နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘဂုံးနားမှ အာဏာပိုင် လက်ပါးစေ နှစ်ဦးက ဆွဲ၊တင်၊စစ် အကြောင်းပြ၍ ငွေသိန်းပေါင်းစွာ ညှစ်



RB News
25.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တော မြို့နယ် တောင်ပိုင်း ဘဂုံးနား ကျေးရွာ အုပ်စု (တပ်ဦးချောင်း) မှ အာဏာပိုင် များ၏ လက်ပါးစေ နှစ်ဦးက နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ အရှိန်အ၀ါကို သုံး၍ ဆွဲ၊တင်၊စစ် နှင့် အခြားသော ခေါင်းစဉ် အမျိုးမျိုး တပ်၍ ငွေသိန်းပေါင်း များစွာ ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၇) ရက်နေ့မှ (၁၁) ရက်နေ့ အထိ မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား ကျေးရွာ အုပ်စု (တပ်ဦးချောင်း) တွင် ဆွဲ၊တင်၊စစ် စစ်ဆေးခဲ့ပြီး နူရူလ္လာရွာမှ ယခင် ရ.ယ.က အတွင်းရေးမှူးဟောင်း ဦးအီနုစ်၊ ဖွဲရာရွာမှ အမီဇ္ဇာ (ခ) အာမီရ်အလီ တို့သည် ဒေသခံ ရွာသားများ ထံမှ ဆွဲ၊တင်၊စစ် နှင့် အခြားသော ခေါင်းစဉ် အမျိုးမျိုး တပ်၍ ခြိမ်းခြောက်ပြီး ငွေသိန်းပေါင်း များစွာ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

၎င်းတို့နှစ်ဦးသည် ဘဂုံးနား ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် နူရူလ္လာရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့၏ အရှိန်အ၀ါဖြင့် ဒေသခံများထံမှ မကြာခဏ ငွေညှစ်လေ့ ရှိသည်ဟု ဆိုသည်။ ယခုအခါ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ၎င်းတို့နှစ်ဦး၏ နေအိမ် ပြုပြင်ရေးနှင့် ခြံစည်းရိုး ကာရံရေး အတွက်ဟု ဆိုကာ ဒေသခံ ရွာသားများထံမှ သစ်၊ ၀ါးများ ကောက်ခံ စုဆောင်းလျက် ရှိကြောင်း သိရသည်။ အမီဇ္ဇာသည် ကျေးရွာ အတွင်းမှ ဆင်းရဲသည့် အမျိုးသမီး များကို မကြာခဏ စော်ကားခြင်း၊ ဈေးသွားဈေးလာ များထံမှ ငွေများလုယက်ခြင်းများ မကြာခဏ ပြုလုပ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။

ဖေဖော်ဝါရီလ (၇) ရက်နေ့မှ (၁၁) ရက်နေ့ အတွက် ခေါင်းစဉ် အမျိုးမျိုးဖြင့် ငွေညှစ်ခံရသည့် ဒေသခံများမှာ --

(၁) ဦးအီလီယာစ် (ဘဂုံးနား အနောက်) ညှစ်ခံရသည့် ငွေကျပ် ၈ သောင်း -- (ဆွဲ၊တင်၊စစ် တွင် ပြောင်းရွှေ့ စာရင်းတင်ရန်)
(၂) ဦးနူရ်အစ္စလာမ် (ဘဂုံးနား အနောက်) ညှစ်ခံရသည့် ငွေကျပ် ၇ သောင်း -- (ဆွဲ၊တင်၊စစ် တွင် ပြောင်းရွှေ့ စာရင်းတင်ရန်)
(၃) ဦးအီလီယာစ် (ဘဂုံးနား အနောက်) ညှစ်ခံရသည့် ငွေကျပ် ၃ သောင်း -- (ဆွဲ၊တင်၊စစ် တွင် ပြောင်းရွှေ့ စာရင်းတင်ရန်)
(၄) ဦးကာလူ (ဘဂုံးနား အရှေ့) ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း -- (ဆွဲ၊တင်၊စစ် တွင် ပြောင်းရွှေ့ စာရင်းတင်ရန်)
(၅) ဦးမာမတ်ရှဖီ (ဘဂုံးနား အရှေ့) ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း -- (ဆွဲ၊တင်၊စစ် တွင် ပြောင်းရွှေ့ စာရင်းတင်ရန်)
(၆) ဦးဂျမိလ်အာမတ် (ဘဂုံးနား အနောက်) ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း -- (လက်ထပ်ခွင့် မယူဟု စွပ်စွဲခံရ)
(၇) ဦးမာမတ်အာလာမ် (ဘဂုံးနား အနောက်) ညှစ်ခံရသည့် ငွေကျပ် ၈ သောင်း -- (လက်ထပ်ခွင့် မယူဟု စွပ်စွဲခံရ)
(၈) မော်လ၀ီ အဒူလ္လာ (ဘဂုံးနား အနောက်) ညှစ်ခံရသည့် ငွေကျပ် ၃ သောင်း -- (ဆူပူသူများ စာရင်းတွင် ပါသည်ဟု ခြိမ်းခြောက်ခံရ)
(၉) ဦးနူရ်အလီ (ဘဂုံးနား အရှေ့) ညှစ်ခံရသည့် ငွေကျပ် ၃ သောင်း -- (ဆူပူသူများ စာရင်းတွင် ပါသည်ဟု ခြိမ်းခြောက်ခံရ)
(၁၀) ဦးနူရ်ဟူဆောင်း (ဖွဲရာရွာ) ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း -- (ဆူပူသူများ စာရင်းတွင် ပါသည်ဟု ခြိမ်းခြောက်ခံရ)
(၁၁) ဦးအဘူလ်ဖယာစ် (ဖွဲရာရွာ) ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း -- (ဆွဲ၊တင်၊စစ် တွင် နိုင်ငံခြားထွက် စာရင်းတင်)
(၁၂) ဦးရှာအာလာမ် (ဖွဲရာရွာ) ညှစ်ခံရသည့် ငွေကျပ် ၄ သောင်း -- (ဆွဲ၊တင်၊စစ် တွင် နိုင်ငံခြားထွက် စာရင်းတင်)
(၁၃) ဦးဖယာဇူလ်ဟောက် (ဖွဲရာရွာ) ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း -- (ဆွဲ၊တင်၊စစ် တွင် နိုင်ငံခြားထွက် စာရင်းတင်)
(၁၄) ဦးအာဘူလ်ဖယာစ် (ဖွဲရာရွာ) ညှစ်ခံရသည့် ငွေကျပ် ၄ သောင်း -- (ဆွဲ၊တင်၊စစ် တွင် နိုင်ငံခြားထွက် စာရင်းတင်)
(၁၅) ဦးဇာနီလောင် (ဘဂုံးနား အရှေ့) ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း -- (ဆွဲ၊တင်၊စစ် တွင် သေဆုံး စာရင်းတင်)
(၁၆) ဦးမိုဟာမတ် ဆယောဒ် (ဖွဲရာရွာ) ညှစ်ခံရသည့် ငွေကျပ် ၁၃ သိန်း -- (မူးယစ်ဆေး ရောင်းသည်ဟု လုပ်ကြံ စွပ်စွဲခံရ)

Comment ရေးရန်

Rohingya Exodus