နောက်ဆုံးသတင်း/ဆောင်းပါးများ

နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုသို့ ရခိုင်ပြည် မြောက်ပိုင်းမှ သ၀ဏ်လွှာ

RB News
30.9.2013

အမှန် စင်စစ် ကျွန်တော် တို့သည် ရခိုင် ပြည်တွင် ခရစ် သက္ကရာဇ် ၇၈၈ - ခုနှစ်မှ စ၍ နေထိုင် လာခဲ့သော ရိုဟင်ဂျာလူမျိုးများ ဖြစ်ကြ ပါသည်။

ကျွန်တော် တို့သည် ပြည်ထောင်စု မြန်မာ နိုင်ငံတော် အတွင်း မှီတင်း နေထိုင် ကြသော အစဉ် အမြဲ သစ္စာ ရှိသည့် ပြည်ထောင် စု တိုင်းရင်းသား တစု ဖြစ်ကြောင်းနှင့် ကျွန်တော်တို့ အပေါ် အခြား ဒေသ များ၌ နေ ထိုင် ကြသော ပြည်ထောင်စု သားများ၏ အထင် အမြင် လွဲမှား ခြင်းကို ရှင်းလင်း သွားစေရန် ဖြစ်ပါသည်။

ကျွန်တော် တို့အား ပါကစ္စတန် (ယခု ဘင်္ဂလား ဒေ့ရှ်) နှင့်ပေါင်းရန် ကြံရွယ် နေသော လူမျိုးများ ဖြစ်သည် ဟူ၍၎င်း၊ ကျွန်တော် တို့သည် သီးခြား ပြည်နယ် ရရေးကို ကြိုးပန်း၍ ပြည်တွင်း ဆူပူ သောင်းကျန်းမှု များ ကို လုပ်ဆောင် နေသူများ ဟူ၍၎င်း၊ အပြင် အပတွင် အမြဲ တစေ ဝါဒ ဖြန့်ဖြူး ခြင်းကို ခံနေ ရပါသည်။

ကျွန်တော်တို့ ရှင်းပြလိုသည်မှာ ကျွန်တော်တို့သည် အထက်ပါစွပ်စွဲခဲ့သည့်အတိုင်း လုပ်ဆောင် နေသူ များ မဟုတ်သည့် အပြင်၊ ပြည်ထောင်စု ကြီးတွင် အမြဲသစ္စာ ရှိရှိ ချစ်ကြည် လေးစား စွာဖြင့် နေလိုသူ များ ဖြစ် ကြ ပါသည်။ ထို့ပြင်တဝ ကျွန်တော် တို့သည် အခြား ရခိုင် ဗုဒ္ဓဘာသာဝင် များနှင့် လည်း တမိ တည်းတဘ တည်းမှ မွေးဖွားလာသော ညီရင်း အစ်ကို မောင်ရင်း နှမလို အမြဲ လက်တွဲ၍ နေလို သူ များ ဖြစ်ကြ ပါ သည်။ ထိုသို့ မတရား ဝါဒ ဖြန့်ခြင်း များသည် ကျွန်တော် တို့ကို များစွာ ထိခိုက် နစ်နာ စေ သည့် အ ပြင်၊ ပြည်ထောင်စုကြီး၏ တည်မြဲရေးကိုပါ ထိခိုက်လျက် ရှိပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည် အမြဲ တစေပြည်ထောင် စုကြီးအတွင်း ပြည်ထောင်စု သားပီပီတာဝန်ဝတ္တရား များကို ရိုးသားစွာ လိုက်နာ ကျင့်သုံး မည့်သူ များဖြစ်ကြောင်းနှင့်ပြည်ထောင်စုကြီး ပြိုကွဲ ပျက်စီးရန် ကြံစည်သူ များအား အ သက် သွေး ချွေး တို့ဖြင့် တိုက် ခိုက် ချေမှုန်းမည့် သူများ ဖြစ်ကြောင်းကို လေးလေး နက်နက် ကတိ သစ္စာပြု ပါသည်။

Credit -- Haji Zaw Tun 






















Comment ရေးရန်

Rohingya Exodus