နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုက္ခသည် ၁၀၆ ဦးတင်ဆောင်ထားသောစက်လှေတစ်စီးမောင်တောမြို့မှထွက်ခွာသွား


Qutub Shah 
RB News 
25.1.2013 

မောင်တော ။ ။ ဇန်န၀ါရီလ (၂၂) ရက်နေ့ တွင်မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာအုပ်စုမှ ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၁၀၆ ဦးတင်ဆောင် ထားသည့် ရခိုင်လူမျိုး လူကုန်ကူး သူများ ဦးဆောင်သော စက်လှေ တစ်စီး မလေးရှားနိုင်ငံသို့ ဦးတည်၍ ထွက်ခွာသွားကြောင်း သတင်းရရှိ ပါသည်။ အဆိုပါ စက်လှေထွက်ခွာ နိုင်ရန်အတွက် အာဏာပိုင်များအား ငွေကျပ် သိန်း ၄၀ ပေးခဲ့ရကြောင်းသိရပါသည်။ နယ်စပ်ဒေသ လူဝင်မှုကြီးကြပ်ကွပ်ကဲရေး (နစက) အား ငွေကျပ်သိန်း ၂၀၊ နယ်မြေခံ စစ်တပ်အား ၅ သိန်း၊ စရဖ (အ ထူးစုံစမ်းစစ်ဆေးရေးအဖွဲ့) အား ၅ သိန်း၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အား ၅ သိန်းနှင့် ရဲတပ်ဖွဲ့သို့ ၅ သိန်း ပေးခဲ့ရကြောင်းသတင်းရရှိပါသည်။ 

မောင်တောမြို့မှ ရိုဟင်ဂျာ တစ်ဦး၏ပြောကြားချက်အရ - နစကရုံးချုပ် အကြီးအကဲမှ မောင်တောမြို့ နယ်ရှိ ရွာများတွင် နစက၏ ခိုင်းဖော် တပည့်အဖြစ်တစ်ရွာလျှင် နှစ်ဦးစီခန့် အပ်ထားကြောင်း သိရသည်။ ထိုသို့ ထားခြင်းအားဖြင့် ရိုဟင်ဂျာများအား ညှင်းပန်းနှိပ်စက် ငွေညှစ်ရာတွင် ပိုမိုလွယ်ကူလာမည်ဖြစ်ပါ သည်။ 

ကျောက်တော် ။ ။ ဇန်န၀ါရီလ (၂၃) ရက်နေ့တွင် ရိုဟင်ဂျာ ငါးဖမ်းသမားများသည် ပိုက်သည်ကျေးရွာ အုပ်စု၊ ကျောက်တော်မြို့နယ်မှ ငါးဖမ်းရန်ပင်လယ်ပြင်သို့ထွက်ခွာသွားခဲ့သည်။ ထိုငါးဖမ်းသမားများမှ ပင် လယ်ပြင် တွင်ရခိုင် ငါးဖမ်းသမားများ၏ စက်လှေမှာ ပိုက်ကွန်ဖြင့် ငြိနေ၍ ရုန်းမရသည်ကိုတွေ့သော အခါ လူသား ချင်းစာနာ၍ စက်လှေကို ပိုက်ကွန်မှ ရုန်းနိုင်အောင် ကူညီပေးခဲ့သည်။ သို့သော် လူသားချင်း စာနာသည်ကို နားမလည်သည့် ထိုရခိုင်များမှ ယမန်နေ့က ရဲစခန်းသို့ သွားရောက်၍ ရိုဟင်ဂျာများမှ၎င်း တို့၏ စက်လှေပေါ်ရှိ ဆန်များကိုလျှို့ဝှက် ခိုးယူသွားသည်ဟု အမှုဖွင့်တိုင်ကြား ခဲ့သည်။ ထို့နောက်ရဲများမှ ရွာသို့ ၀င်ရောက်၍ တစ်အိမ်တက် တစ်အိမ်ဆင်းပြီး ပျောက်သွားသော ဆန်များကို ရှာဖွေမည်ဟူ၍ ရှာဖွေ ခဲ့သည်။ ထိုသို့ ရှာဖွေပြီးနောက် သံသယဖြစ် သူများဟုသတ်မှတ်ပြီး အပြစ်မဲ့ ရိုဟင်ဂျာ (၃) ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်းသတင်းရရှိပါသည်။ 

ဖမ်းဆီးခံရသူ (၃) ဦးမှာ - 

(၁) ဦးဆလမတ်ခန်း 
(၂) ဦးမိုဟာမတ်အစ္စမာအီလ် 
(၃) ဦးအဒူရူကူရ် - တို့ဖြစ်ပါသည်။ 

Comment ရေးရန်

Rohingya Exodus