နောက်ဆုံးသတင်း/ဆောင်းပါးများ

မြောက်ဦးတွင် ၂၈ ရက်နေ့အတွင်း ရခိုင်များကအကြမ်းဖက်မည်ဟုသတင်းများပျံ့နှံ့နေ


Qutub Shah 
RB News 
25.1.2013 

မြောက်ဦး ။ ။ ယမန်နေ့က ရိုဟင်ဂျာ မွတ်စလင်တစ်ဦးဖြစ်သူ ဦးလာလူး (ဘ) ဦးခလိလ်အဟမတ် (အ သက် ၅၅ နှစ်) သည် မြောက်ဦးမြို့နယ် ဒါခ်ျဖာရာကျေးရွာအုပ်စုမှ ဖီဖာရန်ကျေးရွာသို့ ငရုတ်သီးဝယ် ရန် သွားရောက်ခဲ့သည်။ လမ်းတွင်တပ်ရင်း ၃၇၈ မှတပ်သားများနှင့်တွေ့သည့်အခါ တပ်သားများမှ ၎င်း အား မည်သူ၏ ခွင့်ပြုချက်ဖြင့် သွားရသနည်း ဟုမေးမြန်း၍ ထိုနေရာတွင် လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ ထိုသို့ ရိုက်နှက်နေသည် ကိုနေအိမ်မှနေ ၍ချောင်းကြည့်နေသော ရိုဟင်ဂျာလူငယ် အဘူဘကဲရ်အား အဆိုပါတပ်သားများ မှတွေ့ရှိသွားပြီး၊ ထိုလူငယ်အားဖမ်းဆီးပြီး ပြစ်ဒဏ်အဖြစ်အလွန် ကြီးမားသောရေ သိုလှောင်ကန်ထဲသို့ရေဖြည့်ခိုင်း ခဲ့ကြောင်းသိရပါသည်။ 

“ရခိုင်အစွန်းရောက်တွေက ရီဒါ၊ ရီဘာရန်ရွာတွေကို ဒီလ ၂၈ ရက်နေ့အတွင်းမှာအကြမ်းဖက်တိုက် ခိုက် မယ် လို့သတင်းတွေ ထွက်နေတယ်။ အဲဒီသတင်းကို ရွာလုံခြုံရေး ယူထားတဲ့ စစ်တပ်က အကြီးအကဲ တစ်ယောက် လည်းပြောတယ်။ ပြီးတော့အနီးအနား ရွာတွေမှာရှိတဲ့ ရခိုင် လယ်သမားတွေ လည်းပြော တယ်” ဟုမြောက်ဦးမြို့မှအမည်မဖော်လို သူတစ်ဦးက RB News သို့ပြောပါသည်။ 

ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ ဘာရှ်ဖာရာရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဦးကန်ဒူရ်အား ၎င်းနှင့် ရင်းနှီးကျွမ်းဝင်သော လုံခြုံရေးတပ်ဖွဲ့ဝင်များက “ခင်ဗျားဘာလူမျိုးလဲ” ဟုမေးမြန်းခဲ့ပြီး၊ ဦးကန်ဒူ ရ်မှ “ကျွန်တော်ရိုဟင်ဂျာပါ” ဟုဖြေသောအခါ လုံခြုံရေးတပ်ဖွဲ့ဝင် များက ၎င်း၏ ပါးနှစ်ဖက်လုံးအား ရိုက် နှက် ခဲ့ကြောင်းသိရပါသည်။ 

မင်းပြား ။ ။ မင်းပြားမြို့နယ်၊ ပိုက်မြောင်ရွာတွင်နေ ထိုင်ကြသော ရခိုင်လူမျိုးများသည် တစ်ရွာတည်း အတူနေ ထိုင်သော ရိုဟင်ဂျာ မွတ်စလင်များကို နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက် လျက်ရှိသည်။ ရခိုင်လူမျိုး များသည် ရိုဟင်ဂျာများအား ဈေးများတွင် လည်းကောင်း၊ လမ်းဆုံ  လမ်းခွတွင်လည်းကောင်း၊ လူစု လူ ဝေးဖြင့်တွေ့လျှင်သော် လည်းကောင်း၊ လမ်းသွား လမ်းလာများ ကိုတွေ့လျှင်သော်လည်းကောင်း၊ ဘင်္ဂလီ များဟုလှမ်းခေါ်၍ “ငါတို့ မင်းတို့ အိမ်တွေကို မီးရှို့ပစ်မယ်။ ငါတို့ တစ်ခြားရွာသားတွေရဲ့ အိမ်တွေ ကိုရှို့ပြီးပြီ” ဟုပြောဆို ၍နေ့စဉ်နှင့် အမျှခြိမ်းခြောက်လျက် ရှိကြောင်း သတင်းရ ရှိပါသည်။

Comment ရေးရန်

Rohingya Exodus