April 01, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

တပ်ရင်းမှူးမှ ဆိုင်ကယ်ထဲသို့ WY ဆေးပြား ထည့်၍ ဒေသခံ တစ်ဦးကို လုပ်ကြံ ဖမ်းဆီး ငွေညှစ်

RB News
9.11.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် အခြေစိုက် အမှတ် ၃၄၅ ခြေလျင် တပ်ရင်း တပ်ရင်း မှူး ဒုတိယ ဗိုလ်မှူးကြီး သော်တာဆွေဦးမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦး၏ ဆိုင်ကယ် ထဲသို့ WY မူး ယစ် ဆေးဝါး ထည့်၍ လုပ်ကြံ ဖမ်းဆီးပြီး ငွေညှစ် ခဲ့သည့် အပြင် ထပ်မံ၍ ငွေညှစ်လျက် ရှိကြောင်း သ တင်း ရရှိ ပါသည်။ 

နိုဝင်ဘာလ (၂)ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် မောင်တောမြို့နယ်၊ မြောက်ပိုင်း အစွန် ဆုံး ကျေး ရွာ ဖြစ်သည့် ဗန္ဓုလကျေးရွာ အုပ်စုနေ ဦးဆီရာဇ်မျာ (ဘ) ဦးမုစ်တာခ်၏ နေအိမ်သို့ အမှတ် (၃၄၅) ခြေလျင် တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး သော်တာဆွေဦး ဦးဆောင်၍ ဒု-တပ်ရင်းမှူးနှင့် စစ်သား (၁၅) ဦး၊ အမှတ် (၁) ဗန္ဓုလ လုံထိန်း ရဲစခန်းမှ လုံထိန်း တပ်ဖွဲ့ဝင် (၅) ဦးတို့ ၀င်ရောက်၍ စစ်ဆေး ခဲ့သည်။ နေအိမ်တွင် မည်သည့် အရာမှ ရှာမတွေ့ သည့်အခါ တပ်ရင်းမှူးက အပြန်တွင် ခြံဝင်း အတွင်းရှိ ဆိုင်ကယ်ထဲသို့ WY မူးယစ်ဆေးဝါး ၈ ပြားနှင့် ဘင်္ဂလား ဒေ့ရှ် နိုင်ငံသို့ တာကာငွေ ၅၀၀ တန် တစ်ရွက် ထည့်၍၊ နေအိမ် ထဲသို့ ပြန်ဝင်ပြီး ဦးဆီရာဇ်မျာကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ 

ဦးဆီရာဇ်မျာကို နှစ်ရက် တိတိ ဖမ်းဆီး ချုပ်နှောင် ထားပြီး၊ စစ်သား များမှ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက် ခဲ့သည့် အပြင် ငွေကျပ် ၁၇ သိန်း ရယူပြီးမှ ပြန်လည်လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါ သည်။ ဦး ဆီ ရာဇ် မျာသည် ငွေကြေး ပြေလည်သူ တစ်ဦး မဟုတ် သောကြောင့်၊ ၎င်းနှင့် ခင်မင် ရင်းနှီးသူ ရခိုင် အမျိုးသား ဦးစိန်သာနု ထံမှ ငွေကျပ် ၁၀ သိန်း ချေးယူပြီး၊ ကျန်သည့် ၇ သိန်း အတွက် ပိုင်ဆိုင် သည့် နွားများကို ရောင်းချ၍ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး သော် တာဆွေ ဦး သို့ ပေး ခဲ့ရ သည်။ ၁၇ သိန်း ပေးပြီးနောက် တဖန် နောက်ထပ် ၁၀ သိန်း တောင်းနေသဖြင့် ဦးဆီရာဇ်မျာနှင့် မိသားစု ၀င်များသည် တပ်ရင်းမှူးနှင့် စစ်သားများ၏ ညှဉ်းပန်းနှိပ်စက်မှုကိုကြောက်ရွံ့၍အခြားရွာသို့ တိမ်းရှောင် နေ ရကြောင်း သိရှိ ရပါသည်။ 

တပ်ရင်းမှူး၏ လုပ်ကြံ ဖမ်းဆီးမှုနှင့် ပတ်သက်၍ တပ်ရင်းမှူးနှင့် အတူတကွ လိုက်ပါ ခဲ့သော လုံထိန်း တပ် ဖွဲ့ဝင် များမှ ဝေဖန် ပြောဆို လျက်ရှိကြောင်း သိရှိ ရသည်။ ထိုကဲ့သို့ လုပ်ကြံ၍ အမှုဆင်ခြင်းကို မျက် မြင် သက်သေ များဖြစ်သည့် လုံထိန်း တပ်ဖွဲ့ဝင် ၅ ဦးက မတရား ဖမ်းဆီး ခံရသူ ဦးဆီရာဇ်မျာကို ဖမ်းဆီး သည့် နေ့တွင် အားပေး နှစ်သိမ့် ခဲ့ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။ 

တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးသော်တာဆွေဦး သည်တပ်ရင်း တစ်ခုကို ကွပ်ကဲနေသောအကြီးအ ကဲ ဖြစ်သော် ငြားလည်း တိရိစ္ဆာန် ထက်ပင် ပိုမို ဆိုးရွားသည့် သတ္တ၀ါ ဖြစ်သည်ဟု ၎င်း၏ လက်အောက် ငယ်သား စစ် သား များနှင့် ဒေသတွင်းရှိ ရဲတပ်ဖွဲ့ဝင် များကိုယ်တိုင် ဝေဖန် ပြောဆိုမှု များလည်း ရှိနေကြောင်း ဒေသခံ များမှ ပြောပါသည်။


Comment ရေးရန်

Pages 22123456 »
Rohingya Exodus