March 30, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရက်ပိုင်းအတွင်း လူပေါင်း ထောင်ကျော် စက်လှေများဖြင့် ထွက်ခွာ

RB News
9.11.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်တွင် နိုဝင်ဘာလ (၄) ရက်နေ့မှ စ၍ ဒေသခံ ရိုဟင်ဂျာ တစ်ထောင်ကျော် စက်လှေ များဖြင့် မလေးရှား နိုင်ငံသို့ ထွက်ခွာ သွားပြီး၊ လူကုန်ကူးမှု လုပ်ငန်းကို အာ ဏာပိုင် များကိုယ်တိုင် လုပ်ဆောင်လျက် ရှိသောကြောင့် အရေးယူခြင်း မရှိဘဲ နေ့စဉ် စက်လှေများ ထွက် ခွာ လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

နိုဝင်ဘာလ (၄) ရက်နေ့ ညပိုင်းတွင် မောင်တော မြို့နယ်၊ အလယ်သံကျော်နှင့် ကံပု ကျေးရွာ များမှ စက်လှေ နှစ်စီး ထွက်ခွာ ခဲ့ပြီး၊ တစ်စီးတွင် လူ ၅၀ ကျော် လိုက်ပါခဲ့ရာ လူပေါင်း ၁၀၀ ကျော် ထွက်ခွာ သွား ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ အဆိုပါ စက်လှေ နှစ်စီးတွင် ဥဒေါင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင်နှင့် ၎င်း၏ တပည့် နှစ်ဦးဖြစ်သူ ဦးရရှီဒုလ္လာနှင့် ဦးကရီမုလ္လာ တို့ တင်ဆောင် ပေးသည့် လူ ၃၀ ဦး ပါဝင်ကြောင်း သိရှိ ရပါသည်။ ကျန်သည့် ၇၀ ကျော်ကို အခြားသော အာ ဏာ ပိုင် များ၏ တပည့် များဖြစ်သော အလယ်သံကျော်မှ မော်လ၀ီ ကရီးမ်၊ ဦးဟာရှင်မုလ္လာ၊ ဦးရှာကဲရ်နှင့် ဦးလာလူး (အလယ်သံကျော် ကျေးရွာ ဥက္ကဌ ဟောင်း) တို့မှ တင်ဆောင် ပေးခဲ့သည်ဟု ဆိုသည်။ 

မလေးရှား နိုင်ငံသို့ သယ်ဆောင် သွားမည့် စက်လှေကြီးမှာ ဘင်္ဂလား ဒေ့ရှ် နိုင်ငံ စိန့်မာတင်ကျွန်း အနီး တွင် အ သင့်ဆောင် နေ ခဲ့ပြီး၊ မောင်တော မြို့နယ် ကျေးရွာ များမှ စက်လှေငယ် များဖြင့် စက်လှေကြီး သို့ ပို့ဆောင် ပေးခြင်း ဖြစ်သည်။ ဒေသခံ အချို့မှ အာဏာပိုင် များကို အကြောင်းကြား ခဲ့သော်လည်း အာ ဏာပိုင် များကိုယ်တိုင် လူကုန်ကူးမှုကို ဦးဆောင်လျက် ရှိသောကြောင့် အရေးယူ တားမြစ်ခြင်း မရှိဟု သိရှိ ရပါသည်။ 

နိုဝင်ဘာလ (၅) ရက်နေ့ ညပိုင်း တွင် လည်း အ လယ် သံကျော်နှင့် ကံပူ ကျေးရွာ များမှ စက်လှေ ၆ စီး ထွက် ခွာ သွား ခဲ့ ရာ လူပေါင်း ၇၀၀ ကျော် တင်ဆောင် သွားခဲ့သည်။ ၇၀၀ ကျော်တွင် ၁၇၀ ဦးမှာ အမျိုးသမီး များ ဖြစ် သည်ဟု ဆိုသည်။ ထို့အပြင် မြင်းလွတ်၊ သရေကုန်းဘောင်၊ ပညောင်ပင်ကြီး ကျေးရွာ များမှလည်း စက်လှေများ ထွက်ခွာ ခဲ့သော်လည်း RB News မှ သယ်ဆောင် သွားသည့် လူအရေ အတွက် အတိ အကျ ကို စုံစမ်း နေဆဲ ဖြစ်သည်။ 

ကညင်တန်း၊ ဇော်မတက်၊ ဒုညောင်ပင်ကြီး၊ မကြီးချောင်း ကျေးရွာ များတွင်လည်း နိုဝင်ဘာလ ၅ ရက် နေ့ မှ စ၍ အာဏာပိုင် များက လူ ၁၀၀၀ ကျော် စုဆောင်း ခဲ့ပြီး၊ ၃ ရက် အတွင်း ပို့ဆောင် ပေး မည်ဟု ပြောဆို ခဲ့ကြောင်း သိရှိ ရပါသည်။


Comment ရေးရန်

Pages 22123456 »
Rohingya Exodus