နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသည် အပယ်ခံ မဟုတ်၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသား တစ်မျိုး ဖြစ်သည်

(ဓါတ်ပုံ - AK Rockeller)


Robert Elhose
30.4.2014

ယခု မြန်မာ နိုင်ငံတွင် ကျင့်သုံး နေသည့် "၁၉၈၂ နိုင်ငံသား ဥပဒေ" အရပင် ရိုဟင်ဂျာ များမှာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ၏ မူလဘူတ တိုင်းရင်းသားများ ဖြစ်သည်။ တိုင်းရင်းသား ဖြစ်ကြောင်း သက်သေ အထောက် အထားပေါင်း မြောက်များစွာ ရှိနေသည်။

ယခု မြန်မာအစိုးရ နှင့် ဖက်ဆစ် ဘက်တော်သားများ ပြောဆိုနေဘိ သကဲ့သို့ ရိုဟင်ဂျာ ဆိုသည့် လူမျိုးတစ်မျိုး မြန်မာ နိုင်ငံ ထဲတွင် ဘယ်သောအခါကမျှ မရှိခဲ့ပါဆိုလျှင် ၎င်း မရှိဘူး ဟူသည့်အ ချက်ကို ကမ္ဘာ့ လူထု မျက်မှောက် တွင် ထင်ရှား သွားစေရန် အပြည်ပြည် ဆိုင်ရာ က လက်ခံသော ညီလာခံ တစ်ခုကို ပြည်တွင်း (သို့မဟုတ်) ပြည်ပ နိုင်ငံ တစ်ခုခုတွင် ကျင်းပပြီး လူသူအများ နားလည် လက်ခံ သွားစေရန် အများက လက်ခံနိုင်သော သမိုင်း အချက် အလက်များ၊ ဥပဒေကြောင်း ဆိုင်ရာ အချက် အလက် များနှင့် ချပြပြီး လူကြီး လူကောင်း ပီသစွာ ရှင်းလင်း ပြသင့် ပါသည်။ နိုင်ငံ တကာမှ သမိုင်း ပညာရှင် အများကို ဘိတ်ခေါ်ပြီး ထင်သာ မြင်သာ ရှိအောင်တော့ လုပ်ရပါမည်။

ဆိုပါစို့။ ယခု တစ်ဖက်သတ် စွပ်စွဲနေဘိ သကဲ့သို့ ရိုဟင်ဂျာ များမှာ တစ်ဖက် ဘင်္ဂလား ဒေ့ရှ် နိုင်ငံ ထဲ မှ ခိုးဝင် အခြေချသူများ ဖြစ်သည်ဟု ဆိုပါလျှင် ဘင်္ဂလား အစိုးရနှင့် နိုင်ငံတကာ အရှေ့တွင် ထင်သာ မြင်သာ ဆွေးနွေး ညှိနှိုင်းပြီး ဘင်္ဂလားသား များသာ အမှန် ဖြစ်ပါက ဘင်္ဂလား အစိုးရက လက်ခံပါဟု ရဲရဲ ပြောသင့် ပါသည်။ ယနေ့ထိ မြန်မာ အစိုးရ အဆက်ဆက်မှ ရိုဟင်ဂျာများ ကို ဘင်္ဂလားဖက်မှ လူများ ဖြစ်သဖြင့် ပြန်လက်ခံ ပါဟု တရားဝင် ပြောဆိုသံကို တစ်ခါဘူးမှ မ ကြားရသေး ပါ။ ဘင်္ဂလားဖက် ရောက်ရှိ ခိုလှုံနေရသူ ရိုဟင်ဂျာ ဒုက္ခသည် များကိုသာ မြန်မာ နိုင်ငံသားများ ဖြစ်သဖြင့် မြန်မာ အစိုးရက ပြန်လက်ခံ ပါရန် ဘင်္ဂလား အစိုးရ အဆက်ဆက်က အပ်ကြောင်း ထပ်မျှ ပြောဆိုနေ ခဲ့သည်ကိုသာ ထပ်ပြန် တလဲ ကြားဘူး ခဲ့ပါသည်။

မကြာသေးခင် ကာလက မြန်မာနိုင်ငံသို့ ဘင်းမ်စတက် ညီလာခံ အတွက် လာရောက်စဉ် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချူပ် ရှိတ်ခ် ဟာစီနာ က ရိုဟင်ဂျာ ပြဿနာ အတွက် ဆွေးနွေးကြ ရအောင်ပါ ဟု ပြောကြားစဉ်က လက်ရှိမြန်မာ အစိုးရ အကြီးအကဲ ဦးသိန်းစိန် ရော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကပါ မည်သည့် စကားတစ်ခွန်းမှ ပြောကြား ခဲ့ခြင်း မရှိဘဲ နှာစေး နေခဲ့ကြသည်ကို ကောင်းစွာ သတိထားမိ ခဲ့ပါသည်။

တကယ်တမ်းသာ ရိုဟင်ဂျာများသည် ဘင်္ဂလားမှ လူများဖြစ် ပါလျှင် ၎င်းက လမ်းဖွင့်ပေး ခဲ့သည်ကို ရဲရဲတင်းတင်း ဆွေးနွေး ခဲ့သင့်ပါသည်။ ရိုးသားမှု မရှိဘဲ မျက်နှာစာ နှစ်ဖက်ဖြင့် အကောက်ကြံပြီး ရိုဟင်ဂျာ လူမျိုးများ မျိုးတုန်း ပျက်သုဉ်းရေးကို ကြံဆောင် နေသည်မှာ သိသာ ထင်ရှားနေ ပါသည်။

ရိုဟင်ဂျာသည် မြန်မာ့ ပိုင်နက် ဇာတိဖွား ရိုဟင်ဂျာသာ ဖြစ်ပြီး မည်သည့် နိုင်ငံခြားသားမျှ မဟုတ်ပါ။ ခြံစည်းရိုး တစ်ခုတည်း အတွင်း မွေးဖွား ကြီးပြင်း လာခဲ့ သူများ အခြင်းခြင်း ရခိုင် များအား လူမျိုး တည်တံ့စေရန် စောင့်ရှောက် ရမည်ဟု ယခုပေါ်ပေါ် ထင်ထင် ပြောကြားနေ ပါသည်။ ရိုဟင်ဂျာများ သည်လည်း အလားတူ စောင့်ရှောက် ခံရန် ထိုက်တန် သူများ ဖြစ်သည်။

ရိုဟင်ဂျာသည် မြန်မာ တိုင်းရင်း ဖွားများ မဟုတ်လျှင် အထောက် အထား ခိုင်ခိုင်လုံလုံ နှင့် အများ သက်သေများ ရှေ့တွင် အများ လက်ခံအောင် ရှင်လင်းပေးဖို့ တောင်းဆို ပါသည်။ ယောက်ျား ပီသ နိုင်ကြပါစေ။

Comment ရေးရန်

Rohingya Exodus