ဖိတ်ကြား ပြီးတော့ ဓမ္မ၀တ်ပြု ပါတယ်။ လက်ဆောင် ပေးတယ်၊ ကြိုဆို နှုတ်ခွန်း ဆက်တယ်။”

အရင်က မြန်မာ နိုင်ငံရဲ့ မြို့တော် အဖြစ် သတ်မှတ်ခံ ခဲ့ရတဲ့ ရန်ကုန်မှာ ဆိုရင် လူနည်းစု ခရစ်ယာန် ဘာ သာဝင် တွေအတွက် ဘုရား ကျောင်းတွေ၊ အသင်းတော် တွေကလည်း သူ့တိုင်းရင်းသား အလိုက် အ များ အပြား ရှိနေ တာပါ။

ဒီနေ့ ခရစ္စမတ် နေ့မှာ ကမ္ဘာကြီး ငြိမ်းချမ်းရေး၊ လူသားတွေ ငြိမ်းချမ်းရေး ရဖို့ ဆိုတဲ့ တရား ဒေ သ နာ တော်တွေကို ဟောကြား ပြီးတော့ လူသားချင်း စာနာဖို့ ခရစ်တော် ကြွလာ ချိန်မှာ ဟောကြား ခဲ့တဲ့ ငြိမ်း ချမ်း ရေးဟာ ကမ္ဘာကြီး အတွက် အရေးကြီး တယ်ဆိုတာ ရည်ရွယ် ပြီးတော့ ဆုတောင်း ခဲ့တယ်လို့ ဦးသာဉာဏ်က ပြောပါတယ်။

ဒီနှစ် ခရစ္စမတ် ကာလမှာ ဆိုရင်တော့ ခရစ္စမတ် နေ့ကို ခရစ်ယာန် ဘာသာဝင် တွေကပဲ ဆင်နွှဲတာ မဟုတ် ဘဲ အခြား ဘာသာ ၀င်တွေ ကိုပါ ပါဝင် ဆင်နွှဲ နိုင်အောင် ဖိတ်ခေါ် ခဲ့သလို၊ အခြား ဘာသာ ၀င် တွေကလည်း ခရစ္စမတ် နေ့ကို ဆင်နွှဲ ကြတာကြောင့် ဘာသာ တစ်ခု နဲ့ တစ်ခု အကြား ချစ်ကြည်မှု ပိုရ လာ တယ်လို့ ပြောနိုင်တဲ့ အကြောင်း ဦးသာဉာဏ်က ပြောပါတယ်။

“ပထမဆုံး ကတော့ ခရစ်ယာန် ဘာသာ အပေါ် တခြား ဘာသာ တွေလည်း နားလည် သဘောပေါက် လာပြီ ဆိုတဲ့ သဘောပါ။ နောက် ခရစ်ယာန် ဘာသာနဲ့ တခြား ဘာသာတွေ အတူ တကွ ယှဉ်တွဲ ပြီးတော့ ဆင်နွှဲ နိုင်တယ် ဆိုတဲ့ ဒုတိယ သဘောလည်း ဆောင်ပါတယ်။ တတိယ အနေနဲ့ ကတော့ ဘာသာတွေ အကြားမှာ ကျနော်တို့ စည်း ကြီးကြီး ကျယ်ကျယ် တားခြင်း၊ ခြံစည်း ရိုးခတ် ခြင်းတွေ ဒါတွေ မရှိတော့ ဘူးပေါ့။ ခရစ်ယာန် ဘာသာ လုပ်ရင် တခြား ဘာသာက မဆိုင် သလို နေမယ်၊ တခြား ဘာသာ လုပ်ရင် ခရစ်ယာန် ဘာသာက မဆိုင် သလို နေမယ် ဆိုတဲ့ ရှေးတုန်း ကလို ကျဉ်းမြောင်းသော အတွေး အခေါ်တွေ မရှိတော့ ပါဘူး။”

ဘုရား ကျောင်းမှာ ဆုတောင်း ပွဲလုပ်၊ မိသားစုတွေ၊ မိတ်ဆွေတွေ စုံပြီး ပျော်ပွဲ ရွှင်ပွဲတွေ ကျင်းပတာ၊ နောက် တယောက်နဲ့ တယောက် လက်ဆောင် ပစ္စည်း လဲလှယ်တာ တွေကို ဒီဇင်ဘာလ ၂၄ ရက် နဲ့ ၂၅ ရက်နေ့ တွေမှာ ဘယ်လို စည်စည် ကားကား ကျင်းပ ခဲ့တယ် ဆိုတာကို မြန်မာ နိုင်ငံ ဓမ္မ တက္ကသိုလ် (MIT) က ဆရာမ တဦး ဖြစ်တဲ့ မမူယာက အခုလို ပြောပါတယ်။

“ကျမတို့ဒီမှာတော့ပုံမှန်အတိုင်းပါပဲရှင့်။များသောအားဖြင့်ကတော့ကျမတို့ရန်ကုန်မှာရှိတဲ့ Church တွေ ကတော့ ၂၄ ရက်နေ့ ဆိုရင် ညနေပိုင်း ဆိုရင် အသင်း တော်မှာ ပြဇာတ် ပြတာတို့၊ သီချင်း ဆို တာတို့၊ ကလေး လေးတွေ ခရစ္စမတ် မိသားစုတွေ ဆုံပြီးတော့ ထမင်း အတူ စားကြ တာ တို့၊ နောက်ပြီးတော့ ည ၁၁ နာရီဆိုရင် ဘုရား ရှိခိုး ပါတယ်ရှင့်။ အဲဒါ ကတော့ midnight service ပါ။ အဲဒါ ပြီးတော့ ကျမတို့ Church တော်တော် များများ ကတော့ ၂၅ ရက်နေ့ မနက် မှာပဲ ထပ်ပြီးတော့ ဘုရား ရှိခိုး ပါတယ်ရှင့်။ ဟုတ် ကဲ့ပွဲတွေဘာတွေလုပ်တာကတော့ အဓိက ကျမတို့ ကတော့ ဘုရား ရှိခိုးတာ ပေါ့နော်။ ခရစ်တော် ကြွလာတဲ့ ဟာကို ပြန်ပြီး တော့မှ ခရစ်တော်ရဲ့ မွေးနေ့ကို ပြန်ပြီးတော့ ကျေးဇူးတော် ချီးမြှောက်ပြီး ဘုရား ရှိခိုး ကြတာပဲ များပါတယ်။ ဒါပေမဲ့ အဓိကက တချိန် တည်းမှာပဲ ကျမတို့ လက်ဆောင်တွေ ပေးကြတယ်။ ပြီးတော့ သီချင်း ဆိုပွဲတွေ၊ ပြီးတော့မှ အိမ်တွေမှာ လိုက်ပြီး တော့မှ Carol singing လိုက်ဆို တာတွေ wish လုပ်တာတွေ အဲဒါမျိုး တွေလည်း လုပ်ပါ တယ်ရှင့်။”

ဧရာဝတီတိုင်း ကျုံသာရွာမှာ ခရစ်ယာန် ဘာသာ ၀င်တွေ အပါအ၀င် ဗုဒ္ဓဘာသာ ၀င်တွေ နဲ့ပါ တွဲ ဖက်ပြီး ပျော်ပျော် ပါးပါး သီချင်းတွေ ဆိုပြီးတော့ ခရစ္စမတ် ပွဲတော်ကို ဆင်နွှဲ ခဲ့တယ် လို့လည်း မမူယာ က အခုလို ဆက်ပြော ပါတယ်။

“အိမ်ခြေကလေ ၁၀ အိမ် ၁၁ အိမ်လောက်ပဲရှိတယ်။ ဒါပေမဲ့အနီးအနားက ပေါ့နော် တခြား ခရစ်ယာန် မ ဟုတ်တဲ့လူတွေအများကြီးပဲလာတယ်။ကျမတို့သူတို့ကိုလက်ဆောင်တွေပေးတယ်၊ထမင်းတွေ ကျွေးတယ်၊ အဲဒီလို မျိုးပေါ့ စုပြီးတော့မှ ပွဲလုပ်တဲ့ သဘော ဆိုတော့ ကလေးတွေ လည်း ပျော်ကြတာ ပေါ့နော်။ သီ ချင်း တွေဆို၊ ဘောလုံးတွေ ဖောက် အဲဒီလို မျိုးပေါ့။”

ခရစ္စမတ် ပွဲတော် ကတော့ ယေရှု ခရစ်တော် ဖွားမြင်တော် မူတဲ့နေ့ အဖြစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တိုင်း ခရစ်ယာန် ဘာသာ သက်ဝင် သူတွေ နှစ်စဉ် ကျင်းပတဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။



24.12.2013

မြန်မာ နိုင်ငံတွင်း သတင်း ဂျာနယ်တိုက် တခုက အမျိုးသမီး သတင်းထောက် တစ်ဦးကို ပိုင်နက် ကျူးလွန်မှု၊ အသရေ ဖျက်မှု စွဲချက် တွေနဲ့ လွိုင်ကော်မြို့ တရားရုံး ကနေ ထောင်ဒဏ် ၃ လ ပြစ်ဒဏ် ချမှတ် လိုက်ခြင်း အပေါ်မှာ ပြင်သစ် အခြေစိုက် RSF နယ်ခြားမဲ့ သတင်းထောက်များ အဖွဲ့နဲ့ နယူးယောက် အခြေစိုက် CPJ သတင်းထောက်များ ကာကွယ်ရေး ကော်မတီ တို့က ပြင်းပြင်း ထန်ထန် ဝေဖန် ပြစ်တင် လိုက်ပါတယ်။

ပြီးခဲ့တဲ့ တလကျော် တုန်းက Eleven Media တိုက်ရဲ့ နယ်သတင်း ထောက် တဦး ဖြစ်သူ မနော်ခိုင် ခိုင် အေး ချိုဟာတရားလို ဖြစ်သူ ရှေ့နေတဦးရဲ့နေအိမ်ကို သတင်းထောက် အဖြစ် ခွင့်တောင်း ၀င်ပြီး သတင်းယူ ခဲ့ရာ ကနေအမှု အခင်းဖြစ် ခဲ့တာပါ။ တရားလိုရှေ့နေဖေစ်သူက သတင်းထောက် ရဲ့မေးမြန်း ချက်တွေ အပေါ်မှာလက် မခံဘဲနေ အိမ်ဝင်း ကနေမောင်း ထုတ်ခဲ့ပြီးနောက် လွိုင်ကော်မြို့ တရားရုံးမှာ သ တင်းထောက်ဖြစ်သူ မနော်ခိုင် ခိုင် အေးချိုကို တိုင်တန်း တရားစွဲ ခဲ့တာပါ။

တလကျော် စစ်ဆေးပြီးတဲ့ နောက် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ပိုင်နက် ကျူးလွန်မှု၊ အသရေ ဖျက် မှု တွေနဲ့ ထောင်ဒဏ် ၃ လ တပေါင်းတည်း ကျခံဖို့  စီရင်ခံခဲ့ ရပါတယ်။ တရားရေး နယ်ပယ်က အဂတိ လိုက် စားမှုနဲ့ ပတ်သက်လို့ Eleven Media ရဲ့ နေ့စဉ် သတင်းစာမှာ ရေးသား ဖော်ပြ အပြီး နှစ်အပတ် အကြာ မှာပဲ အခုလို သတင်း ထောက်ကို ထောင်ဒဏ် အပြစ်ပေး လိုက်တာလို့ RSF ထုတ်ပြန် ချက်မှာ ဖော်ပြပါ ရှိပါ တယ်။

RSF အနေနဲ့ ကတော့ သတင်းထောက် မခိုင်နဲ့ Eleven Media ဖက်က အပြည့် အ၀ ထောက်ခံ သွားမှာ ဖြစ် သလို သတင်းထောက် အခွင့် အရေးကို လေးစားသော အားဖြင့်လည်း ဒီအမှုကို ပြန်လည် စီစစ် ပေးဖို့ လွိုင်ကော် တရားရုံးကို RSF က တိုက်တွန်းထား ပါတယ်။ အခုလို သတင်းထောက် တစ်ဦးကို ဖမ်း ဆီး ထောင်ချတဲ့ ဖြစ်ရပ်ကို ကြည့်ရင် မြန်မာ နိုင်ငံ ထဲမှာ သတင်း မီဒီယာတွေ အပေါ် ဖိနှိပ် ထားတဲ့ ဥ ပဒေတွေ ပြုပြင် ပြင်ဆင်ဖို့ လိုနေ သေးတယ် ဆိုတာ တွေ့ရ တယ်လို့ CPJ အရှေ့တောင် အာရှ ဆိုင်ရာ အကြီးတန်း ကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။

သတင်း ရယူတဲ့ သတင်းထောက် တဦးကို အခုလို ဖမ်းဆီး အပြစ်ပေး လိုက်တဲ့ အပေါ်မှာ ပြည်တွင်းမှာ ရှိတဲ့ သတင်း မီဒီယာ အဖွဲ့ အစည်း တွေကလည်း လက်မခံဘဲ ၀ိုင်းဝန်း ကန့်ကွက် ခဲ့ကြ ပါတယ်။ မြန်မာ နိုင်ငံမှာ အပြောင်းအလဲနဲ့ အတူဒီနှစ်ပိုင်း အတွင်း ပုဂ္ဂလိကသတင်း စာတွေ ပေါ်ပေါက်ခဲ့သလို စတုတ္ထ မ ဏ္ဍိုင် ဖြစ်တဲ့ သတင်း မီဒီယာ လွတ်လပ်ခွင့် ကိုလည်း အတော် အသင့် ပေးခဲ့ ပါတယ်။ ဒါပေမယ့် အခုလို သတင်း ရယူဖို့ ကြိုးစားတဲ့ သတင်း ထောက်တွေနဲ့ သက်ဆိုင်ရာ အာဏာပိုင် အချို့ အကြား ကတောက် ကဆ မျိုးတွေ မကြာ မကြာ ကြုံရလေ့ ရှိသလို၊ အခုလို သတင်းယူတဲ့ သတင်း ထောက်ကို ဖမ်း ဆီး ထောင်ချတာ မျိုးဟာ သတင်း လွတ်လပ်ခွင့် အတွက်ပါ ထိခိုက် စေတယ်လို့ ပြည်တွင်း ပြည်ပ မီဒီယာ အဖွဲ့ အစည်း တွေက ဝေဖန် ခဲ့ကြ ပါတယ်။



24.12.2013

မြန်မာ နိုင်ငံမှာ အခုနှစ် ၂၀၁၃ ခုနှစ် အကုန်မှာ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက် စေမယ် လို့ မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ ကတိ က၀တ် အတိုင်း နိုင်ငံရေး အကျဉ်းသား အားလုံး ဒီနှစ် အ ကုန် ပြန် လွှတ် ပေးဖို့ နယူးယောက် အခြေစိုက် HRW လူ့အခွင့် အရေး စောင့်ကြည့်မှု အဖွဲ့ကြီးက မြန်မာ အစိုးရ ကို တိုက်တွန်း တောင်းဆို ပါတယ်။

အခုနှစ် အတွင်း နိုင်ငံရေးမှု တွေနဲ့ စွဲဆိုခြင်း ခံခဲ့ ရတဲ့ လူပေါင်း ၂၀၀ ကျော် ကိုလည်း ဒီအထဲ လွှတ်ပေး ဖို့ တောင်းဆို ထားပါတယ်။ မြန်မာ အစိုးရ အနေနဲ့ ပြီးခဲ့တဲ့ နှစ်နှစ် အတွင်းမှာ နိုင်ငံရေး အကျဉ်း သားတွေ အတော် များများ လွှတ်ပေး ခဲ့တာ ရှိပေမယ့် အားလုံးတော့ မပြီးပြတ် သေးဘူးလို့ HRW အာရှ ဆိုင်ရာ ဒုတိယ ညွန်ကြား ရေးမှူး Phil Robertson က ပြောပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နှစ် အတွင်းက ဖမ်းခံ ခဲ့ရတဲ့ တတ်ကြွ လှုပ်ရှားသူတွေ အပါ အ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို ဒီနှစ် အကုန် နောက်ဆုံးထား လွှတ်ပေးဖို့ HRW က တောင်းဆို လိုက်ပါတယ်။

မြန်မာ နိုင်ငံတွင်း နိုင်ငံရေး အကျဉ်း သားတွေကို လွှတ်နိုင်ဖို့  နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ ဆိုပြီး သမ္မတ ဦးသိန်းစိန် လက်မှတ်ထိုး ဖွဲ့စည်း ပေးခဲ့ ပါတယ်။ ဒီကော်မတီရဲ့ နောက်ဆုံး နိုင်ငံရေး အ ကျဉ်းသား လက်ကျန် စာရင်းကို သမ္မတထံ ပြုစု တင်ပြ ပြီးရင် အချိန် မဆိုင်းဘဲ အားလုံးကို လွှတ်ပေး သွားဖို့ ရှိတယ်လို့ သမ္မတ ပြောခွင့် ရသူ ဦးရဲထွဋ်က ဗွီအိုအေ မြန်မာ ပိုင်းကို ပြောခဲ့ပါတယ်။

ကော်မတီရဲ့ လက်ကျန်စာရင်းမှာတော့ လက်ရှိအားဖြင့် ၃၈ ဦးကို စီစစ် နေပြီး အမှုရင်ဆိုင် နေရသူ ကတော့ ၂၀၀ ကျော် ရှိတယ်လို့ ကော်မတီ အဖွဲ့ဝင် တဦး ဖြစ်တဲ့ နိုင်ငံရေး အကျဉ်း သားများ ကူ ညီ စောင့်ရှောက်ရေး အသင်းက ကိုဘိုကြည်က ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသား စီစစ်ရေး ကော်မတီ မှာတော့ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း ဦးဆောင် ပြီး ပြည် ထဲရေး၊ ရှေ့နေ ချုပ်ရုံး၊ အထူး စုံစမ်း စစ်ဆေးရေး၊ အကျဉ်း ဦးစီးဌာန၊ လူ့အခွင့် အရေး ကော်မရှင်၊ လွှတ်တော် ကိုယ်စားလှယ် တွေနဲ့ နိုင်ငံရေး အကျဉ်း သားဟောင်းတွေ ပါဝင်ကြ ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် မေလ ၈ ရက်နေ့မှာ ကော်မတီ ၀င်တွေကို နောက်ဆုံး တိုးချဲ့ ပြင်ဆင် ခဲ့ပါတယ်။
ဌေးလွင်ဦး
RB News
23.12.2013

အမှန်တော့ တိုင်းပြည် တစ်ခုမှာ သန်းခေါင် စာရင်း ကောက်ယူ ခြင်းဟာ ရောဂါ တစ်ခု မဟုတ်ပါ။ သို့သော်မြန်မာပြည်မှာသန်းခေါင်စာရင်းကို ရောဂါ တစ် ခု ဖြစ်နေ စေရန် အာဏာကို လက်မလွှတ် လိုသည့် အာဏာပိုင် တစ်စုမှ ဖန်တီး ထား ခြင်းသာ ဖြစ်သည်။

သန်းခေါင် စာရင်း ကောက်ယူ ခြင်းဟာ တိုင်းပြည် တစ်ခု အတွက် အရေးကြီး လိုအပ်တဲ့ကိစ္စတစ်ခုပါ။ ဖြစ်တည်နေတဲ့လူဦးရေအလျှောက် လုပ်ဆောင် ပေး ရမယ့် ကိစ္စ များနဲ့ အနာဂါတ် တည်ဆောက် မှုများ အတွက် စနစ် တကျ ထူထောင် ပေးနိုင်ရန် ဖြစ်ပါတယ်။ 

တိုင်းပြည် တစ်ခုမှာ လူဦးရေ ဘယ်လောက် ရှိတယ်-၊ ဆိုတာကို အနီးစပ်ဆုံး တိတိကျကျ သိမှ မိမိ တိုင်း ပြည်မှာ ရှိတဲ့ သဘာဝ သယံဇာတ အရင်း အမြစ်များ၊ လယ်ယာ ကိုင်းကျွန်း များကို မည်သို့ မည်ပုံ အ သုံး ချမယ် ဆိုတာ တွက်ချက်လို့ ရနိုင် ပါတယ်။ မည်သည့် မြို့ရွာမှာ လူဦးရေ ဘယ်လောက် နေတယ်။ မည်သည့် မြို့ရွာက လူအ၀င် အထွက်နှုန်း ဘယ်လောက် ရှိတယ်-၊ ဆိုတာ များကို တိကျအောင် ဆောင်ရွက် နိုင်ရင် အဲ့ ဒီဒေသဆိုင်ရာမြို့ရွာများမှာစာသင်ကျောင်းဘယ်လောက်ဆောက်သင့်တယ်။ဆေးရုံဆေးခန်း ဘယ်လောက် ထားသင့်တယ်။ စာတိုက် ပို့ဆောင်ရေး၊ စာကြည့် တိုက်နဲ့ လမ်းပန်း ဆက်သွယ်ရေး များကို ဘယ်လို တည်ဆောက် ပေးသင့်တယ် ဆိုတာ မျိုးကို ဆင်ခြင် သုံးသပ် တွက်ချက်လို့ ရပါတယ်။

သန်းခေါင် စာရင်း ကောက်ယူစဉ် မိသားစုဝင် တွေရဲ့ အလုပ် အကိုင်၊ ၀င်ငွေ ထွက်ငွေတွေ ကိုပါ ပူး တွဲ ကောက်ယူ လေ့ရှိတယ်။ ဒါမှ အလုပ် လက်မဲ့ လူဦးရေ ဘယ်လောက် ရှိတယ်။ ထွက်ငွေ ၀င်ငွေ မမျှတဲ့ မိ သားစု ဘယ် လောက် ရှိတယ်။ ဆိုတာ မျိုးကို တွက်ချက်ပြီး လူမှုဖူ လှုံရေး လုပ်ငန်းများ၊ အလုပ် အကိုင် ဖန်တီး ပေးမှု များကို ဆောင်ရွက်လို့ ရနိုင် ပါတယ်။ အစိုးရ အပေါ် ယုံကြည် စိတ်ချမှု ရှိတဲ့ နိုင်ငံ များ မှာ သာ ကြေးရည် တတ်များက သူတို့ရဲ့ ၀င်ငွေ ပမာဏကို ဖေါ်ပြလေ့ ရှိပေမယ့် - ပြည်သူ့ ပစ္စည်း ငါ့ပစ္စည်းလို့ လုဘို့ စုဘို့ သူခိုး ဓားပြ အစိုးရ အုပ်ချုပ်တဲ့ နိုင်ငံမျိုး မှာတော့ ကြေးရည် တတ်တွေက သူတို့ရဲ့ ပိုင်ဆိုင် မှုများကို ထိန်ဝှက် ထားလေ့ ရှိပါတယ်။

သန်းခေါင် စာရင်း ပြုစုတာမှာ နိုင်ငံရေး အရ ရည်ရွယ်ချက် တစ်ခုလည်း ရှိနေတယ်။ အဲ့ဒါက လူ ဦးရေ ပေါ်မူတည် ပြီး ဥပဒေပြု လွှတ်တော် အမတ် ဦးရေ သတ်မှတ် မှုပါ။ လူဦးရေ နည်းနည်းတဲ့ မြို့ရွာ ဒေသ များက ဥပဒေပြု လွှတ်တော် အမတ် ဦးရေ နည်းမယ် လူဦးရေ များတဲ့ မြို့ရွာ ဒေသ များက ဥပဒေပြု လွှတ်တော် အမတ် များမယ် ဆိုတဲ့ ခွဲတမ်း ဖြစ်ပါတယ်။ ဥပဒေ အရ လူဖြူ လူမည်း ခွဲခြားခြင်း မရှိ တဲ့ နိုင်ငံ မျိုး၊ ဘာသာရေး အရ လွတ်လပ်ခွင့် ရှိတဲ့ နိုင်ငံ မျိုးမှာ- ဒီကိစ္စဟာ ပြသနာ တစ်ရပ် မဟုတ် ပေမယ့်၊ လူ မျိုးရေး ဘာသာရေး ခွဲခြားတဲ့ နိုင်ငံမျိုးမှာ ဒီကိစ္စဟာ ကြီးမားတဲ့ ပြသနာ တစ်ရပ် ဖြစ်နေပါတယ်။

မြန်မာ နိုင်ငံမှာ လက်ရှိ အုပ်ချုပ် နေတဲ့ အာဏာရ အစိုးရဟာ သန်းခေါင် စာရင်း ကောက်ယူဘို့ လုံ့ လ ပြုနေ ပေ မယ့် သန်းခေါင် စာရင်း ကောက်ယူ ရခြင်း ရည်ရွယ် ချက်များ ဖြစ်တဲ့ လူမှုရေး၊ စီး ပွားရေး ဖြေ ရှင်းမှု တွေကို သတိ ရဟန် လည်းမရှိ၊ လုပ်ပေး ရကောင်း မှန်းလည်း မသိဘဲ-၊ လူမျိုးရေး ဘာသာရေး ခွဲခြားပြီး ဥပဒေပြု လွှတ်တော် အမတ် ခွဲတမ်း အတွက်သာ သန်းခေါင် စာရင်းကို သဲသဲမဲမဲ ကြိုး စား နေခြင်း ဖြစ်တယ်လို့ ထင်သာ မြင်သာ ဖြစ်နေ ပါတယ်။

သူတို့ဟာ ကျားကျား မီးယပ် ပုံစံမျိုး ၁၉၈၂ ခု ဥပဒေ ဆိုတာ အသေကိုင် ထားပြီး သန်းခေါင် စာ ရင်း ကောက်ယူ ဘို့ ကြိုးစား နေခြင်းပါ။ ၁၉၈၂ ခု ဥပဒေကို အသေ ကိုင်ထား ရခြင်း ဟာလည်း အဲ့ဒီ ဥပဒေပါ လူမျိုးစုတွေဟာ အစိတ်အစိတ် အမွှာမွှာ ခေါင်းစဉ် တပ်ခံ ထားရတဲ့ လူမျိုး စုတွေ ဖြစ်နေခြင်း ကြောင့်ပါ။ သူတို့ ခေါင်းစဉ် တပ်ထား သလို သန်းခေါင် စာရင်းမှာ အထည့် ခံလိုက်ရင် ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ချင်း၊ စတဲ့ တိုင်းရင်းသား အမည်ခံ လူ စုတွေထဲမှာ ဥပဒေပြု လွှတ်တော်ကို ရောက်လာမယ့် အမတ် ရာနှုန်းက အမှန် ဖြစ်သင့် ဖြစ်ထိုက် သည်ထက် များစွာ လျှော့နည်း သွားပါမယ်။ လူဦးရေ ၇ သောင်းမပြည့်တဲ့ ဘယ် လူမျိုး နွယ်မှာမှ အမတ် တစ်ယောက် ဖြစ်ဘို့ မရှိတော့ပါ။ တိုင်းရင်းသား တွေထဲက အမတ် ဦးရေ ကို လျှော့ချမယ့် စီမံချက် ဖြစ်နေပါတယ်။ တနည်း အားဖြင့် ဗမာ လက်ဝါးကြီးအုပ် သန်းခေါင် စာရင်းလို့ ဆိုရမှာပါ။

ဗမာ လူမျိုးစုက အကြီးကြီး အုပ်ထားပြီး တိုင်းရင်းသား အုပ်စု တွေကို အစိတ်စိတ် ခွဲထားတဲ့ သန်းခေါင် စာရင်း ကုဒ်နံပတ် တွေကလည်း ကြောက်ခမန်း လိလိ တစ်ရာ ကျော်တောင် ဖြစ်နေ ပါတော့တယ်။ တိုင်း ရင်းသား တွေကသာ ဒီသန်းခေါင်း စာရင်းကို လက်ခံ လိုက်ရင် သူတို့ကိုယ် သူတို့ ပြန်သတ် သလို ဖြစ်သွား မှာလည်း သေချာနေ ပါတယ်။ အဲ့ဒီ သန်းခေါင် စာရင်းမှာ အစ္စလာမ် ဘာသာဝင် များကို ဦးတည် ပစ်မှတ် ထားတာလည်း တစ်ဘက်က ပါဝင်နေပါတယ်။ တိုင်းရင်း သားတွေကို ပ ထုတ်ပြီး ကျန်ခဲ့တဲ့ ပြည်မထဲမှာ ဒုတိယ အင်အား အများဆုံးက မွတ်ဆလင်များ ဖြစ်နေ လို့ပါပဲ။ 

ဒါပေမယ့် ဒီကိစ္စမှာ အစ္စလာမ် သာသနာ ၀င်တွေနဲ့ အခြားသော လူမျိုးစုတွေ အားငယ် စရာ မရှိပါ။ မကောင်းကြံ နေသူရဲ့ မကောင်းကြံ ဆောင်ခြင်းဟာ သူတို့ကိုပဲ အမှု ပတ်လေ့ ရှိပါတယ်။ ဒီသန်းခေါင် စာရင်း မှာ လူနည်းစု တွေက တစ်အုပ် စုတည်း ရပ်ခံ နိုင်ဘို့ပဲ ကြိုးစား ရပါမယ်။ အဲ့လို ဆိုရင် မိမိတို့ ကိုယ်စား ပြုတဲ့ အုပ်စုဟာ လူဦးရေ ဘယ်လောက် ရှိတယ် ဆိုတာ သိခွင့်ရ သွားပါမယ်။ အဲ့ဒီ ရရှိလာတဲ့ လူဦးရေကို ခိုင်မာ တဲ့ အင်အား တစ်ရပ် အဖြစ် ဆက်လက် ရပ်တည် နိုင်ရင်- ညီညွတ်တဲ့ အင်အား စုတိုင်းမှာ တရား သဖြင့် ဖန် တီး ယူနိုင်တဲ့ အခွင့် အလမ်း တွေ ရှိနေပါတယ်။


မုဟမ္မဒ် တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement



သို့ 

ဦးသိန်းစိန် 
နိုင်ငံတော် သမ္မတကြီး
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
နေပြည်တော်


စာအမှတ်၊ ဒလပ / သမ - ၀၃ / ၂၀၁၃
ရက်စွဲ ။ ။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်


အကြောင်းအရာ။ သန်းခေါင် စာရင်း ကောက်ယူရေး ပုံစံတွင် မိမိတို့ လူမျိုးစု အတွက် နိုင်ငံတွင်းရှိ တစ်ခြား လူမျိုးစုများ နည်းတူ ကုဒ်နံပါတ် “Code No“ တစ်ခု သတ်မှတ် ပေးပါရန် တင်ပြခြင်း။

လေးစားစွာဖြင့် . . .

၁။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ရန်ကုန်တိုင်း လွှတ်တော်ရုံး သဘင်ဆောင်တွင် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ပြုလုပ်သော သန်းခေါင် စာရင်း ကောက်ယူရေး ရှင်းလင်း ပွဲ၌ နိုင်ငံရေး ပါတီ များအား ၀ိုင်းဝန်း ကူညီရန် မှာကြားခဲ့ ပါသည်။

၂။ ကျွန်တော်များ ဒီမိုကရေစီနှင့် လူ့အခွင့် အရေး ပါတီကလည်း သန်းခေါင် စာရင်း ကောက်ယူရေး ကိစ္စ တွင် ၀ိုင်း ၀န်း ပါဝင် ကူညီ ဆောင်ရွက် ပေးလို ပါသည်။

၃။ သို့ကူညီ ရာတွင် အခက်အခဲ တစ်ခုမှာ တိုင်းရင်းသား ဆိုသူ (၁၃၅) မျိုးအတွက် ကုဒ်နံပါတ် တစ်ခု ကိုယ်စီရှိပါသည်။ကျွန်တော်တို့ ပါတီ၏ အခြေခံ စည်းရုံးရေး နယ်မြေ ဖြစ်သော ရခိုင် ပြည်နယ်ရှိ အစ္စလာမ် ဘာသာဝင် များကို စာရင်း မှတ်ရန် ကုဒ်နံပါတ် (Code-No) တစ်ခု မရှိ ဖြစ်နေ ပါသည်။လူဦးရေ တစ် သန်းကျော် ရှိနေသည့် ထိုသူ များကို မည်သည့် ဇယား၌ ဖြည့်စွက် ရမည်ကို မရေမရာ ဖြစ်နေ ပါသည်။

၎။ ကုဒ်နံပါတ်များ စာရင်း၏ နောက်ဆုံး အမှတ်စဉ် (၁၁) တွင် တစ်ခြား (Others) ဟု ကုဒ်နံပါတ် (914) ဖြင့် ဇယား တစ်ခု ရှိပါသည်။ ကုဒ်နံပါတ် ပေးထားသော နိုင်ငံခြားသား (၁၃) မျိုးတွင် မပါသေးသည့် တစ်ခြား နိုင်ငံခြားသား များအတွက် ရည်ညွှန်းပုံ ရပါသည်။

၅။ အမှတ်စဉ် (၁၀) တွင် မြန်မာနှင့် နိုင်ငံခြားသား သွေးနှောများ အတွက် ကုဒ်နံပါတ် (၉၀၀) တစ်ခု ရှိပြန် သည်။ ကျွန်တော်များ ရခိုင်ပြည်နယ်မှ မူဆလင်များ တွင်သွေးနှောသူ ဦးရေ အလွန် နည်းပါသည်။ ကျွန်တော် များသည် လွတ်လပ်ရေး ရပြီးနောက် ၁၉၈၂ ခု နိုင်ငံသား ဥပဒေ ပြဌာန်း နိုင်ခဲ့သည့် အချိန်ထိ တိုင်းရင်းသား နိုင်ငံသားများ အဖြစ်နေလာသူများ ဖြစ်ကြပါသည်။ ၂၀၁၀ ခုနှစ်အထိ မြန်မာနိုင် ငံ ရွေးကောက်ပွဲ အားလုံး မှာ မဲထည့်ခွင့်၊ အရွေးခံ ခွင့်များ ရရှိခဲ့၍ ယနေ့ အထိ မြန်မာ နိုင်ငံသား များ ဟု သတ်မှတ် ရန်သာ ရှိပါ သည်။

၆။ တိုင်းရင်းသား (၁၃၅) မျိုးထဲတွင် မပါဝင်သော တစ်ခြား လူမျိုးစု များလည်း များစွာ ရှိနေကြောင်း စာ နယ်ဇင်း များတွင် ဖတ်ရှု နေရ ပါသည်။ ထိုသူ များလည်း မိမိ လူမျိုး အမည် အဖျောက်ခံပြီး တစ်ခြား လူမျိုး များနှင့် ပေါင်းရမည့် အနေ အထား ဖြစ်နေ ပါသည်။

၇။ ကျွန်တော်များ ရခိုင် ပြည်နယ်ရှိ အစ္စလာမ် ဘာသာဝင် များကို ရိုဟင်ဂျာ ဟူ၍ ယခင် အစိုးရများက သတ်မှတ် ခဲ့သော အထောက် အထား သာဓကများ မြောက်များစွာ ရှိပါသည်။

၈။ ကျွန်တော် တို့သည် နိုင်ငံတော် အပေါ် အစဉ် အဆက် သစ္စာရှိစွာ နေထိုင် လာခဲ့သော သာဓက များလည်း ရှိပါသည်။ တစ်ချို့မှာ -

(က) ၁၉၆၁-ခုကတည်းကလက်နက်ကိုင်မူဂျာဟစ်များကပြည်သူများ၏အကြပ်ကိုင် တောင်း ဆို မှု ကြောင့် လက်နက်ချ၍ ငြိမ်းချမ်းရေး ယူထား ခဲ့သည့် အပြင် ယနေ့အချိန် အထိ ရခိုင် မြောက် ပိုင်း ဒေသ တွင် ဒေ သခံ မူဆလင်များ ထဲမှ လက်နက်ကိုင် သောင်ကျန်းသူ အဖွဲ့ အစည်း မရှိချေ။

(ခ) အထက် မူဂျာဟစ် များကို တိုက်ခိုက် ချေမှုန်း ရာတွင် ရိုဟင်ဂျာ အမျိုးသား ထဲမှ ထိုဒေသရှိ ရဲအရာရှိ များနှင့် ရဲတပ်ဖွဲ့ဝင် များက သက်စွန့် ဆံဖျား စွန့်စွန့် စားစား တိုက်ပွဲပေါင်း များစွာ တိုက်ခိုက် ခဲ့သဖြင့် နိုင် ငံတော်နှင့် နိုင်ငံတော် သမ္မတ ထံမှ ဆုအမျိုးမျိုး၊ တံဆိပ် အမျိုးမျိုး ရရှိခဲ့သော သာဓကများ ယနေ့ အထိ လက်ထဲမှာ ရှိပါသည်။ ထိုရဲအရာရှိ များ၏ အမည်ကို အတိအကျ ဖော်ပြ ရသော် (၁) ဦးအဘူလ်ခိုရ် (နောင် ပါလီမန် အမတ်)၊ (၂) ဦးအဘူ ကာစင် (နောင်မြို့နယ် တရားသူကြီး အဖွဲ့ ဥက္ကဌ)၊ (၃) ဦးမိရ် အာမတ်၊ (၄) ဦးအာလီ ဟူဆိန် (ရဲအုပ်ကြီး)၊ (၅) ဦးဘိုနီ အာမင်(ရဲမှူးကြီး) တို့ ဖြစ်ကြ ပါသည်။

၉။ သန်းခေါင်စာရင်းသည် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီမံ ခန့်ခွဲရေး၊ စီးပွားရေးတို့အတွက် အရေးကြီး သလို သက်ဆိုင်ရာလူမျိုးစုများအတွက်လည်းသူတို့၏လူမျိုးစု ဦးရေ အတိ အကျ သိရှိရန် လိုအပ်နေပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံတော်တွင် လူဦးရေ ပမာဏ အဆင့် အားဖြင့် ၅/၆ အဆင့်မှာ ရှိသော အထက် ရိုဟင်ဂျာ များကို နိုင်ငံခြားသား ဇယားတွင် နိုင်ငံခြားသား “ကုဒ်နံပါတ်” နှင့်ရောနှော၍စာရင်းတင်ခြင်း မပြုဘဲ သီးခြား ကုဒ်နံပါတ် “Code-No” တစ်ခုကို ၂၀၁၄ ခုနှစ် ပြည်လုံး ကျွတ်သန်းခေါင် စာရင်း ပုံစံအတွက်ဖော်ပြ သတ် မှတ် ပေး ပါရန် တင်ပြ တောင်းဆို အပ်ပါသည်။

(၁၅.၁၂.၂၀၁၃ ခု ပါတီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ အစည်း အဝေး ဆုံးဖြတ်ချက် အရ။)


ကျော်မင်း
ဥက္ကဌ
ဒီမိုကရေစီနှင့် လူ့အခွင့် အရေး ပါတီ (ဌာနချုပ်)
အမှတ် (၁၁၆/၁၁၈)၊ ၆-လွှာ (B)၊ ဘိုကလေးဈေးလမ်း၊
ဗိုလ်တထောင် မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး။
Phone : 09-73247887

မိတ္တူကို 

- ပြည်ထောင်စု ၀န်ကြီး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီး ဌာန၊
- ဥက္ကဌ၊ ၂၀၁၄ သန်းခေါင် စာရင်း ကောက်ယူရေး ဗဟို ကော်မတီသို့ စီစဉ် ဆောင်ရွက် ပေးနိုင်ပါရန် ပို့ပေးအပ် ပါသည်။
- ရုံးလက်ခံ

အပုချေ (မာန်အောင်ကျွန်း)
RB News
21.12.2013

သံတွဲ ။ ။ သီတဂူ ဆရာတော်သည် သံတွဲမြို့တွင် သီတဂူ မျက်စိကု ဆေးရုံ ဖွင့်လှစ်ရန် သံတွဲ မြို့ သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိ လာကြောင်း သတင်း ရရှိ ပါသည်။ 

သံတွဲမြို့ နန်းချောင်း ကျေးရွာ၌် ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ဖွင့်လှစ်မည် သီတဂူ မျက်စိ ဆေးရုံကို သွားရောက် ဖွင့်လှစ်ရန် ဖြစ်ပြီး၊ အဆိုပါ သီတဂူ ဆေးရုံတွင် လူမျိုး မရွေး၊ ဘာသာ မရွေး အခမဲ့ ကုသပေး မည်ဖြစ် သည်။

အဆိုပါ သီတဂူ ဆေးရုံ ဆောက်လုပ် ရာတွင် သံတွဲမြို့မှ ဂုဏ်သရေရှိ အစ္စလာမ် ဘာသာဝင် မြို့မိ မြို့ဖ တစ်ဦး  ဖြစ်သူ ဦးခင်မောင် (တရား လွှတ်တော်ရှေ့နေ) ကငွေကျပ် သိန်းတစ်ရာ ထည့်ဝင် လှူဒါန်း ခဲ့ကြောင်း သိရှိ ရပါသည်။ 

သံတွဲမြို့မှ ဦးခင်မောင် (တရား လွှတ်တော် ရှေ့နေ) သည် ယခင်ကလည်း ပရဟိတ လုပ်ငန်းများ လုပ် ကိုင် နေသူပီပီ သံတွဲမြို့မှ မျက်စိ ကွယ်နေကြသော ဝေဒနာ ရှင်များကို လူမျိုး မရွေး၊ ဘာသာ မရွေး အခမဲ့ ကုသ ပေးခဲ့ကြောင်း သိရှိ ရပါသည်။

ဂျာမဏီနိုင်ငံမှလာရောက် ကြသောမျက်စိအထူးကု ဆရာဝန်ကြီး များနှင့် ရန်ကုန် မျက်စိ အထူး ကု ဆေးရုံ မှ ပါမောက္ခချုပ် ဒေါက်တာ ဦးကိုကိုတင်နှင့်အဖွဲ့သံတွဲမြို့သို့လာရောက်ပြီး မျက်စိ ဝေဒနာရှင် များကို အခမဲ့ လာရောက် ကုသပေးချိန်တွင်လည်း အဆိုပါ ဆရာဝန် များအား အကူအညီ များစွာ ပေး ခဲ့ကြောင်း သိရသည်။ 

သီတဂူ ဆေးရုံ ဖွင့်လှစ်ပွဲသို့ ရခိုင် ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် တက်ရောက်မည် ဖြစ်ပြီး ယနေ့ ညနေပိုင်းက သံတွဲမြို့သို့ ရောက်ရှိ ခဲ့သည်။ 

သီတဂူ ဆေးရုံ မဆောက်လုပ်မှီ အချိန်က သံတွဲမြို့ပေါ်တွင် မျက်စိ ဝေဒနာရှင် လူနာများကို ရန်ကုန်မြို့မှ မျက်စိအထူး ကုပါရဂူကြီးများအား ဖိတ်ကြားပြီး အလျဉ်း သင့်သလို  လူမျိုးမရွေး၊ ဘာသာမရွေး အခမဲ့ကု သ ပေး ခဲ့သော သံတွဲမြို့မှ မြို့မိ မြို့ဖ ဦးခင်မောင် (တရား လွှတ်တော် ရှေ့နေ) အား ဆေးရုံ ဖွင့်ပွဲတွင် လာရောက် ပူးပေါင်း ဖွင့်လှစ်ပေးရန် သီတဂူ ဆရာတော်မှ ဖိတ်ကြား ခဲ့ကြောင်း သိရှိ ရပါသည်။ 

သံတွဲခရိုင်အတွင်းမှမည်သည့်ဘာသာဝင်မဆို၎င်းမျက်စိဆေးရုံတွင်ကုသနိုင်စေရန်ရည်ရွယ်၍ ဆောက်လုပ် လှူဒါန်း ရခြင်း ဖြစ်သည်။


(ဓါတ်ပုံ - Phuket Wan)


20.12.2013

ထိုင်း အစိုးရက ရိုဟင်ဂျာ တွေကို ကြာရှည် လက်ခံ မထားချင် ပါဘူး။ မြန်မ နိုင်ငံ ကနေ လှေနဲ့ ရောက်လာ ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တွေကို ထိုင်းစစ်တပ်က လူကုန်ကူး သူတွေ လက်ထဲကို ထည့်ခဲ့တယ် ဆိုပြီး သတင်း ဖော်ပြခဲ့တဲ့ ဖူးကက်ဝမ် သတင်း ဌာနက သတင်း သမား Alan Morison နဲ့ Chutima Sidasathian တို့ နှစ်ဦး ကို ထိုင်းရေတပ်က အသရေ ဖျက်မှုနဲ့ တရားစွဲ လိုက်ပါတယ်။ 

ဖူးကက်ဝမ် သတင်းဌာန ဖက်ကတော့ သူတို့ဟာ ရိုက်တာ သတင်း ဌာနရဲ့ ဖော်ပြချက်ကို ထပ်ဆင့် တင်ပြ တာသာ ဖြစ်ကြောင်းနဲ့ အခုလို တရားစွဲ ခံရတာကို အံ့သြ မိကြောင်း ကြေညာချက် ထုတ်ပြန် ပါတယ်။ 

ထိုင်းနိုင်ငံဟာ ရိုဟင်ဂျာ တွေကို လူကုန်ကူး သူတွေဆီ တိတ်တဆိတ် ရောင်းစား နေတယ်လို့ ရိုက်တာ သတင်းဌာနရဲ့ သတင်းအစီရင် ခံစာတခုမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အခုအခါ ဒီအမှုကို ပြန်လည် ရုပ် သိမ်း ပေးဖို့ သတင်းစာ လွတ်လပ်ခွင့်နဲ့ လူအခွင့် အရေး အတွက် လှုပ်ရှား သူတွေက ဝိုင်းပြီး တောင်း ဆို နေပါတယ်။ 

လူ့အခွင့် အရေးစောင့်ကြည့်လေ့ လာရေးအဖွဲ့ (Human Rights Watch) ရဲ့ထိုင်းနိုင်ငံအခြေစိုက် သုတေသီ ဆူနိုင်းဖာဆုက ထိုင်းရေတပ်ဟာ“ဖူးကက်ဝမ်ကို အသံတိတ်အောင် လုပ်လိုက်ရင် ရိုဟင်ဂျာတွေ ကို လူ ကုန် ကူးနေတဲ့ သတင်းတွေ ဖော်ထုတ် တင်ပြ တာလည်း ရပ်သွား လိမ့်မယ်” လို့ ယူဆပြီး အခုလို တ ရား စွဲ တာဖြစ် နိုင်ကြောင်း ဝေဖန် လိုက်ပါတယ်။ 

ထိုင်းအာဏာ ပိုင်တွေ အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည် တွေကို ဘယ်လို ကိုင်တွယ်တယ် ဆိုတဲ့ အကြောင်း ရှင်းရှင်း လင်းလင်း ပြောပြဖို့ လိုနေတယ် လို့လည်း သူက ပြောပါတယ်။ ဒီသတင်း သမား နှစ်ဦးကို ရာဇ ဝတ်မှု မြောက်တဲ့ အသရေ ဖျက်မှု၊ ကွန်ပြူတာနဲ့ သတင်း အချက် အလက် ဖြန့်ဝေမှု ပုဒ်မ တွေနဲ့ တရား စွဲထားတာ ဖြစ်ပါတယ်။တရားရုံးက အပြစ် ရှိတယ်လို့ ဆုံးဖြတ်ရင် အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ် အထိ ကျခံ ရ နိုင်တယ်လို့ ဆူနိုင်းက ဆိုပါတယ်။ သူတို့ကို စွဲဆိုထားတဲ့ အမှုတွေ ပြန်ရုပ် သိမ်း ပေး ဖို့ တောင်းဆို ချက် တွေအပေါ် မှာတော့ ထိုင်းရေတပ် ဘက်ကရော၊ ထိုင်းအစိုးရ ဘက်ကပါ တုံ့ပြန်ခြင်း မရှိသေး ပါဘူး။



RB News
20.12.2013

၁၈၂၃-ခုနှစ်တွင်အာရ်ကာန်ဒေသမှရိုဟင်ဂျာများအိုလမာအဖွဲ့တွင်အဖွဲ့ဝင်ရန်လျှောက်ထားရ သည့်လျှောက် လွှာ ဖြစ်သည်။

အထက်ပုံ ပါလျှောက်လွှာ တွင်လျှောက်ထားသူသည် မြန်မာနိုင်ငံ၊ အာရ်ကာန်ဒေသမှ ရိုဝန်ဂျာ Rowangya ဖြစ်ရမည်ဟု ရေးသား ထားသည်။ ရိုဟင်ဂျာ ဝေါဟာရကို ၁၇၉၉ တွင် Dr. Francis Buchanan က Rooinga ဟု ရေးသား ခဲ့ပြီး၊ Rowangya ဟုလည်း ရေးသား သုံးစွဲ ခဲ့သည့် အခြား မှတ်တမ်း များရှိ ခဲ့သည်။ ယ ခုခေတ်တွင် Rohingya ဟုသာ ရေးသား သုံးစွဲ ကြသည်။ 

ဤ အထောက် အထားသည် ၁၈၂၃ ခုနှစ်တွင် အာရ်ကာန် ဒေသတွင် ရိုဟင်ဂျာ လူမျိုး များရှိခဲ့ပြီး၊ ရိုဝန်ဂျာ ဟုခေါ်ဝေါ် ခဲ့သည် ဟူသော အထောက် အထား တစ်ခု ဖြစ်သည်။

RB News
20.12.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ကွမ်းသီးပင် ကျေးရွာ အုပ်စုရှိ အခြေခံ ပညာကျောင်း များတွင် ကျောင်းအုပ်ကြီးနှင့် ဆရာ/မ များပုံမှန် လာရောက် သင်ကြား မပေးသည့် အပြင်၊ UNICEF မှပေး အပ်သည့် ထောက်ပံ့ကြေး များကို အလွဲသုံးစား ပြုလုပ်ခြင်း၊ အကြောင်း အမျိုးမျိုး ပြ၍ ကျောင်း သား/သူ များထံမှ ငွေကောက်ခံ ခြင်းများ ပြုလုပ် လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။ 

ကွမ်းသီးပင် ကျေးရွာ အုပ်စုတွင် (၁) မဲဒီ မူလတန်း လွန်ကျောင်း (၂) ကွမ်းသီးပင် မူလတန်း လွန်ကျောင်း (၃)နံ့သာတောင် မူလတန်းကျောင်းနှင့် (၄) လက်ဖွဲ့ကျကိုယ်ထူ ကိုယ်ထ ကျောင်းတို့ ရှိသည်။ နံ့သာတောင် မူလတန်း ကျောင်းတွင် ရခိုင်ရွာတွင် တည်ရှိသောကြောင့် ရိုဟင်ဂျာ ကျောင်းသား/သူ များသွားရောက်၍ တက်ရောက်နိုင်ခြင်း မရှိကြောင်း သိရှိရသည်။ မဲဒီမူလတန်း လွန်ကျောင်း တွင်ကျောင်းအုပ်ကြီး ဦးထွန်း မင်းနိုင်၊ ဆရာ ဦးညိုသာနှင့် အခြား ဆရာ တစ်ဦး ရှိပြီး၊ ကွမ်းသီးပင် မူလတန်း လွန်ကျောင်း တွင် ကျောင်းအုပ်ကြီး၊ အစိုးရခန့် ဆရာ (၂) ဦးနှင့် ဒေသခံ အထွေထွေ လုပ်သား တစ်ဦး ရှိသည်။

မဲဒီနှင့် ကွမ်းသီးပင်ရှိ ကျောင်းများမှ ကျောင်းအုပ်ကြီးနှင့် ဆရာများသည် ကျောင်းများသို့ လာရောက် ပညာ သင်ကြား ပေးခြင်း မရှိဘဲ၊ နံ့သာတောင် ဗုဒ္ဓဘာသာပရဟိတ ကျောင်းတွင်သာသွားရောက်၍ ပညာ သင် ကြား ပေးလျက် ရှိသည်။ နံ့သာတောင် ဗုဒ္ဓ ဘာသာပရဟိတ ကျောင်းတွင် ဗုဒ္ဓ ဘာသာဝင် ကလေး များ ကို စုစည်း၍ သူငယ်တန်းမှ တက္ကသိုလ် ၀င်တန်းထိ ပညာ သင်ကြား ပေးလျက်ရှိပြီး၊ အဆို ပါ ကျောင်း မှာ နံ့သာတောင်ရှိ ဘုန်းကြီးကျောင်းတွင် ဖွင့်လှစ် ထားခြင်း ဖြစ်သည်။ ကျောင်း ရှိ ကျောင်း သား/သူ များနှင့် ဆရာ/မ များ၏ စားဝတ် နေရေး၊ ထောက်ပံ့ကြေး များကို အစိုးရမှ စီစဉ် ပေးကြောင်း သိရှိ ရပါသည်။ 

မဲဒီနှင့် ကွမ်းသီးပင်ရှိ ကျောင်းများမှ ကျောင်းအုပ်ကြီး များသည် အစိုးရ လစာကို ခံစား လျက်ရှိသည့် အပြင် နံ့သာတောင် ပရဟိတ ကျောင်းမှလည်း လစဉ် သိန်းကျော် လစာ ခံစား နေရသည်။ ထို့အပြင် UNICEF မှ မူလတန်း ကျောင်းသား/သူ များအတွက် ထောက်ပံ့သော ဗလာ စာအုပ်၊ ဖတ်စာအုပ်၊ စာရေး ကိရိယာ၊ လွယ်အိတ်နှင့် ထောက်ပံ့ကြေး ၁၀၀၀ ကျပ်စီကို ကျောင်းသား/သူ များကို မပေးဘဲ အလွဲသုံးစား ပြုလုပ် ခဲ့ကြောင်း ဒေသခံ များမှ RB News သို့ ပြောပါသည်။ စာအုပ်နှင့် စာရေး ကိရိယာ အချို့ကို ကျောင်း သား/ သူ များကို ပေးအပ် ခဲ့သော်လည်း တန်ဖိုး အဖြစ် ငွေကျပ် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်ထိ ကောက်ခံ ခဲ့သည်။ 

ကျောင်းအုပ်ကြီး များသည် UNICEF မှ အထောက် အပံ့ များလာသည့် အချိန် နှစ်ရက်ခန့် ကျောင်းသို့ လာခဲ့ပြီး၊ ကျောင်းဖွင့်သည့် အချိန်မှ စ၍ ယခု အချိန်ထိ ကျောင်းသို့ လာရောက်ခြင်း မရှိခဲ့ကြောင်း သိရှိ ရ သည်။ ယခုကဲ့သို့ ကျောင်းသို့ လာရောက်ခြင်း မရှိသည့် အတွက် ပညာသင်ယူ နေသော ကျောင်း သား/ သူများမှာ ပညာရေး အထူး ဆုံးရှုံး နစ်နာ လျက်ရှိသည်။ 

မဲဒီနှင့် ကွမ်းသီး ပင်ကျောင်း များတွင်ကျောင်းသား/သူ ၉၀၀ ခန့်ရှိပြီး၊ ဒေသခံ ဆရာ/မ(၇)ဦးကို မြို့နယ် ပ ညာရေးမှူးရုံးမှ ခန့်အပ်ခဲ့သော်လည်း ၎င်းတို့အတွက် လစာနှင့် အခြား ခံစားခွင့် များကို ယခုအချိန် ထိပေး အပ် ခြင်း မရှိကြောင်း ဒေသခံများမှ ပြောပါသည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကရခိုင်ပြည်နယ်ရှိ မွတ်စလင် လူထု၏ ပညာရေး မြင့်မားအောင် ပြု လုပ် ရမည်ဟု မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သော်လည်းတိုးတက်မှုမရှိဘဲယခင်ကထက်ပင် ဆုတ်ယုတ်လာ သည်ကိုတွေ့ရှိရသည်။


RB News
20.12.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်တွင် ရိုဟင်ဂျာ လူမျိုး များထံမှသာ ဆိုင်ကယ် ဘီး ခွန် ကောက်ခံ လျက်ရှိပြီး၊ ဘီးခွန်ကို ဓါးပြများ သဖွယ် လုယက်သည့် ပုံစံမျိုးဖြင့် အနိုင်ကျင့် ကောက်ခံ လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။ 

မောင်တော မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့မှ ဘီးခွန် ကောက်ခံခွင့် လိုင်စင်ကို ဦးကျော်စောမှ နှစ်စဉ် ရ ယူခဲ့ရာ၊ ယခုနှစ် တွင်လည်း ၎င်းမှ ရယူ ခဲ့သည်။ ဦးကျော်စောသည် ဆိုင်ကယ် ဘီးခွန် ကောက်ခံရန် အတွက် မောင်တော မြို့ရှိ ရခိုင် လူမျိုး လူဆိုး၊ လူမိုက် များကို စုဆောင်းပြီး၊ (၃) မိုင်၊ မြို့မ ကညင်တန်း ခ ရိုင် အုပ်ချုပ် ရေးမှူး ရုံးရှေ့နှင့် ရွှေဇား တံတား တို့တွင် အုပ်စုလိုက် ထားရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောသည်။ 

အဆိုပါ လူမိုက် အုပ်စု များသည် (၃) မိုင်၊ မြို့မ ကညင်တန်းနှင့် ရွှေဇား တံတား တို့ကို ဖြတ်သန်း သွား လာသော ဆိုင်ကယ်များကို တား၍ စီးနင်း လာသူ များကို ရင့်သီးရိုင်းပျစွာ ဆက်ဆံ၍ ဆိုင်ကယ် တစ်စီး လျှင် ဘီးခွန်ဟု ဆိုကာ ငွေကျပ် တစ်သောင်း ရှစ်ထောင် အထိ ဓါးပြများ သဖွယ် လုယက်သည့် ပုံစံ မျိုး ဖြင့် ကောက်ခံ လျက်ရှိကြောင်း သိရှိ ရပါသည်။ 

ထိုကဲ့သို့ ဆိုင်ကယ် ဘီးခွန် ကောက်ခံခြင်းကို ရိုဟင်ဂျာ လူမျိုး များထံမှသာ ပြုလုပ်ပြီး၊ ရခိုင် လူမျိုးနှင့် အခြားသော ဗုဒ္ဓဘာသာ ၀င်များမှာ ဘီးခွန်လည်း ပေးရန် မလိုသည့် အပြင် ဆိုင်ကယ် လိုင်စင် ပင် ပြု လုပ် ရန် မလိုအပ် ကြောင်း ဒေသခံ များမှ ပြောပါသည်။ ရခိုင် ပြည်နယ်ရှိ အခြား မြို့နယ် များတွင် ဆိုင် ကယ် ဘီးခွန်မှာ ၃၀၀၀ ကျပ်သာ ဖြစ်သော်လည်း မောင်တော မြို့နယ်တွင် ဦးကျော်စောနှင့် မြို့နယ် စည် ပင် သာယာရေး အဖွဲ့တို့ ပူးပေါင်း၍ ရိုဟင်ဂျာ လူမျိုးများကို သီးသန့် ယုတ်မာ နေခြင်း ဖြစ်သည်ဟု ဆို  သည်။ 

ဦးကျော်စောသည်ယခင်ထောက်လှမ်းရေး (၁၈) တွင်တာဝန်ထမ်းဆောင် ခဲ့ပြီး၊ မောင်တော မြို့မှ ကျောင်း ဆရာမ တစ်ဦးနှင့် အိမ်ထောင် ကျပြီး၊ မောင်တော မြို့တွင် အခြေစိုက် နေထိုင် သူ ဖြစ် သည်။ မောင်တော မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်၊ ယခု ပြည်နယ် စည်ပင် သာယာရေး ၀န်ကြီး ဦးမြအောင်မှ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဘဲ၊ လွန်ခဲ့သည့် ရက်ပိုင်းက မောင်တော မြို့သို့ လာရောက် ခဲ့သော်လည်း ဘီးခွန် ကိစ္စကို ဆောင်ရွက် ပေးခဲ့ခြင်း မရှိကြောင်း သိရှိ ရပါသည်။


Rohingya Exodus