နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြိမ်ချောင်းတွင် ရဲအရာရှိ၏ ဇနီးက ဗလီမြေကို ကျုးကျော်၍ နေအိမ် ဆောက်လုပ်လျက်ရှိ

ဗလီပိုင်မြေ ပေါ်တွင် ဒေါ်သန်းသန်းက ကျူးကျော်ဆောက်လုပ် နေသည့်အိမ်

MYARF
RB News
11.4.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်း ကျေးရွာရှိ ဗလီမြေကို ရဲအရာရှိ၏ ဇနီးက ကျူးကျော်၍ အိမ်ဆောက်လုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

၂၀၁၁ ခုနှစ်မှစ၍ မောင်တောမြို့နယ် ကြိမ်ချောင်း အလယ်ရွာရှိ ကြိမ်ချောင်း ရဲစခန်း ရှေ့တွင် ရှိသော ဇာဟေဒီယာ ဗလီမြေပေါ်တွင် ရဲအရာရှိ ဦးစိုးချေ၏ ဇနီးဖြစ်သူ ဒေါ်သန်းသန်းက လစဉ် လစာ ပေးမည်ဟု ဆိုကာ ဆိုင်ဆောက်လုပ် ခဲ့သည်။ သို့သော်လည်း မြေငှားရမ်းခ အတွက် လစဉ် လစာ မပေးခဲ့သည့် အပြင် ယခုအခါ ဗလီမြေကို ကျူးကျော်၍ အိမ်ဆောက်လုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထိုသို့ ကျူးကျော်ခြင်းနှင့် ပတ်သက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ထံသို့ ဗလီ ဂေါပက အဖွဲ့က တိုင်ကြားရန် သွားခဲ့ရာ အုပ်ချုပ်ရေးရုံး စာရေးကြီး ဦးထွန်းဝင်းက တိုင်ကြားစာကို လက်မခံဘဲ မြေပေါ်သို့ ရိုင်းပျစွာ ပစ်ချ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

“ရဲအရာရှိ ဦးစိုးချေရဲ့ ဇနီး ဒေါ်သန်းသန်း ဆောက်လုပ် နေတဲ့ အိမ်နဲ့ ဗလီနဲ့ ဆိုရင် ပေ ၅၀ လောက် ဝေးပါတယ်။ ဒေါ်သန်းသန်း ဆောက်လုပ်နေတဲ့ အိမ်မြေနေရာက ဗလီပိုင်မြေ ဖြစ်ပါတယ်။ အခု ဆောက်နေတဲ့ အိမ်ရဲ့နောက်မှာ ဗလီက အိမ်သာရှိပါတယ်။ အဲဒီ အိမ်သာကိုပါ ဖျက်ပြီး ဆောက်ဖို့ စီစဉ်နေတယ်။ အစပိုင်းက လစဉ် လစာ ပေးမယ်ဆိုပြီး ဆိုင်ဆောက်တယ်။ ပြီးတော့ လစာလည်း မပေးတဲ့ အပြင် အခု အိမ်ဆောက်ပြီး ကျူးကျော်တယ်။ ရဲစခန်းကို တိုင်တော့လည်း အရေးမယူဘူး။ ကျေးရွာ အုပ်ချုပ်ရေးကို တိုင်တော့လည်း တိုင်စာကိုပါ မြေပေါ်ကို ပစ်ချပြီး ရိုင်းရိုင်း စိုင်းစိုင်းတွေ ပြောတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

Comment ရေးရန်

Rohingya Exodus