နောက်ဆုံးသတင်း/ဆောင်းပါးများ

မြင်းလွှတ် ကင်းစခန်းမှ ရဲတပ်ကြပ်ကြီးက ငါးဖမ်းသမား တစ်ဦးကို ရိုက်နှက်၍ ငွေ ၃ သိန်းညှစ်




RB News
18.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြင်းလွှတ် ကျေးရွာအုပ်စု၊ ချောင်းဝ ရွာရှိ ကင်းစခန်းမှ ရဲတပ်ကြပ်ကြီးက ဒေသခံ ရိုဟင်ဂျာ ငါးဖမ်းသမား တစ်ဦးကို ရိုက်နှက်၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်၊ မြင်းလွှတ် ကျေးရွာ အုပ်စု၊ ချောင်းဝရွာရှိ ရဲကင်းစခန်းမှ ရဲတပ်ကြပ်ကြီး စောမြသည် ဒေသခံ ရိုဟင်ဂျာ ငါးဖမ်း စက်လှေ သမားများကို လူမဆန်စွာ ရိုက်နှက်ခြင်း၊ မတရား ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်လျက် ရှိသည်။ ဧပြီလ (၁၇) ရက်နေ့တွင် မြင်းလွှတ် ကျေးရွာအုပ်စု၊ တောင်ရွာမှ စက်လှေ ပဲ့ကိုင် တစ်ဦး ဖြစ်သည့် ဦးအဆူဒုလ္လာ (ဘ) ဦးအာဇီမုလ္လာကို ပင်လယ်သို့ ငါးဖမ်း ထွက်စဉ် သတင်း မပို့ဟု ဆိုကာ လူမဆန်စွာ ရိုက်နှက်၍ ငွေ သုံးသိန်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် နေ့စဉ် ငါးဖမ်းထွက်သည့် စက်လှေ များက အဆိုပါ ရဲတပ်ကြပ်ကြီး စောမြကို ငါးတစ်ကီလိုနှင့် ငွေကျပ် တစ်ထောင်စီ ဆက်ကြေး သဖွယ် ပေးနေကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus